Chapters

မင်းကိုနိုင်ဖို့လွယ်လွန်းတယ်

Vol. 44 Ch. 868

မင်းကိုနိုင်ဖို့လွယ်လွန်းတယ်

Vol. 44 Ch. 868

“လူသား မင်းက အရမ်းအားကောင်းတာကို ငါဝန်ခံပါတယ်၊ ဒါပေမဲ့ မင်း ငါ့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ” မြွေ၏ကြီးမားသောမျက်လုံးထဲ တွင် လေးနက်မှုများပိုရှိနေသည်။ ထင်ရှားစွာပင် သူသည် ပြိုင်ဘက်ပေထင်း ဟွမ်ကို လေးစားသည်။

ပေထင်းဟွမ်သည် ရုတ်ခြည်းဆိုသလို ခြေနှစ်လှမ်းဆုတ်လေသည်။ သားရဲများဆင့်မခေါ်ဘဲ သူမ၏ကိုယ်ပိုင်ခွန်အားနှင့် ကောင်းကင်ဘုံ ၉ ခု စပါးအုံးမြွေကို အနိုင်ယူရန် ခက်ခဲသည့်ပုံပင်။ သို့သော် စစ်တိုက်လိုစိတ်များ သွေးထဲတွင် ဆူပွက်လာသည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏ စိတ်နှင့် ခန္ဓာကိုယ်ထဲတွင် အားကောင်းသော တိုက်ခိုက်ရေးစိတ်ဓာတ်များပြည့်နှက်နေ သည်။

ပေထင်းဟွမ်သည် စိတ်ထဲမှ ချီနှင့် ဆူပွက်နေသောသွေးများကို ညှာတာမှု ကင်းစွာဖိနှိပ်ပြီး ကောင်းကင်ဘုံ ၉ ခု စပါးအုံးကို အေးစက်သောမျက်လုံးများ ဖြင့် စိုက်ကြည့်ကာ လက်ထဲမှဓားပျော့ကို ထပ်မံမြှောက်လေသည်။ ကောင်းကင်ပြာစွမ်းအင်သည် ဓားပျော့ကိုရစ်ပတ်ကာ ပြိုင်ဘက်ရှိရာသို့ တိုက်ရိုက်ချိန်ရွယ်လေသည် “မင်းကိုနိုင်ဖို့က ငါ့အတွက် လွယ်လွန်းတယ်”

သားရဲကိုဆင့်ခေါ်လျှင် သူမ၏စွမ်းအားသည် အဆပေါင်းများစွာ တိုးသွား မည်ဖြစ်သည်။ သို့သော် ၎င်းသည် သူမ၏စွမ်းအားမဟုတ်ပေ။ သူမသည် သူမ ၏ ခုခံမှုနှင့် တိုက်ခိုက်ရေးစွမ်းအားများ မိုးကြိုးအပစ်ခံရပြီးနောက် ပြောင်းလဲ သွားသည်ကို ကြည့်ချင်သည်။

ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ ခုခံရေးစွမ်းအားသည် ခိုင်မာလွန်းကာ သူမသည် ပြိုင်ဘက်၏ ခုခံမှုကို ဓားတစ်ချောင်းနှင့်တင်တိုက်ခိုက်သည်မှာ သူမ ၏ လက်ရှိခုခံမှုစွမ်းအားသည် မှော်သားရဲ၏ ချပ်ဝတ်တန်ဆာနှင့်ယှဉ်နိုင်သည် ဟု ဆိုနေခြင်းဖြစ်သည်။

တစ်ခဏအတွင်းတွင် သူမသည် ယုံကြည်မှုအပြည့်နှင့် သူမ၏ခန္ဓာကိုယ် သည် ကောင်းကင်ဘုံ ၉ ခုစပါးအုံးစီသို့ စူးရှသောမြားကဲ့သို့ ပစ်ဝင်လေသည်။ သူမ၏လက်ထဲမှဓားပျော့ထိပ်သို့ ခန္ဓာကိုယ်တွင်းမှ စွမ်းအားများအားလုံးကို ရွှေ့ပြောင်းလိုက်သည်။

ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် လှည့်သွားသည်မှာ ကြီးမားသောလွန်ပူ ကဲ့သို့ဖြစ်နေကာ တစ်နေရာတည်းတွင် ကြီးမားသောစွမ်းအားများစုဝေးပြီး ကြောက်လန့်ဖွယ်ကောင်းသောအရှိန်နှင့် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ လည်ပင်းဆီသို့ တည့်တည့်ထိုးဝင်လေသည်။

ကောင်းကင်ဘုံ ၉ ခုစပါးအုံး၏မျက်လုံးထဲတွင် တုန်ယင်မှုများပျံ့နှံ့သွား သည်။ ဤလူသားသည် အမှန်တကယ်ပင် ရူးသွပ်ဖွယ်ရာပင်။ သူမ၏ စွမ်းအား သည်လည်း ရူးသွပ်လောက်စရာပင်။ လျှပ်စီးစွမ်းအားရှိသော လူသားကိုမမြင်ဖူး ပေ။ ကောင်းကင်ဘုံ ၉ ခုစပါးအုံးသည် ဓားထိပ်ကိုရစ်ပတ်ကာ အပြာနုရောင် ဒြပ်စင်စွမ်းအင် ငွေရောင်အလင်းတန်းကိုမြင်နေရသည်။

“သေစမ်း”

ကောင်းကင်ဘုံ ၉ ခု စပါးအုံးမြွေသည် ကျိန်ဆွဲပြီးနောက် ခန္ဓာကိုယ်မှ ခွန်အားများအားလုံးကို ရွှေ့ပြောင်းပြီး ဦးခေါင်းထိပ်မှ ဦးချိုဆီသို့ ပို့လိုက်သည်။ သူသည် ခေါင်းမော့ပြီး မြေပေါ်မှ ခန္ဓာကိုယ်ကိုကြွကာ ပေထင်းဟွမ်အား ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။

ကြယ် ၉ ပွင့်သားရဲ၏ ခန္ဓာကိုယ်စွမ်းအားသည် ထိုအခိုက်အတန့်တွင် ပြန့်ကားနေသည်။ ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ အရှိန်သည် မြန်ဆန်လွန်း သည်တော့မဟုတ်ပေ။ သားရဲလောကသည် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပွင့် သွားကာ ငွေရောင်မြူခိုးသည် ရေကဲ့သို့ အလွန်မြန်ဆန်သောအရှိန်နှင့် ပျံ့သွား လေသည်။ ဦးချိုပေါ်တွင် စွမ်းအင်များစုဝေးပြီး ပေထင်းဟွမ်၏ ဓားပျော့နှင့် အတူ ပေါက်ကွဲသွားလေသည်။

ဘုန်း..

လူတစ်ယောက်နှင့် သားရဲတို့ကို ဗဟိုပြုသည့် ကြီးမားသောစွမ်းအင်လှိုင်း သည် ဆူပွက်လာကာ မှိုပွင့်တိမ်တိုက်များမြင့်တက်လာပြီး မိုးပေါ်ကိုဦးမျှော် ကာ ပေါက်ကွဲလေသည်။ ကြီးမားသောငှက်သည် အကြိမ်အနည်းငယ် အော်ဟစ်ကာ ပြုတ်ကျလေသည်။

ငွေရောင်နှင့်အပြာရောင်အလင်းတန်းသည် ခပ်ကြမ်းကြမ်းပေါက်ကွဲကာ စွမ်းအင်သည် လှိုင်းကဲ့သို့ အဘက်ဘက်ကို တွန်းပို့ကာ မြေကြီးသည် တစ်လွှာ ချင်းစီ မြင့်တက်လာပြီး သက်တမ်းမည်မျှကြာသည်မသိနိုင်သော ရှေးသစ်ပင် များသည် အလယ်မှပြတ်သွားလေသည်။ မကြောက်မလန့်ပွဲကြည့်နေကြသော သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် အော်ဟစ်ကြလေသည်။

“ဟွမ်အာ”

အားကောင်းသောဖိအားကြောင့် လွင့်ထွက်သွားသော ပေထင်းဟွမ်ကို ကြည့်ပြီး ယန်ယဲ့သည် လက်ဆန့်ထုတ်ကာ ရေတံခွန်ကဲ့သို့ နူးညံ့သောအင်အား ဖြင့်ရစ်ပတ်ပြီး ပေထင်းဟွမ်အား ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။