ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ အတင့်ရဲလိုက်တာ
Vol. 44 Ch. 869
“ဟူး အဟွတ် အဟွတ်”
ပေထင်းဟွမ်သည် အလွန်မသက်မသာဖြစ်သွားသည်။ သူမ၏ အတွင်း အင်္ဂါများနေရာတကျမရှိတော့သလိုခံစားရကာ သူမကိုယ်သူမ ဂရုမစိုက်နိုင် တော့ပေ။ သူမသည် လှိမ့်တက်လာသောသွေးများကို အားပါပါမျိုချပြီးနောက် မျက်လုံးပင့်ကာ ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေကိုကြည့်လိုက်သည်။
ထိုကောင်သည် သူမထက်ဆိုးသည့်ပုံပင်။ တောင်တစ်လုံးစာကြီးသော မြွေခေါင်းသည် မြေပြင်နှင့်ခပ်ကြမ်းကြမ်းရိုက်မိပြီး သွေးများသည် မိုးရွာသကဲ့ သို့ ကျလာကာ မြေပေါ်တွင်ပြန့်ကျဲသွားလသေည်။
ခေါင်းမှဦးချိုသည် ပေထင်းဟွမ်ပစ်လွှတ်လိုက်သော မိုးကြိုးကြောင့် လောင်ကျွမ်းသွားလေသည်။ နဂိုကငွေရောင်တောက်နေသော ဦးချိုသည် အမည်းရောင်ပြောင်းသွားလေသည်။ ကြည့်ရက်စရာမရှိပေ။ ထိုဦးချိုတစ် ချောင်းတွင် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ အသန့်စင်ဆုံးစွမ်းအင်ပါဝင်၏။ စွမ်းအင်ထွက်လာသည်နှင့် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် အရေနွှာခံ လိုက်ရသကဲ့သို့ နာကျင်ရာ ဒေါသထွက်သွားပြီး ပေထင်းဟွမ်အား တစ်ခါတည်း မျိုချနိုင်ရန် မျှော်လင့်မိသည်။
“လူသားအစုတ်ပလုတ် ဒီနေ့ မင်းအသေပဲ”
မာန်ဟိန်းသ့နှင့်အတူ သန့်စင်သောမြေရွှံ့နွံအထက်တွင် တောင်နှင့်တော များ လှုပ်ခတ်သွားသည်။ သားရဲများအားလုံး နောက်ဆုတ်ကြကာ မည်သူမှ အရင်ထွက်မသွားရဲပေ။
“ဟင်း မင်းက ငါ့ကိုသေစေချင်တာ ဒါပေမဲ့ မင်းကအရည်အချင်းမပြည့် သေးဘူး”
ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ သို့သော် ယန်ယဲ့သည် သူမကို တင်းကြပ်စွာပွေ့ဖက်ထားသည်။ သူသည် ရွေးချယ်စရာ မရှိဘဲ သူမအား နူးညံ့စွာပွတ်သပ်ပေးနေသည် “ငါလုပ်မယ် သူက သေလုနီးပါး ဖြစ်နေပြီ မင်းအတွက်မတန်ဘူး”
“မဟုတ်ဘူး”
ပေထင်းဟွမ်သည် ယန်ယဲ့အား အားပါပါတွန်းထုတ်လိုက်သည်။ ဤ အိုက်အတန့်တွင် သူမ၏ အကြောထဲမှ အတားအဆီးအလွှာပျက်သွားသည်ကို ခံစားမိကာ ယွမ်စွမ်းအားသည် စမ်းချောင်းကဲ့သို့ ပန်းထွက်လေသည်။ ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ မှုတ်ချက်နှင့်အတူ နဂိုက အားလျော့နေ သောအကြောသည် ယခုအခါ ခွန်အားပြန်ပြည့်လာသည်။ ပေါက်ကွဲတော့မည့် ဤခံစားချက်သည် အလွန်ကောင်းသည်။
ပေထင်းဟွမ်သည် ရုတ်တရက် မြေပေါ်သို့ ပျံသွားကာ ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ ဦးခေါင်းဘေးရှိ ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သူမသည် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ ဦးခေါင်းပေါ်တွင် ခြေထောက် တစ်ဖက်နင်းထားနိုင်သော်လည်းဘေးတွင်သာထိုင်လေသည်။ ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် ခေါင်းမော့လိုက်သည်နှင့် သူမကို သေသည်အထိ ချေလိုက်နိုင်သည်။
“မင်းက တကယ်အနိုင်ကျင့်တာပဲ”
သူသည် ဘယ်တုန်းကမှ ယခုလို လျစ်လျူရှုမခံရပေ။ သန့်စင်သော ရွှံ့မြေ တွင် နှင်းလွှမ်းနဂါးအသက်ရှင်သည့်နှစ်တွေတုန်းကပင် သူသည် အသန်မာဆုံး ဖြစ်ခဲ့သည်။ များပြားသော သားရဲများရှေ့တွင် ပေထင်းဟွမ်သည် သူ၏ခွန်အား ကို လျစ်လျူရှုကာ ယခုလိုအရှက်ရစေခဲ့သည်။
ကြီးမားသောမြွေအမြီးသည် အမြင့်သို့မြောက်သွားသည်မှာ မိုးပေါ်တွင် ဓားကြီးတစ်ချောင်းကိုင်ထားသည်နှင့်တူလေသည်။ ကြေးခွံပေါ်မှ ငွေရောင် အလင်းသည် ဓားကြီးပေါ်မှ ဓားအလင်းကဲ့သို့ပင်။ ၎င်းသည် အေးစက်စွာနှင့် ပေထင်းဟွမ်ရှိရာသို့ ရိုက်ချလေသည်။
“ကောင်းကင်ဘုံ ၉ ခု စပါးအုံးမြွေ အတင့်ရဲလိုက်တာ”
ထိုအရာကိုမြင်ပြီးနောက် ယန်ယဲ့သည် မတည်ငြိမ်နိုင်တော့ဘဲ ထိုင် ကြည့်မနေနိုင်တော့ပေ။ သူသည် ခြေဖျားထောက်ကာ ပေထင်းဟွမ်၏ဘေးသို့ ဆင်းသက်လိုက်သော်လည်း ကြီးမားသောအင်အားတစ်ခုမှ တွန်းထုတ်လေ သည်။ ယန်ယဲ့ပင်လျှင် ထိုကြီးမားသောစွမ်းအားကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားလေသည်။
ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ အမြီးသည်လည်း ထိုကြီးမားသော ခွန်အားကြောင့် ပေထင်းဟွမ်နှင့်မျက်နှာချင်းဆိုင်ဘက်သို့ ပြင်းထန်စွာရိုက်ကျ လေသည်။ ထိုတွန်းအားသည် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေကိုပင် အရိုးများ ကျိုးသွားသံကြားရလောက်အောင် အံ့အားသင့်စရာကောင်းသည်။
“သေစမ်း ဒါကဘာကြီးလဲ”
ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် မကျေမချမ်းနိုင်ဖြစ်နေသည်။ ဤ လူငယ်သည် ထူးဆန်းလွန်းသည်။ သူ၏စွမ်းအားတွင် မိုးကြိုးနှင့်လျှပ်စီး စွမ်းအားပါဝင်သည်။ ဤအချိန်တွင် သူမသည် တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးမှိတ် ထားကာ မည်သည့်တိုက်ခိုက်မှုစွမ်းအားမှမရှိသော်လည်း မည်သူကမှ သူမကို ထိခိုက်အောင်မလုပ်နိုင်ပေ။
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏ ခြေထောက်အောက်မှ ငွေရောင် အလင်းတန်းထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကိုကိုယ်စားပြု သည့် အလင်းတစ်ခုထွက်ပေါ်လာသည်။