← Chapters

အဆင့်တက်သွားပြီ ကံကောင်းလိုက်တာ

Vol. 44 Ch. 870

အဆင့်တက်သွားပြီ ကံကောင်းလိုက်တာ

Vol. 44 Ch. 870

ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် မျက်လုံးနှင့်မြင်ရသည်ကိုပင် မယုံ နိုင်ဖြစ်လေသည်။ ဤလူသားသည် သူနှင့်တူညီစွာပင် ဒဏ်ရာရသည်မှာ ထင်ရှားနေသော်လည်း ဤအခိုက်အတန့်တွင် သူမလုပ်နေသည့်အရာမှာ မည်သို့သောအရာနည်း။

သူမသည် ဤတိုက်ပွဲအတွင်းတွင် အဆင့်တက်သွားလေသည်။

နှစ်ပေါင်းသောင်းချီကြအောင် နေလာခဲ့သည့် ကောင်းကင်ဘုံ ၉ ခုစပါးအုံး မြွေမှ ယခုလိုအဖြစ်မျိုးမကြုံဖူးသည်ကို ခွင့်လွှတ်ပေးရတော့မည်။ သူသည် တစ်ခါမှကြားဖူးပေ။

ထို့ကြောင့်ပင် သူမအား ကာကွယ်နေသည့် အလွန်အားကောင်းသော စွမ်းအားတစ်ခုရှိနေသည်မှာ လူသား၏ခုခံမှုကိုမြင်နေရသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းဖြစ်သည်။ ဤလူသားသည် အဆင့်တက် တော့မည်ကို ခံစားမိသဖြင့် သူ့ဘေးသို့ရောက်လာခြင်းပင်။

သူမသည် သူမ၏တိုက်ခိုက်မှုကို သူ မခံနိုင်သည်ကို တွက်ချက်ပြီးသား ဖြစ်လိမ့်မည်။ ထို့ကြောင့်ပင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း၏စွမ်းအားသည် သူ့ကိုတိုက်ခိုက်ခြင်းဖြစ်သည်။

လူသားဖြစ်စေ သားရဲဖြစ်စေ အဆအင့်တက်ချိန်တွင် ကောင်းကင်နှင့် မြေကြီးစည်းမျဉ်း၏ ကာကွယ်မှုကိုခံရသည်။ တစ်ချိန်တည်းမှာပင် အဆင့် တက်ချိန်တွင် မည်မျှပင်ဒဏ်ရာရထားစေကာမူ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းမှပေးသော အားကောင်းသောစွမ်းအားအောက်တွင် မူလအခြေအနေ သို့ ပြန်ရောက်နိုင်သည်။

ပြောရမည်ဆိုလျှင် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် နာကျင်နေပြီ ဖြစ်သည်။ ဦးချိုကို စတေးပြီးနောက် လေးလံသောထိခိုက်မှုသည် ပေထင်းဟွမ် အတွက် အလဟဿဖြစ်စေသည်။ ပေထင်းဟွမ် အဆင့်တက်ပြီးနောက် ဤ တိုက်ပွဲကို ဆက်တိုက်ရန် သူ့အတွက် မတရားတေ့ပေ။ ပေထင်းဟွမ်သည် စတင်ရန်လှုံ့ဆော်လိုက်သော်လည်း ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် ဤကဲ့သို့ကံမကောင်းတော့ပေ။

သည်တစ်ကြိမ်တွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းအရ သူသည် ဓာတ်ဘေးဒုက္ခကိုရင်ဆိုင်မှသာ ကြယ် ၉ ပွင့်သားရဲမှ နတ်သားရဲအဖြစ် အဆင့် တက်မည်ဖြစ်သည်။

သို့သော် ၎င်းသည် မဖြစ်နိုင်သလောက်ပင်။ ကောင်းကင်ဘုံ ၉ ခုစပါးအုံး မြွေသည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းလာသည်ကို အာရုံခံမိခြင်းမရှိပေ။ ပြောရလျှင် သူသည် ဓာတ်ဘေးဒုက္ခကို ရင်ဆိုင်ပြီးနောက် နတ်သားရဲဖြစ်ရန် မဖြစ်ရန်ကို သူကိုယ်တိုင်ပင်မသိပေ။

“ဒီကောင်လေးတော့ သူ့ကံက ဘာလို့ဒီလောက်တောင် ကောင်းနေတာ လဲ” ကောင်းကင်ဘုံစပါးအုံးမြွေသည် စိတ်ဆိုးမာန်ဆိုးနှင့် အံကြိတ်ထားသည်။ သို့သော် သူသည် ပေထင်းဟွမ် အဆင့်တက်သည်ကို ဖြည်းဖြည်းချင်းစောင့်ရန် သာ တတ်နိုင်တော့သည်။

ထူးခြားသော ဆဌဂံကြယ်အစီအရင်ထဲတွင် သန့်စင်သောကြက်ခြေခတ် ဓားရှိနေပြီဖြစ်သည်။ ၎င်းတောက်ပသော သန့်စင်သည့်ဓားကိုကြည့်ပြီး ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် မယုံနိုင်ဖြစ်နေသည်။ ဒီလူငယ်က အမှား လုပ်မိတာလား။ ဒီလူသားက ဘယ်လိုလုပ် ကောင်းကင်ကို ဆန့်ကျင်ရလောက် အောင် လွှမ်းမိုးနိုင်တာလဲ။

ထိုကောင်လေးသည် ဓား ၂ လက်ဝိညာဉ်ဂိုဏ်းသို့ရောက်တော့မည်ကို တွေးပြီးနောက် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် စိတ်ထဲတွင် ထိုကောင် လေး၏ အသိစိတ်ပြန်မရသေးဘဲ မူလွန်အားနှင့်ပင် ဆက်တိုက်ခိုက်ပါစေဟု မျှော်လင့်မိသည်။

ကောင်းသည်မှာ လူသားကို နှောင့်ယှက်၍မရပေ။

ဆဌဂံကြယ်အဖွဲ့အစည်းထဲတွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ဒုတိယမြောက်သန့်စင်သောကြက်ခြေခတ်ဓားကို ပုံဖော်နေရာ ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် သူ၏တစ်ကိုယ်လုံးခွန်အားကို လှုံ့ဆော်နေပြီဖြစ်သည်။ ဤဖောက်ပြန်သောတိုက်ပွဲသည် သူအဆင့်တက်ပြီးသည်နှင့် ချက်ချင်းပင် တိုက်ခိုက်မည်ကို သူ သိနေသည်။

သူစောင့်နေရုံသာရှိသည်။ အချိန်ကြာအောင် စောင့်ရမည်။ သို့သော် လှုပ်ရှားမှုများကို မစောင့်နိုင်ပေ။ သူသည် ဆဌဂံကိုကြည့်ကာ မှင်မတက်ဘဲ နေနိုင်ပေ။ ဒါက ဘယ်လို စည်းချက်လဲ။ သူ့လိုမြွေတစ်ကောင်က လူသား တိုက်ခိုက်မှုမှာ ဘယ်တုန်းက သက်ရောက်ခြင်းကိုခံလိုက်ရတာလ။

ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ကျနေဆဲဖြစ်ကာ တတိယ မြောက် သန့်စင်သောကြက်ခြေခတ်ဓားကိုလွှမ်းနေသည်မှာ လူသားသည် တစ် ခါတည်း အဆင့်နှစ်ဆင့်တက်သွားပြီး ဓား ၃ လက်ဝိညာဉ်ဂိုဏ်းဖြစ်သွားသည် ဟု ဆိုလိုခြင်းပင်။

တစ်ချက်ပြီးတစ်ချက် အရိုက်ခံလိုက်ရသည်။ ဓား ၃ လက်ဝိညာဉ်ဂိုဏ်း.. ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် ပေထင်းဟွမ်၏ အသတ်မခံရလျှင် ဒေါသ ထွက်လိမ့်မည်။

“သေစမ်း ဘုရားက ဒီလူသားကို တော်တော်ကြင်နာတာပဲ” ကောင်းကင် ဘုံ ၉ ခုစပါးအုံးမြွေသည် ဒေါသထွက်လွန်းကာ ကျောက်တုံးနှင့်ခေါင်း ပြေးဆောင့်ပြီး သေလိုက်ချင်တော့သည်။

သူ အလွန်အမင်း စိတ်ဓာတ်ကျနေချိန်တွင် ပုံရိပ်မည်းတစ်ခုသည် သူ့ ခေါင်းဘေးရှိ ကျောက်တုံးဆီသို့ပျံသွားလေသည်။ ချင်းယွဲ့၏ ရယ်သံသည် တောင်ပေါ်တွင် စီးနေသည့်စမ်းချောင်းလိုပင် “ကောင်းကင်ဘုံ ၉ ခု စပါးအုံးမြွေ ထပ်လုပ်ကြတာပေါ့”

All Chapters