ထပ်တိုက်ိုက်မယ် နောက်တစ်ကွက်ရွှေ့ကြတာပေါ့
Vol. 44 Ch. 871
မောက်မာ၊ ကျီစယ်ပြီး အရှုံးမပေးသည့်ရယ်သံတစ်ခုသည် သန့်စင်သော ရွှံ့နွံမြေတွင် ပျံ့နှံ့သွားကာ တောင်တန်းတစ်ခုလုံးကို ဖြတ်သွားလေသည်။
သားရဲများအားလုံးနီးပါးသည် ခေါင်းမော့ကာ မိုးပေါ်သို့ကြည့်ကြလေ သည်။ လူငယ်သည် ဓားပျော့တစ်ချောင်းကိုင်ကာ ဓားအလင်းများဝိုင်းခြင်းကို ခံလိုက်ရသည်။ သူသည် အနက်ရောင်ဝတ်ဆင်ထားကာ ဝတ်ရုံသည် လေထဲ တွင် လွင့်နေကာ ဆံပင်ရှည်လေထဲတွင် လွင့်ပျံနေသည်မှာ ရှေးခေတ်များဆီက အချိန်နှင့်လေဟာနယ်ကို ဖြတ်လာသကဲ့သို့ပင်။ သားရဲများအားလုံးသည် ခေါင်းငုံ့ပြီး အညံ့ခံရတော့သည်။
ကောင်းကင်နှင့်မြေကြီး စည်းမျည်းကို ဖန်ဆင်းရေးနတ်ဘုရား၏ဂူ သင်္ချိုင်းမှ တားဆီးထားသဖြင့် မင်လင်ကျိုမှစွမ်းအားကို စုပ်ယူပြီးနောက် ပေထင်းဟွမ်သည် အဆင့်မတက်ခဲ့ပေ။ မထင်မှတ်ဘဲ ထွက်လာပြီးနောက် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေနှင့် တိုက်ခိုက်သည့်လမ်းတစ်ဝက်မှာပင် အတားအဆီးကို ထိမိကာ တစ်ခါတည်း အဆင့်နှစ်ဆင့်တက်ခဲ့သည်။
စွမ်းအားများ တစ်ကိုယ်လုံးတွင် ပြည့်သွားက ဓား ၁ လက်ဝိညာဉ်ဂိုဏ်း နှင့် ဓား ၃ လက်ဝိညာဉ်ဂိုဏ်းတို့၏ ခွန်အားကွဟမှုကို ခံစားမိလေသည်။ ပြောရ လျှင် ဓား ၁ လက်သာ ကွာခြားလျှင်တောင် ခွန်အားသည် အလွန်ကွာဟနေပြီ ဖြစ်၏။
ဤအခိုက်အတန့်တွင် ပေထင်းဟွမ်သည် ကောင်းကင်ဘုံ ၉ ခုစပါးအုံး မြွေကို အနိုင်ယူရန် ယုံကြည်ချက်အပြည့်ရှိကာ မည်သည့်သံသယမှမရှိတော့ ပေ။
“သခင်က မင်းကို အခွင့်အရေးတစ်ခုပေးမယ် အညံ့ခံမှလား အသေခံမှာ လား”
စစ်နတ်ဘုရားကဲ့သို့ ရပ်နေကာ ပေထင်းဟွမ်၏အသံသည် ထောင်လွှား လွှမ်းမိုးနိုင်မှု နည်းနည်းမှမလျော့ပေ။ သူမ၏အထင်သေးသောမျက်လုံးများ သည် သူမ ဆီသို့ ပြေးဝင်လာသော ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ မျက်လုံးကို ငုံ့ကြည့်နေသည်။ သူမ၏စကားလုံးများထဲမှ ထောင်လွှားမှုသည် ကောင်းကင်ဘုံ ၉ ခု စပါးအုံးမြွေကို ဒေါသကြောင့် မတည်မငြိမ်ဖြစ်စေသည်။
“လူသားအစုတ်ပလုတ် ဘယ်လိုလုပ် ဒီလောက်တောင်အရှက်မဲ့ရတာလဲ၊ ဟင်း မင်းဘယ်လောက်မှ မတိုက်ခိုက်ရသေးဘဲ အဆင့်တက်သွားတာ၊ အခု ငါ့ကို စိန်ခေါ်ဖို့ မမျှတဘူး” ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် ပေထင်းဟွမ် နှင့်တူညီသည့် အမြင့်သို့ ရောက်လာသည်။ ပေထင်းဟွမ်၏ရိုက်ချက်သည် သူ့ကို ဒဏ်ရာအပြင်းအထန်ရစေသည့်ပုံပင်။
“မျှတမှုဟုတ်လား” ပေထင်းဟွမ်သည် မျက်ခုံးများကိုပင့်ကာ ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေအား အေးစက်စွာကြည့်လေသည် “ကြယ် ၉ ပွင့် နတ်သားရဲရဲ့ ခွန်အားက လူသားအဆင့်မြင့်ဓားဝိညာဉ်ဂိုဏ်းနဲ့ညီမျှတယ်၊ ငါ ဓား ၁ လက်ဝိညာဉ်ဂိုဏ်းအဖြစ် တိုက်ခိုက်တုန်းကကျ မျှတမှုအကြောင်း ဘာလို့မပြောတာလဲ၊ မင်းမှာ အစွမ်းအစလို့ နတ်သားရဲဖြစ်အဆင့်တက်ရင် တောင် ငါက မမျှတပါဘူးလို့မပြောဘူး”
“အာ.. အာ.. ဟေ့ကောင် နတ်သားရဲအဖြစ်အဆင့်တက်တာ ငါ့ကိစ္စ မဟုတ်ဘူးလား” ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် ဤကဲ့သို့အရှက်မရှိ သည့်လူသားနှင့် အကြောင်းအရင်းမရှိ ပြောဆိုနေရသည်ကို အကျိုးအကြောင်း မသင့်ဟုထင်သည်။
“မင်းကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ကိစ္စတွေကို ဘာလို့ မဟုတ်တာတွေ လာ ပြောနေတာလဲ စကားမများနဲ့တော့ လှုပ်ရှားကြတာပေါ့”
ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် ရုတ်တရက် နောက်သို့ပြန်ခုန်ကာ ဓား ပျော့တု ၃၆ ချောင်းခွဲသွားပြီး သူမကိုဝန်းရံကာ ကျန်သည့် ၇၂ ချောင်းသော ဓား မျးသည် ဓားပိုက်ကွန်ကဲ့သို့ ပြောင်းလဲလေသည်။ လူငယ်၏မျက်လုံးများမှ အေးစက်သောအလင်းသည် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ ဦးခေါင်းကို အုပ်မိုးထားသည်။
“လူသားအစုတ်”
အရင်ကထက် နှစ်ဆအားကောင်းလာသည်ကိုကြည့်ပြီး ဒဏ်ရာရထား ပြီးသော ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် ရုတ်တရက် အားမရှိသလိုခံစားရ လေသည်။ သို့သော် သူ၏သွေးထဲတွင် သားရဲသွေးသား၏မာနသည် သူ့ကို နောက်ဆုတ်စေကာ မာန်ဟိန်းလေသည်။ ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ ငွေရောင်မြူခိုးသည် ရုတ်တရက်ပေါက်ကွဲကာ အနီးအနားမှ မြူခိုးများသည် ဒဏ်ရာရထားသောဦးချိုဆီသို့ စိမ့်ဝင်ကာ တဖြည်းဖြည်းနှင့် ကလေးလက်သီး တစ်ဆုပ်စာအရွယ်အစားရှိသော စတုဂံပုံစံဓားသွားအဖြစ် စုစည်းသွားလေ၏။
ငွေရောင်ဓားသည် လေနှင့်ရိုက်ချိန်တွင် ချက်ချင်းပင် အမြင့်တွင်ရှိနေ သော ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ ဦးခေါင်းကို ဝါးမျိုသွားရာ စူးရှသော အလင်းများထွက်လာလေသည်။
နဂိုကပြန့်ကျဲနေသော ဓားပိုက်ကွန်သည် ပေထင်းဟွမ်၏ အတွေး အောက်တွင် လျင်မြန်စွာပေါင်းစည်းသွားကာ ဓားပျော့ကိုယ်ခွဲတစ်ခုချင်းစီ သည် ထိုအချိန်တွင် တစ်သားတည်းပေါင်းစည်းကာ ကြီးမားသောစွမ်းအင်ကို ပေါက်ဖွားလာသည်ကို ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေခံစားမိလေသည်။
“ကောင်စုတ်”
ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် ဒေါသနှင့်ကြောက်ရွံ့မှုကို တစ်ချိန် တည်းခံစားရကာ နောက်ဆုံးစွမ်းအင်အလင်းတန်း ထုတ်လွှတ်သည်နှင့် စိန် ပုံသဏ္ဍာန်အလင်းဓားသွားသည် ဦးခေါင်းထိပ်စွမ်းအင်မှအသွင်ပြောင်းထွက် ပေါ်လာကာ ပိုပိုမြန်ပြီး နောက်ဆုံးတွင် အလင်းကဲ့သို့မြန်ဆန်ကာ ပေထင်းဟွမ် ၏ ဓားပျော့နှင့်အတူ ခပ်ကြမ်းကြမ်းရိုက်မိလေသည်။