ပြေးချင်တလား နောက်ကျလွန်းမနေဘူးလား
Vol. 44 Ch. 872
မိုးပြာရောင်အလင်းတန်းသည် ဓားပျော့ကို လွှမ်းမိုးကာ ငွေရောင် ချည်မျှင်တစ်ခုဝင်သွားကာ မိုးပြာရောင်အလင်းတန်းထဲသို့ ရေကူးနေသည့်မြွေ ကဲ့သို့ စီးဝင်သွားလေသည်။ ၎င်းသည် ထိုကောင်လေး၏ မိုးကြိုးနှင့်လျှပ်စီး စွမ်းအင်ဖြစ်သည်ကို ကောင်းကင်ဘုံ ၉ ခု စပါးအုံမြွေသည် ကောင်းကောင်းကြီး သိသည်။
ဘုန်း..
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုအချိန်တွင် မြေပေါ်မှ သားရဲ များအားလုံးသည် နားရွက်ပင်ပိတ်ချိန်မရလိုက်ပေ။ သူတို့သည် မိုးပေါ်သို့ ကြောက်ရွံ့သောမျက်လုံးများဖြင့်ကြည့်ရာ ငွေရောင်အလင်းတန်းဓားသွားသည် ပြန့်ကျဲသွားကာ စွမ်းအားကြီးသည် ပြိုကွဲပြီးနောက် အဘက်ဘက်သို့ ပျံ့နှံ့သွား သည်ကိုမြင်လိုက်ရသည်။ အပြာရောင်စွမ်းအင်ကိုပတ်ထားသော ငွေရောင် ချည်မျှင်သည် ငွေရောင်အလင်းဓားကို ထိုးဖောက်ပြီးနောက် မယှဉ်နိုင်သည့် အဟုန်ဖြင့် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေဆီသို့ ထိုးစိုက်လေသည်။
စွက်...
ချွန်ထက်သောလက်နက်မှ အသားကိုထိုးဖောက်လိုက်သံသည် အစော က ထွက်ပေါ်ခဲ့သော ပေါက်ကွဲသံထက်ပင် ကျယ်လောင်သည်။ ထိုငွေရောင် ချည်မျှင်တန်းသည် သူတို့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားသလို သားရဲများ ခံစားရလေသည်။ စွမ်းအားပါဝင်နေသော ဓားပျော့သည် ကောင်းကင်ဘုံ ၉ ခု စပါးအုံးမြွေ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီးနောက် လောင်ကျွမ်းသောအနံ့များ ထွက်ပေါ်လာလေသည်။
“အာ...”
စူးရှသောအော်သံသည် ကောင်းကင်ကို ပြိုကျမတတ်ပင်။ ကောင်းကင် ဘုံ ၉ ခုစပါးအုံးမြွေ၏ ကြီးမားသောသားရဲကိုယ်ထည်သည် တွန့်လိမ်ကာ ကောင်းကင်အထက်တွင် ရုန်းကန်နေရသည်။ ငွေရောင်မြွေနှင့်တူသည့် မိုးကြိုး သည် သူ့ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွားပြီး ကောင်းကင်ကို ဖုံးလုမတတ်ဖြစ်လေ သည်။ မြေကြီးကို ပြင်းထန်စွာရိုက်မိပြန်၏။
ဖုန်နှင့်မီးခိုးများသည် ကောင်းကင်တွင်ပြည့်သွားကာ သစ်ကိုင်းကျိုးနှင့် သစ်ငုတ်တိုများလွင့်က မြေပေါ်တွင် ကြီးမားသောတွင်းဖြစ်ပေါ်ပြီး ပတ်ပတ် လည်မှ သစ်ပင်များလဲကျကာ ထွက်ပြေးရန်အချိန်မရလိုက်သော သားရဲများ သည် ချေမှုန်းခံလိုက်ရသည်။ မြေပေါ်တွင်လဲနေသော ကောင်းကင်ဘုံ ၉ ခု စပါးအုံးမြွေသည် အသံတစ်သံမှပင်ထွက်နိုင်သလို လှုပ်လည်းမလှုပ်နိုင်ပေ။
သူ၏ မူလအားကောင်းသောသားရဲကိုယ်ထည်ကို ပေထင်းဟွမ်၏ ဓားပျော့မှ လည်ချောင်းကိုထိုးစိုက်ကာ တစ်ကိုယ်လုံးနီးပါးကို ဖြတ်ပြီး တခြား တစ်ဖက်မှ ထွက်လာလုနီးပါးဖြစ်လေသည်။ သူ၏ကျောရိုးထဲတွင် မူလခွန်အား အဖြစ် မိုးကြိုးနှင့်လျှပ်စီးအလင်းတန်းရောနေသောခွန်အးသည် သူ၏ သားရဲ ကိုယ်ထည်တစ်ခုလုံးကို ဖြတ်သွားလေသည်။
အမြဲတမ်းကြမ်းကြုတ်လေ့ရှိသော သူ၏မျက်လုံးများသည် ဤအခိုက်အတန့်တွင် သေဆုံးသွားသလိုပင်။ သူသည် မျက်ခွံကို အတတ်နိုင် ဆုံးပင့်မကာ လေထဲမှလူငယ်ကို စိုက်ကြည့်လေသည်။ သူသည် ဂရုစိုက်ရန် ခွန်အားပင်မရှိတော့ပေ။
ခေတ္တမျှ မှင်တက်မှပင် ဤကမ္ဘာပျက်သည့်တိုက်ပွဲကိုကြည့်နေကြသော ထိုသားရဲများသည် အဘက်ဘက်သို့ ပြေးရန်သတိရကြတော့သည်။
“ပြေးချင်တာလား နောက်ကျလွန်းနေပြီမဟုတ်ဘူးလား”
လူငယ် လက်မြှောက်လိုက်သည်နှင့် ကောင်းကင်ဘုံ ၉ ခု စပါးအုံး မြွေ၏ ကိုယ်ထဲကို ထိုးဖောက်ထားသော ငွေရောင်ဓားပျော့သည် သွေးများကို သယ်ဆောင်ကာ သွေးများသည် မြေပေါ်တွင်ပြန့်ကျဲကာ သားရဲများကို စင်ကုန် လေသည်။ အားကောင်းသောသွေးနံ့သည် လေထဲတွင်စိမ့်ဝင်သွားပြီး အမြဲတမ်း ကြမ်းတမ်းဒေါသထွက်လေ့ရှိသောသားရဲများသည် ဤအခိုက်အတန့်တွင် ခြေထောက်ပင် ခက်ခက်ခဲခဲမ,နေရသည်။
ဤလူငယ်သည် နတ်ဆိုးတစ်ကောင်လိုပင်။ ထိုအချိန်တွင် သူမသည် လူသားဝိညာဉ်သခင်လား၊ ဓားသခင်လားဆိုသည်ကိုပင် သားရဲများ မသိနိုင် တော့ပေ။ ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် သူမ၏ တိုက်ကွက် သုံးခု အောက်တွင် သေသွားခဲ့သည်။
သားရဲများအားလုံးသည် သူမ၏ခြိမ်းခြောက်မှုအောက်တွင် ကြောင်လေး များကဲ့သို့ အေးချမ်းသွားသည်ကိုကြည့်ပြီး ပေထင်းဟွမ်၏နှုတ်ခမ်းများသည် အနည်းငယ်မြောက်တက်သွားသည်။ သူမ၏အေးစက်သောမျက်လုံးများသည် မြားသွယ် သားရဲများအားလုံးကို ပစ်လွှတ်လေသည်။ အမြင်နှင့်စစ်ဆေးခြင်း အရ အားလုံးပေါင်း ဦးခေါင်းနှစ်ရာခန့်ရှမည်။ အရေအတွက်သည်မများလှ သော်လည်း ဘာမှမရှိသည်ထက် ပိုကောင်းသည်။
“ငါ့သားရဲဖြစ်မလား မဟုတ်ရင် အသေခံမလား”
ဘာ.. ဒီကောင်.. ဒါမဟုတ် လူသားကုသရေးသမားလား။ သားရဲများသည် တအံ့တဩနှင့် ကြောက်လန့်ရန်ကိုပင်မေ့လျော့ကာ ခေါင်းမော့ပြီး ပေထင်းဟွမ်အား မယုံကြည်နိုင်စွာဖြင့် ကြည့်လေသည်။ သူမသည် အားကောင်းသောလူဖြစ်ကာ စာချုပ်သားရဲမပါဘဲ သူမ၏ကိုယ်ပိုင်အားနှင့် ကြယ် ၉ ပွင့်သွေးသားသားရဲကိုအနိုင်ယူခဲ့သည်။ ဒီလူငယ်က ဒီလောက်တောင် သန်မာတာလား။
ထိုအချိန်တွင် သားရဲများအားလုံးသည် ပေထင်းဟွမ်၏ လက်ချောင်းများ ကြားမှ ရွှေရောင်အသက်လှောင်အိမ်ကို လျစ်လျူရှုလိုက်ကြသည်။ ရွှေရောင် အလင်းတန်းများ သူတို့ဆီသို့ရောက်လာပြီး တဒင်္ဂအတွင်းမှာပင် သားရဲများ အားလုံးသည် လှောင်အိမ်ထဲရောက်သွားကြလေသည်။