← Chapters

အိမ်ခြေရာမဲ့စခန်းသို့ ပြန်ခြင်း

Vol. 44 Ch. 873

အိမ်ခြေရာမဲ့စခန်းသို့ ပြန်ခြင်း

Vol. 44 Ch. 873

“မင်းတို့တွေက သေရေးရှင်ရေးကို ဘေးချိတ်ထားတဲ့ပုံပဲ၊ ငါ့သားရဲ ဖြစ် လာမလား အသေခံမလားဆိုတာ ရွေးဖို့မလိုပါဘူး” ပေထင်းဟွမ်သည် ခက်ခက် ခဲခဲမျက်လုံးဖွင့်နေသော ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေအား အရှက်မဲ့စွာပြော လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေသည် ခွန်အားရှိနေသေး သည့်အလား ကျိန်ဆဲလေသည် “အရှက်မဲ့လိုက်တာ”

ကူကယ်ရမဲ့စွာပင် သူသည် အသက်ကို ပြင်းပြင်းရှူ၊ ပြင်းပြင်းထုတ်နေရ သည်။

သူ၏အသွင်အပြင်ကိုကြည့်ပြီး ပေထင်းဟွမ်သည် ခေါင်းခါလိုက်၏။ သို့သော် ရွေးချယ်စရာမရှိတော့သလိုပင် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ ဦးခေါင်းပေါ်သို့ လက်တင်လိုက်သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်၏ အားကောင်းသောစွမ်းအင်အောက်တွင် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ ဒဏ်ရာများ အရှိန်ဖြင့်ပြန်ကောင်းလာသည်ကို မြင်နေရသည်။ ဝိညာဉ်စွမ်းအင် အလင်းတန်းသည် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေ၏ အသိစိတ်ပင်လယ်ထဲသို့ စိမ့်ဝင်သွားလေသည်။ ဆက်သွယ်မှုတချို့ပြုလုပ်ပြီးနောက် ကောင်းကင်ဘုံ ၉ ခု စပါးအုံးမြွေ၏ နောက်ဆုံးစိတ်အတားအဆီးပြိုပျက်သွားသည်နှင့် ထိန်းကျောင်းခြင်းပြီးဆုံးသွားသည်။

“ဟူး” ပေထင်းဟွမ်သည် သက်ပြင်းချလိုက်သည်နှင့် စွမ်းအားသည် ကောင်းကင်ဘုံ ၉ ခုစပါးအုံးမြွေအားရစ်ပတ်လိုက်ကာ ပေထင်းဟွမ် တွေးလိုက် ပြီး လက်ပတ်လေဟာနယ်ထဲသို့ ထည့်လိုက်သည်။ မထင်မှတ်စွာပင် ဝိညာဉ် ဂိုဏ်းသို့အဆင့်တက်ပြီးနောက် ကြယ် ၉ ပွင့်သားရဲကို ထိန်းကျောင်းရသည်က ပင် လွယ်လင့်တကူဖြစ်နေခဲ့သည်။ ၎င်းသည် လက်ချောင်းလေးလှုပ်လိုက်ရ သလိုပင်။

နွေရာသီစတင်နေပြီဖြစ်၏။ မနက်ခင်းအစောရှိသေးသည် ရာသီဥတု သည် ပူလောင်နေချေပြီ။ နေသည် မိုးကုတ်စက်ဝိုင်းမှ မီးလုံးကြီးကဲ့သို့ ပေါ်ထွက်လာကာ ကမ္ဘာမြေကြီးအား မီးဖိုကဲ့သို့ အပူပေးနေသည်မှာ အိမ်ခြေရာမဲ့စခန်းမှသစ်ပင်များပင် ခြောက်သွေ့နေလေ၏။

အိမ်ခြေရာမဲ့စခန်းဝင်ပေါက်တွင် သာမန်အဝတ်အစားဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်နှင့် နတ်သမီးနှင့်တူသည့် မိန်းကလေးတစ်ယောက် သည် လူအုပ်ထဲသို့ တိုးဝင်ကာ အိမ်ခြေရာမဲ့စခန်းသို့ လျှောက်လာသည်။

ထိုလူသည် လူအုပ်ထဲဝင်ရသည်ကို အသားမကျသည့်အလား မျက်နှာဖုံး အောက်မှ မျက်ခုံးကိုကျုံ့ကာ ကောင်မလေးနှင့်အတူ လျှောက်လာသည်။ မိန်းကလေးသည် သူ့လက်ကိုဆုပ်ကိုင်ထားပြီး ပတ်ဝန်းကျင်ကို ရင်းနှီးနေသည့် အလား ဘေးပတ်ပတ်လည်မှ လူအုပ်ကို တစ်ခါတစ်ခါ အကဲခတ်နေသည်။

သူတို့နှစ်ယောက်သည် သေချာပေါက် ယန်ယဲ့နှင့်ပေထင်းဟွမ်တို့ ရုပ်ဖျက်ထားခြင်းဖြစ်သည်။

သန့်စင်သောရွှံ့နွံမြေမှထွက်လာပြီးနောက် ပေထင်းဟွမ်သည် မိန်းကလေးပုံစံကို ထိန်းသိမ်းထားသည်။ သူမ၏ ရှည်လျားသောဆံနွယ်နက် များကို အနီရဲရဲဖဲပြားဖြင့်ချည်ပြီး ကျောတွင်ချထားသည်။ သူမ၏ချောမွတ် သော နဖူးအများစုကို ကျစ်ဆံမြီးနှင့် ကာထားသည်။ သူမ၏နဖူးပေါ်တွင် မီးတောက်နှင့်တူသော ပုတီးလုံးများရှိနေရာ သူမ၏နူးညံ့သောမျက်နှာကို ပို၍ ထင်ရှားစေသည်။ သူမ၏ခက်ထန်သောမျက်လုံးများသည် လူအုပ်အား နွေးထွေးမှုမရှိ၊ ဖိအားပေးသည့်အကြည့်နှင့်ကြည့်ရာ လူအများမှ သူမ၏ မျက်နှာကိုကြည့်ရန် ကြောက်ရွံ့သွားစေသည်။

ပြဲနေသော နီညိုရောင်ပုဝါသည် စကတ်နှင့်အရောင်ဆင်တူဖြစ်သည်။ စကတ်၏အဖြူရောင်အနားစွန်းသည် ဒူးနားထိရောက်ကာ ကျောက်စိမ်းကဲ့သို့ ဖြစ်နေသည့် ခြေထောက်သွယ်သွယ်များကို လစ်ဟာပြထားသည်။ အညိုရောင် ဖိနပ်တစ်စုံအစုတ်ကလေးသည် ခြေထောက်ပေါ်တွင်ရှိနေ၏။

မိန်းကလေးသည် နတ်သမီးတစ်ပါးသဖွယ်လှပသည်။ သို့သော် အိမ်ခြေ ရာမဲ့ စခန်းတစ်ခုလုံးမှလူများသည် ထိုမိန်းကလေးဝင်လာချိန်တွင် တစ်ချက် ကြည့်ပြီးနောက် မည်သူကမှ နောက်တစ်ချက်မကြည့်ရဲကြပေ။ တကယ်တော့ သူမဘေးမှ လူငယ်သည် မျက်နှာဖုံးဝတ်ဆင်ကာ သာမန်အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ မိန်းကလေး၏ ကျောက်စိမ်းကဲ့သို့ဖြူနေသော လက်ကို ဆုပ်ကိုင်ထား၏။ သူ့ခန္ဓာကိုယ်တွင် ထူးခြားမှုမရှိသော်လည်း သူ ထုတ်လွှတ် လိုက်သော အကျပ်ကိုင်မှုသည် လူအများကို မခံနိုင်လောက်အောင်ဖြစ်စေ သည်။

“ယဲ့ မောက်မာတာကို ထိန်းဦး လူတွေလန့်သွားမှာပေါ့” ပေထင်းဟွမ် သည် အနည်းငယ် မကျေမနပ်နှင့် ယန်ယဲ့၏ဝိညာဉ်ကိုပြောလိုက်သည်။

ယန်ယဲ့သည် မိန်းကလေးအား သဲ့သဲ့ကြည့်သည်။ သူ ထိုငပျင်းများ၏ မျက်လုံးကို နားမလည်ဟု မထင်လိုက်နှင့်။ သူတို့သည် ပေထင်းဟွမ်ကို နတ်သမီးတစ်ပါးကဲ့သို့တွေးနေပြီး နောက်မှလိုက်လာသောသူသည် ပန်းစောင့် သည့်ခွေးဟု တွေးနေကြခြင်းပင်။

သို့သော် ယန်ယဲ့သည် စကားနားမထောင်ဘဲမနေရဲပေ။ သူသည် တည်ငြိမ်စွာပင် သူ၏အဟုန်ကိုချုပ်တည်းလိုက်ပြီး ပေထင်းဟွမ်နောက်လိုက် ကာ အိမ်ခြေရာမဲ့စခန်းရှိလူအုပ်အကြားတွင် ဦးတည်ချက်မဲ့သလို သွားလာနေ သည်။ သို့သော် တကယ်တော့ ပေထင်းဟွမ်သည် သတင်းများကို နားစွင့်နေ ခြင်းဖြစ်သည်။

All Chapters