← Chapters

ကမ္ဘာကြီးကခန့်လိုက်ပြီ၊ အနီရောင်မျက်နှာချေရဲ့ မိုင်ပေါင်းတစ်ထောင်၊ ကတိ

Vol. 44 Ch. 874

ကမ္ဘာကြီးကခန့်လိုက်ပြီ၊ အနီရောင်မျက်နှာချေရဲ့ မိုင်ပေါင်းတစ်ထောင်၊ ကတိ

Vol. 44 Ch. 874

သူတို့နှစ်ယောက်ထင်ထားသည့်အတိုင်းပင် ရွှံ့နွံချောက်မှ လှုပ်ရှားမှုများ သည် တိုက်ကြီးတစ်ခုလုံးကို အချက်ပေးပြီးသားဖြစ်၏။ ထပ်ပေါင်းပြောရလျှင် သူတို့ဝိညာဉ်ဂူသင်္ချိုင်းသို့ဝင်ပြီး ရွှံ့နွံချောက်မှထွက်လာသည်မှာ လတစ်ဝက် ကုန်ဆုံးသွားပြီဖြစ်သည်။ ပြီးခဲ့သည့်လတစ်ဝက်တွင် တိုက်ကြီးတစ်ခုလုံး၏ ပုံစံ သည် များစွာပြောင်းလဲသွားခဲ့သည်။

လမ်းတစ်လျှောက်မှ ဆွေးနွေးမှုများကို နားထောင်ပြီးနောက် ပေထင်းဟွမ်သည် အလွန်ပင် အံ့ဩမိလေသည် “ဟွမ်ချန်းရဲ့သတင်းက ဒီမှာပါ ပျံ့နေလိမ့်မယ်လို့ထင်မထားဘူး”

“ပုံမျန်ဆိုရင် အိမ်ခြေရာမဲ့တွေကြားမှာ အားကောင်းတဲ့ကျင့်ကြံသူတွေ အများကြီးရှိတယ်၊ သူတို့တွေက တစ်ကမ္ဘာလုံးကကိစ္စတွေကို ဂရုမစိုက်ဘူး၊ အဆင့်တက်ဖို့ပဲ လုပ်ချင်ကြတယ်၊ သူတို့တွေက ဟွမ်ချန်းတည်ထောင်တာကို ဂရုမစိုက်ဘူး ဒါပေမဲ့ ဟွမ်ချန်းက အကြီးအကဲလေးယောက် အဆင့်တက်တာ ကိုပဲ စိတ်ဝင်စားတာ” ယန်ယဲ့သည် အနည်းငယ်တိုးညှင်းပြီး ပျင်းရိသောအသံ နှင့်ပြောလေသည် “မင်းက ဟွမ်ချန်းကို တည်ထောင်စပဲရှိသေးတယ်၊ နတ် အဆင့်ခွဲဆေးပေးလိုက်တာက တိုက်ကြီးတစ်ခုလုံးကို သတိချပ်သွားစေတာ လေ၊ အဲလိုဆိုရင်တော့ ဟွမ်မြို့က လူတွေမလာမှာကိုစိတ်ပူဖို့မလိုတော့ဘူး”

“ဟွမ်ချန်းက အရည်အချင်းရှိတဲ့သူမရှားပါဘူး” ပေထင်းဟွမ်သည် မောက်မာသောအသံသည် နေကဲ့သို့ပူလောင်နေသည် “လူတိုင်းက နတ်အဆင့် ခွဲဆေးသုံးဖို့ အရည်အချင်းရှိတာမဟုတ်ဘူး၊ ပင်မတိုက်ကြီးမှာ နှစ်ပေါင်း ထောင်ချီအတွင်း နတ်အဆင့်ရောက်နိုင်တဲ့လူနည်းနည်းပဲရှိတယ်၊ ဒါပေမဲ့ ယန်ချန်းက ယန်ချန်းမှာရှိတဲ့ နတ်အဆင့်အကုန်လုံးကိုထိန်းချုပ်ထားတာ၊ ဟွမ်ချန်းကိုလည်းအတူတူပဲ၊ ဒါနဲ့ ယန်ချန်းရဲ့ပိုင်ရှင်ကဘယ်သူလဲ”

ပေထင်းဟွမ်သည် ခေါင်းမော့ပြီး ယန်ယဲ့အား ပြုံးစစနှင့်ကြည့်ပြီး သူ့ အဖြေကိုစောင့်ဆိုင်းနေသည်။

နဂိုကပင် ငေးကြည့်ရလောက်အောင်ချောမောသော ‌ယန်ယဲ့၏မျက်နှာ ကို သာမန်မျက်နှာမျိုးဖြစ်အောင် ဝိညာဉ်လက်စွပ်ဖြင့် ပြောင်းထားခြင်းဖြစ် သည်။ သူ၏မျက်နှာသည် လူအုပ်ထဲတွင်ရောနေကာ သတိထားမိရန်ခက်၏။ သို့သော် ပေထင်းဟွမ်၏အမြင်တွင် ယန်ယဲ့ဖုံးကွယ်လို့မရသည့် တောက်ပမှုမျိုး ပိုင်ဆိုင်သည်ဟုထင်ထားသည်။ သူသည် ပေထင်းဟွမ်၏နှာခေါင်းကို နူးညံ့စွာ ထိလေသည်။ သူ၏ခရမ်းရောင်မျက်လုံးထဲတွင် တောက်ပမှုများစီးဆင်းသွား သည် “သိချင်တာလား၊ ယန်ချန်းကအခမ်းအနားပွဲကို သွားရင်သိမှာပဲမဟုတ် ဘူးလား”

သူ ဘာမှမပြောသည်ကိုကြည့်ပြီး ပေထင်းဟွမ်သည် အလောမကြီးတော့ ပေ။ သူမသည် နှာခေါင်းကိုထိကာ စပ်စုစွာပြောလေသည် “ဒါနဲ့ သခင်ယန်ချန်း က ကျွန်မနဲ့ပတ်သက်ပြီး ဘယ်လိုသရုပ်မှန်ကိုကြေညာမှာလဲ၊ သူက ကျွန်မကို လက်ထပ်ချင်နေတာလား”

ယန်ယဲ့၏မျက်လုံးထဲတွင် ကြည်လင်သောအပြုံးတစ်ခုဖြတ်ပြေးသွား သည်။ သူသည် ပေထင်းဟွမ်၏နှာခေါင်းကိုဆိတ်ကာ အဓိပ္ပာယ်ပြည့်ဝစွာနှင့် ပြောလေသည် “အဲလိုဆိုရင် ဟွမ်အာက သဘောတူမှာလား၊ သူ့ကိုလက်ထပ်ဖို့ သဘောတူလိုက်မှာလား”

ပေထင်းဟွမ်သည် သူ့ကိုစိုက်ကြည့်ပြီးနောက် နှာခေါင်းရှုတ်လိုက်သည် “ဟင်း လှလိုက်တာ မင်းကိုရဖို့ငါ့အတွက်လွယ်လွန်းတယ် မိန်းကလေး၊ ငါ့ကို လက်ထပ်ချင်လား၊ ကမ္ဘာကြီးက အလုပ်တစ်ခုပဲ မိုင်ထောင်ချီပန်းနီနီတွေက ငါ့ ခံစားချက်ကောင်းတာမကောင်းတာပေါ်မှာ မူတည်တယ် ငါ့ကိုလက်ထပ်ချင် လား၊ ကတိ”

“ဟုတ်ပြီ” ယန်ယဲ့သည် တွေဝေမှုမရှိ သဘေတူလိုက်သည်။ သူသည် ပေထင်းဟွမ်၏မျက်လုံးကိုကြည့်ပြီး အလေးအနက်ပြောလေသည် “ကမ္ဘာကြီး ကလက်ခံလိုက်ပြီ မျက်နှာချေရဲရဲ မိုင်ထောင်ချီနဲ့ ကတိပြုတယ်”

ပေထင်းဟွမ်သည် ကြောင်စီစီဖြစ်သွား၏။ သူမ ဘာပြောလိုက်တာလဲ။ သူမ ဘာမှမပြောနိုင်ဘဲ ယန်ယဲ့အား ငေးငိုင်စွာစိုက်ကြည့်ပြီး အတန်ကြာသည် အထိ သတိပြန်ဝင်မလာနိုင်ပေ။ ယန်ယဲ့သည် တိတ်တိတ်ကလေးရယ်ချင်နေ သော်လည်း ဘာကိုမှသတိမပြုမိသလို ဟန်ဆောင်ကာ ရှေ့သို့ကြည့်ပြီး ပေထင်းဟွမ်အား မေးလေသည် “ဟွမ်အာပြောလေ နေရာတစ်ခုရှာပြီး နားကြ သောက်ကြမလား၊ ငါက ဒီနေရာနဲ့မရင်းနှီးဘူးလေ”

ထိုအချိန်တွင် အိမ်ခြေရာမဲ့စခန်းမှ လူများအားလုံးသည် အနောက်တွင် အုံလာရာ ပေထင်းဟွမ်သည် မျက်မှောင်ကြုတ်ကာ ပေထင်းဟွမ်အား သူ့ဘက် သို့ဆွဲယူပွေ့ဖက်ပြီး ချီပေးလိုက်သည်။

“လမ်းဖယ်ကြ လမ်းဖယ်ကြ ငါတို့နန်းတော်သခင်ငယ်ငယ်ရဲ့ လမ်းကိုလာ မပိတ်နဲ့”

လူစည်ကားသည့် ဘေးနှစ်ဖက်တွင် ဆိုင်ခန်းများရှိကာ လူအုပ်များသည် ဘေးနှစ်ဖက်တွင် ကြိတ်ကြိတ်တိုးနေသည်။ အလယ်တွင် ရထားလုံးတစ်စင်း ကြောင့် လမ်းရှဲသွားကာ အဖြူရောင်ဝတ်ရုံတူညီဝတ်စုံဝတ်ထားသည့် အစောင့် များသည် ငွေရောင်ဆံပင်နှင့်မိန်းကလေးလာသည်ကို စောင့်ကြပ်ပေးနေကြ သည်။

All Chapters