← Chapters

ကမ္ဘာပေါ်မှ မှင်တက်လောက်စရာအလှတရား

Vol. 44 Ch. 875

ကမ္ဘာပေါ်မှ မှင်တက်လောက်စရာအလှတရား

Vol. 44 Ch. 875

ဘေးရှိငွေရောင်ဦးချိုမြင်းပေါ်တွင်ထိုင်နေသည့် မိန်းကလေးသည် အဝါနု ရောင်ပန်းပွင့်များ ချည်ထိုးထားကာ နှင်းဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး တင့်တယ်ခြင်းအရည်အသွေးမြင့်ပြီး ခမ်းနားသည့် ခြယ်သပုံများသည် သူမ၏ အဆင့်အတန်းကိုဖော်ပြနေသည်။ ဘေးနှစ်ဖက်မှလူများသည် သူမ၏အဆင့် အတန်းကို နိမ့်ကျသွားစေသည့်အလား မျက်စိမမှေးဘဲ ရှေ့သို့ မမူ့သလို ကြည့်လေသည်။

ထိုအမျိုးသမီးကိုကြည့်ရသည်မှာ အလွန်အဆင့်အတန်းမြင့်သလို လှပ သည်။ အရေးအကြီးဆုံးမှာ သူမတွင် ခွန်အားများစွာရှိသည်။ ပင်မတိုက်ကြီး တွင် ဤကဲ့သို့ အလှတရားနှင့်ခွန်အားရှိသည့် အမျိုးသမီးမှာ ရှားပါးသည်။ သူမ ကို မြင်သည့်အခိုက်အတန့်တွင် သူတို့၏မျက်လွှာများ မသိလိုက်ခင်မှာပင် ချမိ ကြသည်။ သူတို့မျက်လုံးပင့်ကြည့်လိုက်သည်နှင့် အားလုံး အံ့အားသင့်ရသည်။

အေးစက်ပြီး ထောင်လွှားသည့်မျက်လုံးတစ်စုံ၊ ဖြောင့်စင်းနေသည့် မျက်တောင်များ၊ အနည်းငယ်ကော့သည့်နှာခေါင်းနှင့် အချိုးအစားကျသော နှုတ်ခမ်း၊ ဖွံ့သောခန္ဓာကိုယ်၊ မို့မောက်သောရင်သား၊ ပေါ်လွင်သော လည်ပင်း ကြောင်း၊ နှင်းဖြူရေင်အသားအရေများသည် ကြည့်လိုက်သည်နှင့် သာမန်လူ ယောက်ျားသားများကို နှာခေါင်းသွေးလျှံစေလောက်သည်။

ထိုအမျိုးသမီးသည် ကမ္ဘာပေါ်တွင် မှင်တက်လောက်စေသော အလှတရားဖြစ်သည်။

“လှလိုက်တာ ဒီတစ်ခါ သားရဲတောမှာ ဒီလိုအလှမျိုးမြင်ရတာကိုက လုံးဝ တန်သွားပြီ”

“သေစမ်း ထိုက်ယီနန်းတော်ရဲ့ သခင်မလေးက ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးဖြစ်တယ်လို့ ကြားဖူးတယ်၊ အဲဒါသူမများလား”

“ဒီလို အလှမျိုးရှိတာကို ငါဖြင့် မကြားဖူးပါဘူး ကျွတ် ကျွတ် ကျွတ်”

ထိုအမျိုးသမီး မည်မျှထူးခြားကြောင်းကို ပေထင်းဟွမ်လည်း ညည်းမိ သည်။ ထို့နောက် သူမသည် ခေါင်းမော့ပြီး ယန်ယဲ့ကိုကြည့်ရာ ယန်ယဲ့၏ ငုံ့ကြည့်လာသော မျက်လုံးများနှင့် သွားဆုံလေသည်။ သူ၏ ဆော့ကစားသော မျက်လုံးများကိုကြည့်ပြီး လူမိသွားသည်ကို ထေင်းဟွမ်သိလိုက်သည်။ ထို့ကြောင့် ပေထင်းဟွမ်သည် ရှက်ကိုးရှက်ကန်းနှင့် နှာခေါင်းကိုထိပြီး ရှက်ရွံ့ စွာနှင့် ပြုံးလိုက်သည်။

ယန်ယဲ့သည် သူမ၏ဦးခေါင်းကို ပွတ်သပ်ပြီး ထိုအမျိုးသမီးအား မျက်လုံး မှေးပြီးကြည့်သည်ကို ပြုံးလိုက်သည် “စိတ်ဝင်စားစရာပဲ နောက်ဆုံးတော့ ထွက်လာပြီ၊ အကြောင်းအရင်းက သန့်စင်တဲ့ရွှံ့နွံမြေကြောင့်လား လက်နက် ကြောင့်လားမသိဘူး”

ပေထင်းဟွမ်သည် ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်ပြီး ယန်ယဲ့အား မေးလိုက်သည် “ထိုက်ယိနန်းတော်ဟုတ်လား၊ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ အဲနေရာကဘယ်လိုမျိုးလဲ၊ နှင်းဝံပုလွေကြေးစားအဖွဲ့က ယန်ချန်းကိုကူညီပြီး ကိစ္စတစ်ခုအောင်မြင်အောင်လုပ်ပေးဖူးတယ်လို့ ကြားခဲ့ ဖးတယ်၊ အက်စ်အဆင့်ကြေးစားအဖွဲ့ထိ မတက်မချင်း လက်နက်မစ်ရှင် အကြောင်း မမေးခဲ့ဘူးနော်”

“မင်းက ထိုက်ယိနန်းတော်ကိုမသိပေမဲ့ ထျန်ယန်ကျုံးကိုသိတယ်မလား၊ အဲဒီအင်အားစုတွေက သူတို့ကိုယ်သူတို့ ဖြောင့်မတ်ပြီး သူတို့အတွက် တာဝန် ထမ်းပေးတဲ့ အင်အားစုတစ်ခုနှစ်ခုလောက်ကို ထောက်ပံ့ပေးနေတာ၊ ထိုက်ယိ နန်းတော်က စီရင်ချက်ဗိမာန်ရဲ့ထောက်ပံ့မှုကိုရထားတာ၊ ထိုက်ယိနန်းတော်ရဲ့ ပထမဆုံးနန်းတော်ပိုင်ရှင်က နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းမှာ ပါဝင်တဲ့ခဲ့လူပဲ သူက အဲဒီကနေ ရှေးပစ္စည်းတစ်ခုကောက်ရခဲ့တယ်၊ အမြင့်ဆုံးကျားဖြူနတ်ဘုရားရဲ့ ကျားဖြူရုပ်ထုပဲ၊ အဲထဲကစွမ်းအားနဲ့ ထိုက်ယိနန်းတော်ကို တည်ထောင်ပြီး နောက်ကျ စီရင်ချက်ဗိမာန်က သူတို့ကိုလက်ခံခဲ့တယ်”

ယန်ယဲ့၏တိုးညင်းသောအသံလွင့်ပျံလာသည်ကို ပေထင်းဟွမ်သည် ဂရုတစိုက်နားထောင်နေသည် “အမြင့်ဆုံးကျားဖြူရဲ့ရုပ်ထုဟုတ်လား အဲဒါက ဘာအသုံးဝင်တာလဲ”

“အမြင့်ဆုံးကျားဖြူကိုပြောရရင် မိသားစုကြီးလေးခုနဲ့ ဆက်နွယ်မှုရှိတယ် အရှေ့အဇူရာနဂါး၊ တောင်ပိုင်းဟင်္သပဒါးငှက်၊ အနောက်ပိုင်းကျားဖြူ၊ မြောက် ပိုင်းလိပ်နက်တို့က တုန်ဖန်း၊ နန်ကုန်း၊ ရှီမန်နဲ့ ပေထင်းကိုကိုယ်စားပြုတယ်၊ အမြင့်ဆုံးကျားဖြူရဲ့ ရုပ်ထုက ဝိညာဉ်ခန်းမရဲ့ အစောင့်အရှောက်လေးဦးထဲက တစ်ဦးပဲ၊ သူ့မှာခုခံရေးစွမ်းအားမရှိပေမဲ့ ကာကွယ်ရေးအစွမ်းအစကတော့ အားကောင်းတယ်၊ ဘယ်လိုတိုက်ခိုက်မှုမျိုးမဆိုရတယ်၊ ဒါပေမဲ့ အကြီးဆုံး သက်ရောက်မှုက နတ်ဘုရားကပေးတဲ့သွေးစာချုပ်အပါအဝင် ကမ္ဘာကြီး စည်းမျဉ်းကို ပြောင်းနိုင်တဲ့ လက်နက်ကြီးလေးခု စုဆောင်းတာပဲ”

အဆုံးသို့ရောက်လာချိန်တွင် ယန်ယဲ့၏အသံသည် အေးစက်လာသည်။ အထူးသဖြင့် နောက်ဆုံးလေးလုံးကို ပေထင်းဟွမ်ကြားလိုက်ရသည်။ သူသည် အံကြိတ်ကာပြောခြင်းဖြစ်သည်။ ပေထင်းဟွမ်သည် အကြောင်းအရင်းကို မသိသော်လည်း ယန်ယဲ့၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်မိသည်။ ဤအခိုက်တန့်တွင် သူမသည် လက်နက်ကြီးလေးခုအကြောင်း၊ နတ်ဘုရားများ မှ အပ်နှင်းသည့်သွေးစာချုပ်၊ အမြင့်ဆုံးအဆင့်၏ ခွန်အားအကြောင်းများကို သိချင်သည်။ သို့သော် တစ်ခွန်းမှမမေးခဲ့ပေ။

All Chapters