← Chapters

သူတော်စင်မအသစ်နေရာတွက် လျာထားသူ

Vol. 44 Ch. 876

သူတော်စင်မအသစ်နေရာတွက် လျာထားသူ

Vol. 44 Ch. 876

အလှလေးဝင်လာကာ သူမ၏သရုပ်မှန်ကိုလည်းသိကြသဖြင့် ရင်ထဲတွင် မီးတောက်နေသော ယောက်ျားများသည် ရုတ်တရက် ဦးခေါင်းပေါ်သို့ ရေခဲပုံး နှင့်လောင်းချလိုက်သကဲ့သို့ ရင်ထဲထိအေးစိမ့်သွားလေသည်။ ထိုက်ယိ နန်းတော်၏ နန်းတော်သခင်ငယ်၏ရာထူးသည် လူတိုင်းအားစိုက်ထုတ်ရုံနှင့်ရလာ မည့်နေရာမဟုတ်ပေ။

“နန်းတော်သခင်ငယ်က စီရင်ချက်ဗိမာန်ရဲ့ နောက်တက်မယ့်သူတော်စင်မလို့ ငါကြားတာပဲ၊ နတ်ဘုရားရဲ့ ပန်ကြားသူ.. နန်းတော်သခင်ငယ်ပဲ သူတော်စင်မဖြစ် လာဖို့ ထိုက်တန်တယ်”

“ဟေး အဲကိစ္စတွေကို စိတ်မပူနဲ့ အလှလေးတွေက ငါတို့စဉ်းစားနိုင်တဲ့ အရာမဟုတ်ဘူး၊ စဉ်းစားကြည့်လိုက် ငါတို့တွေက ဒီအခွင့်အရေးမှာ သားရဲဖမ်း လိုက်ရင် ပတ္တမြားနည်းနည်းလောက် သုံးလို့ရဦးမယ်၊ ဒီတစ်ခေါက် သံမဏိ သွေးလည်း တောင်ကိုဝင်လာတယ်လို့ ကြားတယ်”

“ဟေး သံမဏိသွေးကဘာအတွက်လာတာလဲဆိုတာသိလား၊ နတ်မိစ္ဆာ ဝိညာဉ်ဂူသင်္ချိုင်းက ဒီတစ်ခေါက် သံမဏိသွေးခေါင်းဆောင် သခင်ကြီးဟွမ်ကျို့ ကိုရွေးလိုက်တာ၊ သခင်ကြီးဟွမ်ကျို့ စွမ်းအင်ကိုအမွေဆက်ခံတုန်းက ရွှံ့နွံ ချောက်ပြိုကျခဲ့တာ၊ အဲဒါကြောင့် သူတို့တွေဝင်မသွားတာပဲ”

“အဲလိုလား သခင်ကြီးဟွမ်ကျို့က အထဲမှာ ရောပြီးသေသွားတာတော့ မဟုတ်ဘူးမလား”

ပေထင်းဟွမ်သည် ထိုစကားကိုကြားသောအခါ ဒေါသထွက်လေ၏။ မင်းတို့ရှေ့မှာ အရှင်လတ်လတ်ကြီး ရပ်ပြဦးမယ်။ ငါက ပြိုတဲ့ထဲပါသွားပြီး တစ်ခါတည်းသေသွားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

သို့သော် ထိုအချိန်တွင် ပေထင်းဟွမ်သည် မနေနိုင်တော့ဘဲ ပြောမိသည် “ကျွန်မကဟွမ်ကျို့လား” သူမသည် နားစွင့်နေသောယန်ယဲ့အားပြောလိုက် သည် “ဟိုမှာ သေရည်ဆိုင်တစ်ဆိုင်ရှိတယ် အဲဒီကိုသွားပြီး ကျွန်မကိုစောင့်နေ၊ အပြင်သွားပြီး ကျောက်တုံးမှာ အမှတ်အသားချန်ထားလိုက်ဦးမယ် ပြန်လာမယ်”

သံမဏိသွေးတည်ထောင်စဉ်ကတည်းက ပေထင်းဟွမ်သည် သံမဏိသွေး ကိုသင်္ကေတအချို့သင်ပေးထားကာ အများစုမှာ အရင်ဘဝက စာဝှက်စနစ်ဖြစ် သည်။ ၎င်းတို့သည် ဤတိုက်ကြီးတွင် ဆက်သွယ်သည့်ဝိညာဉ်ပစ္စည်းဖြစ် သော်လည်း ဈေးကြီးပြီး အသုံးပြုရခက်ကာ ဆိုးကျိုးများလည်းရှိသည်။ ထို့အပြင် သူတို့သည် တစ်နှစ်ပတ်လုံး တောကဲ့သို့အန္တရာယ်များသောနေရာများ တွင် သွားလာရသဖြင့် ရိုးရှင်းသည့် အမှတ်အသားချန်ထားသည်က သက်ရောက်မှုရှိသည်။

သူမသည် ကျောက်တုံးကြီးပေါ်တွင် အမှတ်အသားတစ်ခုထားခဲ့ပြီး သူမ အသက်ရှင်ဆဲဖြစ်ကာ ထွက်လာပြီဟု ပြေကြားရမည်။ ၎င်းသည် သူမ ထွက်လာသည်ဟု သတိပေးလိုက်ခြင်းပင်။ မဟုတ်လျှင် တချို့သော ဆွေမျိုး များနှင့် သူငယ်ချင်းများ အလောတကြီးဖြစ်ကြလိမ့်မည်။

“ငါမင်းနဲ့လိုက်မယ်” ယန်ယဲ့သည် သူမနှင့်အတူရှိရန် အခွင့်အရေးကို လက်လွတ်မခံပေ။

ပေထင်းဟွမ်သည် အိမ်ခြေရာမဲ့စခန်းရှိ သေရည်ဆိုင်တစ်ဆုင်ကိုညွှန်ပြ ကာ ပြောလေသည် “အဲဒီမှာ ပင်လယ်နက်ရှိုင်းပြာနှစ်ခွက်နဲ့ ပေါင်မုန့် နည်းနည်းမှာထားပေး၊ ကျွန်မဗိုက်ဆာလို့သေတော့မယ်၊ အဲဒီမှာအမှတ်အသား သွားဆွဲပြီးရင် ချက်ချင်းစားမယ်လေ”

ယီနာ၏သေရည်ဆိုင်သည် အဝေးမှမြင်နေရကာ အိမ်ခြေရာမဲ့စခန်း ဝင်ပေါက်၏ ကျောက်တုံးကြီးသည် သူမ၏မျက်စိရှေ့တွင်ဖြစ်သည်။ တစ်စုံ တစ်ရာဖြစ်လျှင်တောင် ယန်ယဲ့၏အစွမ်းအစနှင့် လက်တစ်ချက်ဝေ့လိုက်ရုံပင်။ ယန်ယဲ့သည် လုံ့လမလျှော့ပေ။ သူမ၏လက်ကို တင်းကြပ်စွာကိုင်ပြီး သေရည် ဆိုင်ထဲသို့ လျှောက်သွားလေသည်။

ထိုအချိန်တွင် အလှလေးပျောက်ကွယ်သွားရာ လူအုပ်လည်း ကျဲသွားကြ သည်။ ပေထင်းဟွမ်သည် လူအုပ်နှင့်အတူ ထွက်ခဲ့လိုက်သည်။ မကြာမီတွင် အိမ်ခြေရာမဲ့စန်း၏ တံခါးဝင်ပေါက်ရှိ ကျောက်တုံးကြီးဆီသို့ရောက်လေသည်။ အကြီးဆုံးကျောက်တုံးပေါ်တွင် သူမသည် ရပ်ပြီး သံမဏိသွေးကြေးစားအဖွဲ့ကို ပထမဆုံးအကြိမ်ခေါ်လိုက်သည်။ ထိုအချိန်က သူမသည် ချူဖုန်းအဖွဲ့နှင့် တခြားအဖွဲ့ငါးဖွဲ့ကို ဦးဆောင်ကာ ဝိညာဉ်ခွဲချောက်သို့ဝင်ခဲ့သည်။

ပေထင်းဟွမ်သည် သံမဏိသွေးသာသိနိုင်မည့် သင်္ကေတတစ်ခုကို ကျောက်တုံး၏ အမြင်သာဆုံးအပိုင်းတွင်ရေးဆွဲကာ သူမ၏ဝှက်စာချန်ထား လိုက်သည်။ ထိုမှသာ သူမ ဘေးကင်းသည်ကို သံမဏိသွေးမှလူများ မြင်နိုင် မည်ဖြစ်သည်။

သေရည်ဆိုင်သည် ဆူညံပြီးလူများနှင့်ပြည့်နေသည်။ ယန်ယဲ့သည် သာမန်အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားကာ မထင်မရှားအသွင်အပြင်နှင့် မှင်တေတေမျက်နှာနှင့် သူစိမ်းများအရောမဝင်ရဲသည့်ပုံစံနှင့်ဖြစ်သည်။ သူသည် တည့်တည့်ပင်လျှောက်သွားကာ သေရည်ဆိုင်ရှေ့မှခုံတွင်ထိုင်ကာ ဘေးတွင်လွတ်နေသောခုံပေါ်သို့ ခြေထောက်တင်ကာ စားပွဲကိုလက်ချောင်း ဖြင့်ခေါက်ကာ ပြောလိုက်သည် “ပင်လယ်နက်ရှိုင်းပြာနှစ်ခွက် အကောင်းဆုံး ထောပတ်ပေါင်မုန့်နှစ်လုံးပေး”

All Chapters