ဒီနေရာကိုယူလို့ရလား
Vol. 44 Ch. 877
သေရည်ဆိုင်အနောက်မှ စားပွဲထိုးသည် ယန်ယဲ့၏လက်ချောင်းများကို တိတ်တိတ်လေး ခိုးကြည့်နေသည်။ ၎င်းသည် ကြက်သွန်မြိတ်ကဲ့သို့ဖြူဆွတ်ပြီး ကျောက်စိမ်းရောင်ပေါက်နေသည်။ သူသည် ရင်ခုန်သံမြန်လာသည်။ သူသည် စစ်ပွဲဘုံတောတွင် လှည့်လည်သွားလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ် သည်။ လူအများ၏အသွင်အပြင်ကို အကဲခတ်ရုံနှင့် သေဆုံးနိုင်သည်လားဆို သည်ကိုကြည့်ရုံနှင့်သိသည်။
စားပွဲထိုးသည် အလွန်အမင်းစိတ်လှုပ်ရှားကာ ပင်လယ်နက်ရှိုင်းပြာနှစ် ခွက်ကို ယန်ယဲ့ရှေ့တွင် ခပ်မြန်မြန်လေးတင်လိုက်ပြီး သူ့ဘေးမှနေရာလွတ်ကို နောက်တစ်ခွက်တင်ပေးကာ လျင်မြန်စွာပင် ပေါင်မုန့်ကိုယူလာပေးလေသည်။
တံခါးပေါက်တွင် ကျယ်လောင်သော ဆူညံသံရှိနေသည်။ စားပွဲထိုးသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်သည်။ နှင်းဖြူရောင်ဝတ် ဆင်ထားသည့် စွဲမက်စရာကောင်းလှသော အမျိုးသမီးတစ်ဦးသည် အဖြူရောင် ဝတ်အစောင့်အကြပ်များ ဝန်းရံပြီးဝင်လာကာ စောဒကတက်လေသည် “နန်းတော်သခင်ငယ် ဒါဘာအဓိပ္ပာယ်လဲ၊ ဒီဆိုင်က ကျွန်တော်တို့ကို ဘယ်လို ဆက်ဆံရမလဲမသိဘူး၊ ထိုက်ယိနန်းတော်ကို မျက်နှာတောင်မပေးဘူး၊ လက်အောက်ငယ်သားက ဆင်းပြီး သူတို့ကိုဘာလို့မဖျက်ဆီးရမှာလဲ”
သူ့မျက်လုံးများသည် တဖြည်းဖြည်းနှင့် ဆိုင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လေ သည်။ စွဲမက်စရာကောင်းလှသည့် အမျိုးသမီး၏အေးစက်သောမျက်လုံးများ တွင် ဖိနှိပ်မှုအရိပ်အယောင်ပါဝင်နေသည်။ အားလုံးနားထောင်နေသည်ကို မြင်သောအခါ သူမ၏ နှင်းကဲ့သို့ဖြူသည့်လက်ကိုမြှောက်ကာ ညင်သာစွာ ခါယမ်းလေသည် “အဲကိစ္စကိုစိတ်မပူပါနဲ့ ဒီလိုအရိုင်းအစိုင်းနေရာမျိုးမှာ သားရဲ လို ငတုံးတွေကို ဘာလို့စိတ်ရှုပ်ခံနေမှာလဲ”
“နန်းတော်သခင်ငယ်ကြီးက မင်းကို ကောင်းကောင်းသင်ပြထားတာပဲ” ကိုယ်ရံတော်သည် အလျင်အမြန်ပင် ချီးမွမ်းခန်းဖွင့်လေသည်။
ယန်ယဲ့သည် မျက်လုံးထောင့်မှ အခန်းကိုကြည့်ကာ သေရည်ခွက်ကို သာမန်ကာလျှံကာပင် ကောက်ကိုင်ပြီး တစ်ဆွတ်သောက်လိုက်သည်။ လူများ သည် အလွန်အမင်းထူးဆန်းကြသည်။ သူ အင်ပါယာမြို့တော်တွင်ရှိစဉ်က ဤကဲ့သို့ သေရည်မျိုးကို ပါးစပ်ထဲပင်ထည့်ရမည်မဟုတ်ပေ။ လတစ်ဝက် ကျော်မှ ဝေးကွာပြီးသည့်နောက် ပေထင်းဟွမ်နှင့် အသားကင်အချို့စားပြီးသည် နှင့် သောက်တတ်လာသည်။
သေရည်ဆိုင်ထဲတွင် အားလုံးသည် အသံလာရာ တံခါးဆီသို့ ကြည့်ကြ သည်။ သူတို့သည် နန်းတော်သခင်ငယ်အမျိုးသမီးကိုမြင်သောအခါ မျက်လုံးများ ပြူးလာကြပြီး ပူလောင်သောမျက်လုံးများသည် ထိုအမျိုးသမီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းဆီသို့ ပြေးလွှားနေကြသည်။ သို့သော် ယန်ယဲ့တစ်ယောက်သာ ထိုအမျိုးသမီးကို အရိုးဖြူတစ်ခုကိုကြည့်နေသကဲ့သို့ကြည့်နေသည်။
သူသည် အမျိုးသမီးများစွာကို မြင်ဖူးခဲ့သည်။ သူ၏အဆင့်တွင် အလှတရားနှင့် အရိုးတို့အကြားတွင် ကွာခြားချက်မကြီးပေ။ မိန်းမလှလေး ဖြစ်စေ သားရဲဖြစ်စေ သူ့အတွက် ကွာခြားချက်မရှိပေ။ သူ ချစ်သည်မှာ ဝိညာဉ် ပင်ဖြစ်သည်။
သေရည်ကို နူးညံ့စွာတစ်ဆွတ်သောက်ပြီးသည့်နောက် ယန်ယဲ့၏ ကျောက်စိမ်းနှင့်တူသော အဖြူရောင်လက်ချောင်းများသည် ညင်သာစွာပင် ခွက်ကိုလှည့်သဖြင့် ခရမ်းရောင်မျက်လုံးများတွင် အပြာနုရောင်သေရည်သည် ရောင်ပြန်ဟပ်လေ၏။ စားပွဲထိုးသည် ခပ်မြန်မြန်တစ်ချက်ကြည့်လိုက်မိ၏။ ၎င်းသည် အလွန်ပင် အံ့ဩစရာကောင်းလှသော်လည်း နောက်တစ်ချက်မကြည့် ရဲတော့ပေ။
“သခင်မလေး ဟိုမှာ တစ်နေရာရှိသေးတယ်”
ထိုက်ယိနန်းတော်အဖွဲ့သည် ဆိုင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရာ ယန်ယဲ့ ဘေးတွင် နေရာလွတ်တစ်နေရာရှိနေသည်ကို မြင်လိုက်လေသည်။ အိမ်ခြေရာ မဲ့စခန်းသည် ဤမျှကျော်ကြားလိမ့်မည်ဟု သူတို့လည်းမထင်ထားကြပေ။ သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ တခြားဆိုင်မှ ဤဆိုင်သို့ရောက်လာခြင်း ပင်ဖြစ်သည်။
သည်တစ်ခေါက်ထွက်လာသည်မှာ အရေးကြီးကိစ္စတစ်ခုကြောင့်ဖြစ် သည်။ နန်းတော်သခင်ငယ်ကြီးသည် သူတို့ကို အချိန်တစ်ခုလောက် ပြဿနာမရှာ ရန်မှာကြားလိုက်သည်။
ယန်ယဲ့သည် ခေါင်းဆတ်ပြီး အထင်သေးသည့်မျက်လုံးများနှင့် ချွန်ထက် သောဓားများသဖွယ် သူ့ဆီလျှောက်လာသောလူများကို ကြည့်လိုက်သည်။ သို့သော် ထိုလူတစ်စုသည် အဆင့်မြင့်သည့်အာရုံရှိကြသော်လည်း ယန်ယဲ့၏ မပျော်ရွှင်မှုကို လျစ်လျူရှုကာ သူတို့၏နန်းတော်သခင်ငယ်မကို ယန်ယဲ့၏ဘေးသို့ နေရာချပေးနေသည်။
ယန်ယဲ့သည် ပေထင်းဟွမ်၏ သတိပေးခြင်းကိုခံရပြီးနောက် လူများကို မျက်လုံးနှင့်မသတ်ရဲတော့ပေ။ သူသည် ထိုလူတစ်စုကို ကြည့်ရုံသာကြည့်နေ သည်။ သူသာ ဇွဲကောင်းလွန်းလျှင် လုပ်ကိုလုပ်ရမည်ဖြစ်သည်။
ယန်ယဲ့၏ခရမ်းရောင်မျက်လုံးများသည် မှော်စွမ်းအားရှိပုံပေါ်သည်။ သူ့မျက်လုံးများသည် ဤအချိန်တွင် မကောင်းလှသော်လည်း ထိုက်ယိနန်းတော်၏ သခင်ချင်းရှီသာ ထိုမျက်လုံးများကို ထိလိုက်လျှင် အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားနိုင်ပြီး စိတ်လွတ်သွားနိုင်သည်။ သူမသည် အေးစက်သော ထောင်လွှားမှုကိုထိန်းထားပြီး လျှောက်လာကာ ယဉ်ကျေးစွာ မေးလေသည် “သခင်ကြီး ဒီနေရာကို ကျွန်မယူလို့ရမလား”