ယန်ယဲ့ အရှက်မရှိဘူးလား
Vol. 44 Ch. 878
ယန်ယဲ့၏ခွန်အားအရ သူ့ထက်ခွန်အားမမြင့်သူဆိုလျှင် အားလုံးကိုမြင် နိုင်မည်မဟုတ်ပေ။ သို့သော် ပတ္တမြားတိုက်မှလူများသည် ထိုအရာကို မြင်နိုင်မည်လား။ သို့သော် ပတ္တမြားတိုက်ကြီးတစ်ခုလုံးမှလူများ မည်မျှ မြင်နိုင်မည်နည်း။ မည်သို့ပင်ဖြစ်စေကာမူ ထိုလူများအကြားတွင် နန်းတော် သခင်ချင်းရှီပါဝင်မည်မဟုတ်ပေ။ သို့သော် သူမသည် ယန်ယဲ့အား 'သခင်ကြီး' ဟုခေါ်နေကာ ချက်ချင်းပင် ယန်ယဲ့အား ကောင်းကင်ခွန်အားကဲ့သို့ လေးစား သမှုပြနေသည်။
'သခင်ကြီး' ဆိုသည့်အသ့သည် ချက်ချင်းပင် ဆိုင်ထဲမှလူများအားလုံး၏ မျက်လုံးကို ဆွဲဆောင်လိုက်သည်။ သူတို့သည် သာမန်အဝတ်အစားနှင့် ဆွဲဆောင်မှုမရှိသောအမျိုးသားကို မယုံနိုင်စွာကြည့်ပြီး ဆွေးနွေးချက်များစွာ ပေါ်လာသည်။
“မဖြစ်နိုင်တာ ထျန်းကျဲ ရွှံ့နွံချောက်မှာ တစ်ခုခုဖြစ်လိမ့်မယ်လို့ ထင်မထားဘူး၊ ထျန်းကျဲက ဒီမှာ ဆွဲဆောင်နေတာပဲ”
“ဒီလူရဲ့ခွန်အားက ကောင်းကင်အဆင့်ပဲ၊ မှားနေလို့လား၊ ငါဘာလို့ အဲဒါ ကိုမမြင်ရတာလဲ”
“ငါပြောမယ် မင်းမျက်လုံးကို ဖွင့်ထားစမ်းပါ မတုံးစမ်းနဲ့ ဒီကိုလာနိုင်တဲ့ လူတွေက မသန်မာဘဲနေမလား”
အိမ်ခြေရာမဲ့စခန်းကို တစ်နှစ်ပတ်လုံးလာနေကျသူများသည် တစ်ဦးနှင့် တစ်ဦးရင်းနှီးနေကြပြီဖြစ်သည်။ စစ်ပွဲဘုံတောတွင် လှည့်လည်သွားလာနေသူ များသည် ကျင့်ကြံရေးအဆင့်မမြင့်လျှင်တောင် သူတို့လက်ထဲတွင် ဝှက်ဖဲကိုင် ထားတုန်းပင်ဖြစ်သည်။ သို့သော် ဤနေရာမှလူများထဲတွင် ဒုတိယနှင့် တတိယ အဆင့်တိုက်ခိုက်ရေးသမားများရှိကာ ယန်ယဲ့ကဲ့သို့ ကောင်းကင်အဆင့်မှာ ရှားပါးသည်။
ခန်းမထဲမှ စွန့်စားသူများအံ့ဩရုံတင်မကဘဲ ချင်းရှီနောက်မှလိုက်လာ သော ကိုယ်ရံတော်များပင် ချင်းရှီအား မယုံနိုင်သောမျက်လုံးများဖြင့် ခိုးကြည့် လေသည်။ သူတို့၏နန်းတော်သခင်ငယ်မသည် အမြဲတစေအေးစက်ပြီး မောက်မာ သည်။ အလှတရား၊ ခွန်အားနှစ်ခုလုံးပြည့်စုံနေရာ သူမသည် ယောက်ျားများကို မျက်လုံးထဲမထည့်ပေ။ တစ်ခါက ပင်မတိုက်ကြီးတွင် နာမည်ကြီးဖြစ်ခဲ့သည့်၊ ကံမကောင်းစွာပင် ပေထင်းဟွမ်ခေါင်းဖြတ်ခြင်းကိုခံရသည့် သခင်ဂူဟောက် ကိုပင် လှည့်ကြည့်ခဲ့သူမဟုတ်ပေ။ ယောက်ျားများသည် သူတို့ နန်းတော် သခင်မ၏ မျက်နှာသာပေးခြင်းကိုမခံရဘဲ သူမသည် သူတို့ကိုမုန်းပင်မုန်းလေ ၏။
အသွင်အပြင် အံ့ဩလောက်စရာမရှိသော၊ ခန္ဓာကိုယ်တွင် ဝိညာဉ် စွမ်းအင်အတက်အကျမရှိသည့် ဤသာမန်လူသည် အမှိုက်တစ်စနှင့်ပင်တူ၏။ သူတို့၏ နန်းတော်သခင်ငယ်မမှ 'သခင်ကြီး' ဟုခေါ်လိုက်ချိန်တွင် သူတို့ မည်သို့ မအံ့ဩဘဲနေမည်နည်း။
သခင်ကြီးဟုတ်လား။
ယန်ယဲ့သည် ထိုခေါင်းစီးနှင့် မရင်းနှီးလှပေ။ သူသည် ပင်မတိုက်ကြီးတွင် အားကောင်းသောပြည်သူများကို ရည်ညွှန်းသည့် အမည်နာမနှင့်မရင်းနှီးပေ။ လွန်ခဲ့သည့်နှစ်တစ်သောင်း သူ နတ်မိစ္ဆာဧကရာဇ်ဖြစ်ခဲ့စဉ်က တခြားသူများ သည် သူ့ကို 'အရှင်' ဟု တရိုတသေခေါ်ဝေါ်ခဲ့ကြသည်။ သို့သော် ယခုအခါ သူသည် 'အရှင်မင်းသား' ဖြစ်ရာ ယန်ယဲ့သည် ချင်းရှီခေါ်သော 'သခင်ကြီး' ဆိုသည်ကို အသားမကျလှပေ။ သေရည်ခွက်ကိုကိုင်ပြီး သူသည် အထဲမှ နက်ပြာရောင်အရည်ကို လှုပ်လိုက်သည်။ ခရမ်းရောင်မျက်လုံးတစ်စုံမှ ထူးဆန်း သောအလင်းထုတ်လွှတ်လေသည်။
ချင်းရှီ၏ရှုထောင့်မှကြည့်လျှင် သူမသည် သေရည်ခွက်ကိုဖြတ်ကာ ယန်ယဲ့၏ခရမ်းရောင်မျက်လုံးကို မြင်နေရသည်။ ထိုမျက်လုံးများထဲတွင် အလင်းစီးကြောင်း အနည်းငယ်ရှိနေသည်။
“သခင်ကြီး ရှင့်ဘေးမှာ ထိုင်တဲ့သူလည်းမရှိဘူး ကျွန်တော်တို့ သခင်မကို ပေးလို့၍ရမလား” ချင်းရှီ၏ဘေးမှ ကိုယ်ရံတော်သည် နန်းတော်သခင်ငယ်မ၏ အသွင်အပြင်ကိုကြည့်ပြီး ရပ်မနေနိုင်တော့ဘဲ ယန်ယဲ့ကို ထပ်မေးပြန်သည်။
ယန်ယဲ့၏မျက်လုံးထောင့်များသည် မြင့်တက်လာပြီး ဇာမဏီမျက်လုံး များသည် ကျဉ်းမြောင်းပြီးရှည်လျားသည်မှာ မြေခွေးမျက်လုံးကဲ့သို့ဖြစ်နေ၏။ ဆွဲဆောင်မှုရှိသည့်မျက်လုံးများနှင့် ချင်းရှီအား အပေါ်အောက်ကြည့်ကာ သူမ ဘေးရှိကိုယ်ရံတော်ခေါင်းဆောင်ဆီသို့ အကြည့်ရောက်သွားလေသည်။ ထို့နောက် နှုတ်ခမ်းထောင့်များ အနည်းငယ်မြောက်သွားပြီး ထွက်လာသည့် လေသံမှာအေးစက်လှသည် “မရဘူး”
ဒဲ့တိုးဆန်ပြီး ကြမ်းတမ်းလှသည်။
ချက်ချင်းဆိုသလိုပင် တစ်ဆိုင်လုံးသည် တိတ်ဆိတ်သွားကာ အားလုံး၏ လှုပ်ရှားမှုများရပ်တန့်သွားပြီး အကျပ်အတည်းအခြေအနေသို့ ရောက်သွား သလိုခံစားရလေသည်။ အားလုံးသည် ယန်ယဲ့အား အထင်သေးသောမျက်လုံး များဖြင့် ကြည့်ကြလေသည်။ ဒီအလှလေးက ဘယ်သူလဲ။ အရှက်မဲ့လိုက်တာ။