Chapters

လစ်လိုက်တော့

Vol. 44 Ch. 879

လစ်လိုက်တော့

Vol. 44 Ch. 879

ချင်းရှီနှင့် သူမ၏ ကိုယ်ရံတော်များသည် ခေတ္တမျှမှင်တက်သွားလေ၏။ ထင်ရှားစွာပင် အမြဲတမ်းမောက်မာလေ့ရှိသော ထိုက်ယိနန်းတော်၏ သခင်မ သည် အငြင်းခံရသည့်ခံစားချက်မျိုး မခံစားဖူးပေ။ သူမသည် တဒင်္ဂမျှ မတုံ့ပြန် နိုင်ပေ။

သူမသည် မျက်တောင်ခတ်မိလေသည်။ ယန်ယဲ့၏နှုတ်ခမ်းနှင့် ခရမ်း ရောင်မျက်လုံးထဲမှ ဖုံးမရသောအထင်သေးမှုများသည် သူမကို သတိပြန်ဝင်စေ သည်။ သူမသည် ဒေါသကြောင့် ရယ်သွမ်းလုနီးပါးဖြစ်ကာ သူမ၏ထောင်လွှား သောမျက်နှာသည် အနည်းငယ်မော့တက်သွားသည်။ သူမသည် အလွန့်အလွန် ပင် သာမန်ဆန်သောဤလူ၏ဖြားယောင်းမှုကြောင့် သရဲတစ်ကောင်ကို မြင် လိုက်ရသလိုခံစားရလေသည်။

သာမန်လူနဲ့မတူတဲ့ မျက်လုံးတစ်စုံကြောင့် သူဖုန်းစားက မင်းသားဖြစ် လာမယ်လို့ထင်နေလား။

နေရာလွတ်ဘေးတွင်ထိုင်နေသော ယောက်ျားတစ်ယောက်သည် ချင်းရှီ ၏ ချောမောသောမျက်နှာမှာ ဒေါသကြောင့် အပြာရောင်ပြောင်းသွားသည်ကို မြင်သည်နှင့် သည်းမခံနိုင်တော့ပေ။ သူသည် စားပွဲပေါ်မှ သေရည်ခွက်ကို ဆောင့်ချကာ စားပွဲအလွတ်ကို ရိုက်လေသည်။ “နေရာလွတ်က လူတွေဝင်ထိုင် ဖို့မဟုတ်ဘူးလား တော်တော်မြင့်မြတ်နေတဲ့နတ်ဘုရားအတွက်လား၊ အလှလေး ဒီကိုလာထိုင်လိုက် ဒီကောင်ကငြင်းရဲရင် သူ့ကိုသေအောင်ရိုက် လိုက်မယ်”

ထိုလူသည် ကြာပွတ်ရှည်တစ်ခုကိုသုံးကာ အလွန်ပင်အာဏာပြလေ၏။

နောက်စားပွဲတစ်ခုတွင် ချင်းရှီနှင့်အနီးဆုံးလူငယ်တစ်ယောက်သည် ချင်းရှီမှ ယန်ယဲ့အား 'သခင်ကြီး' ဟုတလေးတစားခေါ်သော်လည်း ယန်ယဲ့မှ လျစ်လျူရှုသည်ကိုမြင်သောအခါ ဘဝင်မကျဘဲ အေးစက်စွာနှာမှုတ်လေသည် “တော်တော်မိမိုက်ချင်ယောင်ဆောင်နေတယ်ထင်တယ်၊ တခြားသူတွေကို ကြည့်စေချင်တာလား၊ လူတစ်ယောက်က 'သခင်ကြီး' လို့ တလေးတစားခေါ် တာကို သူ့ကိုယ်သူ ကောင်းကင်အဆင့်လို့ထင်နေတာလား၊ ဟင်း တော်တော် ရယ်ရတာပဲ”

ပြတင်းပေါက်ဘေးရှိထိုင်ခုံတွင်ထိုင်နေသော သက်လတ်ပိုင်းအရွယ် လူ သည် သက်ပြင်းချလေသည် “ဘယ်လိုပဲဖြစ်ဖြစ် သူမလည်း ထိပ်တန်းအလှ ပိုင်ရှင်ပဲ၊ သူမမှာ အဆင့်အတန်းနဲ့ ရုပ်ရည်ရှိဖို့လိုတယ်၊ ဒီလိုမျိုး အိမ်မရှိယာမရှိ နဲ့ဆင်းရဲတဲ့ကလေးက သူမအကြိုက်လိုက်နိုင်မယ့် အခွင့်အရေးကိုမယူဘဲ လျစ်လျူရှုနေသေးတယ်”

ယန်ယဲ့၏မျက်လုံးများသည် နေရာလွတ်ပေါ်တွင် တဖြည်းဖြည်းကျသွား သည်။ ပြဿနာမဖြစ်စေရန် ပေထင်းဟွမ်မှ အထပ်ထပ်မှာထားခြင်းကြောင့် သာမဟုတ်လျှင် သူနှင့်ထိုလူ၏အကြားမှ နေရာလွတ်တစ်ခုကြောင့် ထိုလူ၏ လက်မှာပြုတ်သွားနိုင်သည်။

“လစ်လိုက်တော့”

ကောင်းကင်ခွဲနိုင်သည့် အဆုံးမရှိအေးစက်သောအသံတစ်သံ ထွက်ပေါ် လာရာ ရုတ်တရက် လက်သည် ကြောက်လန့်တကြားပြန်ရုတ်လေသည်။ ထို စကားပြောသူသည် ပြာဖြစ်သွားနိုင်သည့် သာမန်လူဖြစ်သည်ကိုမြင်နေရသည်။ အာရုံစိုက်ထားသော လက်ပိုင်ရှင်သည် ချက်ချင်းပင် ဒေါသထွက်လာကာ ခုံကို ခပ်ကြမ်းကြမ်းနောက်တစ်ကြိမ်ရိုက်ဟန်ပြုသော်လည်း လက်သည် ကျမလာ တော့ဘဲ တစ်ကိုယ်လုံးတောင့်တင်းသွားကာ သူ့မျက်လုံးများလည်း ကြောက်လန့်မှုများ ပြည့်နေလေသည်။

ထိုလက်သည် သူ့လက်မဟုတ်တော့သလိုပင်။

ချင်းရှီအနားမှ ကိုယ်ရံတော်များသည် ထိုပုံမှန်မဟုတ်သည့်လက္ခဏာများ ကို သတိမထားမိပေ။ ထိုလူများအားလုံးသည် ကောင်းကင်အဆင့်ဖြစ်ပြီး အများစုမှာ အဆင့်မြင့်ဝိညာဉ်သခင်များဖြစ်ကြသည်။ သူတို့ခါတိုင်းအပြင် ထွက်လျှင် သရုပ်မှန်ကိုပြလိုက်သည်နှင့် စားသောက်ချိန်တွင် နေရာတောင်း ရန်မဆိုထားနှင့် မည်သူမှ မလေးမစားမလုပ်ရဲပေ။ မသန်မာသူများသည် မသိ လိုက်ခင်မှာပင် တခြားသူများ၏ သဘောကျမှုကို အရယူချင်သည်မဟုတ်ပါ လား။

အရိုးသားဆုံးပြောရလျှင် ယန်ယဲ့ကဲ့သို့ ကန်းသည့်လူမျိုးမမြင်ဖူးပေ။ ရုတ်တရက်ဆိုသလိုပင် ဒေါသနှင့်အတူ ကိုယ်ရံတော်သည် ရှေ့သို့ရောက်ချလာ သည်။ သူ့မျက်လုံးများသည် ခက်ထန်ပြီး အသံသည် အေးစက်နေသည်။ “မင်းက ဘယ်သူလဲ ထိုက်ယိနန်းတော်သခင်ငယ်မက မင်းဘေးမှာထိုင်ချင်တာ မင်း ကို မျက်နှာသာပေးတာ၊ မင်းသာအမြင်ရှိရင် နေရာနှစ်ခုလုံးကိုလက်လျော့ လိုက်၊ မဟုတ်ရင် မင်းကိုကောင်းကောင်းပွဲကြည့်ခိုင်းလိုက်မယ်”

စကားပြောပြီးနောက် သူ့ရင်ဘတ်ကိုပုတ်ပြီး ကောင်းကင်ဘုံတံဆိပ်ကို ထုတ်ပြလေသည်။ ဟင်း တကယ်ကြီး ကောင်းကင်အဆင့်ပဲ။ လူတစ်ယောက် က 'သခင်ကြီး' ပါလို့ပြောချင်ရင် စကားပြောဖို့ ခွန်အားပေါ်မှီခိုရလိမ့်မယ်။