ဒီလောက်အလှတရားနဲ့ အလှလေးဟုတ်သေးရဲ့လား
Vol. 44 Ch. 880
ကျွတ်
အားလုံးသည် ကိုယ်ရံတော်ခေါင်းဆောင်၏ ရင်ဘတ်ပေါ်မှ ကြယ်ဝိညာဉ် သခင်တံဆိပ်ကိုမြင်သောအခါ ကျွတ်သပ်မိကြသည်။ ထျန်းကျဲသည် ထျန်းကျဲ ပီသသည်။ ချက်ချင်းဆိုသလိုပင် ချန်းရှီပေါ်မှအကြည့်သည် ပိုပိုပြီးပူလောင်လာ သည်။ သူမဘေးနားမှ ကိုယ်ရံတော်များသည် ထျန်းကျဲဖြစ်သည်။ ထိုက်ယိ နန်းတော်မှလူပီသစွာပင် ဤအံ့အားသင့်စရာကောင်းသောမိန်းမလှလေးသည် နန်းတော်သခင်ငယ်ငယ်ဖြစ်သည်။
အလှနှင့်ခွန်အားပေါင်းစပ်ထားသည့် ဂုဏ်ယူစရာကောင်းကင်သမီးတော် သည် အသက် ၂၄ နှစ်တွင် ဓား ၂ လက်ကြယ်ဝိညာဉ်သခင်အဆင့်ဖြစ်ပြီး တိုက် တစ်ခုလုံးတွင် အရည်အချင်းအရှိဆုံး အမျိုးသမီးဝိညာဉ်သခင်ဖြစ်သည့်သတင်း ပျံ့နေသည်မှာကြာပြီဖြစ်သည်။
ပင်မတိုက်ကြီးတွင် သူမ၏စကတ်အောက်တွင် ဦးညွှတ်ချင်သည့် အမျိုးသားများ မရေမတွက်နိုင်အောင်ရှိသည်။ သို့သော် မျှော်လင့်ထားသည့် အတိုင်း သန့်ရှင်းကာ အလွန်ပြီးပြည့်စုံသည့် ဤအမျိုးသမီးသည် ယောက်ျား များကို ပို၍ရူးသွပ်စေသည်။
“ကျုပ်ပြောတဲ့အတိုင်းပဲ နန်းတော်သခင်ငယ်ငယ်ကလွဲပြီး ဒီကမ္ဘာမှာ ဒီလိုမျိုး မိန်းမလှက ဘယ်မှာရှိသေးလဲ”
“ထိုက်ယိနန်းတော်၊ ထိုက်ယိနန်းတော်လည်း ဒီမှာရှိတယ်၊ ထိုက်ယိ နန်းတော်က စီရင်ချက်ဗိမာန်လောက်ကို နာမည်ကြီးတယ်၊ ထိုက်ယိနန်းတော် ရဲ့အနောက်မှာ ဝိညာဉ်မိသားစုကြီးလေးခုတောင်ရှိတယ်”
“ဒီကလေးကိုကြည့်ပါဦး တော်တော်မွန်းကြပ်ဖို့ကောင်းတာပဲ ငါ သည်းမခံနိုင်တော့ဘဲ”
ဆိုင်သို့သောက်ရန်လာသည့်လူများသည် အလကားပွဲကြည့်နေရသည်။ သည်တစ်ကြိမ်တွင် နောက်တစ်ပွဲဖြစ်ရာ ဆွေးနွေးမှုများစွာရှိပြီး ထိုက်ယိကို ရန်စသံများလည်းပါနေသည်။
ထိုက်ယိနန်းတော် တကယ် အသက်ရှင်ဖို့ စိတ်မရှည်တော့ဘဲ။
ယန်ယဲ့သည် သောက်ချင်စိတ်လျော့နည်းသွားလေသည်။ သူသည် တံခါး ဘက်ကိုကြည့်လိုက်ရာ ပေထင်းဟွမ်မလာသေးသည်ကိုမြင်သည်နှင့် စိတ်သည် အနည်းငယ်မရှည်နိုင်တော့ပေ။ သူသည် ခေါင်းကိုဖြည်းဖြည်းချင်းမော့ပြီး ချင်းရှီအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ “ဒီလောက်အလှမျိုးနဲ့ အလှလေးဖြစ်နေသေးတာလား၊ ဒီသခင်ဘေးမှာထိုင်ဖို့အရည်အချင်းပြည့်မှီလို့ လား”
ဤကမ္ဘာပေါ်တွင် သူ့ဘေး၌ထိုင်ရန် အရည်အချင်းပြည့်သူမှာ တစ်ဦး တည်းသာရှိသည်။
ယန်ယဲ့၏အသံသည် လေကဲ့သို့တိုးညင်းသော်လည်း မှော်ဆန်ကာ စကား လုံးတိုင်းသည် လူအများ၏ရင်ထဲထိသွားစေသည်။ သူ့စကားများသည် ဂရုမမူ သလိုထင်ရသော်လည်း အဓိပ္ပာယ်ပြည့်ဝကာ ဆင်ခြင်တုံတရားမှာလေးလံနေ သည်။ ဖိအားနှင့်အတူ လူအများအသက်မရှူနိုင်တော့ပေ။
အားလုံး ပင့်သက်ရှိုက်ကာ ယန်ယဲ့အား မျက်လုံးအပြူးသားဖြင့်ကြည့်ကြ လေသည်။ ဤလူက ထိုက်ယိနန်းတော်သခင်ငယ်ကို စော်ကားတဲ့စကားလုံးတွေ ပြောရဲသေးတာလား။ အသက်မလိုချင်တော့ဘူးလား။
ချန်းရှီဘေးတွင် ကိုယ်ရံတော်ခေါင်းဆောင်ဦးဆောင်လာသည့် ကိုယ်ရံ တော် ၁၂ ယောက်ရှိသည်။ ထိုအချိန်တွင် ဓားဆွဲထုတ်သည့်အသံတစ်ညီတည်း ထွက်လာပြီး ဓားအလင်းသည် ယန်ယဲ့ဆီသို့ဦးတည်ကာ မီးတောက်နေသည့် မျက်လုံးများသည် ယန်ယဲ့အား စိုက်ကြည့်လေသည်။ ထိုမျက်လုံးများသာ လူ သတ်နိုင်လျှင် ဤအချိန်တွင် ယန်ယဲ့သည် ပေါက်များစွာဖြစ်နေလိမ့်မည်။ သူတို့ သည် သရုပ်မှန်ကို ထုတ်ဖော်ပြီးသည့်တိုင်အောင် ဤလူသည် သူတို့၏ သခင် ကို အရှက်ခွဲရဲသည်။ ဝိညာဉ်စွမ်းအင်အတက်အကျ နည်းနည်းမှမရှိတဲ့ ဒီအမှိုက်က အပြင်ထွက်လာတဲ့အချိန်မှာ ဦးနှောက်ကို အိမ်မှာထားခဲ့တာလား။
ချင်းရှီ၏မို့မောက်နေသောရင်ဘတ်သည် လှိုင်းကဲ့သို့လှုတ်ခတ်နေပြီး စိတ်ထဲမှ ဒေါသကိုမထိန်းနိုင်တော့ပေ။ သူမသည် အသက် ၁၆ နှစ်တွင် ဝိညာဉ် သခင်ကြီးဘုံသို့ဝင်ခဲ့တာ ၁၈ နှစ်အတွင်းတွင် ဓား ၂ လက်ကြယ်ဝိညာဉ်သခင် ဖြစ်လာခဲ့သည်။ သူမခန္ဓာကိုယ်မှ ဂုဏ်သရေသည် သူမ၏ခွန်အားကြောင့်ရရှိ ခဲ့သည်။ သူမ ကောင်းကင်အဆင့်သို့တက်ပြီးသည့်နေ့မှစပြီး ထိုက်ယိနန်းတော် ၏ သခင်ငယ်နေရာအတွက် ရွေးချယ်ခံခဲ့ရသည်။ သူမတွင် ဂုဏ်သရေများစွာရှိ ပြီး အရည်အချင်းပြည့်ဝကာ လှပသည်။ သူမ ဘယ်တုန်းက ဒီလိုမျိုး အရှက်ကွဲ ခံရဖူးလဲ။
လူများကိုတံတွေးမျိုချစေသည့် မျက်နှာလှပိုင်ရှင်သည် ကမ္ဘာပေါ်မှလူ အများ ဝံပုလွေအဖြစ်ပြောင်းကာ ခုန်အုပ်ရန်မစောင့်နိုင်လောက်သည်အထိဖြစ် စေသည်။ ဤအချိန်တွင် သူတို့သည် ဒေါသကြောင့်ခရမ်းရောင်ပြောင်းကာ သူတို့၏မျက်ခုံးများအဆုံးထိ တက်သွားပြီး အသံသည်အနည်းငယ်တုန်ခါနေ သည် “မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ ခွန်အားမရှိတဲ့အမှိုက်ပဲ၊ ဒါပေမဲ့ ကြည့်ရတာ ခရမ်းရောင်မျက်လုံးတစ်စုံရှိတာနဲ့ မင်းကိုယ်မင်း နတ်မိစ္ဆာ၊ မိန်းကလေးတောင်မကြည့်ရဲတဲ့ ညအရှင်လို့ထင်နေတာလား”