← Chapters

အမှောင်ထုထဲမှ အလင်း

Vol. 37 Ch. 507

အမှောင်ထုထဲမှ အလင်း

Vol. 37 Ch. 507

ဟန်လိသည် ထိုလက်စွပ်ကို လက်ခံပြီး ချက်ခြင်း ဝတ်သည်။

ထိုအဘိုးအိုက ပြုံး၍ ပြောသည်။

“ကောင်းပြီ…ခင်ဗျား အခု မြို့ထဲ ဝင်နိုင်ပြီ။ နေ့ဘက်မှာတော့ ကြိုက်သလို လှုပ်ရှားသွားလာနိုင်တယ်။ ဒါပေမဲ့ ညဘက်ကတော့ ညမထွက်ရအမိန့် ရှိထားတယ်။ တိုက်ပွဲစတဲ့အချိန်ကျရင် ဒီလက်စွပ်က ခင်ဗျားကို သတိပေးလိမ့်မယ်။ အဲ့အချိန်ထိ ခင်ဗျားရဲ့ လှိုဏ်ဂူနေအိမ်မှာပဲ စောင့်နေနိုင်ပါတယ်…”

ထိုသို့ ပြောပြီးနောက်မှာ သူသည် ထပ်မံ၍ ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားပြန်သည်။

အဘိုးအိုကို အလေးအနက် တချက်ကြည့်ပြီးနောက်မှာ ဟန်လိသည် မြို့ထဲသို့ ဝင်လာခဲ့သည်။

မြို့လမ်းမများမှာ ခြောက်ကပ်လျက် ရှိ၏။ ကျင့်ကြံသူများကို ရံဖန်ရံခါ အပြေးအလွှားသွားလာလောက်သာ သူတွေ့ရသည်။ ခုလက်ရှိ အခြေအနေအရ မြို့သည် ပိတ်ဆို့ထားပြီး ဖြစ်မှာသေချာသည်။ သူသည် ကြည်လင်တောက်ပိုင်းကျွန်း၌သာ ကြိုတင်၍ ပြင်ဆင်ခဲ့ခြင်း မရှိခဲ့လျှင် အခုဆို အတော်လေး ခေါင်းခဲနေရလောက်ပြီ။

သည်လိုဖြင့် ဟန်လိသည် သူတော်စင်တောင်ပေါ်ရှိ သူ့လှိုဏ်ဂူထံ ပျံသန်းလာခဲ့သည်။ သူ ဈေးမြို့ကို ဖြတ်လာစဉ် တစ်ချက် ကြည့်ကြည့်သေးသည်။ သူ ထင်ထားသည့်အတိုင်း ဆိုင်များအားလုံး ပိတ်ထားလျက်ရှိ၏။ မြင်ကွင်းတွင် တစ်ဦးတစ်လေမျှ မတွေ့ရပေ။ ဟန်လိသည် မသိမသာ ခေါင်းယမ်းလျက် သူတောင်စင်တောင်ပေါ်ရှိ သုံးဆယ့်ကိုးလွှာမြောက်ထံ လျင်လျင်မြန်မြန် ပျံသန်းလာခဲ့တော့သည်။

ထိုတောင်သို့ ဝင်လာချိန်တွင် ဟန်လိသည် မြို့ပြင်မှာထက် ၎င်းနေရာ၌ အစောင့်အကြပ်များစွာ ပိုထူထပ်နေတာ တွေ့ရသည်။ သူ့ထံ စိတ်ဝိညာဉ်အာရုံလှိုင်းများ လာရိုက်ခတ်သည်။ သို့သော် သူ့လက်၌ အဝါရောင်လက်စွပ် ရှိနေသဖြင့် ၎င်းတို့သည် ပြန်နောက်ဆုတ်သွားသည်။ ဟန်လိကို မေးမြန်းမည့်သူလည်း တစ်ယောက်မျှ မပေါ်လာခဲ့ပေ။

သို့သော် အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံက သူ့အပေါ် လွှမ်းခြုံ ဖြတ်ကျော်သွားသည့်အခါ သူသည် မျက်မှောင်ကြုတ်သွားမိသည်။ ဟန်လိသည် မသိချင်ယောင်ဆောင်ကာ သူ့လှိုဏ်ဂူထံသို့သာ ဦးတည်လာသည်။

သူ ရောက်လာချိန်တွင် အတားအဆီးများက မည်သို့မျှ ပြောင်းလဲမှု မရှိဘဲ အရင်တိုင်း ရှိနေတာကို မြင်ရသည်။ သို့သော် ဟန်လိသည် အတားအဆီးများအပြင်၌ ခဏရပ်နေပြီးနောက်မှာ သူက သက်ပြင်းချမိသည်။ သူ သည်ကနေ ထွက်သွားခဲ့တာ ကြာပေပြီ။ အခု သူ ပြန်ရောက်လာသည့်အခါ မြက်ပင်ပေါင်းပင်များစွာ ရှိနှင့်နေပြီ။ ၎င်းတို့ကို ရှင်းဖို့ကလွဲ၍ သူ့၌ ရွေးချယ်စရာ မရှိပေ။

ဟန်လိသည် သူ၏ အတားအဆီးထိန်းချုပ်ခြင်း တံဆိပ်ပြားကို သုံး၍ အတားအဆီးများကို ဖွင့်လှစ်ပြီး ဖြည်းဖြည်းချင်း လှမ်းဝင်လာသည်။ အရာအားလုံးမှာ သူ ထွက်သွားခဲ့သည့်အချိန်ကကဲ့သို့သာ ရှိနေဆဲပင်။ ဟန်လိတွင် အရင်ဆုံး လုပ်ရမည့် အရေးကြီး ကိစ္စတစ်ခု ရှိနေသည်။ ၎င်းမှာ ရွှေဝါးမြိုခြင်းပိုးတောင်မာများပင်။

ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ အသံကို ကြားမှ သူ အတော့်ကို စိတ်အေးသွား၏။ သူသည် ချက်ခြင်းပင် ၎င်းတို့ကို အစောတည်းက သူ ပြင်ဆင်ထားခဲ့သည့် သားရဲသိုလှောင်အိတ်ထဲသို့ ထည့်သည်။ သည့်နောက်မှာ သူက ဆေးဥယျာဉ်ထံ သွားပြီး အရာအားလုံးကို သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းသည်။

ထိုသို့ ပြုလုပ်ပြီးသည့်နောက်မှာ ဟန်လိသည် အချိန်တစ်ခုတော့ အနားယူမည်ဟု ဆုံးဖြတ်ပြီး အိပ်ယာထံ လျှောက်လာသည်။ သူ အိပ်ယာပေါ်၌ လှဲ၍ အနာဂတ်တွင် သူ့အစီအစဉ်များကို စဉ်းစားကြည့်သည်။

သူသည် ပြင်ပကြယ်ပင်လယ်များထံ သွားရောက်ရန် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုချင်ပါက သူနှင့်အဆင့်တူ ကျင့်ကြံသူတစ်ယောက်ကို သတ်ပေးရမည် ဖြစ်သည်။ ဤသည်က သူ့အတွက် မခက်ခဲပေ။ ဟန်လိ စိတ်ပူသည်မှာ တိုက်ပွဲ မစခင် ကြယ်နန်းတော်သည် သူ့လက်ထဲ၌ ကောင်းကင်လေဟာနယ်ဒယ်စောက် ရှိနေကြောင်း သိသွားမှာကိုပင်။ တကယ်တော့ ဟိုစဦးစိတ်ဝိညာဉ်အဆင့်မွန်းစတားများက ကောင်းကင်လေဟာနယ်ခန်းမထဲမှ မည်သို့ထွက်လာခဲ့ကြသနည်းကို သူ့၌ သိနေရန် နည်းလမ်း မရှိသည် မဟုတ်လား။ ထိုထဲမှ တစ်ယောက်ကသာ ကောင်းကင်လေဟာနယ်ဒယ်စောက်၏ သတင်းကို ဖြန့်ကျက်လိုက်လျှင် သူ့အပေါ် ကပ်ဘေးတစ်ခု ကျရောက်သွားပေလိမ့်မည်။

ထို့အပြင် သူ နောက်ထပ် စိတ်ပူနေတာ တစ်ခု ရှိသေးသည်။ ၎င်းမှာ ကြယ်နန်းတော်၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလျှင် ၎င်းတို့၏ အထက်ပိုင်းပုဂ္ဂိုလ်များက အရှက်မရှိစွာဖြင့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသုံးပြုခြင်းကို ကန့်သပ်တားဆီးပစ်မှာကိုပင်။

တကယ်တော့ ကြယ်နန်းတော်သည်ပင် လူသစ်စုဆောင်းနိုင်ဖို့ ထိုသို့ လုပ်လာနိုင်ခြေ ရှိသည် မဟုတ်လား။ သူသည် ကြယ်နန်းတော်နှင့် တည်တည်ငြိမ်ငြိမ် သဘောတူညီမှု ရခဲ့သော်လည်း ကြယ်နန်းတော်၏ အမိန့်များကို နာနာခံခံနှင့် စောင့်နေဖို့ရန် လုံးဝ စိတ်ကူး မရှိပေ။

သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ ပတ်ဝန်းကျင်ကို တင်ကြို၍ လေ့လာထားမည် ဖြစ်ပြီး ၎င်းကို ခိုးကြောင်ခိုးဝှက် အသုံးပြုနိုင်၊ မနိုင်ကို ကြည့်ကြည့်ထားပေမည်။ လုံခြုံရေး အားနည်းနေခဲ့လျှင် သူသည် ၎င်းကို အသုံးပြုရန် အခွင့်အရေးကို အမိအရ အရင်ယူမည် ဖြစ်၏။

သူ၏ ထိုလုပ်ရပ်သည် ကြယ်နန်းတော်ကို ရန်စသလို ဖြစ်စေနိုင်သော်လည်း သူက နည်းနည်းလေးမျှ အရေးမစိုက်ပေ။ တကယ်တော့ သူသည် ဟိုစဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်များ၏ အမဲလိုက်ခြင်းကို ခံနေရပြီ မဟုတ်လား။

ထိုသို့ တွေးနေရင်းဖြင့်ပင် ဟန်လိသည် အိပ်မောကျသွားသည်။ အမှန်တော့ သူ ကြုံခဲ့ရသော အဖြစ်အပျက်များစွာကြောင့် ဟန်လိသည် အတော်လေး ခြေကုန်လက်ပမ်း ကျနေခဲ့ပြီ မဟုတ်လား။ နောက်နေ့တစ်ရက်တွင် သူသည် စိတ်အားတက်ကြွစွာဖြင့် ပြန်နိုးလာခဲ့သည်။

ကြည်လင်တောက်ပသော ကောင်းကင်အောက်မှာ ဟန်လိသည် သူ၏ နေအိမ်လှိုဏ်ဂူထဲမှ ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့သည်။ သူသည် လေထဲသို့ မပျံတက်ခင် သူ့ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်သည်။ အေးချမ်းနေသော အချိန်လောက်တော့ အပြင်ဘက်တွင် ကျင့်ကြံသူအများအပြား မရှိနေသော်လည်း မနေ့ကနှင့်တော့ မတူတော့ပေ။ ကြည့်ရတာ လွတ်လွတ်လပ်လပ် လှုပ်ရှားသည့် နေ့အချိန် ဖြစ်နေတာကြောင့်ပင်။

အရင်ဆုံး ဟန်လိသည် သူ့ဘေးဝန်းကျင်ကို လှည့်ပတ် ပျံသန်းသည်။ မည်သူကမျှ သူ့အပေါ် အာရုံစိုက်နေတာ သို့မဟုတ် စောင့်ကြည့်နေတာ မရှိတာ သေချာမှ သူသည် သူတောင်စင်တောင်၏ အထပ်ငါးဆယ်မြောက်သို့ တွေဝေခြင်းမရှိ ပျံသန်းလာခဲ့သည်။

တောင်ပေါ်သို့ ပိုနက်နက် ဝင်လာလေလေ လုံခြုံရေးအစောင့်အကြပ်များ ပိုများလာလေပင်။ သိပ်မကြာခင် ဟန်လိသည် ကြယ်စုံကောင်းကင်နန်းတော်၏ အထက်သို့ ရောက်လာသည်။ ၎င်းနေရာမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် တည်ရှိရာပင်။ သို့သော် ဟန်လိသည် ၎င်းကို ကျော်လာ၏။ ထိုအစား သူသည် နောက်ထပ်ခန်းမတစ်ခုထံ အလည်အပတ်သွားသည့်ဟန် ပြုမူသည်။ ထိုအတောအတွင်း သူက သူ့စိတ်ဝိညာဉ်အာရုံဖြင့် ခန်းမကို တိတ်တဆိတ် ခြုံ၍ ကြည့်ရှုသည်။

အတော်လေး အဆင်ပြေနေ၏။ ခန်းမအနီးဝန်းကျင်တွင် မည်သည့်အဟန့်အတားမျှ ရှိမနေပေ။ သို့သော် သူ့စိတ်ဝိညာဉ်အာရုံသည် ခန်းမ၏ အတွင်းပိုင်းဘက်ခြမ်းသို့ ဖြတ်ကျော်သွားချိန် အပြာနှင့်အဝါ အတားအဆီးတစ်ခု၏ တားဆီးခြင်းကို ခံရသည်။ ကံကောင်းစွာဖြင့် ဟန်လိသည် ၎င်းကို အလျင်အမြန် သတိပြုမိပြီး သူ့စိတ်ဝိညာဉ်အာရုံသည် ၎င်းအတားအဆီးကို မထိခင် အချိန်မိ ပြန်ရုတ်သိမ်းနိုင်သွားသည်။

ထို့နောက်တွင်မူ သူ့အမူအရာမှာ ရှုံ့တွသွား၏။ သူသည် သူ့စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းကို အတင်းအကြပ် ကျော်ဖြတ်နိုင်သော်လည်း အထဲရှိ ကျင့်ကြံသူများအား သတိပေးသလို ဖြစ်သွားနိုင်သည်။ သည်မျှ ရူးမိုက်သည့်အလုပ်မျိုးကိုမူ သူ မလုပ်ချင်ပေ။ ထိုစဉ် သူသည် မျက်မှောင်ကြုတ်နေလျက်ပင်။

ထိုအတားအဆီးကြောင့် ဟန်လိသည် အတွင်းပိုင်းခန်းမထဲ၌ ကျင့်ကြံသူ အရေအတွက် မည်မျှရှိသလဲ၊ ကျင့်ကြံမှုအဆင့် မည်မျှရှိကြသလဲကို မသိနိုင်တော့ပေ။ သို့ရာတွင် သည်နေရာ၌ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတော့ မရှိနေနိုင်ချေ။ အများဆုံးမှ အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်သာ စောင့်ကြပ်လိမ့်မည်။ တကယ်တော့ ကြယ်စုံကောင်းကင်နန်းတော်သည် ကြယ်နန်းတော်၏ ထိပ်ပိုင်းများအတွက် အလွန်အရေးကြီးပြီး တန်ဖိုးလည်း မရှိနေပါ။

ခပ်ဝေးဝေးထိ ပျံသန်းလာပြီးနောက်မှာတော့ ဟန်လိသည် တစ်ပတ်ပတ်၍ ပျံသန်းပြီး မသိမသာ မတူသောလမ်းကြောင်းထံ ပြန်လှည့်သည်။ ဟန်လိသည် ပြန်လှည့်၍ ပျံသန်းလာချိန်တွင် သူ့စိတ်ဝိညာဉ်အာရုံကို ထိုအတားအဆီးများ၌ ယိုကွက် ရှိ၊မရှိကို သိရအောင် ထုတ်လွှတ်ထားသည်။

သည်အတားအဆီးများ၌ မည်သည့် ပစ်ချက်မှ ရှိမနေတာ တွေ့ရစဉ် သူသည် အသံတစ်သံကို ကြားရလေသည်။

“တာအိုရောင်းရင်းကျန်း…ဒီပစ္စည်းတွေဆိုရင်ကော…အဆင်ပြေလောက်လား။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အတွက် လူတစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံးသုံးထောင်။ ဒါက ကျုပ်တို့ ပေးနိုင်တဲ့ အများဆုံး ပမာဏပဲ…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ သူ့စိတ်ထဲ လှုပ်ရှားသွားသည်။ သူသည် သူ့အောက်ဘက်ရှိ ကျင့်ကြံသူနှစ်ယောက်ကို လှမ်းကြည့်ပြီး ချက်ခြင်း အရှိန်လျော့သည်။ ထိုထဲမှ ကျင့်ကြံသူတစ်ယောက်မှာ အသားမည်းမည်းနှင့် သက်လတ်ပိုင်းအရွယ် ရှိပြီး အခြားတစ်ယောက်ကမူ လူမမာဟန်ပေါက်နေသည်။ နှစ်ယောက်လုံးသည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူများသာ။

စိတ်ပူပန်စွာ ပြောလိုက်သူမှာ အသားမည်းမည်းနှင့်ကျင့်ကြံသူ ဖြစ်သည်။ သူတို့နှစ်ယောက်သည် သည်နေရာ၌ အခြားမည်သူမျှ မရှိသော်လည်း ဂရုစိုက်သတိထားကား တီးတိုးသာ ပြောနေကြသည်။

သို့သော် ဟန်လိ၏ အားကောင်းလှသော စိတ်ဝိညာဉ်အာရုံသည် သူတို့အပေါ်သို့ ခြုံလွှမ်းစေပြီး သူတို့ ပြောသမျှကို ရှင်းရှင်းလင်းလင်း ကြားရဖို့မှာ သူ့အတွက်တော့ ပြဿနာ မရှိပေ။

“ရှူး…။ သတိထားအုံးဟ။ ဒီအကြောင်းကို အသံပို့လွှတ်ပြီးပဲ ပြောကြမယ်…”

နေမကောင်းသည့်အသွင်နှင့် သူသည် ဘေးဘီသို့ စိုးရိမ်ပူပန်စွာ တချက်ကြည့်သည်။ သို့သော် ဟန်လိသည် ကြိုတင်၍ စီမံပြီး ဖြစ်၏။ သူက ချက်ခြင်း သူ့ကိုယ်သူ ဖုံးကွယ်လျက် သူ့စိတ်ဝိညာဉ်အာရုံကို ထိုနှစ်ယောက် အသံပို့လွှတ်ပြောမည့် စကားများအပေါ်၌သာ အာရုံအပြည့်စိုက်သည်။

“ကျုပ်တို့က ဆွေရိပ်မျိုးရိပ်မကင်းပေမယ့်လည်း ပြင်ပကြယ်ပင်လယ်ဆီ လူတွေ လျှို့ဝှက်ပို့တယ်ဆိုတာ အလွန်ပဲ အန္တရာယ်များလှတယ်။ သူက ပြောတယ်။ လူတစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံးငါးထောင်ထက်တော့ မနည်းစေနဲ့တဲ့။ ဘာလို့လဲဆိုတော့ သူဟာ စည်းကမ်းဖောက်ရမှာတဲ့။ ပြီးတော့ ဒါကလည်း ကြယ်နန်းတော်ဟာ ကျုပ်တို့လို အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေအပေါ် အရေးမထားလို့ပဲ။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ကသာ ဒီထက် များတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးမယ်ဆိုရင်တောင် သူက ကျိန်းသေပေါက် ခွင့်ပြုလိမ့်မှာ မဟုတ်ဘူး…”

မျက်နှာပျက်ယွင်းကာ အသားမည်းမည်းလူသည် ထိုသို့ ထအော်သည်။

“ စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်။ ကျုပ်တို့လို အခြေခံတည်ဆောက်ခြင်းအဆင့် လေလွင့်ကျင့်ကြံသူတွေမှာ ဘယ်လိုလုပ် အဲ့လောက် ပမာဏ ရှိပါ့မလဲ…”

သူသည် ဒေါသတကြီး ဖြစ်သွားသော်ငြား အသံပို့လွှတ်ခြင်းကို အသုံးပြုရန်တော့ မမေ့ပေ။

နေမကောင်းသည့်ဟန်နှင့် ကျင့်ကြံသူသည် သက်ပြင်းချကာ သူ့ကို ပြေလည်ရာပြေလည်ကြောင်း ပြောသည်။

“အတွင်းပိုင်းကြယ်ပင်လယ်မှာ ဆက်ပြီး နေဖို့က အန္တရာယ် အလွန်များသွားပြီလေ။ ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေဟာ ကပ်ဘေးမှာ သားကောင်တွေ ဖြစ်ကုန်ဖို့ များတယ်။ အဲ့လိုဆို ကျုပ်တို့ ပိုင်ဆိုင်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေဟာ ဘာအတွက် သုံးတော့မလဲ။ တကယ်တော့ ကြယ်နန်းတော်ရဲ့ အင်အားတွေဟာ ကြယ်ကြွေမဟာမိတ်အဖွဲ့ နီးပါး ရှိလိမ့်မယ်လို့ ကျုပ်တော့ ထင်တယ်။ ဒီစစ်ပွဲဟာ ဆယ်စုနှစ်ချီပြီး မကြာတောင် လေးငါးနှစ်လောက်တော့ ကြာလိမ့်မယ်လို့ ကျုပ် ထင်တယ်။ အဲ့အချိန်အတောအတွင်း ကျုပ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ဟိုသွားဒီသွား၊ ဟိုပုန်းလိုက်ဒီပုန်းလိုက် လုပ်ပြီး ကျုပ် ဘဝကို မနေချင်ဘူး။ စိတ်ဝိညာဉ်ကျောက်တုံးတွေအတွက်ကတော့ ကျုပ်တို့မှာ ပိုင်ဆိုင်ထားတဲ့ ရှားပါးသတ္တုအမယ်တွေနဲ့ လဲလှယ်ရမှာပေါ့။ ကျုပ်တို့က ဒီအမယ်ပစ္စည်းတွေကို အသုံးပြုပြီး ကျန်တဲ့ စိတ်ဝိညာဉ်ပမာဏကို ပေးနိုင်လောက်မှာပါ။ အဲ့လိုနည်းနဲ့ဆို သူတို့ဟာ သဘောတူပြီး ကျုပ်တို့ကို မျက်နှာသာ ပေးနိုင်လောက်မှာပါ…”

“မဖြစ်နိုင်ဘူး။ ကျုပ်တို့က ပြင်ပကြယ်ပင်လယ်တွေဆီ ကျုပ်တို့ရဲ့ ပိုင်ဆိုင်မှုအားလုံး သွန်မှောက်ပြီးမှ သွားရတော့မှာလား။ အဓိပ္ပာယ် မရှိလိုက်တာ…”

အသားမည်းမည်းနှင့်သူသည် လက်သင့်မခံနိုင်ဟန်ဖြင့် ခေါင်းခါသည်။

နေမကောင်းသည့်အသွင်ရှိသည့်သူလည်း စိတ်ဓာတ်ကျသွားပုံ ရပြီး သူက ခါးသီးစွာ ပြောသည်။

“ကောင်းပြီလေ…ဒါဆိုလည်း ကျုပ်တို့ ပြန်ပြီး အခြားသူတွေ ဘယ်လိုတွေ စဉ်းစားထားကြလဲဆိုတာ ကြည့်ကြည့်တာပေါ့…”

All Chapters