ဖေးယဲ့လီယင်
Vol. 71 Ch. 986
“ဝေ့ဝူယင်... ရှင် သူတို့အားလုံးကို တကယ် သတ်ပစ်တော့မှာလား...”
နောက်ဆုံး၌ ဖေးယဲ့လီယင်မှာ နှုတ်ဆိတ် မနေနိုင်တော့ပဲ မေးလိုက်၏။ သို့သော်လည်း မည်ကဲ့သို့ နောက်ခံမျိုးကို ပိုင်ဆိုင်စေကာမူ ဝေ့ဝူယင်က သူတို့ကို ရှင်းပစ်မည် ဖြစ်ကြောင်း သူမ သိပေသည်။ လျောင်ရှုယုနှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်တို့မှာ အကောင်းဆုံး ဥပမာများ ဖြစ်ပေသည်။
"ခင်ဗျား စိတ်ပူစရာ ကိစ္စ မဟုတ်ပါဘူး...”
ဟန်ယုဟိုင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။ ဒဏ်ရာရထားသည့်တိုင် သူက မြေကြီးရှန့်ထို တစ်ဦး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ဟန်ယုဟိုင်မှာ သူ့ကိုယ်သူ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း တစ်ဦး အဖြစ် ယူဆခဲ့ပြီး ဖြစ်သည်။ ဝေ့ဝူယင်၏ ဆန္ဒ အပေါ် သံသယ ဝင်သည့် မည်သည့် မေးခွန်းထုတ်မှုမျိုးကိုမှ သူ လက်မခံနိုင်ချေ။
အမှန်တကယ်အားဖြင့်... သူ၊ ဝူယုနှင့် မာ့ကျန်းတို့မှ လွဲ၍ အခြားမြေကြီး ရှန့်ထို အားလုံးမှာ အခကြေးငွေ ကမ်းလှမ်းမှု တစ်ခုကြောင့်သာ ဤနေရာကို ရောက်ရှိ လာကြခြင်း ဖြစ်သည်။ ဝေ့ဝူယင်က သူတို့ အားလုံးကို ထိုက်တန်သည်ထက်ပင် ပိုမိုပေးခဲ့ကာ လုံခြုံမှု အတွက်လည်း အာမခံပေးခဲ့သည်။ ဖေးယဲ့လီယင်မှာ နယ်မြေအတွင်း ဝင်ရောက်ခွင့် အတွက် တာဝန်ယူခဲ့လေရာ ပိုမို၍ပင် မြိုးမြိုးမြက်မြက် ရရှိခဲ့သည်။
သို့တိုင်အောင် သူမမှာ နောက်ထပ် ကိစ္စများကို ဝင်ပါရန် ကြိုးစားနေသေးသည်။ တကယ်တမ်းဆိုလျှင် ဝေ့ဝူယင် သူတို့ကို သတ်သတ်၊ မသတ်သတ် သူမ ကိစ္စ မဟုတ်ချေ။ သူမ အနေဖြင့် ဝင်ရောက် ပြောပိုင်ခွင့် မရှိပါချေ။
ဟန်ယုဟိုင်ကို လှည့်ကြည့်ကာ ဖေးယဲ့လီယင်၏ အမူအရာက မည်းမှောင် သွား၏။ သို့သော်လည်း သူမက သူ့ကို လျစ်လျူကာ ဝေ့ဝူယင်ကိုသာ ပြန်လည် ကြည့်လိုက်သည်။ သူမကတော့ မမှားဟု ခံစားရသည်။ လျောင်ရှုယုနှင့် ပတ်သက်သည့် အခြေအနေ တစ်ခုလုံးက သူမ အပါအဝင် မြေကြီးရှန့်ထိုများစွာကို မေးခွန်းများစွာ ဖြစ်ပေါ်စေခဲ့သည်။ သူတို့ကို သုတ်သင်ချင်လျှင်ပင် သေချာ စစ်ဆေး မေးမြန်းပြီးမှ သုတ်သင်တာက ပိုမို ကောင်းသည်ဟု သူမ ယူဆ မိသည်။
ဝေ့ဝူယင်မှာ ဖေးယဲ့လီယင်ံထံမှ လက်မလျှော့သည့် အကြည့်ကို ခံစားလိုက်ရ၏။ သူ သူမကို လှည့်ကြည့် လိုက်သည်။ ဝိညာဉ် မြှင့်တင်ခြင်း ရှန့်ထိုမှာ ခေါင်းမာကာ ပြုစုပျိုးထောင်ရန် ထိုက်တန်ကြောင်း မာ့ကျန်းက သူ့ကို ပြောပြဖူးသည်။ သို့သော်လည်း သူမ၏ ထက်မြက်သည့် ဉာဏ်ရည်နှင့် ရည်မှန်းချက်တို့ကြောင့် ခန့်မှန်းရန်လည်း ခက်ခဲလှသည်။
“ဟုတ်တယ်...”
ဝေ့ဝူယင်က သူမ၏ မေးခွန်းကို တိုက်ရိုက်ပင် အဖြေပေးလိုက်၏။ ထို့နောက် သူက မာ့ကျန်းဘက်သို့ လှည့်ကာ ထန်မျိုးနွယ်၏ အမွှာမီးတောက် ပေါင်းစပ်ခြင်း နည်းလမ်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို စတင် ဆွေးနွေးလိုက်သည်။
“...”
ဖေးယဲ့လီယင်၏ အမူအရာက သုန်မှုန်သွား၏။ သူမက မျက်မှောင်ကြုတ်လိုက်ရင်း သုံ့ပန်းများကို လှမ်းကြည့်လိုက်ည်။ ဟန်ယုဟိုင်ကတော့ သူမကို တစ်စုံတစ်ရာ မလှုပ်ရှားဖို့ သတိပေးနေသည့် အလား စိုက်ကြည့် နေခဲ့လေသည်။
...
မိနစ် အနည်းငယ် ကြာမြင့်ပြီး နောက်၌ မာ့ကျန်းမှာ ထန်မျိုးနွယ်၏ ကျင့်စဉ်ကို ဝေ့ဝူယင်ထံ လွှဲပြောင်းပေးပြီးသွားခဲ့ပြီ ဖြစ်သည်။ ထိုအထဲ၌ ဖီးနစ်သွေးအမတေကို သန့်စင်၍ နိဗာန မီးတောက် ရည်ရွယ်ချက်ကို ဆုပ်ကိုင်ရန် နည်းလမ်းများလည်း ပါဝင်ပေသည်။
“မင်းရဲ့ သွေးမျိုးဆက်က အဲဒီ နည်းလမ်းကို လက်ခံနိုင်ပါ့ မလား...”
အားလုံးပြီးဆုံး သွားပြီးနောက် မာ့ကျန်းက စိတ်ပူစွာဖြင့် မေးလိုက်၏။ ဝေ့ဝူယင်ထံတွင် ဟင်းလင်းပြင်နှင့် ပတ်သက်သည့် သွေးမျိုးဆက် တစ်ခုရှိကြောင်း မိစ္ဆာလောက လောကနယ်မြေ(အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး) မှာကတည်းက သူ သတိထားမိပြီး ဖြစ်သည်။ ထိုသွေးမျိုးဆက်ကြောင့်ပင် ဝေ့ဝူယင်မှာ ဟင်းလင်းပြင် ပေါ်တယ်များကို ဖမ်ဆီးနိုင်ခြင်း ဖြစ်ကြောင်း သူ ရိပ်မိပေသည်။
“အဆင်ပြေမှာပါ...”
ဝေ့ဝူယင်က ပြုံးရင်းပြန်ဖြေလိုက်၏။ သူကတော့ ပိုင်လင်ကိုသာ ပိုမို စိုးရိမ်ပေသည်။ သူမ၏ သွေးမျိုးဆက် အမတေက ပြန်လည် ဖြည့်တင်းရန် ခက်ခဲလှလေရာ ဖြစ်နိုင်လျှင် သူမကို နောက်တစ်ကြိမ် ထိခိုက်အောင် မလုပ်ချင်ပေ။
ဝေ့ဝူယင် ဖေးယဲ့လီယင်ကို မသိမသာ လှမ်းကြည့်လိုက်၏။ ဧဒင်၏ ထူးခြားသော စွမ်းအင်နှင့် အတူ အနား၌ ရှိနေသည့် လူတိုင်း၏ ခံစားချက် အငွေ့အသက်များကို သူ ခံစားမိပေသည်။ အခြားလူများမှာ တည်ငြိမ်နေသည့်တိုင် ဖေးယဲ့လီယင်ထံမှ ခံစားချက်လှိုင်းများက အလွန် ရှုပ်ထွေးနေသည်။ အားလုံးကို သေချာ မစူးစမ်းနိုင်သည့်တိုင် အချက်တစ်ချက်ကိုတော့ သူ ကောက်ချက် ချနိုင်ပေသည်။
သူမက တစ်ခုခု လုပ်တော့မည် ဖြစ်သည်။
ဘုန်း...
ဝေ့ဝူယင် အတွေးပင် မဆုံးသေး။ ဖေးယဲ့လီယင်မှာ စတင်ကာ လှုပ်ရှားလာ၏။ လေဆင်နှာမောင်းတစ်ခု အလား လှည့်ပတ်ရင်း သူမ၏ ခန္ဓာကိုယ်က အလင်း၏ အမြန်နှုန်းဖြင့် စတင် လှုပ်ရှားလာ၏။ မာ့ကျန်းနှင့် ဟန်ယုဟိုင်တို့မှာ ချက်ချင်းပင် တုန့်ပြန်လိုက်ကြ၏။ သို့သော်လည်း... သူတို့၏ ရည်ရွယ်ချက်က ဖေးယဲ့လီယင်ကို တိုက်ခိုက်ဖို့ မဟုတ်ပဲ ဝေ့ဝူယင်ကိုသာ ကာကွယ်ဖို့ ဖြစ်သည်။
ဝှစ်... ဝှစ်...
အလင်း အကာအရံ နှစ်ခုမှာ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကို ဝန်းရံလိုက်၏။ ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူတို့ နှစ်ယောက်က ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကို ခေါ်ကာ နောက်ဘက် မိုင်သောင်းပေါင်းများစွာ အကွာထိ ဆုတ်ခွာသွားသည်။
အခြားလူများမှာလည်း ရုတ်ချည်း မည်ကဲ့သို့ တုန့်ပြန်ရမှန်း မသိလေရာ အန္တရာယ် ကင်းလွတ်ရာ နေရာများကိုသာ ဦးစားပေးကာ ဆုတ်ခွာ သွားကြ၏။
သို့သော်လည်း ဖေးယဲ့လီယင်၏ ရည်ရွယ်ချက်က သူတို့ မဟုတ်ခဲ့ပါချေ။ သူမက မျက်နှာဖုံးတပ် မြေကြီး ရှန့်ထို အားလုံးကိုသာ ဖမ်းဆုပ်လိုက်ကာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေဆီကိုသာ တဟုန်ထိုး ပျံသန်း သွား၏။ နေကြယ်ကိုးပွင့်နှင့် ကျိုင်းက သူမ၏ လက်ထဲ၌ နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။
ဟူး...
ကျိုင်းထံမှ ငွေရောင် အလင်းက မြေကြီး ရှန့်ထိုများကို လွှမ်းခြုံသွားသည်။ ထို့နောက်... တစ်ခဏ အတွင်းမျာပင် သူမမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းကို ထိုးဖောက် ဝင်ရောက် သွားတော့သည်။ လမ်းတစ်လျှောက်၌ သူမက ဟင်းလင်းပြင် ဖြတ်ကျော်ခြင်း နည်းလမ်းကိုပင် ဆက်တိုက်ဆိုသလို အသုံးပြု သွားခဲ့၏။
"..."
ဟန်ယုဟိုင်၏ မျက်လုံးများက ကိုးရောင်ခြယ် အလင်းတန်းများဖြင့် တဖျပ်ဖျပ် တောက်ပသွားကာ ဒဏ်ရာ ရရှိထားသည့် ကြားကပင် ဖေးယဲ့လီယင်၏ နောက်က လိုက်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း လက်တစ်ဖက်က သူ့ပခုံးကို လာရောက် ဆုပ်ကိုင်ကာ တားဆီးလိုက်၏။ ဟန်ယုဟိုင် နောက်ကို ပြန်လှည့်ကြည့်တော့ မားကျန်းက ခေါင်းခါပြသည်ကို တွေ့လိုက်ရသည်။
ဒြပ်စင် ကာကွယ်သူမှာ လက်ရှိ အခြေအနေဖြင့် ဖေးယဲ့လီယင်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပါချေ။ သူတို့အားလုံးမှာ တိုက်ပွဲအတွင်း လျှို့ဝှက် စွမ်းအင် ပမာဏ မြောက်များစွာကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ ဖေးယဲ့လီယင် တစ်ယောက်သာလျှင် အသက်သာဆုံး နေရာ၌ ယူကာ အသန်မာဆုံး အခြေအနေတွင် ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင်... ဖေးယဲ့လီယင်မှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ ဝိညာဉ် မြှင့်တင်ခြင်း ဖြစ်သည်။ ထိုနေရာ၌ သူမ၏သြဇာ အာဏာနှင့် လုပ်ပိုင်ခွင့်ကို ဘယ်တော့မှ လျှော့မတွက်သင့်ချေ။ သူတို့ မစွန့်စားရဲကြပါချေ။
“...”
ထိုအရာက မည်သူမှ ထင်မှတ် မထားခဲ့သည့် အဖြစ်အပျက် ဖြစ်ပေသည်။
...
ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ လောကကွဲပျက်လပေါ်၌...
ကျန့်ကျန့်မှာ ဟင်းလင်းပြင် အလွှာတစ်ခုထဲ ပုန်းအောင်းကာ ယွီစွန်းလီ၊ ယွီလီရှင်းနှင့် စွန်းယွင်ဟိုင်တို့ကို လေ့လာ နေခဲ့၏။ သူက ဝေ့ဝူယင်၏ အမိန့်အတိုင်း ကြယ်တာရာ နယ်မြေမှ ထွက်ခွာခြင်း မပြုသေးပဲ စွန်းယွင်ဟိုင် မူမှန်၊ မမှန်ကို စောင့်ကြည့် နေခဲ့ခြင်း ဖြစ်သည်။
ထို့နောက်... မိနစ် အနည်းငယ် အကြာတွင်ပင် ဝေ့ဝူယင်ထံမှ အတွေးတစ်ခုကို သူ လက်ခံရရှိလိုက်၏။ သူ၏ မျက်လုံးများက ချက်ချင်းပင် အေးစက်သွားကာ သတ်ဖြတ်လိုသည့် အလင်းတန်းများနှင့် ပြည့်နှက်သွားသည်။ သူက ချက်ချင်းပင် ဆက်သွယ်ရေး အဆောင် တစ်ခုကို ထုတ်ယူကာ သတင်းစကား အချို့ ပေးပို့လိုက်၏။ အကယ်၍ သေချာကြည့်မည် ဆိုပါက ထိုအဆောင်ပေါ်တွင် “ဝိညာဉ်ရှန့်ထို” ဆိုသည့် သင်္ကေတ တစ်ခုကို တွေ့ရှိရလိမ့်မည် ဖြစ်သည်။
သတင်းစကားကို ပေးပို့ပြီးနောက် ကျန့်ကျန့်၏ အမူအရာက ပြန်လည် တည်ငြိမ်သွား၏။ ထို့နောက် သူက တိတ်တဆိတ်ပင် ယွီစွန်းလီတို့ကို ဆက်လက် လေ့လာနေခဲ့တော့သည်။
...
ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အခြား တစ်ဖက်စွန်း၊ ဝေ့ဝူယင်တို့နှင့် ဆန့်ကျင်ဘက် အရပ်၌ ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ လဂြိုဟ် တစ်ခုကို လေ့လာ နေခဲ့၏။ ၎င်းက ဝိညာဉ်ရှန့်ထို နယ်မြေ အတွင်း တည်ရှိခဲ့သည့် ကောင်းကင်ခန္ဓာ တစ်ခု ဖြစ်သည်။ လ၏ မျက်နှာပြင်ထက်တွင်တော့ လောလောလတ်လတ် ဟင်းလင်းပြင် ဂိတ်တံခါး ဖျက်ဆီးခံထားရသည့် အလား အကာသ မူမမှန်မှုများ ဖြစ်ပေါ်နေသည်။
“...”
ရုတ်တရက် သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ကြယ်တာရာ နယ်မြေ၏ အခြားတစ်ဖက်ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ ရင်ဘတ်ကို ကိုင်ကာ ပြင်းထန်စွာ ချောင်းများ ဆိုးလိုက်ရ၏။ သွေးများက သူ့ပါးစပ်နှင့် နှာခေါင်းတို့မှ လျှံကျလာခဲ့သည်။
ထို့နောက် စက္ကန့်မခြားပင် သူ၏ ဆက်သွယ်ရေး သလင်းကျောက်မှာ လင်းလက် လာခဲ့၏။ သူ လက်တစ်ဖက် ဝှေ့ယမ်းကာ ထိုအဆောင်ကို ထုတ်ယူလိုက်သည်။ သူ၏ မျက်လုံးများက မောပန်းနွမ်းနယ်မှုများနှင့် အတူ မှေးမှိန် နေခဲ့၏။ ထူးဆန်းသော မြေကြီး ရှန့်ထိုနှင့် တိုက်ပွဲတွင် သူ အကြီးအကျယ် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ နှုတ်ခမ်းရှိ သွေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ရင်း သူ စာကို ဖတ်လိုက်၏။
“ဟမ်...”
သတင်းစကားကို လက်ခံပြီးနောက် သူ၏ အမူအရာက အကြီးအကျယ်ပင် ပြောင်းလဲ သွားခဲ့သည်။ ထိုအခိုက်တွင်ပင် အခြား စာတစ်စောင်မှာ ထပ်မံ ဝင်လာခဲ့၏။ ၎င်းက ဖေးယဲ့လီယင်ထံမှ ဖြစ်လေသည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်က ခန္ဓာကိုယ်ထဲက လျှို့ဝှက် စွမ်းအင်ကို မလှည့်ပတ်ပင် အံကို တင်းတင်းကြိတ်ကာ လက်သီးဆုပ်လိုက်၏။ မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်က ဖြောင့်တန်းသွားကာ လွှမ်းမိုးနိုင်သည့် အော်ရာကို ပြန်လည် ထုတ်လွှတ်လာသည်။ ပြီးသည်နှင့် သူက အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ ထိုနေရာမှ ထွက်ခွာသွားလေတော့၏။
***