ယိုကလန်ကို မွှေနောက်ရှာဖွေခြင်း။
Vol. 92 Ch. 1283
ထိုသို့ ပြောဆိုပြီးနောက် ထန်ရှုက ပြုံးလိုက်သည်၊ သူ့နှလုံးသားက အကြိမ်အနည်းငယ် လှုပ်သလိုဖြစ်သွား၏။ သူ့ရှေ့ရှိ လူငယ်၏သန်မာသောအရှိန်အဝါကို သူက အာရုံမခံနိုင်သော်ငြား အနည်းဆုံးကပ်ဘေးအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရမည်။ သူ့အား ဒီလောက်ရိုသေလေးစားနေပုံထောက်လျှင် ထိုအကောင်က သူ့အား ခွန်အားကို ဖုံးဝှက်ထားသောကျွမ်းကျင်သူတစ်ယောက်ဟု ထင်နေပုံရသည်။ ထို့ကြောင့် ဒင်း၏ကြောက်ရွံ့မှုက ဘယ်လောက်ထိ နက်ရှိုင်းနေမလဲဆိုသည်ကို စိတ်ကူးစရာပင် မလိုပေ။
ဤလူများက ရင်ဆိုင်ရန် အဆင်ပြေသော သူများမဟုတ်သည်ကို ယိုကျုံးက သေချာသွားလေသည်။ သူက အနည်းငယ်ပင် နောင်တရမိ၏၊ သူတို့အား လိမ်လည်လှည့်စားရန် သူက တွေးထားနေခဲ့လေသည်။ သူက လွတ်မြောက်နိုင်သရွေ့ သူ့ခွန်အားကို တိုးစေပြီးမှ ထိုနေရာသို့ သွားရောက်ကံစမ်းမည်ပေါ့။ သို့သော် အခု သူက သူတို့အား လှည့်စားခဲ့လျှင် မရှုမလှအဆုံးသတ်သွားမှာ သေချာသည်။
“စီနီယာ၊ ငါ ပြောခဲ့တဲ့လျှို့ဝှက်ချက်က တကယ်တော့ ငါ ရှာတွေ့ခဲ့တဲ့ကေင်းကင်ဘုံနယ်မြေတစ်ခုပဲ။ ဒါပေမယ့် အဲဒီနေရာက သေစေနိုင်တဲ့အန္တရာယ်တွေနဲ့ ပြည့်နေတယ်။ အရင်တုန်းက လူတချို့စုပြီး အဲနေရာကို ရှာဖွေဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ငါ့အဖော်တွေအားလုံး သေခဲ့ပြီး ငါတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။ အဲဒီကောင်းကင်ဘုံဗိမာန်ကနေ အော်ရစ်ရင်းမြစ်ကို ပြီးကတည်းက ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားကိုပဲ အားကိုးပြီး ကပ်ဘေးအင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ”
အော်ရစ်ရင်းမြစ်လား။
ထန်ရှုနှင့်ကူးယန်အာတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်၊ နှစ်ယောက်လုံး အံ့အားသင့်သွားပုံပေါ်၏။
အော်ရစ်ရင်းမြစ်က ကောင်းကင်မြေကြီးစိတ်ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်ပြီး အင်မော်တယ်ကျင့်ကြံသူများအတွက် အလွန်တရာအကျိုးရှိသည်။ အတိအကျဆိုရလျှင် အင်မော်တယ်စိတ်ဝိညာဉ်ခွန်အားကို အားဖြည့်ပေးနိုင်၊ တိုးပွားစေနိုင်သော ၎င်း၏သက်ရောက်မှုကြောင့်ပင်။ သာမန်ကျင့်ကြံသူတစ်ယောက်က ဤအော်ရစ်ရင်းမြစ်ကို အသုံးပြုခဲ့လျှင် သူတို့က သေချာပေါက် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်၊ အင်မော်တယ်များအတွက်ဆိုလျှင် သူတို့၏စိတ်ဝိညာဉ်ကို အကြီးအကျယ် အကျိုးရှိစေသည်။
ထန်ရှုကိုယ်တိုင်က ကျင့်ကြံခြင်းအဆင့်ကို အလျင်အမြန်မြှင့်တက်ရန် လိုအပ်နေသည်။ လက်ရှိတွင် သူ၏ကောင်းကင်တာအိုသိမြင်မှုက အထွပ်အထိပ်အင်မော်တယ်အဆင့်ကို ရောက်ရှိထားသည်။ အင်မော်တယ်စိတ်ဝိညာဉ်ကို လျင်မြန်စွာ တိုးမြှင့်နိုင်သရွေ့ ကြီးမားသောကျင့်ကြံခြင်းအရင်းအမြစ်များ၏အကူအညီနှင့်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းကို ချောမွေ့စွာ တိုးတက်နိုင်ပြီး အန္တိမအဆင့်သို့ နောက်ဆုံးတွင် ပြန်ရောက်နိုင်ပေမည်။
“ငါ့ကို ပြော…ဒီနေရာက ဘယ်မှာလဲ”
ထန်ရှုက ယိုကျုံးအား ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။ ထိုအကောင်က လိမ်ရဲလျှင် သူက သေချာပေါက် သတ်ရလိမ့်မည်။
ယိုကျုံးက ကြယ်တိုင်းတာခြင်းကိရိယာတစ်ခုကို ထုတ်ကာ နေရာတစ်ခုကို လျင်မြန်စွာ အမှတ်အသားပြုလျက် ပြောလိုက်သည် “အဲဒီကောင်းကင်ဘုံဗိမာန်က ဒီနေရာမှာပဲ။ ယခင်အတွေ့အကြုံအရဆိုရင် အဲနေရာက စမ်းသပ်ရေးမြေပြင်တစ်ခုတစ်ခုဖြစ်ရမယ်၊ ငါတို့တွေ ရောက်သွားနိုင်တဲ့ ဧရိယာက အပြင်ဘက်လောက်ပဲ။ ငါ့အဖွဲ့က ခုနှစ်ထပ်အထိပဲ ရောက်နိုင်ခဲ့တယ်၊ သူတို့အားလုံးကို အင်မော်တယ်ရုပ်သေးအချို့က သတ်ဖြတ်ခဲ့တယ်”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ကူးယန်အာဘက်သို့ လှည့်လိုက်သည်။ “ယိုကလန်ကို အရင်သွားကြတာပေါ့။ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ အင်မော်တယ်ကျောက်တုံးနဲ့ပုံဆောင်ခဲတွေအများကြီး လိုအပ်တယ်။ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်အဆင့်ကို ရောက်တဲ့အခါ အဲဒီနေရာကို ရှာဖွေကြမယ်”
“ကောင်းပါပြီ”ကူးယန်အာက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ထန်ရှုက ထပ်မေး၏ “ယန်ကလန်ရဲ့လူတွေဆီကနေ အဲလိုတစ်ခု ရထားသေးလား”
“ရှိပါတယ်”ကူးယန်အာက ကြယ်တိုင်းတာခြင်းကိရိယာတစ်ခုကို ယူထုတ်ကာ ဆက်ပြော၏ “ဒီကိရိယာက မြစ်ကောင်းကင်အပြင်ဘက်ခြမ်းပိုင်နက်ရဲ့အပြီးပြည့်စုံမြေပုံကို အမည်မှတ်တမ်းတင်ထားတယ်၊ ဒါပေမယ့် ပိုင်နက်ရဲ့တစ်ဝက်လောက်က အမည်မှတ်တမ်းမတင်ထားဘူး၊ ခဏက ဒီကောင် ပြတဲ့နေရာလဲ အပါအဝင်ပဲ။ ဒီတစ်ခုပေါ်မှာ အဲလိုနေရာမရှိဘူး”
ထန်ရှုက ယိုကျုံး၏ကြယ်တိုင်းတာခြင်းကိရိယာကို တောင်းကာ နှိုင်းယှဉ်ပြီးနောက် နေရာသစ်အချို့ကို မှတ်ထားလိုက်သည်။ ကြယ်တိုင်တားခြင်းကိရိယာက အင်မော်တယ်များအတွက် မြေပုံပြပစ္စည်းတစ်ခုဖြစ်သည်။
“ကောင်းပြီလေ၊ အခု ငါတို့ကို ယိုကလန်ဆီ ခေါ်သွားတော့”
ထန်ရှုက ယိုကျုံး၏ပခုံးကို ဆုပ်ကိုင်လိုက်သည်၊ ကူးယန်အာက သူတို့ကို ခေါ်ကာ လျင်မြန်စွာ ပျံသန်းသွားလေ၏။
အမြဲစမ်းထနောင်းကြယ်။
ကမ္ဘာမြေထက် အဆတစ်ထောင်လောက် ကြယ်သော ဂြိုလ်တစ်ခုဖြစ်ပြီး ၎င်း၏ဧရိယာအများစုကို ရေပိုင်နက်များစွာဖြင့် လွှမ်းခြုံထားသည်။ ဂြိုလ်တွင် တိုက်ကြီးသုံးတိုက်ရှိပြီး ကုန်းမြေ၏ကျန်နေရာများက အရွယ်အစားအမျိုးမျိုးရှိသည့်ကျွန်းများဖြစ်ကြသည်။ ဤဂြိုလ်ပေါ်ရှိ အားကောင်းသောကလန်များထဲမှ တစ်ခုအနေနှင့် ယိုကလန်က ကြီးမားသောတိုက်ကြီးတစ်ခုကို သိမ်းပိုက်ထားသည်။
“အမြဲစမ်းထနောင်းကြယ်မှာ လူဉီးရေသန်းတစ်ရာကျော်ရှိပြီး အင်မော်တယ်က သိန်းချီရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ ရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူသုံးယောက်ပဲ ရှိတယ်။ အားအကောင်းဆုံးတစ်ယောက်က အပြာရောင်ကလန်ရဲ့ဘိုးဘေးပဲ၊ သူက နောက်နှစ်တစ်ထောင်အတွင်းမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်နိုင်မယ်လို့ ပြောကြတယ်။ ယိုကလန်ရဲ့ဘိုးဘေးလဲ ရွှေအင်မော်တယ်အဆင့်ပဲ၊ ဒါပေမယ့် စဉီးအဆင့်ပဲ ရှိတယ်၊ အပြာရောင်ကလန်ဘိုးဘေးရဲ့ပြိုင်ဘက်ဖြစ်ဖို့ အများကြီးလိုသေးတယ်။ ဒါပေမယ့် ယိုကလန်မှနက်နက်သိမ်မွေ့ခြင်းအင်မော်တယ်ခြောက်ယောက်ရှိတယ်၊ အပြာရောင်ကလန်မှာတော့ သုံးယောက်ပဲ ရှိတယ်”
လမ်းတစ်လျှောက်တွင် ယိုကျုံးက အင်မော်တယ်ပိုင်နက်၏အနေအထားကို ရှင်းပြခဲ့ပြီး နောက်ဆုံးတွင် အမြဲစိမ်းထနောင်းကြယ်ကို မိတ်ဆက်ပြောပြခဲ့သည်။
ယိုကလန်၏ဘိုးဘေးအကြောင်း ပြောနေချိန်တွင် ထန်ရှု၏အမူအရာက မပြောင်းမလဲပေ။ သူက ယိုကလန်၏ဘိုးဘေးအား ဖြတ်သွားဖြတ်လာတစ်ယောက်ပမာ သတ်မှတ်ထားသကဲ့သို့ပင်။
“ယိုကျုံး၊ တကယ်တော့ ငါတို့က တရားမျှတတဲ့အင်မော်တယ်တွေပဲ။ လက်ရှိမှာ ငါတို့က ဆင်းရဲပြီး အခြားအင်မော်တယ်တွေဆီကနေ လုယက်ရတယ်ဆိုပေမယ့် သူတို့က အစကတည်းက ဆိုးသွမ်းတဲ့လူတွေပဲ။ မင်းကိုယ်တိုင်က ယိုကလန်ကို ပန်းသီးပုတ်တွေလို့ သတ်မှတ်ထားမှတော့ ငါတို့က ထိန်းသိမ်းမနေတော့ဘူး။ ဒါပေမယ့် ငါ့ရဲ့လက်ဖဝါးထဲမှာ မင်းရဲ့အသက်ရှိတယ်၊ ဒါကြောင့် ယိုကလန်ကို လုယက်တဲ့အခါ မင်းကို အရှေ့ထွက်ခိုင်းရလိမ့်မယ်။ ဒီအခွင့်အရေးကို မင်း လက်ခံရဲလား”အမြဲစမ်းထနောင်းဂြိုလ်ပေါ်ရှိ ယိုကလန်သိမ်းပိုက်ထားသော တိုက်ကြီးပေါ်သို့ ဆင်းသက်ပြီးနောက် ထန်ရှုက ပြုံးကာ မေးလိုက်သည်။
ခဏတုံ့ဆိုင်းသွားပြီးနောက် ယိုကျုံးက အားတင်းပြုံးကာ ပြန်ဖြေလိုက်၏ “သဘောမတူရလောက်အောင် ငါက သတ္တိရှိပုံပေါက်နေလို့လား၊ စီနီယာ”
“ကောင်းတယ်၊ အခြေအနေကို သိတဲ့လူတွေက ဉာဏ်ရှိတဲ့လူတွေပဲ”ထန်ရှုက ပြုံးလျက် ဆိုလိုက်၏ “မင်းက ယိုကလန်ကို မုန်းတယ်၊ ဒါကြောင့် မင်းက အဲနေရာကို ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ရလိမ့်မယ်။ ဒီကလန်ရှိတဲ့နေရာကို အခုပဲ သွားကြတာပေါ့။ အာ၊ ဒါနဲ့၊ ယိုကလန်ရဲ့ရတနာလျှို့ဝှက်ခန်းက ဘယ်နေရာမှာလဲဆိုတာ မင်း သိလား”
ယိုကျုံးက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ယိုကလန်ဆီကနေ အရင်းအမြစ်တစ်ခုမှ ငါ မယူခဲ့ဘူး။ ဘယ်လိုလုပ်ပြီး သူတို့ရဲ့ရတနာလျှို့ဝှက်ခန်းကို သိနိုင်မှာလဲ။ ကလန်ရဲ့စီနီယာအဖွဲ့ဝင်အချို့ကို မေးကြည့်ရင်တော့ သိကြမယ်လို့ ငါ ထင်တယ်”
“မင်းပြောတာ မှန်တယ်”ထန်ရှုက နဖူးပုတ်ကာ ရည်ရွယ်ချက်ရှိရှိနှင့် ပြောလိုက်သည် “ငါ တစ်ချက်တုံးသွားတာ။ ဟုတ်ပြီးလေ၊ သူတို့ရဲ့နေရာကို သွားပြီး ပြဿနာရှာလိုက်ကြတာပေါ့”
ယိုကလန်။
ဤကလန်၏ပိုင်နက်က ကမ္ဘာမြေပေါ်ရှိ တရုတ်နှင့် ယှဉ်နိုင်သော ဧရိယာတစ်ခုကို ပိုင်ဆိုင်ထားပြီး အဆောက်အဉီးများအပြည့်ရှိနေလေ၏။ ကလန်က အလွန်အားကောင်းသောအစီအရင်တစ်ခုကို ခင်းကျင်းထားသောကြောင့် ပိုင်နက်အထက်တွင် ပျံသန်းနေသူတစ်ယောက်မှ မရှိပေ။
ဘုံး…
ယိုကျုံး၏လက်သီးက မီတာတစ်ရာရှည်သောယိုကလန်စံအိမ်အရှေ့ဂိတ်ကို ခပ်ပြင်းပြင်းထိုးလိုက်သည်။ အရှေ့ဂိတ်အပြင်ဘက်တွင် စောင့်ကြပ်နေသော ကလန်အဖွဲ့ဝင်များအားလုံးက သာမန်အင်မော်တယ်များသာ ဖြစ်ကြသည်။ သူတို့တစ်ယောက်မှ ယိုကျုံး၏လက်သီးထိုးချက်ကို မရင်ဆိုင်နိုင်ဘဲ ချက်ချင်းအသတ်ခံလိုက်ရ၏။
လျှပ်တစ်ပြက်အတွင်း ပုံရိပ်များစွာက အတွင်းမှ ပြေးထွက်လာသည်။ တိုက်ပွဲဝတ်စုံများကို ဝတ်ဆင်ထားပြီး အင်မော်တယ်လက်နက်များကို ကိုင်ဆောင်ထားလျက် တစ်ယောက်ချင်းစီက သတ်ဖြတ်လိုစိတ်တို့ နိုးကြွနေလျက်ရှိသည်၊ သူတို့က ထန်ရှုတို့သုံးယောက်အရှေ့သို့ ထွက်ပေါ်လာသည်။ ယိုကျုံးကို မြင်လိုက်သည့်အခိုက်တွင် အနက်ရောင်ဝတ်ရုံနှင့်အင်မော်တယ်လှံတစ်ချောင်းကို ကိုင်ဆောင်ထားလျက် သူတို့၏ခေါင်းဆောင်ဖြစ်သည့်တောင့်တင်းသန်မာသောလူတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်၏ “မင်းက ကလန်ရဲ့တံခါးကို ဖျက်ဆီးပြီး ကလန်သားတွေကို သတ်ရဲတယ်ပေါ့လေ၊ ယိုကျုံး။ မင်းက သေဖို့ ထိုက်တန်တယ်…မင်းက အရူးပဲ၊ ယိုကျုံး။ ဘယ်သူက မင်းကို ဒီလိုသတ္တိတွေ ပေးထားတာလဲ”
ယိုကျုံးက သူ့အင်မော်တယ်ဓားကို ထုတ်လိုက်သည်၊ သတ်ဖြတ်လိုစိတ်တို့ တဖွားဖွားထွက်လျက် သူက ပြော၏ “ယိုလုံ၊ မင်းက ငါ့ကို ကလန်သားတစ်ယောက်လို့ တကယ်ပဲ သတ်မှတ်ထားလို့လား၊ ဒါဆို ဘာလို့ အဲဒီခွေးမက ငါ့နောက်ကို လူတွေ လွှတ်ခဲ့တာလဲ။ မင်းတို့ထဲကတစ်ယောက်မှ ငါ့ကို ဂရုမစိုက်ခဲ့ဘူးမလား။ ဒီကျေးဇူးရှင်နှစ်ယောက်နဲ့သာ မတွေ့ခဲ့ရင် ငါ့ကို သူတို့တွေ သတ်သွားခဲ့လောက်ပြီ”
စာနာသောအကြည့်တစ်ခုက တောင့်တင်းသန်မာသောလူ၏မျက်လုံးများထဲတွင် လက်သွားသည်။ သို့သော် သူက အေးစက်စွာ ပြန်ဖြေ၏ “ဒါက မင်းတို့ရဲ့ကိစ္စပဲ၊ ငါတို့နဲ့ ဘာမှ မသက်ဆိုင်ဘူး။ ဒါပေမယ့် မင်းက အပြင်လူတွေကို ခေါ်လာတယ်၊ ကလန်ရဲ့အရှေ့တံခါးကို ဖျက်ဆီးတယ်၊ မင်းရဲ့ကလန်သားတွေကို သတ်ပစ်တယ်။ အဲဒါတွေအားလုံးက ကြီးမားသောအပြစ်တွေပဲ။ အညံ့ခံရင်တော့ မင်း အသက်နည်းနည်းထပ်ရှင်နိုင်မယ်၊ မဟုတ်လို့ကတော့ ပြန်လည်မွေးဖွားဖို့အခွင့်အရေးတောင် မရှိဘဲ မင်း သေရလိမ့်မယ်”
“ဟမ့်၊ မင်းက ငါ့ကို အညံ့ခံစေချင်တာလား။ မင်းက အဲလိုပြောဖို့ အရည်အချင်းမရှိပါဘူး”ယိုကျုံးက နှာခေါင်းရှုံ့လိုက်သည် “စီနီယာနှစ်ယောက်၊ သင်တို့အပေါ်မှာ ငါ ကျေးဇူးအကြွေးတင်ထားပါတယ်၊ အခု ငါ့ရဲ့အကြွေးကို ဆပ်ဖို့ သင်တို့ကို ဒီကလန်ကို ပေးတယ်။ သူတို့က သင်တို့ကို မလေးစားရင် ကြိုက်သလို သတ်ဖြတ်လို့ရပါတယ်”
ထန်ရှုက အနည်းငယ်ပြုံးကာ ယိုလုံကို လေ့လာလိုက်သည်။ သို့သော် စိတ်ထဲ၌ အနည်းငယ်အကူအညီမဲ့သလိုတော့ ဖြစ်သွားသေး၏။ သူ၏လက်ရှိခွန်အားအရ အများဆုံးသာမန်အင်မော်တယ်များကိုသာ အနိုင်ယူနိုင်သည်၊ မြေအင်မော်တယ်တစ်ယောက်ပင်လျှင် သူ့ကိုရိုက်နှက်နိုင်သည်။ ထို့ကြောင့် သူက ကူးယန်အာကို မဆွဲထုတ်လျှင် လက်ရှိအချိန်တွင် သူ လုပ်နိုင်သည်ကား ဘာမှမရှိပေ။
“ယန်အာ၊ အချိန်မဖြုန်းဘဲ သူတို့ကို တိုက်ခိုက်လိုက်တော့”
ကူးယန်အာ၏မျက်နှာပေါ်ရှိ အပြုံးက ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည်။ သူမခန္ဓာကိုယ်ထဲရှိ အင်မော်တယ်ဓားကို ထုတ်လွှတ်လိုက်သည့်အခိုက်အတန့်တွင် ဓားပုံရိပ်အလွှာများက ဆယ်ကီလိုမီတာကျော် ပျံ့နှံ့သွား၏။ မျက်စိတစ်မှိတ်အတွင်း ယိုကလန်၏အပြင်ဘက်ပိုင်းရှိအဆောက်အဉီးအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ယန်ကလန်ဝင်သောင်းချီက အပြင်းအထန်ဒဏ်ရာရသွားကြသည်။
သူမက တစ်ယောက်မှ မသတ်ဖြတ်ခဲ့ပေ၊ ထန်ရှု၏စရိုက်အရ အကြောင်းမဲ့သတ်ဖြတ်ခြင်းကို ပြုလုပ်ရန် မဖြစ်နိုင်သည်ကို သူမက သိ၏။ ထို့ကြောင့် ထိုလူများ၏အသက်ကို ချမ်းသာပေးခဲ့ပြီး သူတို့၏ကျင့်ကြံခြင်းကိုသာ ဖျက်ဆီးပစ်ခဲ့သည်။
“ခွေးမ…”
ဆယ်ကီလိုမီတာသို့ ပြန်ဆုတ်ရင်း ယိုလုံက ကူးယန်အာကို တစ်ချက်ကြည့်ပြီးနောက် အော်လိုက်သည် “အကြီးအကဲတို့အားလုံး၊ အပြင်လူအချို့က ငါတို့ရဲ့ယိုကလန်ကို ပြဿနာလာရှာနေတယ်။ ကျေးဇူးပြုပြီး သူတို့ကို အမြန်ဆုံးရှင်းလင်းပေးပါ…”
ဝှီ…ဝှီ…ဝှီ…
ပုံရိပ်သုံးခုက ယိုလုံ၏အရှေ့တွင် ရုတ်ချည်း ထွက်ပေါ်လာသည်။ အလယ်ရှိ တောင့်တင်းသန်မာသောလူက ဓားဖြင့် ချက်ချင်း တိုက်ခိုက်ကာ အော်ပြောလိုက်၏ “မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့က ယိုကလန်ရဲ့အင်မော်တယ်စွမ်းအားကို စိန်ခေါ်နိုင်မယ်လို့ ထင်နေကြတာလား။ မင်းတို့က သေရမှာကို မစောင့်နိုင်ကြတော့တာလား”
ကူးယန်အာက အေးစက်စွာ နှာခေါင်းရှုံ့ရင်း စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းကို ထုတ်ဖော်လိုက်သည်။ အင်မော်တယ်ပညာရပ်တစ်ခုနှင့်နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်ဖော်လိုက်သောကြောင့် ယိုကလန်သားများစွာကို ထိမှန်ကာ အောက်သို့ ကျသွားကြလေသည်။ သူတို့အားလုံးက မှင်တက်နေလေသည်၊ ကူးယန်အာကို တိုက်ခိုက်ခဲ့သော နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်သုံးယောက်ပင်လျှင် ထိတ်လန့်တုန်လှုပ်နေလျက်ရှိ၏။
“မင်းက ရွှေအင်မော်တယ်တစ်ယောက်လား။ ရွှေအင်မော်တယ်တစ်ယောက်က ငါတို့ကလန်ကို တိုက်ခိုက်နေတာလား။ ဘိုးဘေးကို အမြန်ဆုံး သတင်းပို့ကြစမ်း…”နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်သုံးယောက်ပင် ဘာမှ မတတ်နိုင်ဘဲ နှစ်ယောက်သေသွားခဲ့သည်ကို မြင်ပြီး ယိုလုံက အလန့်တကြား အော်ပြောလိုက်၏။
ကူးယန်အာက အထင်သေးစွာ တစ်ချက်ကြည့်လိုက်သည်။ ဓားရောင်ခြည်တန်းများက အဆက်မပြတ်တိုက်ခိုက်နေပြီး မြေအင်မော်တယ်အဆင့်ထက်ရှိလူအားလုံးကို သတ်ဖြတ်နေသည်။ တစ်ချိန်တည်းတွင် ထန်ရှုရှိရာဘက်သို့ သူမက သိုလှောင်လက်စွပ်များကို ပစ်ထုတ်ပေးနေ၏။