← Chapters

ကံကောင်းမှုကို အမြန်ဆုံးယူဆောင်လာပေးသည့် အသက်မွေးဝမ်းကြောင်းတစ်ခု

Vol. 92 Ch. 1284

ကံကောင်းမှုကို အမြန်ဆုံးယူဆောင်လာပေးသည့် အသက်မွေးဝမ်းကြောင်းတစ်ခု

Vol. 92 Ch. 1284

လေထဲတွင် ရပ်နေရင်း သူ့ထံ ရောက်လာသောသိုလှောင်လက်စွပ်များကို ထန်ရှုက ပြုံးကာ ကြည့်နေလေသည်။ ထို့နောက် လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်ကာ လက်စွပ်ပေါ်ရှိ ယခင်ပိုင်ရှင်၏အမှတ်အသားများကို ဖယ်ရှားပြီးနောက် အားလုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်၏။

သူ့ဘေးနားတွင် ရပ်နေသော ယိုကျုံးက ခံစားချက်တို့ အနည်းငယ်ရှုပ်ထွေးနေသည်။ သူက ယိုကလန်မှ လူများကို မုန်းခဲ့သည်၊ သို့သော် လက်ရှိတွင် သူတို့က အသတ်ခံရတော့မည့် သိုးငယ်လေးများပမာ မြေပြင်ပေါ်သို့ လဲကျနေသည်။ သူ့အား အကြိမ်မရေမတွက်များစွာ အနိင်ကျင့်ခဲ့သည့် ထိုအကောင်များစွာက အသတ်ခံလိုက်ရပြီဖြစ်သည်၊ သို့သော် ကံကြမ္မာအလှည့်အပြောင်းက သူ့အား ရှုပ်ထွေးသောခံစားချက်များကို ပေးစွမ်းနေလေ၏။

အချိန်အတော်ကြာပြီးနောက် မျက်ရည်စီးကြောင်းနှစ်ခုက သူ့မျက်နှာပေါ်မှ စီးကျလာသည်။ ထို့နောက် သူ့နဖူးပေါ်ရှိ အစိမ်းရောင်သွေးကြောများက ဖောင်းတက်လာပြီး သူက ကောင်းကင်သို့ မော့ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်၏ “အမေ၊ ဒါကို မြင်နေရလား။ သူတို့တွေ ဝဋ်လည်တဲ့အချိန်ကို ရောက်နေပြီ။ ဒီရက်စက်ကြမ်းကြုတ်တဲ့ယိုကလန်သားတွေကို အပြစ်ပေးရမယ်။ အခု အမေ့ရဲ့ဝိညာဉ်လဲ အေးအေးချမ်းချမ်းနဲ့ အနားယူလို့ရပြီပေါ့”

ရုတ်တရက် ယိုကလန်၏အနက်ရှိုင်းဆုံးနေရာမှ အိုမင်းသောအသံတစ်ခုက ပဲ့တင်ထပ်လာပြီး ကမ္ဘာတစ်ခုလုံးကို တုန်ယင်သွားစေသည် “ဘယ်သူက ငါ့ရဲ့ယိုကလန်ကို ပြဿနာရှာနေတာလဲ။ ယိုတွေက ဘာမှမဟုတ်ဘူးလို့ မင်းတို့က ထင်နေတာလား”

ကူးယန်အာက သူမ၏အင်မော်တယ်ဓားကို ပြန်သိမ်းသည်၊ ထို့နောက် သူမ၏အာရုံကို ရောက်လာမည့်လူထံ ပြောင်းလိုက်၏။ အထင်သေးမှုက သူမ၏မျက်နှာပေါ်တွင် ဖြတ်ခနဲ ပေါ်သွားပြီး သူမက အေးစက်စွာ ပြောလိုက်၏ “ဟမ့်၊ ရှင့်ရဲ့ယိုကလန်မှာ လူအများကြီးရှိတယ်၊ ဒါပေမယ့် သူတို့က ပုရွက်ဆိတ်တွေပဲ။ ကောင်စုတ်လေး၊ ရွှေအမြုတေအင်မော်တယ်အဆင့်ထိ ရောက်အောင် ကျင့်ကြံဖို့က ရှင့်အတွက် မလွယ်ကူဘူးနော်၊ ဒါကြောင့် ရှင့်အနေနဲ့ အသက်ရှင်ချင်ရင် ရှင့်ကလန်ရဲ့ရတနာခန်းကို ဖွင့်ပေးပြီး ရှင့်တို့ကလန်ရဲ့ကြွယ်ဝမှုအားလုံးကို လွှဲပေးတာ ပိုကောင်းမယ်”

ဒါက…ရူးနေသော ဓားပြတစ်ယောက်မျှပဲလား။

ကူးယန်အာအရှေ့၌ ထွက်ပေါ်လာချန်တွင် ယိုဟောင်ရန်က သူ့မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။ သူမထံမှ ကြီးမားသောစွမ်းအားတစ်ခုကို သူက အာရုံခံနိုင်သည်။ သို့သော် ရွှေအမြုတေအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်က သူ့ကလန်ကို လုယက်ကာ သူမ၏ကိုယ်ပိုင်ဂုဏ်းသတင်းကို ထိခိုက်စေလိမ့်မည်ဟု သူက အိပ်မက်ထဲတွင်ပင် မတွေးခဲ့မိပေ။ သူ့ကလန်မှာ ရှိတဲ့ ဘယ်လိုရတနာမျိုးက သူမကို အခုလို ဖြစ်စေခဲ့တာလဲ။

“မင်းရဲ့နာမည်ကို သိလို့ရနိုင်မလား။ ငါတို့ကို လုယက်တာက မင်းရဲ့အစစ်အမှန်ရည်ရွယ်ချက်ပဲလား”ယိုဟောင်ရန်က နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

“ဟမ့်၊ ငါ့လို ရွှေအင်မော်တယ်တစ်ယောက်က ရှင့်ရဲ့ဆင်းရဲစုတ်ပြတ်နေတဲ့ကလန်ကို လုယက်ချင်စရာလား။ ရှင်က အိပ်မက်မက်နေတာပဲ။ လက်စားချေမှုတချို့ ပြုလုပ်ဖို့အတွက် ဒီနေရာကို ငါ့ဆရာနဲ့အတူ လာခဲ့တာပဲ။ ဒါပေမယ့် ရှင့်ကလန်သိမ်းထားတဲ့အဲဒီရတနာတွေက ဖြုန်းတီးမှုတစ်ခုလို့ ဆိုရမယ်။ အဲတော့ ငါနဲ့ငါ့ဆရာကို စုဆောင်းခွင့်ပေးပြီး ရှင့်ကို ကူညီခွင့်ပေးလိုက်တော့”

ဆရာလား။

ယိုဟောင်ရန်က စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ဒီအမျိုးသမီးက ရွှေအင်မော်တယ်အဆင့်မှာ ရှိနေပြီပဲ၊ သူမရဲ့ဆရာဖြစ်ဖို့ ထိုက်တန်တဲ့သူက အနည်းဆုံး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်မှာ ရှိရမယ်မလား။

ထိုလူက တကယ်ပဲ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကျွမ်းကျင်သူတစ်ယောက်ဆိုရင် သူတို့က သူ ဆန့်ကျင်လို့ မရနိုင်တဲ့သူတွေပဲ။ သူကိုယ်တိုင်တောင် ဒီအမျိုးသမီးကို မယှဉ်နိုင်ဖို့များတယ်။

ယိုဟောင်ရန်က ကိစ္စကို အောက်ဆုံးအထိ သိချင်သေးသည်။ သူ့မျက်လုံးက ထန်ရှုနှင့်ယိုကျုံးထံ အကြည့်ပြောင်းသွား၏၊ သူက မှင်တက်သွားရ၏။ သူ့ကို အံအားသင့်စေသည်ကား ထန်ရှုက အင်မော်တယ်အဆင့်ပင် ရှိမနေသောကြောင့်ပင်။ သူက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။ သို့သော် ခဏက ကူးယန်အာ၏စကားကို အမှတ်ရပြီး ထိုအကောင်က ကျားကို စားမယ့် ဝက်တစ်ကောင်ပမာ သရုပ်ဆောင်နေဿာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်ရမည်ဟု သူက ချက်ချင်း တွေးလိုက်မိသည်။

“စီနီယာ၊ သင်လိုအပ်တယ်ဆိုလျှင် ယိုကလန်က ငါတို့ရဲ့ကြွယ်ဝမှုကို ကမ်းလှမ်းဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် စီနီယာရဲ့အဖော်က ငါ့ကလန်ရဲ့ဘယ်သူနဲ့ ရန်ငြိုးတစ်ခုရှိတယ်ဆိုတာတော့ ငါ သေချာမသိဘူး။ ကိစ္စကို ပြေငြိမ်းစေဖို့ လက်သည်တရားခံကို ထုတ်ပေးဖို့ ဆန္ဒရှိပါတယ်”

ကူးယန်အာက အနည်းငယ် မျက်ခုံးပင့်တင်ကာ ရေရွတ်လိုက်၏ “ကောင်းပြီလေ၊ ဆက်တိုက်သတ်ဖြတ်ဖို့ဆိုတာကလဲ မဖြစ်နိုင်ဘူးလို့ ငါ ထင်တယ်။ ဆရာသခင်က စိတ်နှလုံးသားနူးညံ့တဲ့လူတစ်ယောက်ပဲ။ အင်မော်တယ်ကမ္ဘာရဲ့အန္တိမတစ်ယောက်အနေနဲ့ သူက ဒီပုရွက်ဆိတ်တွေကို ဘာလို့ အမြဲတမ်းဂရုဏာထားနေရသလဲဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး”

ထို့နောက် ကူးယန်အာက ထန်ရှုထံ ပျံသန်းသွား၏။

သို့သော် သူမ၏ရေရွတ်မှုက ယိုဟောင်ရန်ကို တုန်လှုပ်သွားစေပြီး အေးစက်မှုတစ်ခုက သူ့နောက်ကျောပေါ်တွင် ချက်ချင်း ပြေးလွှာလှုပ်ရှားနေလေသည်။ အတိအကျဆိုရလျှင် သူမ၏နောက်ဆုံးစကားလုံးလေးလုံးက သူ့နှလုံးသားထဲတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားစေပေ၏။

အင်မော်တယ်ကမ္ဘာအန္တိမအရှင်လား။ ဒီဆန်းကျယ်တဲ့လူက အင်မော်တယ်ကမ္ဘာရဲ့အန္တိမအရှင်တွေထဲကတစ်ယောက်လား။

ဒါပေမယ့် အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ကျွမ်းကျင်သူတစ်ရာအောက်ပဲ အန္တိမအရှင်အဆင့်ကို ရောက်ရှိကြတာမလား။ ဒါဆို သူက ဘယ်သူလဲ၊ ဘယ်လိုတည်ရှိမှုမျိုးလဲ။

ယိုကျုံးက ရှေ့သို့ ရုတ်တရက် ပျံသန်းလာသည်။ ယိုဟောင်ရန်၏ကြောက်ရွံ့မှုကို သူက ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။ ဒီအခွင့်အရေးကို အမိအရယူကာ သူ့ပစ်မှတ်များကို ထိုးနှက်ရမည်။ ထို့ကြောင့် ယိုကလန်ဘိုးဘေးနှင့် တစ်ကီလိုမီတာအကွာတွင် ရပ်လျက် စိတ်မဝင်စားစွာ ပြောလိုက်၏ “ယိုဇန်ရဲ့ဇနီးလန်ရှီနဲ့ ကလန်ထဲက သူမနဲ့နီးစပ်တဲ့လူဆယ့်သုံးယောက်ကို လွှဲပေးပါ၊ သူတို့အားလုံးက သေဖို့ထိုက်တန်တဲ့လူတွေပဲ”

ယိုဟောင်ရန်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူက ယိုဇန်ကို သိသည်၊ ထိုလူက ကလန်ရှိ အကြီးအကဲခြောက်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သို့သော် ထိုလူများက ကြောက်စရာကောင်းသောကျင့်ကြံခြင်းအဆင့်ရှိသည်ကို အမှတ်ရကာ သူက အေးစက်စွာ အမိန့်ပေးလိုက်၏ “ယိုဇန်ရဲ့ဇနီးလန်ရှီနဲ့သူမရဲ့လူဆယ့်သုံးယောက်ကို ခေါ်လာခဲ့။ ဒီမိတ်ဆွေနဲ့ ရန်ငြိုးရှိတဲ့သူတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းပြီး နောက်ကျရင် သူတို့ကို သုတ်သင်ရမယ်”

အမိန့်ထုတ်ပြန်ပြီးလျှင်ချင်း ယိုကလန်ထဲ၌ ယောက်ယက်ခတ်သွားပြီး ယိုဇန်၏ဇနီးလန်ရှီဉီးဆောင်သည့်လူတစ်ထောင်နီးပါးကို ချက်ချင်း သတ်ဖြတ်လိုက်လေသည်။

နှလုံးသားထဲတွင် ခါးသီးမှုတို့နှင့်အတူ ယိုဟောင်ရန်က လေးစားစွာ ပြောလိုက်၏ “သတ်သင့်တဲ့သူတွေအားလုံးကို ငါတို့ သတ်ပြီးပါပြီ။ ယိုကလန်ရဲ့ရတနာခန်းဆီ လူတချို့ကို စေလွှတ်ပြီးပါပြီ။ ကျေးဇူးပြုပြီး…”

“သေးငယ်တဲ့ကလန်တစ်ခုရဲ့ရတနာခန်းမှာ အမှိုက်အချို့ပဲ ရှိမှာပေါ့။ ယန်အာ၊ အဲဒါကို အမြန်ဖြေရှင်းပြီး ပြန်လာခဲ့။ ငါတို့တွေ အခြားအိမ်နှစ်ခုကိုလဲ သွားရအုံးမယ်”

အခြားနှစ်ခုလား။

ယိုဟောင်ရန်က ထပ်မံတုန်လှုပ်သွားပြန်သည်။ သူ၏ဆန္ဒမရှိမှုတို့ကို ပီတိများဖြင့် ချက်ချင်း အစားထိုးသွားလေသည်။ ဤအကြိမ်တွင် သူ့ကလန်က အများကြီးဆုံးရှုံးခဲ့သော်လည်း ကြီးကြီးမားမားမဆုံးရှုံးရန် ဘာလုပ်ရမည်ကို သူ သိ၏။ သို့သော် ထိုအိမ်နှစ်အိမ်၏လူအိုကြီးများက ဒေါသကြီးသည်။ သူတို့က ဤလူများနှင့် ထိပ်တိုက်တွေ့လျှင် ထိုကလန်နှစ်ခု၏နေရာတိုင်းတွင် သွေးများဖြင့် ပြည့်နှက်နေမည်မှာ သေချာပေ၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ကူးယန်အာက ပြန်လာသည်၊ သူမက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူတို့သုံးယောက်က အဝေးသို့ တန်းကာ ပျံသန်းသွားလေ၏။

လေထဲတွင် ရပ်နေရင်း ယိုဟောင်ရန်က ထိုသုံးယောက်ပျောက်ကွယ်သွားသည့်ဘက်သို့ ငေးကြည့်နေလေသည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “အနာဂတ်မှာ ပြဿနာတွေ မရှာဖို့ ကလန်ရဲ့တပည့်တွေအားလုံးကို အသိပေးလိုက်ပါ။ ဒီလိုလူတွေကို ရန်စတဲ့သူတွေကတော့ သူတို့ကို အခြားသူတွေက မသတ်ခင် ငါကိုယ်တိုင် သတ်မယ်”

ဝှစ်…

တောင့်တင်းသန်မာသောလူတစ်ယောက်က ယိုဟောင်ရန်၏ဘေးနားတွင် ထွက်ပေါ်လာသည်။ ဒေါသထွက်နေသောအမူအရာနှင့် သူက ပြောလိုက်၏ “ဉီးလေးခြောက်၊ သူတိုနဲ့ ဘာလို့ အပေးအယူလုပ်လိုက်ရတာလဲ။ ဉီးလေးရဲ့ခွန်အားအရဆိုရင် သူတို့ကို အနိုင်ယူနိုင်တယ်မဟုတ်ဘူးလား”

ယိုဟောင်ရန်က သူ့ဘက်သို့ လှည့်လိုက်သည်၊ မျက်လုံးထဲတွင် အေးစက်သောအလင်းတစ်ခုလက်သွားကာ သူက စိတ်မဝင်စားစွာ ပြောလိုက်၏ “ငါက သူတို့ကို ဒီနေရာမှာ ထိန်းထားရမှာလား။ ငါက အဲလိုလုပ်နိုင်မယ်လို့ မင်းတကယ် ထင်နေတာလား။ သူမက အနည်းဆုံးရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ရှိတယ်၊ သူမက အဲလူကို ဆရာသခင်လို့ ခေါ်တယ်။ ဒီလိုစတန့်တစ်ခုကို ငါက ဆွဲထုတ်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား”

တောင့်တင်းသန်မာသောလူက ကြောက်လန့်အံ့အားသင့်လျက် မေးလိုက်သည် “အဲဒီအမျိုးသမီးက ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ကျွမ်းကျင်သူတစ်ယောက်လား”

“ဟမ်၊ ငါက သူတို့နဲ့ ဘာလို့ အပေးအယူလုပ်လိုက်ရတယ်လို့ မင်း ထင်လဲ။ ယိုမျိုးဆက်တွေရဲ့အသက်ကို လွင့်ပစ်ရလောက်အောင် ငါက ရက်စက်ကြမ်းကြုတ်တယ်လို့ မင်း ထင်တာလား။ ဟမ့်၊ အဲဒီအမျိုးသမီးတစ်ယောက်ထဲဆိုရင်တော့ ကလန်ရဲ့အကာအကွယ်အစီအရင်ကို အသက်သွင်းပြီး သူမနဲ့ အချိန်အနည်းငယ်လောက် တိုက်ခိုက်နိုင်အုံးမယ်။ ဒါပေမယ့် သူမရဲ့ဆရာရှိနေတဲ့အတွက်…သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မင်း သိလား”

တောင့်တင်းသန်မာသောလူက တုံ့ဆိုင်းသွားလျက် ပြန်ပြောသည် “သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်များ ဖြစ်နိုင်မလား”

“မဟုတ်ဘူး၊ သူက အန္တိမအရှင်တစ်ယောက်ပဲ”ယိုဟောင်ရန်က ခေါင်းခါယမ်းလိုက်၏ “သူ့ဆီက သာမန်တိုက်ခိုက်မှုတစ်ခုက ငါတို့ကလန်ပိုင်နက်တစ်ခုလုံးကို ဖျက်ဆီးဖို့ လုံလောက်တယ်။ ကံကောင်းစွာနဲ့ ငါက သူတို့နဲ့ အငြင်းမပွားခဲ့ဘူးလေ၊ မဟုတ်ရင် ငါအပါအဝင် မင်းတို့အားလုံး သေနေလောက်ပြီ”

အမ်…

ဤသည်ကို ကြားပြီးနောက် တောင့်တင်းသန်မာသောလူက ပင့်သက်ရှိုက်သွားလေသည်။

****

အအမြဲစိမ်းဂြိုလ်ရှိ အပြာရောင်ကလန်ပိုင်ဆိုင်သော ပိုက်နက်သို့။

ရောက်လာပြီးနောက် ကူးယန်အာက ယိုကျုံးကို သတိမေ့အောင် လုပ်လိုက်ပြီး သူ့အား ထောင့်တစ်ထောင့်သို့ ပစ်ထုတ်ကာ ထန်ရှုနှင့်အတူ အပြာရောင်ကလန်ထဲသို့ ခိုးဝင်ခဲ့သည်။ ဤတစ်ကြိမ် သူတို့၏ရောက်ရှိလာမှုက အပြာရောင်ကလန်ထဲရှိ မည်သူကိုမှ သတိမပေးခဲ့မိပေ၊ ထန်ရှုက ဤကလန်ရှိ အစီအရင်အားလုံးကို ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့သည်။ အခြားတစ်ဖက်တွင် ကူးယန်အာက အပြာရောင်ကလန်၏ရတနာသိုက်ကို လုရန်အတွက် တာဝန်ရှိသည်။ နှစ်ရက်ကြာပြီးနောက် သူတို့နှစ်ယောက်က အပြာရောင်ကလန်၏ကြွယ်ဝမှုရှစ်ဆယ်ရာခိုင်နှုန်းကို ရှာဖွေနိုင်ခဲ့၏။

ထို့နောက် သူတို့နှစ်ယောက်က သတိလစ်နေသော ယိုကျုံးကို ခေါ်ကာ အခြားအိမ်ပိုင်နက်တစ်ခုတွင် ထွက်ပေါ်လာပြီး ယခင်အတိုင်း လုပ်ဆောင်ခဲ့သည်။ ထို့နောက် သူတို့က အမြဲစိမ်းထနောင်းကြယ်မှ ကျယ်ပြောသောကြယ်ကောင်းကင်ဆီသို့ တန်းကာ ထွက်လာခဲ့သည်။

“ရွံ့စရာကောင်းတဲ့ယိုကလန်စုတ်…”

“မင်းတို့က တကယ်သေချင်နေတာပဲ၊ ယိုကလန်…”

သူတို့ထွက်သွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ဒေါသတကြီးဟိန်းသံတစ်ခုက အပြာရောင်ကလန်နှင့်အခြားကလန်မှ ထွက်ပေါ်လာခဲ့သည်။ နှစ်ဖက်စလုံးမှ ကြီးမားသောကျွမ်းကျင်သူအရေအတွက်က ယိုကလန်ကို တိုက်ခိုက်ရန် အချိန်တိုအတွင်း စုဝေးလာခဲ့သည်။ အကြောင်းပြချက်က ရိုးရှင်းသည်။ ယိုကလန်မှ သူခိုးများက သူတို့၏ကြွယ်ဝမှုအားလုံးကို ခိုးယူသွားခဲ့ခြင်းကြောင့်ပင်။

သို့သော် ထန်ရှုနှင့်ကူးယန်အာတို့က ဒီလိုအသေးအဖွဲ့ကိစ္စများကို စဉ်းစားရန် စိတ်မဝင်စားပေ။ သူတို့က ယိုကျုံးကို ခေါ်ကာ လူသူကင်းမဲ့သောဂြိုလ်တစ်ခုကို ရှာပြီး ထိုနေရာတွင် သီးခြားကျင့်ကြံခဲ့သည်။ ထန်ရှုက သုံးလတိတိ ကျင့်ကြံခဲ့ပြီး နောက်ဆုံးတွင် သူ၏အင်မော်တယ်ကပ်ဘေးက ရောက်ရှိလာခဲ့သည်။

သူ၏ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည့်ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်က နတ်ဆိုးကမ္ဘာရှိ ထိပ်တန်းအဆင့်ကျင့်ကြံခြင်းပညာရပ်တစ်ခုဖြစ်သည်။ ၎င်းကို ကျင့်ကြံခြင်းဖြင့် ထိုနတ်ဆိုးနတ်ဘုရားများပင် ကြီးမားသောအကျိုးအမြတ်ကို ရုတ်သိမ်းနိုင်ပေလိမ့်မည်။ ထန်ရှုကိုယ်၌ကား ဘာနတ်ဆိုးစွမ်းအင်မှ မရှိပေ၊ သို့သော် နတ်ဆိုးစွမ်းအင်ထက် အဆင့်ပိုမြင့်သော ရှေးဉီးမူလဖရိုဖရဲစွမ်းအင်က သူ့ထံ ရှိနေလေသည်။

ထို့ကြောင့် ကြောက်စရာကောင်းသောအင်မော်တယ်ကပ်ဘေးက သူ့ထံ ဖြစ်လာခဲ့သည်။ သူ့အင်မော်တယ်ကပ်ဘေး၏စွမ်းအားက ဘယ်အင်မော်တယ်ကပ်ဘေးမဆိုထက် အများကြီးသာလွန်သည်။ အဝေးရှိ မိုင်ထောင်ချီအကွာတွင် ရပ်နေသော ကူးယန်အာ၏မျက်နှာပေါ်တွင်ပင် စိုးရိမ်ကြောင့်ကြသောအကြည့်တစ်ခု ရှိနေလေသည်၊ သူမဘေးနားရှိ ယိုကျုံး၏အမူအရာက ထူးဆန်းနေလေ၏။ ထန်ရှုရှိနေသောဧရိယာကို စိုက်ကြည့်ရင်း သူ့ခံစားချက်များကို ဖော်ပြရန် မတတ်နိုင်တော့ပေ။

လက်ရှိတွင် ထန်ရှု၏ပုံရိပ်က အင်မော်တယ်ကပ်ဘေး၏အလယ်တွင် ရပ်နေသည်။ လက်မောင်းပမာထူထဲလှသောမိုးကြိုးများက သူ့ခန္ဓာကိုယ်ကို ထိမှန်သည်၊ သို့သော် သူ့ခန္ဓာကိုယ်၏ခံစစ်ကို မဖျက်ဆီးနိုင်ပေ။ မြွေများနှင့်တူသောလျှပ်စီးမီးပွားများက သူ့ခန္ဓာကိုယ်တစ်ခုလုံးသွားလာလှုပ်ရှားနေသည်မှာ အဝတ်အစတစ်ခုဖြင့် သူ့ခန္ဓာကိုယ်ခေါင်းမှခြေဖျားအထိ ရစ်ပတ်ထားသလိုပင်။

အင်မော်တယ်စွမ်းအားတို့ဖြင့် ရောထွေးနေသော လေဆင်နှာမောင်းတစ်ခုက ထန်ရှုကို ရစ်ပတ်သည်၊ သို့သော် ထန်ရှုက လက်သီးဖြင့် ထိုးလိုက်သည့်အကြိမ်တိုင်း ကြောက်စရာကောင်းသောလေဆင်နှာမောင်းကို ဖျက်ဆီးပစ်ခဲ့သည်။

တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်ရှိ ဂြိုလ်ထောင်ချီက အနည်းငယ်တုန်ယင်သွားသည်။ ထိုအာကာသဗိမာန်များတွင်ရှိသောအသက်စွမ်းအားများစွာကို ထန်ရှုက ထုတ်ယူသည်။ သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စုပ်သွင်းရင်း တစ်ချိန်တည်းတွင် ကောင်းကင်ဘုံကပ်ဘေးကို ရင်ဆိုင်ရန် အသုံးပြုသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အာကာသဗိမာန်ထောင်ချီက အရွယ်အစားအားဖြင့် စတင်ဖောင်းကာလာပြီး လျှပ်စီးမိုးကြိုး၈၁အထိ တောင့်ခံပြီးနောက် ကမ္ဘာအရွယ်အစားအထိ ကြီးမားလာခဲ့သည်။

All Chapters