← Chapters

လမ်းပေါ်တွင် တိုက်ပွဲနှင့် ကြုံတွေ့ခြင်း

Vol. 92 Ch. 1285

လမ်းပေါ်တွင် တိုက်ပွဲနှင့် ကြုံတွေ့ခြင်း

Vol. 92 Ch. 1285

သူ့ဒန်တျန်ထဲတွင် လွင့်မျောနေသော ကောင်းကင်ဘုံလမ်းကြောင်းစကြာဝဠာသစ်ပင်က ၃၃၃မီတာအထိ ကြီးထွားလာပြီးဖြစ်ပြီး အကိုင်အခက်များ၊ သစ်ရွက်များဖြင့် ဝေဆာနေလေသည်။ ကြွယ်ဝသောအသက်အားတစ်ခုက ထန်ရှုထံ အဆက်မပြတ် စတင်စီးဆင်းလာပြီး သူ့ကျင့်ကြံခြင်းကို ခုန်ပေါက်သလို တိုးတက်နေစေလေသည်။

ဒီခွန်အားနှင့်စွမ်းအား…

စွမ်းအားကို အာရုံခံရင်း အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိသော ခံစားချက်နှင့်အတူ ထန်ရှုက အနည်းငယ် တုန်ယင်နေသည်။ ၎င်းက ယခင်က သူ ကြုံတွေ့ဖူးသောအခြေအနေတစ်ခုဖြစ်သည်။ သူ့ခန္ဓာကိုယ်က အင်မော်တယ်စွမ်းအားနှင့် ပေါင်းစပ်ပြီးဖြစ်သော်လည်း လက်ရှိသူ့စွမ်းအားက မြေအင်မော်တယ်ကျွမ်းကျင်သူတစ်ယောက်နှင့် ယှဉ်နိုင်သောကြောင့် သူ့ကို သာမန်အင်မော်တယ်တစ်ယောက်အဖြစ် လုံးဝသတ်မှတ်လို့မရနိုင်ပေ။

သို့သော် အရေးကြီးဆုံးအရာတစ်ခုက ယခင်က သူ အသုံးမပြုနိုင်ခဲ့သည့်အင်မော်တယ်လျှို့ဝှက်ပညာရပ်များနှင့်နတ်ဘုရားစွမ်းရည်များကို ယခု အသုံးပြုနိုင်ခြင်းပင်။ လက်ရှိခွန်အားအရ သူက သာမန်ကောင်းကင်အင်မော်တယ်များကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။

“ခံစားချက်က အရမ်းမိုက်တယ်”

အင်မော်တယ်ကပ်ဘေးနောက်ဆုတ်သွားပြီးနောက် ထန်ရှုက ကိုယ်လက်ဆန့်သည်၊ ယုံကြည်မှုရှိသောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် လိမ့်တက်လာ၏။ သူက စိတ်ထဲ၌ လေပင် ချွန်လိုက်မိသေး၏။

ရုတ်တရက် သူ့အပြုံးက အေးခဲသွားပြီး ခဏလောက် အတွေးနက်သွားသည်။ နောက်ထပ်အရာတစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်၏။ အတိတ်တွင် သူက ကပ်ဘေးဖြတ်ကျော်ခဲ့တုန်းက စိတ်အာရုံချောက်ခြားမှုများကို အမြဲတမ်း ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိတွင် ဘာတစ်ခုမှ မရင်ဆိုင်ခဲ့ရပေ။

“ဒါက ငါ့နှလုံးသားထဲက နတ်ဆိုးအတားအဆီးကို ဖယ်ရှားပြီးခဲ့တာကြောင့်များလား၊ ဒါကြောင့် ငါက ဒီလိုစိတ်နတ်ဆိုးရဲ့အနှောင့်အယှက်ကို မခံရတော့တာလား”မျက်မှောင်ကြုတ်ကာ ဒီအကြောင်းပြချက်ကို လက်သင့်ခံရင်း ဖိအားက ဖြည်းဖြည်းချင်း လျော့ကျသွား၏။

အဝေးရှိ တစ်နေရာတွင်။

ကြောင်စရာကောင်းသောအင်မော်တယ်ကပ်ဘေးပျောက်ကွယ်သွားပြီးလျှင်ပင် ယိုကျုံးက မှင်တက်နေသေးသည်။ ထန်ရှုအား ကြည့်လိုက်ချိန်၌ သူ့တစ်သက်တွင် မယုံနိုင်စရာအကောင်းဆုံးဖြစ်ရပ်ဆန်းတစ်ခုအား မြင်တွေ့လိုက်ရသည့်ပမာပင်။

အခြားတစ်ချက်တွင် ကူးယန်အာက ပီတိဖြစ်နေလေသည်။ သူမက အနီးနားရှိ ယိုကျုံးကို တစ်ချက်ကြည့်သည်၊ ချက်ချင်းရယ်လိုက်မိ၏၊ သူမ၏ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ မေးလိုက်လေသည် “ဒါက လွယ်ကူလွန်းတယ်လို့ ရှင် မထင်ဘူးလား”

“ဒါက တကယ် လွယ်လွန်းတယ်”

နှုတ်ခမ်းလှုပ်ရွလှုပ်ရွနှင့် ယိုကျုံးက ရေရွတ်လိုက်၏ “အရင်က ငါ ရင်ဆိုင်ခဲ့ရတဲ့ အင်မော်တယ်ကပ်ဘေးက ဒါထက် အများကြီးဆိုးတယ်။ အဲဒါကိုတောင် ကပ်သီးလေးနဲ့ပဲ ငါ လွန်မြောက်ခဲ့တာ၊ တောင့်ခံနိုင်ခဲ့ရုံမျှပဲ။ ဒါပေမယ့် သူကတော့…ဒါပေမယ့် သူက ကပ်ဘေးကို ဟာသတစ်ခုလိုပဲ သတ်မှတ်နေသလို ဘာလို့ ငါ ခံစားမိနေရတာလဲ။ ဒီလို စွမ်းအားကြီးတဲ့ကပ်ဘေး…သူ့အတွက်တော့ ကလိုထိုးနေသလိုပဲ…”

“ဖူး…ဟားဟားဟား…”

ကူးယန်အာက ရယ်လိုက်ရသည်။ ထို့နောက် ထိုအကောင်၏တုန်လှုပ်နေသောအမူအရာကို ကြည့်ကာ သူမက ပြောလိုက်၏ “သူက ဘယ်သူလဲဆိုတာ ရှင် သိလား။ သူက ငါ့ဆရာပဲ။ သူ့အတွက် ဒီလိုအင်မော်တယ်ကပ်ဘေးတွေက ကလေးကစားစရာလိုပဲ။ ငါ ရှင့်ကို တစ်ခုပြောလို့ရတယ်။ သူက အခုမှ အင်မော်တယ်ကပ်ဘေးကို ဖြတ်ကျော်ကာစဆိုပေမယ့် သူ့ရဲ့လက်ရှိခွန်အားက ရှင့်လို ကောင်းကင်အင်မော်တယ်တစ်ယောက်ကို အလွယ်လေးကန်ထုတ်ပစ်လို့ရတယ်”

ယိုကျုံးက ဖြည်းဖြည်းချင် မျက်နှာလှည့်ကာ ကူးယန်အာ၏လှပသောမျက်နှာကို ကြည့်သည်။ သူမ၏အလှက သူ့နှလုံးသားကို မွှေနှောက်သွားခဲ့သော်လည်း သူက တိတ်တဆိတ် ခေါင်းခါယမ်းလိုက်ကာ ပြော၏ “သူက အခုမှ သာမန်အင်မော်တယ်တစ်ယောက်ဖြစ်လာတာ။ သူ့မှာ တိုက်ခိုက်ရေးအတွေ့အကြုံတွေ၊ အားကောင်းတဲ့ခွန်အားတွေ ရှိရင်တောင် အများဆုံး သူ တိုက်ခိုက်နိုင်မှာက မြေအင်မော်တယ်အဆင့်ပေါ့။ သူက ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေရင်တော့ မင်းရဲ့အယူအဆက ရယ်စရာမဟုတ်ဘူးလို့ ငါ ထင်တယ်”

ကစားလိုသောအကြည့်တစ်ခုက ကူးယန်အာ၏မျက်နှာပေါ်တွင် ဖြတ်ခနဲ ပေါ်သွားကာ ပြောလိုက်၏ “မစိုးရိမ်ပါနဲ့၊ အဲဒါကို ရှင် တွေ့ရဖို့ အချိန်ရှိလာမှာပါ”

“ယန်အာ…”

ထန်ရှုက ကူးယန်အာ၏အရှေ့တွင် လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။ ယိုကျုံးက အနည်းငယ် ထူးဆန်းနေသည်ကို သူ မြင်သည်၊ သို့သော် သူက ဂရုမစိုက်ဘဲ ပြုံးလျက် ပြောလိုက်၏ “ကောင်းပြီ၊ ငါက ကပ်ဘေးဖြတ်ကျော်ပြီးဆိုတော့ ပိုလေးနက်တဲ့ကိစ္စတွေကို ဖြေရှင်းဖို့အချိန်ရောက်ပြီပဲ။ အဲဒီကလန်သုံးခုက ဆင်းရဲလွန်းတယ်၊ ခုလေးတင် အရင်းအမြစ်အများကြီး ငါ သုံးခဲ့တယ်၊ ဒါကြောင့် ငါတို့တွေ နောက်ထပ်စုဆောင်းဖို့ လိုအပ်တယ်”

“ဒီပိုင်နက်ထဲမှာ နောက်ထပ်ပစ်မှတ်တွေကို ရှာမလို့လား၊ ဆရာသခင်”ကူးယန်အာက ခေါင်းညိတ်ကာ ပြောလိုက်၏။

“မဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒီပိုင်နက်ထဲက အကြီးဆုံးကလန်သုံးခုကို ငါတို့ လုယက်ပြီးပြီ။ ဒီနေရာက အခြားကလန်တွေကို လုယက်လို့လဲ ပိုကောင်းတာ ရနိုင်မယ်လို့ ငါ မထင်ဘူး။ ပြီးတော့ ငါ့မှတ်ဉာဏ်အရ ရောင်စုံမီးအိမ်ပိုင်နက်က အနီးနားမှာ ရှိလောက်တယ်။ အဲဒီပိုင်နက်မှာ အားကောင်းတဲ့အင်မော်တယ်တွေအများကြီးရှိတယ်၊ ဒါကြောင့် ငါတို့ အဲကို သွားမယ်။ အဲနေရာမှာ ငါတို့တွေ အများကြီးရိတ်သိမ်းနိုင်လိမ့်မယ်”

“ဟုတ်တယ်၊ ဆင်းရဲတဲ့ကလန်တွေထက် အားကောင်းတဲ့အိမ်တော်တစ်ခုကို လုယက်တာက ပိုကောင်းတယ်”ကူးယန်အာက ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒါဆို ဒီကောင်ကိုရော ဘယ်လိုလုပ်မလဲ၊ ဆရာသခင်။ သူ့ကို သတ်မှာလား ဒါမှမဟုတ် သွားခွင့်ပေးမှာလား”

“သူ့ကို သတ်ဖို့မလိုဘူး။ သူက ငါတို့ရဲ့ရန်သူမဟုတ်ဘူး၊ ပြီးတော့ သူ့ခွန်အားက ငါတို့ကို မခြိမ်းခြောက်နိုင်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ဟုတ်ပြီလေ၊ သူ့ကို ငါတို့နောက် လိုက်ခိုင်းစေတာပေါ့၊ ကျင့်ကြံခြင်းအရင်းအမြစ်တွေအလုံအလောက်ရပြီးမှပဲ ငါတို့တွေ သူ့ကို ထွက်သွားခွင့်ပြုကြတာပေါ့”

ယိုကျုံးက နဖူးမှ ချွေးများကို သုတ်ကာ ကမန်းကတန်း ပြော၏ “ဟုတ်တာပါ့၊ ဟုတ်တာပေါ့၊ ငါက အားနည်းပါတယ်၊ ဒါပေမယ့် ငါက ကောင်းကင်အင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပါသေးတယ်။ စီနီယာတို့ကို ငါ ကူညီနိုင်တာ တစ်ခုခုတော့ ရှိမှာပါ။ ပြီးတော့ သင်တို့အပေါ်မှာ ငါက ဘာရန်ငြိုးမှ မရှိဘူးလေ၊ အဲအစား သင်တို့ကို ကျေးဇူးတောင် တင်နေတာ။ သင်တို့ကြောင့်သာမဟုတ်ရင် လက်စားချေဖို့မပြောနဲ့ ငါ့ကလန်ရဲ့လူတွေ လက်ထဲမှာ ငါ သေနေလောက်ပြီ”

“အနေအထားကို မင်းက ကောင်းကောင်းသိမှာပါ”ထန်ရှုက ပြန်ပြောသည် “ငါတို့ကလဲ အပြစ်မရှိတဲ့လူတွေကို သတ်ရတာ မကြိုက်ပါဘူး။ မင်းက ငါတို့ရဲ့အမိန့်ကို နာခံသရွေ့ အော်ရစ်ရင်းမြစ်ရှိတဲ့နေရာကို ခေါ်သွားမယ်။ ပြီးတော့ မင်းလဲ လက်ဗလာမဖြစ်စေရဘူးလို့ ငါ အာမခံတယ်။ လုံလောက်တဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရတဲ့အခါ ငါတို့က မင်းကို တစ်ထောင်ပုံဆယ်ပုံဆုချမှာပါ”

တစ်ထောင်ပုံဆယ်ပုံဝေစုလား။

ယိုကျုံး၏မျက်လုံးများက လင်းလက်သွားသည်။ တစ်ထောင်ပုံဆယ်ပုံက သေးငယ်ပုံပေါက်နိုင်သော်လည်း သူ့အတွက်တော့ သေချာပေါက် ကြီးမားသောပမာဏပင်။

“ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်၊ စီနီယာ။ မင်း ခိုင်းတာမှန်သမျှ ငါ သေချာပေါက် ကြိုးစားအားထုတ်မှာပါ”

သူ့အပြုအမူက ထန်ရှုကို အများကြီး ကျေနပ်စေသည်။ သူက ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

တစ်ပတ်ကြာပြီးနောက် သူတို့သုံးယောက်က ရောင်စုံမီးအိမ်ကြယ်ပိုင်နက်သို့ ရောက်ရှိလာခဲ့သည်။

တစ်ယောက်မှ ၎င်း၏နယ်နိမိတ်ကို မမြင်နိုင်သည့်အထိ ဤပိုင်နက်က ကျယ်ပြောလွန်းသည်။ လှပသောပရစ်ဇမ်အလင်းများက ဤကြယ်ပိုင်နက်၏နေရာတိုင်းတွင် ရှိသည်။

“ဒီနေရာက ရောင်စုံမီးအိမ်ကြယ်ပိုင်နက်လား၊ အရင်က ဒီနေရာပဲ ပတ်သက်ပြီး ငါ ကြားဖူးတယ်၊ ဒါပေမယ့် တစ်ခါမှတော့ မရောက်ဖူးဘူး”ယိုကျုံးက ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို သိလိုစိတ်နှင့် ကြည့်နေလေသည်၊ သို့သော် စိတ်ထဲတွင်မူ သူက သတိမပြတ်ထား၏၊ ဤနေရာက အန္တရာယ်များနှင့် ဝရုန်းသုန်းကားဖြစ်နေသည်ဟု သူ ကြားဖူးသည်။ အနည်းငယ်သောသတိလစ်မှုက မည်သူကိုမဆို သတ်ဖြတ်ရန် လုံလောက်သည်။

ထန်ရှုက ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ဟုတ်တယ်၊ အရင်က ငါ ဒီနေရာကို ရောက်ဖူးတယ်။ ကောင်းပြီလေ၊ သွားကြတာပေါ့။ ဒီနေရာမှာ ငါတို့အတွက် အများကြီးအကျိုးရှိမယ့်သတ္တဝါတစ်မျိုးရှိတယ်။ အခု ငါတို့က ဒီနေရာကို ရောက်လာပြီဆိုတော့ အခြားသူတွေရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေကို လုယက်ရုံတင်မကဘူး၊ ပစ္စည်းကောင်းအချို့ကိုလဲ ရအောင် လုပ်ရမယ်”

“ဘယ်လိုသတ္တဝါမျိုးကို ပြောနေတာလဲ၊ ဆရာသခင်”ကူးယန်အာက သိချင်စွာ မေး၏။

“မီးတိမ်ပုစဉ်းရင်ကွဲ”ထန်ရှုက ပြုံးလိုက်သည်။

မီးတိမ်ပုစဉ်းရင်ကွဲလား။

မှင်တက်သွားပြီးနောက် ကူးယန်အာက ဝမ်းသာစွာ ပြုံးလိုက်သည် “အာ၊ ဒါက တကယ်ကို ကောင်းမွန်တဲ့ပစ္စည်းတစ်ခုပဲ။ အဲဒါနဲ့အခြားသင့်တော်တဲ့ပစ္စည်းတွေကို ရနိုင်မယ်ဆိုရင် သန္တာဝတ်စုံကို ဖန်တီးနိုင်ပြီ”

နောက်ထပ်ထူးဆန်းသောအမူအရာက ယိုကျုံး၏မျက်နှာပေါ်တွင် ထွက်ပေါ်သွား၏။ ထန်ရှုက အင်မော်တယ်အဆင့်သို့ ချိုးဖြတ်ကာစသာ ရှိသော်လည်း သူ့အတွက် ဤလူက ပိုပိုပြီး ဆန်းကြယ်လာ၏။

သူလည်း မီးတိမ်ပုစဉ်းရင်ကွဲအကြောင်း သိသည်။

ဤသတ္တဝါက အလွန်အားကောင်းရုံသာမက အလွန်လည်း တန်ဖိုးရှိသည်။ မီးတိမ်ပုစဉ်းရင်ကွဲတစ်ကောင်ကို အင်မော်တယ်ကျောက်တုံးအမြောက်အများနှင့် ရောင်းချနိုင်သည်။ တစ်ကောင်ရလျှင် သူ့အနေနှင့် ရာစုနှစ်တစ်ခု ကြာသည့်အထိ ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် ပတ်သက်၍ စိုးရိမ်စရာမလိုပေ။

“ဒီမီးတိမ်ပုစဉ်းရင်ကွဲက အရမ်းအားကောင်းတယ်၊ စီနီယာ။ ငါက တစ်ကောင်နဲ့ တွေ့ရင် ဖမ်းဖို့ အခွင့်အရေးသေးသေးလေးတောင် ရှိမယ်လို့ ငါတော့ မထင်ဘူး။ ဒါ့အပြင် အဲကောင်တွေက အရမ်းအန္တရာယ်များတဲ့နေရာတစ်ခုမှာ တည်ရှိတယ်လို့ ငါ ကြားဖူးတယ်။ ဒီအစီအစဉ်ကို ပြန်စဉ်းစားကြည့်သင့်တယ်မလား”ယိုကျုံးက ချီတုံချတုံဖြစ်ခဲ့သည်၊ သို့သော် သူ၏ကိုယ်ပိုင်အသက်ဘေးကင်းမှုအတွက် သူ့ထင်မြင်ချက်ကို ထုတ်ပြောရန် လိုအပ်သေး၏။

ထန်ရှုက သူ့အား တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြော၏ “မလိုဘူး၊ ပြန်စဉ်းစားဖို့ မလိုဘူး။ ငါ ဆုံးဖြတ်ထားပြီးသား”

ထို့နောက် သူတို့သုံးယောက်က ရောင်စုံမီးအိမ်ကြယ်ပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ရက်ပေါင်းများစွာ ခရီးသွားပြီးနောက် ကြယ်သွေးရောင်တောင်ထွတ်ပေါ်၌ သူတို့က ရပ်တန့်လိုက်၏။ သူတို့က ဆက်လက်ခရီးမနှင်ချင်သောကြောင့်မဟုတ်၊ သူတို့လမ်းကြောင်းအရှ့တွင် တိုက်ပွဲတစ်ခုရှိနေသောကြောင့်ပင်။

“စိတ်ဝင်စားစရာပဲ”

ထန်ရှုက သစ်ပင်နီတစ်ခုအောက်တွင် ရပ်ကာ အဝေးဆယ်ကီလိုမီတာအကွာရှိ တိုက်ပွဲကို ကြည့်ရှုနေလေသည်။ သူ၏လက်ရှိအမြင်အာရုံအရ ဆယ်ကီလိုမီတာအသာထား မိုင်ထောင်ချီမြင်ကွင်းကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ကောင်းကင်တွင် အင်မော်တယ်ဆယ်ယောက်က တိုက်ခိုက်နေကြသည်။ တိတိကျကျပြောရလျှင် နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တစ်ယောက်၏ဉီးဆောင်မှုအောက်တွင် အဖြူရောင်ဝတ်ကောင်းကင်ဘုံအင်မော်တယ်များက အနက်ဝတ်လူတစ်ယောက်ကို ဝန်းရံတိုက်ခိုက်နေခြင်းပင်။ အနက်ဝတ်လူက အလွန်သန်မာပြီး အနည်းဆုံးရွှေအင်မော်တယ်အဆင့်ရှိသည်။ သို့သော် သူက အမာရွတ်များနှင့် ပြည့်နေပြီး သူ့ဒဏ်ရာများက အလွန်ပြင်းထန်ပုံရသည်၊ သူက ထိုကောင်းကင်ဘုံအင်မော်တယ်ဆယ်ယောက်နှင့်နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တစ်ယောက်အား ပြန်တိုက်ခိုက်နိုင်ရုံမျှသာ ရှိနေ၏။

ထိုနှစ်ဖွဲကြား တိုက်ခိုက်မှုက ထန်ရှုနှင့်ကူးယန်အာတို့ကို သတိမပေးနိုင်ပေ၊ သို့သော် သူတို့က ထိုလူများအနီးတွင် ရပ်နေသော လူအိုကြီးသုံးယောက်၏တည်ရှိမှုကိုတော့ သတိထားမိလေ၏။ သူတို့ထဲမှနှစ်ယောက်က အဖြူရောင်ဝတ်အင်မော်တယ်များနှင့် တစ်ဖက်တည်း ဖြစ်မှန်း သိသာ၏၊ အခြားတစ်ယောက်က အနက်ဝတ်လူကြီးဖြစ်သည်။

ထိုသုံးယောက်စလုံးက အလွန်အားကောင်းသောအရှိန်အဝါတစ်ခုရှိသည်။ သူတို့၏အရှိန်အဝါအရ ကူးယန်အာနှင့် တူညီသောအဆင့် အနည်းဆုံး ရှိမည်ဟု ပြောနိုင်ပေသည်။ သူတို့က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များ ဖြစ်နိုင်ချေလည်း ရှိသည်။ မဟုတ်လျှင်ပင် သူတို့က အနည်းဆုံးရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဖြစ်ရမည်။

“အိုး…ဘုရားသခင်…ဝိုင်းထားခံရတဲ့အဲဒီအင်မော်တယ်ကို ငါ သိတယ်။ သူက လက်နက်ဂိုဏ်းရဲ့ဆရာသခင်အမှောင်မြောက်အင်မော်တယ်ပဲ။ ဒီလိုရွှေအင်မော်တယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး အခုလို သနားစရာကောင်းတဲ့အနေအထားထဲကို ကျရောက်နေရတာလဲ”ယိုကျုံးက အံ့အားတကြီး တိုးတိုးလေးရေရွတ်လိုက်၏။

All Chapters