ကောင်းကင်အင်မော်တယ်များကို သတ်ဖြတ်ခြင်း
Vol. 92 Ch. 1286
အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် လက်သွား၏။ သူက ယိုကျုံး၏ပခုံးပေါ်သို့ လက်တင်ကာ အသံနိမ့်လျက် ပြောလိုက်၏ “သူက လက်နက်ဂိုဏ်းရဲ့ဆရာသခင်ဆိုတာ မင်းမမှားတာ သေချာလား”
“ဟုတ်ပါတယ်၊ သူက တကယ်ကို လက်နက်ဂိုဏ်းရဲ့ဆရာသခင်ပဲ။ ငါ သူ့ကို လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်က မြင်ဖူးတယ်”ယိုကျုံးက ခေါင်းညိတ်ကာ ပြောလိုက်၏ “သူက အရမ်းသန်မာပြီး သန်မာတဲ့လူတွေနဲ့ မိတ်ဆွေဖွဲ့ရတာကို သဘောကျတယ်။ အနီးနားက ကြယ်တွေမှာ သူ့ရဲ့မိတ်ဆွေတွေ ဆယ်ယောက်ကျော်ရှိတယ်”
“ဒီလက်နက်ဂိုဏ်းကို သိလို့လား၊ ဆရာသခင်”ကူးယန်အာက မေးလိုက်၏။
“အတိတ်မှာ သူတို့နဲ့ ငါ ဆက်ဆံရေးအချို့ ရှိခဲ့တယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “အကြမ်းဖျင်းအားဖြင့် လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်လောက်က ဒီဂိုဏ်းကို ငါ သွားခဲ့ဖူးတယ်။ အဲ့တုန်းက ငါ့အတွက် အင်မော်တယ်လက်နက်တစ်ခုကို သန့်စင်ပေးစေချင်လို့။ ဒါပေမယ့် သူတို့ရဲ့သန့်စင်ခြင်းအဆင့်က ငါ့ထက် အများကြီးဆိုးမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါကြောင့် သူတို့ဆီကနေ သန့်စင်ခြင်းပစ္စည်းတစ်သုတ်ကို ယူခဲ့ပြီး လျော်ကြေးအနေနဲ့ ရှေးဟောင်းသန့်စင်ခြင်းစာလိပ်တစ်ခုကို ပေးခဲ့တယ်”
“အခု ဝိုင်းရံခံထားရတဲ့လူက အဲတုန်းက လက်နက်ဂိုဏ်းရဲ့ဆရာသခင်ပဲလား”ကူးယန်အာက ထပ်မေးလိုက်၏။
“မဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏။
ခဏတုံ့ဆိုင်းသွားပြီးနောက် ကူးယန်အာက ထပ်မေး၏“ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ၊ ဆရာသခင်။ ဝင်စွက်ဖက်မှာလား”
ထန်ရှုက အနည်းငယ်ပြုံးကာ ကူးယန်အာထံ အသံပို့လိုက်သည် “ဒါပေါ့။ ငါ့ရဲ့အသွင်အပြင်က အများကြီး ပြောင်းလဲသွားပြီ၊ အရင်က အသိအကျွမ်းတွေက ငါ့ကို မှတ်မိနိုင်မှာ မဟုတ်တော့ဘူး။ ပြီးတော့ ငါ့ရဲ့လက်ရှိခွန်အားအရ ငါက အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့တယ်လို့ ပြောရင်တောင် သူတို့က ယုံမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလက်နက်ဂိုဏ်းက အသုံးဝင်တယ်၊ သူတို့က ငါ့အတွက် တစ်ခုခုလုပ်ပေးနိုင်တယ်”
ကူးယန်အာ၏အမူအရာက ပြောင်းလဲသွားပြီး သူမက ထန်ရှု၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်၏။ မဟာထန်အင်ပါယာတွင် ကျင့်ကြံသူနှစ်သိန်းကျော်ရှိပြီး လက်ရှိတွင် အသုံးပြုဖို့အတွက် သာမန်စိတ်ဝိညာဉ်လက်နက်များသာ ရှိသည်။ သို့သော် ယခု သူတို့က အင်မော်တယ်ကမ္ဘာသို့ ရောက်နေလေပြီ။ သူတို့တစ်ယောက်ချင်းစီတွင် အင်မော်တယ်ဓားတစ်လက်ရှိလျှင် မဟာထန်အင်ပါယာ၏တိုက်ခိုက်ရေးစွမ်းအားက နောက်တစ်ဆင့်သို့ သေချာပေါက် မြင့်တက်သွားပေလိမ့်မည်။
ဆရာသခင်ရဲ့အကွက်က…သူက လက်နက်ဂိုဏ်းကို မဟာထန်အင်ပါယာအတွက် အင်မော်တယ်အသုံးအဆောင်ပစ္စည်းအချို့ ပြုလုပ်ခိုင်းချင်တာပဲ…
အဝေးရှိ ဆယ်ကီလိုမီတာအကွာတွင်။
အမှောင်မြောက်အင်မော်တယ်ကို ဝန်းရံထားသည့် နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်က အမှောင်မြောက်အင်မော်တယ်၏လက်ကို ခုတ်ပိုင်းရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည် “ဟားဟားဟား၊ ဒီလိုနေ့တစ်နေ့ ဖြစ်လာလိမ့်မယ်လို့ မင်း မထင်ထားခဲ့ဘူးမလား၊ အမှောင်မြောက်အင်မော်တယ်။ အရင်က ငါကြိုက်တဲ့အမျိုးသမီးကို မင်း လုယူသွားတုန်းက ငါ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေခဲ့တယ်၊ အခုက ငါတို့ရဲ့ယခင်ရန်ငြိုးတွေကို အဆုံးသတ်ဖို့ အချိန်ပဲ”
အမှောင်မြောက်အင်မော်တယ်က ရှောင်တိမ်းရန် ကြိုးစားခဲ့သည်၊ သို့သော် သူက အင်မော်တယ်စွမ်းအားအများကြီး အသုံးပြုခဲ့ပြီး ဒဏ်ရာလည်း ပြင်းပြင်ထန်ထန်ရရှိထားသည်။ ယခု သူ့တွင် နောက်ဆုံးလက်ကျန်အားတစ်ခုသာ ကျန်သည်၊ သူက ဒေါသတကြီး အော်ပြောလိုက်၏ “ဒစ်ထိုကြည်လင်ရေ၊ ဗိုင်အိုလာနဲ့ငါက တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်နေခဲ့ပြီးသား။ မင်းကသာ အစကနေအစဆုံး ငါတို့ကို အကောက်ကြံနေတာ။ ငါတို့ရဲ့အတိတ်က ဆက်ဆံရေးကြောင့် မင်းရဲ့ခွေးအသက်ကို မယူဘဲ ဒဏ်ရာပဲ ပြင်းပြင်းထန်ထန်ရစေခဲ့တယ်။ ဒါပေမယ့် ငါ ဒဏ်ရာ အပြင်းအထန်ရနေချိန်မှာ မင်းက ငါ့ကို တိုက်ခိုက်လာမယ်လို့ မထင်ထားခဲ့ဘူး။ မင်းတို့လိုပိုးမွှားလေးတွေက ငါ့ကို သတ်နိုင်မယ်လို့ တကယ်ပဲ ထင်မှတ်နေတာလား”
“ဒါပေါ့၊ မင်းရဲ့အခြေအနေအရ ငါတို့က မင်းကို သတ်ဖို့အတွက် လုံလောက်တာထက်တောင် ပိုနေသေးတယ်”ဒစ်ထိုကြည်လင်ရေက လှောင်ပြောင်လိုက်သည် “မင်းရဲ့လက်နက်ဂိုဏ်းရဲ့ဘိုးဘေးအတွက်တော့…ဟမ့်…ဟမ်…သူက လှုပ်တောင် လှုပ်ရှားနိုင်ပါ့မလား။ ငါက ဒီနေရာကို ငါ့ကြည်လင်ရေကလန်ရဲ့ဘိုးဘေးနှစ်ယောက်ကို ခေါ်လာခဲ့တယ်”
“ထွီး…အဲတုန်းက မင်းရဲ့အသက်ကို အပြီးမယူခဲ့မိတဲ့အတွက် ငါ တကယ် နောင်တရတယ်”အမှောင်မြောက်အင်မော်တယ်က အော်ပြော၏။
“အခုမှ နောင်တရနေတာလား။ နောက်ကျသွားပြီ…”ဒီထိုကြည်လင်ရေက နှာခေါင်းရှုံ့လိုက်သည်။
သူတို့မှ အဝေးတွင် ထန်ရှုက မျက်မှောင်ကြုတ်လျက် အနေအထားကို ကြည့်နေခဲ့သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ငါ မမှားရင် အဲဒီရွှေရောင်အင်မော်တယ်သုံးယောက်က ဒဏ်ရာအပြင်းအထန်ရထားတာပဲ၊ ဒါကြောင့် သူတို့က မလှုပ်ရှားတော့တာ။ ဒီရောင်စုံမီးအိမ်ကြယ်ပိုင်နက်က တကယ်ကို ဝရုန်းသုန်းကားနိုင်ပြီး အန္တရာယ်တွေက နေရာမရွေး ထွက်ပေါ်လာနိုင်တာပဲ။ သူတို့က ဆက်တိုက်ခိုက်မယ်ဆိုရင် ဒီနေရာမှာပဲ အလွယ်တကူ ပျောက်ကွယ်သွားနိုင်တယ်”
ကူးယန်အာက ခေါင်းညိတ်ပြကာ ပြော၏ “လက်နက်ဂိုဏ်းကျွမ်းကျင်သူက လှုပ်ရှားတော့မယ်လို့ ငါ ထင်တယ်၊ ဆရာသခင်။ အမှောင်မြောက်အင်မော်တယ်အသတ်ခံရမှာကို သူက ဒီတိုင်းထိုင်ကြည့်နေမှာ မဟုတ်လောက်ဘူး”
“ယန်အာ၊ မင်းက အဲဒီလက်နက်ဂိုဏ်းကျွမ်းကျင်သူနဲ့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် အဲဒီရွှေအင်မော်တယ်နှစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်မှာလား”ထန်ရှုက မေး၏။
“ငါတစ်ယောက်တည်းနဲ့တင် သူတို့သုံးယောက်ကို သတ်ဖြတ်လို့ရတယ်”ကူးယန်အာက အခိုင်အမာ ပြန်ဖြေသည်။
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒါဆို လှုပ်ရှားတော့…”
လျှပ်တစ်ပြက်အတွင်း သူတို့သုံးယောက်က တိုက်ပွဲနေရာသို့ ထွက်ပေါ်လာခဲ့သည်။ ထန်ရှုက ကျယ်လောင်စွာ အော်ပြောလိုက်၏ “လက်နက်ဂိုဏ်းရဲ့ရောင်းရင်းအင်မော်တယ်တို့၊ လက်နက်ဂိုဏ်းရဲ့ဆရာသခင်အမှောင်မြောက်အင်မော်တယ်က ရဲရင့်ပြီး ဖြောင့်မတ်မှန်ကန်တဲ့လူတစ်ယောက်၊ လူအမျိုးမျိုးနဲ့ မိတ်ဆွေဖွဲ့ရတာ သဘောကျတယ်လို့ ငါ ကြားတယ်။ ကြည့်ရတာ ကံကြမ္မာက ငါတို့ကို ဒီနေရာမှာ တွေ့ဆုံခွင့်ပေးခဲ့ပုံပဲ။ ငါလဲ ဒီစက်စုပ်စရာကောင်းတဲ့အမှိုက်ကောင်ကို ငါလဲ သဘောမကျဘူး။ ငါတို့တွေ လက်တွဲပြီး သူတို့ကို သတ်ပြီး သူတို့ရဲ့အရင်းအမြစ်တွေကို ယူလိုက်ကြရင် မကောင်းဘူးလား”
ထန်ရှုစကားကို ကြားသောအခါ အမှောင်မြောက်အင်မော်တယ်က ဝမ်းသာသွားပြီး ကျယ်လောင်စွာ အော်ပြော၏ “အင်မော်တယ်မိတ်ဆွေ၊ ငါက တကယ်ကို အမှောင်မြောက်အင်မော်တယ်ပါ။ ငါ့ကို ကူညီပေးဖို့ ရှေ့ထွက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတို့ကို သတ်ပြီးရင် မင်း ရှာလို့ရတာမှန်သမျှ ယူနိုင်ပါတယ်။ ဒီအမှောင်မြောက်ကလဲ သင်တို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ရတနာအချို့ ပေးအုံးမှာပါ”
“ဒါဆို အပေးအယူဖြစ်ပြီ…”
ကူးယန်အာက ကြည်လင်ရေကလန်၏ရွှေအင်မော်တယ်နှစ်ယောက်ထံ ပြေးသွားသည်ကို မြင်သောအခါ ထန်ရှုက သိုလှောင်လက်စွပ်မှ အင်မော်တယ်ဓားကို ချက်ချင်း ယူထုတ်၏။ ထို့နောက် ဓားစွမ်းအင်များက အမှောင်လေအင်မော်တယ်၏ဘေးဘက်များဆီသို့ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
“ငါတို့ သုံးယောက်ပူးပေါင်းပြီး ဒီရန်သူတွေကို သတ်ကြမယ်…”ထန်ရှုက နက်ရှိုင်းသောအသံနှင့် အော်ပြော၏။
အခြားတစ်ဖက်တွင် ယိုကျုံးက စိတ်ထဲ၌သာ ခါးသီးစွာ ပြုံးလိုက်သည်။ သို့သော် သူက ထန်ရှု၊ အမှောင်မြောက်အင်မော်တယ်တို့နှင့် ဘေးချင်းယှဉ်ကာ တိုက်ခိုက်ရန်သာ တတ်နိုင်သည်။ အမှောင်မြောက်အင်မော်တယ်က အစွမ်းကုန်ထုတ်ကာ ကောင်းကင်အင်မော်တယ်နှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ထန်ရှုထံ ပြေးလာခဲ့သည်။
“သူတို့အားလုံးကို ငါ့အတွက် ထားလိုက်”
ထန်ရှုက ကျောက်စိမ်းပုလင်းတစ်လုံးကို ပစ်ပေးလိုက်၏၊ ထို့နောက် သူက အင်မော်တယ်ဓားကို ထိန်းချုပ်ကာ ကြည်လင်ရေဂိုဏ်း၏ကောင်းကင်အင်မော်တယ်များ၏တိုက်ခိုက်မှုကို အဆက်မပြတ် ခုခံခဲ့သည်။ တစ်ချိန်တည်းတွင် ယိုကျုံးက အခြားကောင်းကင်အင်မော်တယ်သုံးယောက်ကို ဆွဲခေါ်ကာ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေလေ၏။
အမှောင်မြောက်အင်မော်တယ်တွင် ကုသရေးဆေးလုံးများ မကျန်ရှိတော့ပေ။ ကျောက်စိမ်းပုလင်းကို လက်ခံပြီးနောက် သူက အဖုံးကို အမြန်ဖွင့်ကာ ဆေးလုံးကို တန်းမျိုချလိုက်သည်။ လက်ရှိသူ့အခြေအနေအရ တစ်ဖက်လူက သူ့ကို မကူညီလျှင် သေချာပေါက် သေရမည်ကို သူ သိသည်။ ထို့ကြောင့် တစ်ဖက်လူအနေဖြင့် သူ့ကို ဆေးလုံးဖြင့် အကောက်ကြံစရာမလိုပေ။
သူက သန့်စင်ကုသဆေးကို လျင်မြန်စွာ မျိုချသည်။ သို့သော် ခဏကြာပြီးနောက် ဆေးလုံး၏အာနိသင်က ကုန်ဆုံးသွား၏၊ သူက အားတင်းပြုံးရင်း ကျန်ရှိသည့်ဆေးလုံးဆယ့်ကိုးလုံးကို လျင်မြန်စွာ မျိုချလိုက်၏။
နောက်ဆုံးတွင် များပြားသော သန့်စင်ကုသဆေးလုံးများက သူ့ဒဏ်ရာများကို သက်သာစေရန် ကူညီပေးခဲ့သည်။ဤသည်ကို အမိအရအသုံးချကာ သူက အဆီအနှစ်စုဆောင်းဆေးတစ်လုံးကို ယူထုတ်ကာ လျင်မြန်စွာ စုပ်ယူလိုက်၏။
“ထွက်သွားလိုက်စမ်း…”
ဤအချိန်တွင် အမှောင်မြောက်အင်မော်တယ်၏အင်မော်တယ်ဓားက ယခင်ကထက် ပိုအားကောင်းသည်။ ထန်ရှုအား ထိမှန်တော့မည့် ဒီထိုကြည်လင်ရေ၏ဓားကို ခုခံရန် သူက ဓားကို ချက်ချင်း ပစ်ထုတ်၏။ တစ်ချိန်တည်းတွင် နောက်ဆုံး၌ ဆေးလုံးများ၏ကျန်ရှိသောဆေးစွမ်းအားများကို သန့်စင်ခဲ့ပြီး သူ့အင်မော်တယ်စွမ်းအားနှင့် ပေါင်းစပ်ကာ အားကောင်းသောတိုက်ကွက်တစ်ခုကို ဖော်ထုတ်လိုက်၏။
အင်မော်တယ်ဓားက ခုတ်ပိုင်းချသည်၊ ဒီထိုကြည်လင်ရေ၏အင်မော်တယ်ဓားကို နှစ်ပိုင်းဖြတ်ကာ ထိုလူ၏ခန္ဓာကိုယ်ကို ဖြတ်တောက်သွားသည်။ ထို့နောက် အမှောင်မြောက်အင်မော်တယ်က ချက်ချင်း သွေးအန်လိုက်သည်။ ယခင်က ကျန်ရှိခဲ့သော ခွန်အားအကုန်လုံးကို အသုံးပြုခဲ့သောကြောင့် သူက မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
“လူရိုင်းဓား- နတ်ဆိုးခေါင်းဖြတ်ခြင်း…”
အေးစက်စက်အလင်းက ထန်ရှု၏မျက်လုံးများတွင် လက်သွားသည်။ သူက ထိုနက်နဲသိမ်မွေ့ခြင်းအင်မော်တယ်ဒီထိုကြည်လင်ရေကို သတိထားနေသော်လည်း ထိုကောင်းကင်အင်မော်တယ်များအား ကြောက်စရာမလိုပေ။ သူ့အင်မော်တယ်ဓားက အဆက်မပြတ်လှုပ်ရှားနေသည်၊ သူက ဝါးမျိုခြင်းနတ်ဘုရားစွမ်းရည်ကိုလည်း ထုတ်ဖော်ခဲ့သည်။ ပတ်ဝန်းကျင်ရှိ စွမ်းအင်စီးဆင်းမှုက ဖရိဖရဲဖြစ်လာပြီး သူ့အား ဝိုင်းရံထားသည့်ကောင်းကင်အင်မော်တယ်ခုနှစ်ယောက်က ရုတ်တရက် အနည်းငယ် တုန်လှုပ်သွားသည်။
“နောက်တစ်ချက်…”
အင်မော်တယ်ဓားက ရန်သူနှစ်ယောက်ကို ခုတ်ပိုင်းချပြီးနောက် ထန်ရှုက သူ့နတ်ဘုရားဓားကို ထုတ်လိုက်၏။ လျှပ်တစ်ပြက်အတွင်း ဓားရောင်ခြည်တန်းတစ်ခုက ဆယ်ကီလိုမီတာအထိ ဖြာထွက်သွားသည်။ ထို့နောက် အင်မော်တယ်ဓားကို အာရုံစိုက်နေသော ကောင်းကင်အင်မော်တယ်နှစ်ယောက်ကို နတ်ဘုရားဓားက တိုက်ရိုက်ပိုင်းဖြတ်သွားခဲ့၏။
“တောက်..ငါက အားနည်းလွန်းနေသေးတာပဲ…”
ထန်ရှုက စိတ်ထဲ၌ အားတင်းပြုံးလိုက်သည်။ သူ့ကျင့်ကြံခြင်းအဆင့်သာ တစ်ဆင့်ပိုမြင့်ပြီး မြေအင်မော်တယ်အဆင့်ကို ရောက်ရှိနေမည်ဆိုလျှင် ထိုကောင်းကင်အင်မော်တယ်များကို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု သူက ယုံကြည်ချက်ရှိသည်။
“သတိထား…”
ရုတ်တရက် ထန်ရှု၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ ဓားရောင်ခြည်တန်းတစ်ခုက အမှောင်မြောက်အင်မော်တယ်၏ဘယ်ဘက်လက်မောင်းကို ဖြတ်တောက်ရန် ရည်ရွယ်လာနေသည်ကို သူက ရုတ်တရက် သတိပြုမိသည်။ သူက ကျန်လူများကို တိုက်ခိုက်မနေတော့ဘဲ အမှောင်မြောက်အင်မော်တယ်ရှိရာသို့ လျှပ်တစ်ပြက်အတွင်း ပြေးသွားကာ ထိုလူ၏ခါးကို ဆုပ်ကိုင်လျက် ပျံသန်းသွား၏။
ကျန်ရှိနေသောကောင်းကင်အင်မော်တယ်များထဲမှ သုံးယောက်က ယိုကျုံးကို ဆက်လက်ဝိုင်းရံထားခဲ့ပြီး အခြားခြောက်ယောက်က ထန်ရှုနှင့်အမှောင်မြောက်အင်မော်တယ်တို့နောက်သို့ လိုက်ပါသွား၏။
အခြားတိုက်ပွဲတွင် ကူးယန်အာနှင့်လက်နက်ဂိုဏ်းဘိုးဘေးက ကြည်လင်ရေဂိုဏ်း၏ရွှေအင်မော်တယ်နှစ်ယောက်နှင့် တိုက်ပွဲဖြစ်နေသည်။ လက်နက်ဂိုဏ်း၏ဘိုးဘေးက ဒဏ်ရာပြင်းထန်စွာ ရထားသော်လည်း အားကုန်ထုတ်ကာ တိုက်ခိုက်၏။ သူ့ကို ထိတ်လန့်တုန်လှုပ်စေသည်ကား သူ့ကို ကူညီရန် လာသောအမျိုးသမီးက အလွန်အားကောင်းနေခြင်းပင်။ သူမတစ်ယောက်တည်း၏တိုက်ခိုက်မှုက သူ့ရန်သူနှစ်ယောက်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေပြီး သူတို့က သေကွင်းသေကွက်များကို မထိစေရန် အသည်းအသန် ရှောင်တိမ်းနေရသည်။
“သေလိုက်စမ်း…”
ကူးယန်အာက အေးစက်စွာ အော်လိုက်သည်။ သူမပုံရိပ်က ဓားရိပ်ရေတံခွန်အဖြစ်သို့ ပြောင်းလဲသွားကာ ကြည်လင်ရေကလန်၏ဘိုးဘေးနှစ်ယောက်ကို တိုက်ခိုက်သည်၊ သူတို့ထဲမှ တစ်ယောက်၏ခါးကို ဖြတ်တောက်ပြီး ပြန့်ကျဲသွားသော ဓားစွမ်းအားက သူ့အင်မော်တယ်ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖျက်ဆီးလိုက်၏။
မြေပြင်ပေါ်တွင်။
ထန်ရှုက ဆင်းသက်ပြီးနောက် အမှောင်မြောက်အင်မော်တယ်ကို ချကာ ပြောလိုက်၏ “ပုန်းဖို့ နေရာတစ်ခုရှာပြီး ခင်ဗျားရဲ့ခွန်အားကို အမြန်ရအောင် ပြန်လုပ်တော့”
ထို့နောက် သူက အင်မော်တယ်ဓားကို သိမ်းကာ နတ်ဘုရားဓားကိုသာ ကိုင်တွယ်လျက် ထိုကောင်းကင်အင်မော်တယ်ခြောက်ယောက်နှင့် ရင်ဆိုင်သည်။ သူက အင်မော်တယ်ပညာရပ်နှင့်နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို အဆက်မပြတ် ထုတ်ဖော်၏။ ဝါးမျိုခြင်းစွမ်းအား၏အကူအညီနှင့်အတူ သူက ထိုခြောက်ယောက်အား ပြန်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုမှပင် မပေးပေ။
“ကြယ်ဝါးမျိုခြင်းအင်းဆက်” ထန်ရှုက ရုတ်တရက် အော်လိုက်သည်။
ရုတ်တရက် အလင်းစီးကြောင်းတစ်ခုက ထန်ရှု၏ လက်ချောင်းထိပ်မှ ထွက်လာသည်။ချက်ချင်းလျှင်ပင် ကြယ်ဝါးမျိုခြင်းအင်းဆက်၏ခန္ဓာကိုယ်က အဆတစ်ရာ ကြီးမားလာပြီး ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။ စေးကပ်သောငွေရောင်အမျှင်များကို ပစ်ထုတ်ပြီး ကောင်းကင်အင်မော်တယ်ခြောက်ယောက်၏ခြေလက်များကို ရစ်ပတ်သည်။ ၎င်းနှင့် အနီးကပ်ဆုံးဖြစ်သော ကောင်းကင်အင်မော်တယ်နှစ်ယောက်ကို ပါးစပ်ထဲသို့ ဝါးမျိုခြင်းစွမ်းအားဖြင့် ဆွဲယူကာ တိုက်ရိုက်ဝါးမျိုလိုက်သည်။ အခြားလေးယောက်ကိုမူ ထန်ရှုက နတ်ဘုရားဓားဖြင့် ခေါင်းဖြတ်ခဲ့၏။
ထို့နောက် ရပ်တန့်မနေဘဲ ထန်ရှုက ယိုကျုံးရှိရာဘက်သို့ လျင်မြန်စွာ ပြေးသွားလိုက်၏။