← Chapters

ကြီးမားသော အရောင်းအဝယ်

Vol. 92 Ch. 1288

ကြီးမားသော အရောင်းအဝယ်

Vol. 92 Ch. 1288

ထန်ရှုဖော်စပ်ခဲ့သည့်နွေဉီးအချိန်ဆေးအရေအတွက်က စုစုပေါင်းနှစ်ဆယ်ရှိသည်။ သူက အပူအပင်မဲ့ကို ဆယ်လုံးပေးခဲ့ပြီး သူ့တွင် နှစ်ဆယ့်နှစ်လုံးကျန်သည်။ ယိုကျုံး၏စိတ်အားထက်သန်သောမျက်လုံးများကို မြင်ပြီး ထန်ရှုက သူ့ထံ နှစ်လုံးပစ်ပေးလိုက်၏။ ထို့နောက် ကျန်ရှိသည့်ဆေးလုံးအလုံးနှစ်ဆယ်ကို ပြန်သိမ်းလိုက်၏။

နွေဉီးအချိန်ဆေးက အင်မော်တယ်ကမ္ဘာတွင် အသက်တစ်သက်ပိုရှိခြင်းနှင့် ညီမျှသည်၊ တစ်စုံတစ်ယောက်က ဒဏ်ရာဘယ်လောက်ပင် ပြင်းပြင်းထန်ထန် ၎င်းက အလျင်အမြန်သက်သာ‌စေနိုင်သည်။

လွန်ခဲ့သောနှစ်ရက်ကတည်းက အပူအပင်မဲ့နှင့်အမှောင်မြောက်အင်မော်တယ်တို့နှစ်ယောက်စလုံးက နွေဉီးအချိန်ဆေးကို သုံးစွဲခဲ့ရာ ယခု သက်သာနေပြီဖြစ်၏။ နှစ်ဖက်စလုံးက မီးတိမ်ပုစဉ်းရင်ကွဲကို ဖမ်းဆီးရန် တူညီသော ရည်ရွယ်ချက်ရှိသည်၊ ထို့ကြောင့် သူတို့က အသင်းဖွဲ့ကာ ထိုသတ္တဝါများကျက်စားရာ ကြယ်ပိုင်နက်ဆီသို့ လျင်မြန်စွာ ပြေးလာခဲ့ကြ၏။

တောက်ပမီးလျှံကြယ်ပိုင်နက်။

ဤပိုင်နက်၏ဧရိယာက မကျယ်ပြောပေ၊ သို့သော် အပူချိန်က တစ်ချိန်လုံး မြင့်မားနေလေ၏။ ဤနေရာသို့ ရောက်ရန် ထန်ရှုတို့ငါးယောက်အဖွဲ့က တိုက်ပွဲအနည်းငယ်ကို ဖြတ်ကျော်ခဲ့ရသည်။ အကြိမ်တိုင်းတွင် သူတို့ငါးယောက်က ရန်သူများကို အနိုင်ယူကာ ထိုလူများ၏ကျင့်ကြံခြင်းအရင်းအမြစ်များကို လုယက်ခဲ့ကြ၏။ သို့သော် ယခုလို လုယက်သည့်တိုက်ပွဲများအပေါ် အပူအပင်မဲ့နှင့်အမှောင်မြောက်အင်မော်တယ်တို့က ခါးသီးစွာ အကြိမ်ကြိမ်ပြုံးနေခဲ့မိ၏။

ထန်ရှုတို့သုံးယောက်ကသာ သူတို့ကို မကယ်ခဲ့လျှင် သူတို့က ထွက်ခွာသွားသည်မှာ ကြာလှပြီ။ တကယ်တော့ သူတို့၏အဆင့်အတန်းအရ လုယက်ခြင်းက သူတို့ကို မျက်နှာပျက်စေသည့် ရှက်ရွံ့စရာလုပ်ရပ်တစ်ခုဖြစ်၏။

“ဒီလောက်ဆို လုံလောက်ပြီထင်တယ်၊ ဆရာသခင်”ကူးယန်အာက ထန်ရှုလက်ကို ကိုင်ထားလျက် လုယက်သမျှ အရင်းအမြစ်များကို ရေတွက်ရင်း တခစ်ခစ်ရယ်လိုက်၏။

ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါ မလုံလောက်သေးဘူး။ လက်နက်ဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ တွေ့ဆုံနေရတဲ့ အခုလို အခွင့်အရေးကို ငါတို့က ဘာလို့ လက်လွှတ်ခံရမှာလဲ။ ယန်အာ၊ မီးတိမ်ပုစဉ်းရင်ကွဲကို အရင်အမဲလိုက်ကြရအောင်။ အများကြီးဖမ်းပြီး ရောင်းချရမယ်”

ကူးယန်အာက ထန်ရှု၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်ကာ ခေါင်းညိတ်လိုက်၏ “ဘာပဲဖြစ်ဖြစ် ငါက အဆင်ပြေပါတယ်။ ပြီးတော့ လမ်းပေါ်မှာ ငါတို့ရင်ဆိုင်ရမယ့်အန္တရာယ်က ပိုများလေလေ၊ ငါတို့က ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပိုရလေလေပဲ။ ဒါက ကောင်းတဲ့အချက်တစ်ခုပဲလေ။ ဒါနဲ့ ငါတို့က အပြင်ကို ရောက်နေတာ အချိန်တစ်ခုရှိနေပြီ။ ငါတို့က ဒါကို စောစောလုပ်ပြီးလေ၊ စောစောပြန်နိုင်လေပဲ။ တကယ်တော့ အဲနေရာမှာ စွမ်းအားရှင်တစ်ယောက်မှ စောင့်ကြပ်ဖို့ ကျန်မနေခဲ့ဘူးလေ၊ မတော်တဆတချို့ ဖြစ်နေမှာကို ငါ ကြောက်တယ်”

“ငါ သိပါတယ်။ ငါလဲ အဲဒါကို စိုးရိမ်နေတာပါ”ထန်ရှုက ပြော၏။

သူတို့က အသံပို့ကာ ပြောနေသောကြောင့် အခြားသုံးယောက်က မကြားနိုင်ပေ။ ရုတ်တရက် အမှောင်မြောက်အင်မော်တယ်က ပြောလိုက်၏ “မဟာထန်အင်မော်တယ်မိတ်ဆွေ၊ လမ်းတစ်လျှောက်မှာ ငါတို့တွေ လူများစွာရဲ့အရင်းအမြစ်တွေကို လုယက်ခဲ့ပြီးမှတော့ နောက်ထပ်ဘာမှထိန်းသိမ်းနေစရာမလိုဘူးလို့ ငါ ထင်တယ်။ မီးတိမ်ပုစဉ်းရင်ကွဲကို အမဲလိုက်ဖို့အတွက် ဒီနေရာကို လာတဲ့ဘယ်သူကိုမဆို ရိတ်သိမ်းလိုက်ကြရအောင်”

သို့သော် ထန်ရှုက ခေါင်းခါယမ်းကာ ပြန်ဖြေ၏ “မရဘူး၊ ငါတို့တွေ သူတို့ကို လုယက်လို့မရဘူး”

အမှောင်မြောက်အင်မော်တယ်က မှင်တက်ကာ ရှုပ်ထွေးသောမျက်နှာနှင့် မေးလိုက်၏ “ဘာလို့လဲ။ ငါတို့က ဘာလို့...”

ထန်ရှုက လက်မြှောက်ကာ ကြားဖြတ်ပြောလိုက်၏ “ဒီမီးတိမ်ပုစဉ်းရင်ကွဲတွေကို ဖမ်းနိုင်တဲ့အင်မော်တယ်တွေက ပုံမှန်အားဖြင့် အရမ်းအားကောင်းတယ်။ သူတို့ထဲက အားအနည်းဆုံးက အနည်းဆုံးရွှေအင်မော်တယ်အဆင့်ရှိတယ်။ ငါသိသလောက်ဆိုရင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အချို့ကတောင် အဲဒီသတ္တဝါတွေကို အမဲလိုက်ဖို့ ဒီနေရာကို ရံဖန်ရံခါ လာကြတယ်။ ဒါကြောင့် ငါတို့မဝါးနိုင်တဲ့ရန်သူတွေနဲ့ မဆုံအောင် ကာကွယ်ဖို့ ဒီလိုနည်းလမ်းတွေကို ရှောင်ရှားရမယ်”

အမှောင်မြောက်အင်မော်တယ်က ချက်ချင်းနားလည်လိုက်ပြီး ခဏစဉ်းစားပြီးနောက် သိလိုစိတ်နှင့် မေးလိုက်၏ “ဒါနဲ့၊ ငါ မင်းကို မေးချင်တာ တစ်ခုရှိတယ်၊ မဟာထန်အင်မော်တယ်မိတ်ဆွေ”

“ကောင်းပြီလေ၊ ကျေးဇူးပြုပြီး မေးပါ”ထန်ရှုက ပြန်ဖြေ၏။

“ကြည်လင်ရေကလန်ကို ရင်ဆိုင်ပြီးနောက် မင်းက ကျင့်ကြံခြင်းအရင်းအမြစ်တွေ အမြောက်အများရရှိခဲ့တာပဲ။ ဒါက မလုံလောက်ဘူးလား။ မင်းက ပြဿနာတစ်စုံတစ်ရာများ ရှိနေလို့လား။ ဘာလို့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို အလောတကြီး စုဆောင်းနေရတာလဲ”

ထန်ရှုက အားတင်းပြုံးကာ မေးလိုက်၏ “အာ၊ မင်းက ငါ့ကို ဖြတ်မြင်နိုင်တာပဲ။ ဟုတ်တယ်၊ ကျုပ်တို့မှာ အရင်းအမြစ်နဲ့ ပတ်သက်ပြီး ပြဿနာအချို့ရှိတယ်။ ပြီးတော့ မီးတိမ်ပုစဉ်းရင်းကွဲကို အမဲလိုက်ပြီးရင် ကျုပ် ခင်ဗျားကို တစ်ခုပြောမလို့ပဲ။ ဒါပေမယ့် အခု ခင်ဗျားက ပြောလာမှတော့ ကျုပ်က အခုပဲ အဲဒါနဲ့ ပတ်သက်ပြီး ပြောလိုက်တော့မယ်”

“ကျုပ် နားထောင်နေပါတယ်”အမှောင်လေအင်မော်တယ်၏အမူအရာက ပြောင်းလဲသွားကာ သူက ချက်ချင်းခေါင်းညိတ်လိုက်၏။

“ကျုပ်ကလန်ကို အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ စူပါပါဝါတွေထဲက တစ်ခုလို့ ပြောလို့ရတယ်။ ဒါပေမယ့် ကလန်က ကြီးမားလွန်းပြီး ကျုပ်တို့မှာ ထူးချွန်တဲ့ဂျူနီယာတွေ အများကြီးရှိတယ်၊ ကျုပ်က သူတို့ထဲက တစ်ယောက်ပဲ” ထန်ရှုက စတင်ပြော၏ “အတွေ့အကြုံတွေ ရဖို့ ကျုပ်ကို နေရာအချို့ကို စေလွှတ်ခဲ့တာ။ ကျုပ်နဲ့အတူ နောက်လိုက်အများကြီး ခေါ်လာတယ်၊ သူတို့က အခု ကြီးမားတဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေကို လိုအပ်နေတယ်။ ဒါကြောင့် ကျုပ်က ခင်ဗျားတို့ဂိုဏ်းဆီကနေ အသုံးအဆောင်ပစ္စည်းတွေနဲ့အင်မော်တယ်လက်နက်တွေကို မှာယူချင်ရတာပဲ”

နောက်ဆုံးတွင် အမှောင်မြောက်၏သံသယများက ရှင်းလင်းသွားခဲ့သည်။ အဘယ်ကြောင့် ကူးယန်အာလို ပြီးပြည်စုံခြင်းရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်ရန် ဆံချည်တစ်မျှင်သာ လိုအပ်သည့် ကျွမ်းကျင်သူတစ်ယောက်က သူမ၏အဆင့်အတန်းကို မစဉ်းစားဘဲ လုယက်နေခဲ့သည်ကို ယခုမှ သူက အပြည့်အဝနားလည်နိုင်ခဲ့၏။

“ခင်ဗျားက ဘယ်လိုအသုံးအဆောင်ပစ္စည်းမျိုးကို လိုချင်တာလဲ၊ အရေအတွက် ဘယ်လောက်ထိ လိုချင်တာလဲ”

ထန်ရှု၏အဆင့်အတန်းအချို့ကို သိရှိရပြီးနောက် အမှောင်မြောက်အင်မော်တယ်က သူနှင့် ဆက်ဆံရေးအချို့ရှိလိုသည်။ တကယ်တော့ အင်မော်တယ်ကမ္ဘာရှိ စူပါကလန်များ၏ဂျူနီယာများနှင့် မိတ်ဆွေဖွဲ့နိုင်ခြင်းက သူ့လက်နက်ဂိုဏ်းအတွက် အကြီးအကျယ် အကျိုးရှိစေလိမ့်မည်။

ခဏစဉ်းစားပြီးနောက် ထန်ရှုက ပြောလိုက်သည် “အနည်းဆုံးအင်မော်တယ်ဓားနှစ်သိန်းလေးသောင်းကို လိုအပ်တယ်။ အရေအတွက်က သိပ်မြင့်ဖို့ မလိုဘူး၊ ဒါကြောင့် အဆင့်နိမ့်အင်မော်တယ်ဓားတွေလောက်ဆိုရင် အဆင်ပြေပါတယ်။ ပြီးတော့ တိုက်ပွဲချပ်ဝတ်အစုံနှစ်သိန်းလေးသောင်းကိုလဲ လိုတယ်၊ ၎င်းရဲ့ခံစစ်စွမ်းရည်က ပိုသန်မာလေ ပိုကောင်းလေပဲ။ ထပ်ပြောရရင် ခင်ဗျားရဲ့ဂိုဏ်းမှာ ကောင်းမွန်တဲ့နတ်ဘုရားလက်နက်တွေအသုံးအဆောင်ပစ္စည်းတွေ ရှိရင်တော့ ကျုပ် တစ်သုတ်လောက် လိုချင်တယ်။ ပိုများလေ ကောင်းလေပဲ”

ဒီပစ္စည်းတွေက အစုံနှစ်သိန်းလေးသောင်းလား။

အမှောင်မြောက်အင်မော်တယ်၏ပါးစပ်က တွန့်လိမ်သွားပြီး သူက စိတ်ထဲ၌သာ အားတင်းပြုံးနိုင်လေ၏။ ယခုလို ကြီးမားသောအရေအတွက်တစ်ခုကို ကြားပြီးနောက် သူက အားမရှိသလို ခံစားလိုက်ရသည်။

သူ့လက်နက်ဂိုဏ်းက ဤအင်မော်တယ်ပိုင်နက်တွင် အတော်လေးကြီးမားသောဂိုဏ်းတစ်ခုဖြစ်သော်လည်း အချိန်တိုအတွင်း ဒီလောက်များသောအင်မော်တယ်ဓားများနှင့်တိုက်ပွဲချပ်ဝတ်များကို သန့်စင်ခြင်းက သူတို့အတွက်ပင် အလွန်ခက်ခဲကာ ဖိအားများပေလိမ့်မည်။

“ဆယ်နှစ်။ ဒါကို အောင်မြင်ဖို့ အနည်းဆုံးဆယ်နှစ်လိုအပ်တယ်”အမှောင်မြောက်အင်မော်တယ်က အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီးနောက် အံကြိတ်ကာ အဖြေပြန်ပေးလိုက်၏။

“မရဘူး၊ တစ်နှစ်ပဲ”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ကျုပ် ခင်ဗျားကို အများဆုံးတစ်နှစ်ပဲ ပေးနိုင်တယ်။ ဒါပေမယ့် ခင်ဗျား စိတ်ချပါ၊ ကျုပ် ခင်ဗျားကို အင်မော်တယ်ကျောက်တုံးနဲ့အင်မော်တယ်ပုံဆောင်ခဲတွေ ပေးမှာပါ”

အမှောင်မြောက်အင်မော်တယ်က ခေါင်းခါယမ်းလိုက်၏ “ဒါက မဖြစ်နိုင်ဘူး။ ကျုပ်ရဲ့ဂိုဏ်းမှာ တပည့်တွေ သောင်းချီရှိပေမယ့် တစ်နှစ်အတွင်းမှာ ဒီလောက်အများကြီး သန့်စင်ဖို့က မဖြစ်နိုင်ဘူးလေ”

“ကောင်းပြီလေ၊ ကျုပ် ခင်ဗျားကို အင်မော်တယ်ကျောက်တုံးနဲ့ပုံဆောင်ခဲတွေကို ကြိုပေးထားမယ်”ထန်ရှုက ပြော၏ “ခင်ဗျားက အဲဒါတွေကို သုံးပြီး ပန်းပဲဆရာတွေကို ဆွဲဆောင်လို့ရတယ်မလား။ ပြီးတော့ ခင်ဗျားက အခြားပန်းပဲကျွမ်းကျင်သူတွေနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိတယ်ဆိုတာ ကျုပ် သိတယ်။ ဒါ့အပြင် ကျုပ်က ဈေးကွက်ပေါက်ဈေးရဲ့နှစ်ဆကို ပေးမှာပါ”

အမှောင်မြောက်အင်မော်တယ်က အပူအပင်မဲ့ထံ အကြည့်ပြောင်းလိုက်သည်၊ သူတို့နှစ်ယောက်က ဆယ်မိနှစ်ကြာ အသံဖြင့် ဆွေးနွေးနေနေခဲ့၏။ နောက်ဆုံးတွင် ရှေ့လူက ပြော၏ “ပုံမှန်ဈေးနဲ့ တစ်နှစ်အတွင်း ရဖို့ ကျုပ် အာမခံတယ်။ ခင်ဗျားက ကျုပ်နဲ့ကျုပ်ဘိုးဘေးရဲ့အသက်ကို ကယ်ခဲ့တာပဲ၊ ဒါကြောင့် ခင်ဗျားက ကျုပ်တို့ဂိုဏ်းရဲ့ကျေးဇူးရှင်ပဲ။ ဒါကြောင့် အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ ကျုပ် ကတိပေးပါတယ်”

ထို့သို့ပြောပြီးနောက် ကြိုတင်ပြင်ဆင်ထားရန်အတွက် သူက လက်နက်ဂိုဏ်းသို့ သတင်းပို့လိုက်၏။

ရက်အနည်းငယ်ကြာပြီးနောက် သူတို့ငါးယောက်က မီးတိမ်ပုစဉ်းရင်ကွဲများ၏အရိပ်အယောင်ကို မီးတောင်ဝတစ်ခုအနားတွင် တွေ့ရှိလိုက်၏။

ခဏလေ့လာပြီးနောက် အပူအပင်မဲ့က ရှုံ့မဲ့ပြုံးကာ ပြောလိုက်၏ “ခင်ဗျားသိလား၊ ကျုပ်က ဒီနေရာကို အကြိမ်များစွာ ရောက်ဖူးတယ်၊ ဒါကြောင့် ဒီမီးတိမ်ပုစဉ်းရင်ကွဲတွေရဲ့အလေ့အထကို ကျုပ် သိတယ်။ ဒီမီးတောင်ပေါက်ကွဲမှုက အဲဒီကောင်တွေကို ဒီနေရာကို အစုလိုက်အပြုံလိုက် လာဖို့ ဆွဲဆောင်လိမ့်မယ်။ ဒါပေမယ့် ဒီနေရာကို ရောက်တာနဲ့ သူတို့ ပထမဆုံးလုပ်မယ့်အရာက မီးတောင်ထဲက ကျောက်ရည်ပူထဲကို ဝင်ရောက်ဖို့ပဲ။ ဒီမီးတောင်ပေါက်ကွဲမှု ပြီးဆုံးတဲ့အထိ ကျုပ်တို့က စောင့်နေရလိမ့်မယ်၊ အဲတော့မှ ဒီကောင်တွေက အထဲကနေ အလိုအလျောက် ထွက်လာကြလိမ့်မယ်”

ထန်ရှုက မီးတောင်ကို ကြည့်ကာ ပြုံးလျက် ခေါင်းခါယမ်းလိုက်၏။ “ဘာလို့ ကျုပ်တို့က အဲလိုအလုပ်ရှုပ်ခံရေရမှာလဲ။ ကျုပ်ကို ကြည့်ထား…”

ထိုသို့ပြောပြီးနောက် သူက ချော်ရည်ပေါ်သို့ တစ်ယောက်တည်း ပျံသန်းသွားခဲ့သည်။ သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းတစ်လုံးကို ယူထုတ်ပြီးနောက် သူက အဖုံးဖြုတ်ကာ အောက်ဘက်သို့ ကျောက်ရည်ပူထဲသို့ စီးဆင်းသွားစေရန် လောင်းချလိုက်၏။

“ဖြုတ်စိမ်းအရည်…”

ထန်ရှုက ဤပုလင်းကို သူ့လုယက်ခဲ့သည့်လူတစ်ယောက်၏သိုလှောင်လက်စွပ်ထဲမှ တွေ့ရှိခဲ့ခြင်းဖြစ်၏။ ဤဖြုတ်စိမ်းအရည်က မီးတိမ်ပုစဉ်းရင်ကွဲများကို ဆွဲဆောင်နိုင်သည်။ ဤအရည်အနံကို ရသည်နှင့် မီးတိမ်ပုစဉ်းရင်ကွဲများက ကျောက်ရည်ပူမှ သေချာပေါက် ထွက်လာပေလိမ့်မည်။

မျှော်လင့်ထားသလိုပင် မိနစ်အနည်းငယ်ကြာပြီးနောက် မီးတိမ်ပုစဉ်းရင်ကွဲတစ်ကောင်ကို သူက ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ လက်သီးအရွယ်အစားအင်းဆက်က ခန္ဓာကိုယ်တစ်ခုလုံး ကြက်သွေးရောင်အပြည့်နှင့် မျက်လုံးများက ရောင်စုံတောက်ပနေလေ၏။ ပထမတစ်ကောင်ထွက်လာပြီးနောက် နှစ်မိနစ်အကြာတွင် သုံးဆယ်ကျော် ထွက်လာသည်ကို ထန်ရှုက မြင်လိုက်၏။

“ဒီမီးတိမ်ပုစဉ်းရင်ကွဲတွေကို ဖမ်းဖို့ ငါ့ကို ကူညီပေးပါ၊ ကြယ်ဝါးမျိုအင်းဆက်။ သူတို့အားလုံးကို ဖမ်းနိုင်ရင် ငါ မင်းကို မင်းရဲ့ခွန်အားကို တိုးစေမယ့်ဆေးလုံးအချို့ ပေးမယ်” ထန်ရှုက ကြယ်ဝါးမျိုခြင်းအင်းဆက်ထံ အသံပို့လိုက်၏။

“ကောင်းပြီလေ…”

ကြယ်ဝါးမျိုခြင်းအင်းဆက်က ပြန်ဖြေ၏၊ ထို့နောက် ထန်ရှုက ၎င်းကို ချက်ချင်း လွှတ်လိုက်၏၊ ၎င်း၏ခန္ဓာကိုယ်က တစ်ကီလိုမီတာအရွယ်အစားအဖြစ်သို့ စတင်ကြီးမားလာ၏။

ဝီ…

ကြောက်စရာကောင်းသောဝါးမျိုခြင်းစွမ်းအားတစ်ခုက မီးတိမ်ပုစဉ်းရင်ကွဲအကောင်သုံးဆယ်ကျော်ကို ပိတ်လှောင်ထားလိုက်သည်။ ဆယ်စက္ကန့်ကြာပြီးနောက် သူတို့အားလုံးကို ကြယ်ဝါးမျိုအင်းဆက်၏ပါးစပ်ထဲသို့ စုပ်ယူလိုက်၏။ ထန်ရှုက ကျောက်စိမ်းပုလင်းသုံးဆယ့်ခြောက်လုံးကို ကြယ်ဝါးမျိုအင်းဆက်၏ပါးစပ်ထဲသို့ လျင်မြန်စွာ ပစ်ထုတ်ကာ ပုစဉ်းသုံးဆယ်ခြောက်ကောင်ကို ပုလင်းများထဲသို့ အသီးသီးထည့်သွင်းလိုက်၏။

ကြယ်ဝါးမျိုအင်းဆက်က ကျောက်စိမ်းပုလင်းအားလုံးကို ထွေးထုတ်လိုက်၏၊ ထို့နောက် အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထန်ရှု၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ကျောက်စိမ်းပုလင်းသုံးဆယ်ခြောက်လုံးကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းပြီးနောက် ထန်ရှုက ကူးယန်အာတို့ဆီ ပြန်လာ၏။ သို့သော် ကျန်သုံးယောက်ဖြစ်သည့်အပူအပင်မဲ့၊ အမှောင်မြောက်အင်မော်တယ်နှင့်ယိုကျုံးတို့က လုံးဝမှင်တက်နေလျက်ရှိ၏။ ထို့နောက် ထန်ရှုက တခစ်ခစ်ရယ်ကာ ပြောလိုက်၏ “ဟေး၊ မင်းတို့က ငါ့ကို ဘာလို့ အဲလိုကြည့်နေရတာလဲ။ တကယ်တော့ မီးတိမ်ပုစဉ်းရင်ကွဲတွေကို ဖမ်းဖို့က ဒီလောက်ရိုးရှင်းပါတယ်”

ရိုးရှင်းတယ်တဲ့လား။

ထိုသုံးယောက်၏ပါးစပ်များက တွန့်လိမ်သွားပြီး သူတို့မျက်နှာများကို ဘေးသို့ တစ်ပြိုက်နက်တည်း လွှဲလိုက်မိလေ၏။

သူတို့က ထန်ရှုကို တကယ်ကို ရိုက်ထည့်ပစ်လိုက်ချင်သည်။ “ဒီလောက်တောင် ရိုးရှင်းပြီး လွယ်ကူတယ်ပေါ့”။ ထိုအရာက သူတို့အတွက် အလွန်အမင်း ခက်ခဲလှ၏။

“ဟုတ်ပြီလေ၊ ခင်ဗျားဆီက ကျုပ်မှာထားတဲ့လက်နက်တွေအားလုံးအတွက် မီးတိမ်ပုစဉ်းရင်ကွဲ ဘယ်လောက်ပေးရမလဲ၊ အမှောင်မြောက်အင်မော်တယ်”ထန်ရှုက ရယ်ကာ ပြောလိုက်၏။

All Chapters