← Chapters

မမျော်လင့်ထားသောအဖြစ်အပျက်များမှ အကျိုးအမြတ်ရရှိခြင်း

Vol. 92 Ch. 1290

မမျော်လင့်ထားသောအဖြစ်အပျက်များမှ အကျိုးအမြတ်ရရှိခြင်း

Vol. 92 Ch. 1290

ရုတ်တရက် သူတို့ရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားသည်။ သူတို့မျက်စိရှေ့တွင် ထွက်ပေါ်လာသည်ကား နေရာတိုင်းတွင် ပန်းပင်များ၊ မြက်ပင်များနှင့် ပြည့်နှက်နေသော ရှုခင်းတစ်ခုပင်။ ဤအဆုံးမရှိသောမြက်ခင်းပြင်တွင် သတ္တဝါများစွာ လှုပ်ရှားနေသည်ကို မြင်တွေ့ရ၏။ သို့‌သော် သူတို့၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ လေ့လာပြီးနောက် ထိုသတ္တဝါများက အစစ်အမှန်မဟုတ်ဘဲ စက်ရုပ်သေးများဖြစ်သည်ကို တွေ့လိုက်ရ၏။

ဝှစ်…

ပုံရိပ်တစ်ခုက သူတို့သုံးယောက်အရှေ့တွင် ဖြတ်ခနဲ ထွက်ပေါ်လာသည်။ သူမက ရွှေအမြုတေတစ်ယောက်ဖြစ်လျှင်ပင် ဤလူ၏အရှိန်ကြောင့် ကူးယန်အာက အံ့အားသင့်သွားရသည်။ သို့သော် ပုံရိပ်က သူတို့အရှေ့ မီတာတစ်ရာတွင် ရပ်တန့်သွားသောအခါ ၎င်းက လူသားပုံစံစက်ရုပ်သေးတစ်ခုဖြစ်သည်ကို သိလိုက်၏။

“ထာဝရဆက်သွယ်ဒိုင်မန်းရှင်းကနေ အားလုံးကို ကြိုဆိုပါတယ်”

စက်သံတစ်ခုက ထွက်ပေါ်လာပြီး စက်ရုပ်သေး၏မျက်လုံးများက အစိမ်းရောင်အလင်းတစ်ခု လက်သွား၏။

ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏ “ဒီနေရာက ထာဝရဆက်သွယ်ဒိုင်းမန်းရှင်းတစ်ခုလို့ ခင်ဗျား ပြောခဲ့တယ်မလား။ ခင်ဗျားတို့က အတိအကျဘာတွေလဲ”

“ငါက ဘာမှ မဟုတ်ဘူး၊ ငါက သတ္တုရုပ်သေးတစ်ခုပဲ”စက်ရုပ်သေးက ပြောသည် “ဒါက ကောင်းကင်ဝင်ရိုးစွန်းလောကရဲ့ဆယ့်တစ်ထပ်၊ ထာဝရဆက်သွယ်ဒိုင်မန်းရှင်းပဲ။ မင်းတို့မှာ အလူမီနာသတ္တုရဲ့အနံ့မရှိဘူး၊ မင်းတို့က ဆယ်ထပ်ကို တိုက်ရိုက်ရောက်လာပြီး စုပ်ဝဲပေါ်တယ်ကနေတစ်ဆင့် ဒီဆယ့်တစ်ထပ်ကို ရောက်လာတယ်ဆိုတာ သေချာတယ်”

ထန်ရှု၏အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူက ကမန်းကတန်း မေး၏ “မင်းက ဘာပြောလိုက်တာလဲ။ ဒါက ကောင်းကင်ဝင်ရိုးစွန်းလောကလား”

“ဟုတ်တယ်”စက်ရုပ်သေးက ပြန်ဖြေသည် “ဒါက ကောင်းကင်ဝင်ရိုးစွန်းလောကရဲ့ဆယ့်တစ်ထပ်ပဲ”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ လေးလံသောအသံနှင့် ပြောလိုက်သည် ‘အဲဒီကောင်းကင်ဝင်ရိုးစွန်းလူအိုကြီးက ပျောက်ဆုံးနေတာ နှစ်ရှစ်ထောင်လောက် ရှိပြီ။ ဒီနေရာက အဲဒီကောင်းကင်ဝင်ရိုးစွန်းလူအိုကြီးရဲ့လောကလို့ မင်း ပြောခဲ့တယ်နော်။ သူ သေသွားပြီလား”

လူသားရုပ်သေးက ခဏနှုတ်ဆိတ်သွားပြီး အင်မော်တယ်ပုံဆောင်ခဲအဆီအနှစ်နှစ်ခုက ၎င်း၏မျက်လုံးအိမ်များမှ ကျဆင်းလာသည်။ လူသားနှင့်တူသောခံစားချက်ကို သယ်ဆောင်လျက် ၎င်းက ပြန်ပြော၏ “မင်းက ငါ့ရဲ့ဆရာကို သိတာလား။ ဆရာက သေသွားပြီ။ သူက စိတ်နတ်ဆိုးတစ်ခုကြောင့် သေသွားတာ။ စိတ်နတ်ဆိုးက ဘာလဲဆိုတာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ကတော့ ငါ့ရဲ့လျှပ်စစ်ဘုတ်ပြားထဲမှာ မပါဘူး။ အတိုချုပ်ပြောရရင် ငါ့ဆရာက သေသွားပြီး သူ့ရဲ့လောကကို ချန်ထားခဲ့တယ်။ ဒီနေရာမှာ ရေစက်ပါတဲ့လူတစ်ယောက်ကို စောင့်ရမယ်လို့ ငါ့ဆရာက ပြောခဲ့တယ်”

ထန်ရှုက လက်သီး တင်းကြပ်စွာ ဆုပ်လိုက်သည်၊ အတိတ်ကို သတိရသောအကြည့်တစ်ခုက သူ့မျက်လုံးများထဲတွင် လက်သွား၏။ သူက နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့သည့်ပထမဆုံးအကြိမ်ကို ပြန်လည်အောက်မေ့မိသည်။ အန္တရာယ်များသောအခြေအနေတစ်ခုတွင် သူက ထိုကောင်းကင်ဝင်ရိုးစွန်းအဖိုးကြီးနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တုန်းက ကောင်းကင်ဝင်ရိုးစွန်းအဖိုးကြီးက ရွှေအမြုတေအဆင့်သာ ရှိသည်။ ထိုအလွန်အန္တရာယ်များသောကပ်ဘေးမှ လွတ်မြောက်ရန် သူတို့နှစ်ယောက်က လက်တွဲခဲ့ကြပြီး နောက်ဆုံးတွင် သေဘေးမှ လွတ်မြောက်သွားခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်က ရင်းနှီးသောမိတ်ဆွေများဖြစ်လာခဲ့ကြပြီး ထန်ရှုက သူ့ထံမှ လမ်းညွှန်မှုအမြောက်အများကို ရရှိခဲ့သည်။

“မင်းက ဒီနေရာမှာ ရှိမယ်ဆိုတာ ငါ တကယ် မသိခဲ့ဘူး…”

ရှုသိုးသိုးခံစားချက်တစ်ခုနှင့်အတူ ထန်ရှုက သူ့ရှေ့ရှိ လူသားရုပ်သေးကို ကြည့်ကာ ခေါင်းညိတ်လိုက်သည် “အဲဒီအဖိုးကြီးက ဒီနေရာမှာ ဒီလိုအင်မော်တယ်ကံကြမ္မာတစ်ခုကို ချန်ထားခဲ့မှတော့ ဒီနေရာမှာ စမ်းသပ်ချက်တစ်ခု ရှိရမယ်မလား။ စမ်းသပ်ချက်က ဘာလဲဆိုတာ ငါ့ကို ပြောပါ။ ငါ အဲဒါကို စမ်းကြည့်ရမယ်”

“မင်းက ငါ့မေးခွန်းကို မဖြေရသေးဘူး။ မင်းက ငါ့ဆရာကို သိတာလား”လူသားရုပ်သေးက မေးလိုက်သည်။

“ငါ သူ့ကို သိတယ်။ ငါတို့က ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့တဲ့မိတ်ဆွေတွေပဲ”ထန်ရှုက ဖြေလိုက်သည် “လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ထောင်ကတည်းက သူက ဒီနေရာမှာ ရှိနေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး”

“မင်းမှားတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၈၈၂၉ကတည်းက ဆရာက ဒီနေရာမှာ ရှိခဲ့တာ”စက်ရုပ်သေးက အမှားပြင်ပေးလိုက်သည်။

ဤစက်ရုပ်သေးနှင့် ဒီလိုအသေးအဖွဲ့ကိစ္စတစ်ခုကို ထန်ရှုက မငြင်းချင်ပေ “ကြာလွန်ပြီလေ၊ အချိန်အတိအကျတော့ ငါ ဘယ်သိတော့မလဲ”

“မင်းက စမ်းသပ်ချက်မှာ ပါဝင်ချင်တယ်ပေါ့။ ဒါက နည်းနည်းဒုက္ခများတယ်။ ငါ နည်းနည်းပြောမယ်။ အရင်က ငါ့ဆရာချမှတ်ထားတဲ့စည်းမျဉ်းအရ စမ်းသပ်မှုကို ပြုလုပ်နိုင်တဲ့အားအနည်းဆုံးအဆင့်က ကပ်ဘေးအင်မော်တယ်တွေပဲ။ မင်းက သာမန်အင်မော်တယ်အဆင့်ပဲ ရှိတယ်။ မင်းအတွက် စမ်းသပ်ချက်ကို ဘယ်လိုစီစဉ်ပေးရမလဲဆိုတာ ငါ မသိဘူး”

“ကောင်းပြီလေ၊ ငါ ဒီနေရာကို လာတဲ့အဓိကရည်ရွယ်ချက်က အော်ရစ်ရင်းမြစ်အတွက်ပဲ။ အဲဒါကို ရဖို့အတွက် ဘယ်လိုစမ်းသပ်ချက်မျိုးကို ငါ လုပ်ရမလဲဆိုတာပဲ ပြောပါ”ထန်ရှုက ပြောလိုက်သည်။

“အော်ရစ်ရင်းမြစ်က ခုနှစ်ထပ်မြောက်မှာ ရှိတယ်၊ ဒါပေမယ့် အဲဒါက မကောင်းတဲ့ကျင့်ကြံခြင်းရင်းမြစ်တစ်ခုပဲ။ အပြင်ဘက်က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းဖို့ မင်းက အင်မော်တယ်ပုံဆောင်ခဲအချို့ကို အသုံးပြုခဲ့တယ်ဆိုတော့ မင်းမှာ ကြွယ်ဝမှုအများကြီးရှိတယ်လို့ ဆိုလိုတယ်။ မင်းက ဒီလိုမကောင်းတဲ့ကျင့်ကြံခြင်းအရင်းအမြစ်ကို တကယ်ပဲ လိုချင်တာလား”လူသားရုပ်သေးက မေးလိုက်၏။

စက်ရုပ်သေး၏အဓိပ္ပါယ်ကို ထန်ရှုက နားလည်သည်။ သူက အန္တိမအဆင့်တစ်ယောက်သာဆိုလျှင် ဤအော်ရစ်ရင်းမြစ်က သူ့အတွက် တကယ်ကို အလွန်အဆင့်နိမ့်သောရင်းမြစ်တစ်ခုဖြစ်သည်။ သို့သော် ပြဿနာက လက်ရှိသူက အများဆုံးကောင်းကင်အင်မော်တယ်နှင့်သာ ယှဉ်နိုင်သည်။ လက်ရှိသူ့အတွက် အော်ရစ်ရင်းမြစ်က ကြီးမားသောရတနာတစ်ခုဖြစ်နေသေးသည်။

“ငါ အဲဒါကို အရေးတကြီးလိုအပ်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်၏။

“ဒါဆို ဘာစမ်းသပ်ချက်မှ မလုပ်ဘဲ ပထမအထပ်ကနေ နဝမအထပ်အထိ မင်း ကြိုက်တာ ယူလို့ရတယ်”စက်ရုပ်သေးက ပြော၏။

ဤသည်ကို ကြားပြီနောက် ထန်ရှုက ချက်ချင်းမေးမြန်းလိုက်သည် “နောက်ဆုံးစမ်းသပ်ချက်ကို ငါ ဘယ်လို ဖြတ်ကျော်ရမှာလဲ။ ဒါက ငါ့မိတ်ဆွေဟောင်းရဲ့အိတ်ဆောင်ကမ္ဘာတစ်ခုပဲ၊ ဒါက ငါနဲ့အတူ ယူသွားချင်တယ်”

“မင်းက စမ်းသပ်ချက်မှာ ပါဝင်ဖို့ အရည်အချင်းမပြည့်မှီသေးဘူး။ မင်းနဲ့အတူပါလာတဲ့နှစ်ယောက်က စမ်းသပ်ချက်မှာ ပါဝင်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အရမ်းအန္တရာယ်များတယ်။ အရင်က ဒီနေရာက အင်မော်တယ်၄၉၈၇၂ယောက် ရောက်လာခဲ့ပြီး စမ်းသပ်ချက်မှာ ပါဝင်ခဲ့ပြီး သူတို့ထဲက ၃၇၂၁၆ယောက် သေဆုံးခဲ့တယ်။ ရွှေအမြုတေအဆင့်စမ်းသပ်ချက်ပါဝင်သူတွေအားလုံးက အပြီးတိုင်ပျောက်ကွယ်သွားခဲ့တယ်”ရုပ်သေးက ပြောသည်။

“ငါ ကြိုးစားချင်တယ်၊ ဆရာသခင်”ကူးယန်အာက ကြားဖြတ်ပြောလိုက်သည်။

ထန်ရှုက မျက်မှောင်ကြုတ်ကာ အချိန်အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “မင်းက ဒီစမ်းသပ်ချက်မှာ ပါဝင်ချင်တယ်ဆိုတာကို ငါ နားလည်တယ်၊ ယန်အာ။ ဒါပေမယ့် ဒီစမ်းသပ်ချက်က အချိန်တိုအတွင်းမှာ ပြီးမြောက်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူး။ ငါတို့မှာ အရေးကြီးလုပ်စရာတွေ ရှိသေးတယ်မလား၊ ဒါကြောင့် ဒီနေရာမှာ အချိန်ဖြုန်းလို့မရဘူး။ မင်းက ဒီစမ်းသပ်ချက်ကို ပါဝင်ချင်တယ်ဆိုရင် ငါတို့ရဲ့အခြေအနေ တည်ငြိမ်တဲ့အထိ စောင့်ပါ။ အဲအချိန်ကျရင် ငါ မင်းနဲ့အတူ ဒီနေရာကို ထပ်လာပေးမှာပါ”

စဉ်းစားပြီးနောက် ကူးယန်အာက ခေါင်းညိတ်လိုက်သည် “ငါ နားထောင်ပါ့မယ်၊ ဆရာသခင်”

ထန်ရှုက စက်ရုပ်သေးထံ အကြည့်ပြောင်းကာ ပြုံးလျက် မေးလိုက်သည် “ဒါနဲ့ အဲဒီတည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို သုံးပြီးတဲ့အခါမှာ ဘာလို့ ငါတို့က ဆယ်ထပ်မြောက်ကို တိုက်ရိုက်ရောက်လာတာလဲ။ ငါ့ဘေးနားက ဒီမိတ်ဆွေက အရင်က ဒီနေရာကို ရောက်ဖူးတယ်၊ ဒါပေမယ့် သူ့အဖွဲ့က ပထမအထပ်ကိုပဲ တည်နေရာရွှေ့ပြောင်းခံရတယ်”

“ဒါက သူတို့က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းဖို့ အင်မော်တယ်ပုံဆောင်ခဲတွေအစား အင်မော်တယ်ကျောက်တုံးတွေကို အသုံးပြုခဲ့လို့ပဲ”စက်ရုပ်သေးက ပြန်ဖြေသည် “ဒါက တကယ်တော့ အပေးအယူစမ်းသပ်ချက်တစ်ခုပါပဲ”

ထန်ရှုက ရယ်ချင်မိသွားသည်။ တည်နေရာရွှေ့ပြောင်းရေးအစီအရင်က သူတို့ကို ပြန်မပို့နိုင်မည်ကို စိုးရိမ်သည့်အတွက် ထန်ရှက အင်မော်တယ်ပုံဆောင်ခဲကို အသုံးပြုခဲ့သည်။ သို့သော် ဒီလိုဖြစ်ရပ်အလှည့်အပြောင်းများ ဖြစ်လာလိမ့်မည်ဟု သူက မမျှော်လင့်ထားပေ။ သူက ယိုကျုံးဘက်သို့ လှည့်ကြည့်လိုက်သည်၊ သူက ထိုအကောင်၏ကြက်သေသေသွားသောအမူအရာကို မြင်လိုက်ရ၏။

လက်ရှိအချိန်မှာ ဒီအကောင်က သေချာပေါက်အရမ်းနောင်တရနေမှာပဲမလား။

အတိတ်တွင် သူ့အဖွဲ့က ဤနေရာကို ရောက်လာခဲ့ပြီး သူတို့၏ပစ္စည်းအချို့ကို ပေးရန် ဆန္ဒရှိခဲ့လျှင် သူတို့တစ်ယောက်မှ မသေရန် များသည်။ သူတို့က မသေရုံသာမက ရတနာအမြာက်အများကိုလည်း ရရှိနိုင်ပေမည်။

စက်ရုပ်သေးဘက်သို့ ပြန်လှည့်လျက် ထန်ရှုက ပြောလိုက်သည် “ဒါဆို ငါတို့ကို ကိုးထပ်မြောက်ကို ပို့ပေးပါ။ ပစ္စည်းအချို့ကို စုဆောင်းပြီးရင်း ငါတို့ ထွက်သွားမယ်”

ကြက်သွေးရောင်အလင်းက စက်ရုပ်သေး၏မျက်လုံးထဲတွင် ထွက်ပေါ်သွားပြီး ပေါ်တယ်တစ်ခုက သူတို့သုံးယောက်အရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းက ပြော၏ “ပထမကိုးထပ်က ပစ္စည်းတွေအားလုံးကို အဲဒီအင်မော်တယ်တွေက အကြမ်းဖြင်းအားဖြင့် ယူသွားကြပြီဆိုပေမယ့် အော်ရစ်ရင်းမြစ်အချို့တော့ ကျန်နေသေးတယ်။ မင်းတို့ရဲ့ဆန္ဒတွေ ပြည့်ဝဖို့ မျှော်လင့်ပါတယ်”

“ကျေးဇူးတင်ပါတယ်”ထန်ရှုက အနည်းငယ်ပြုံးပြပြီးနောက် ပေါ်တယ်ထဲသို့ ချက်ချင်း လျှောက်သွား၏။

ရှစ်ထပ်မြောက်…

…

ပထမထပ်မြောက်…

ထန်ရှုနှင့်ကူးယန်အာတို့က သန့်ရှင်းရေးသမားများကဲ့သို့ပင်။ နှစ်ရက်အတွင်း သူတို့က ပထမကိုးထပ်ရှိအရာအားလုံးကို လှည်းကျင်းသိမ်းဆည်းခဲ့သည်။ တစ်ယောက်ယောက်က ပထမကိုးထပ်သို့ ရောက်လာလျှင် ဘာတစ်ခုမှ မကျန်တော့သည်ကို သူတို့က မြင်တွေ့ရပေလိမ့်မည်။

…

ထို့နောက် ချက်ချင်းလျှင်ပင် သူတို့သုံးယောက်က အပြန်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ပေါ်သို့ ခြေချပြီး မြေပြင်ပေါ်၌ ပြန်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ထန်ရှုက ပျော်ရွှင်သောမျက်နှာနှင့် ပြောလိုက်သည် “ကောင်းပြီလေ၊ ငါတို့က အန္တရာယ်အချို့ ကြုံရမယ်လို့ ငါ ထင်ထားတာ၊ ကောက်ကာငင်ကာလုပ်လိုက်မိသည့်အစီအစဉ်က ငါတို့ရဲ့အားထုတ်မှုကို အများကြီး လျော့ချပေးခဲ့တာပဲ။ ပထမကိုးထပ်ကို လူအများကြီး ရောက်ခဲ့ပြီးဆိုပေမယ့် ငါတို့က ရတနာတွေအများကြီး ရခဲ့သေးတယ်။ အရင်က ငါတို့လုတာထက်တောင် ပိုများသေးတယ်။ တောက်၊ ငါတို့မှာ အချိန်နည်းနည်းပိုရှိရင် ငါတို့အတွက် လက်နက်တွေ ပိုလုပ်ပေးဖို့ လက်နက်ဂိုဏ်းကို မေးအုံးမှာ”

“ဒါတွေ ပြောမနေပါနဲ့တော့။ အော်ရစ်ရင်းမြစ်တစ်ခုနဲ့တင် ငါတို့က အစိတ်အပိုင်းတစ်ရာကျော်ရခဲ့တယ်။ တစ်ခုကို ရောင်းချရင်တောင် ငါတို့အတွက် အင်မော်တယ်ပုံဆောင်ခဲတစ်သိန်းကို ယူလာပေးမှာ”ကူးယန်အာက ရယ်လိုက်သည်။

ထန်ရှုက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည် “လုယက်တာက ပိုက်ဆံရဖို့ အမြန်ဆုံးနည်းလမ်းဆိုပေမယ့် ရနိုင်တဲ့ကြွယ်ဝမှုက အကန့်အသတ်ရှိတယ်။ တကယ်တော့ အင်မော်တယ်ကမ္ဘာက သူဌေးတွေရဲ့အရေအတွက်က နည်းလွန်းတယ်၊ ဆင်းရဲတဲ့သူတွေကပဲ နေရာတိုင်းမှာ ရှိတာ”

ယိုကျုံးလည်း အော်ရစ်ရင်းမြစ်အစိတ်အပိုင်းတစ်ခုအပြင် သူ့အတွက် အကျိုးရှိစေမည့်အခြားရတနာများကို ရရှိခဲ့သည်။ သို့သော် ယခင်လာရောက်တုန်းက တည်နေရာရွှေ့ပြောင်းရေးအစီအရင်ပေါ်ရှိ အခွက်များပေါ်သို့ အင်မော်တယ်ပုံဆောင်ခဲများ ထည့်သွင်းခဲ့မိသည်ကို သတိရတိုင်း သူက စိတ်ဓာတ်ကျနေလေသည်။

တကယ်လို့သာ…အဲတုန်းက သူက ရတနာအများကြီး ရခဲ့မယ်ဆိုရင် လက်ရှိအချိန်မှာ နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တောင် ဖြစ်နေလောက်ပြီ။

ထန်ရှုအတွက်ကတော့ ယိုကျုံးရဲ့စိတ်ဓာတ်ကျခြင်းအကြောင်းရင်းကို သူက ဘာလို့မပြောနိုင်ရမှာလဲ။ သူက ထိုအကောင်၏ပခုံးကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည် “ဟေး၊ ဒီလောက်ထိ စိတ်ဓာတ်ကျမနေပါနဲ့။ အဲတုန်းကသာ အင်မော်တယ်ပုံဆောင်ခဲတွေ အသုံးပြုခဲ့ရင် မင်းက အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာ မဟုတ်လောက်ဘူး”

ယိုကျုံးက မှင်တက်သွားကာ ရှုပ်ထွေးသောမျက်နှာနှင့် မေးလိုက်သည် “မင်းက ဘာကို ဆိုလိုတာလဲ”

“စဉ်းစားကြည့်လေ။ အဲတုန်းက မင်းတို့က အင်မော်တယ်ပုံဆောင်ခဲကို အသုံးပြုခဲ့ပြီး စမ်းသပ်ချက်တွေကို လုပ်စရာမလိုဘဲ ပထမကိုးထပ်ကို ရတနာတွေကို တိုက်ရိုက်ရှာဖွေနိုင်ခဲ့မယ်ဆိုရင် သူတို့မျက်စိရှေ့မှာ ကြွယ်ဝမှုတွေ ဒီလောက်အများကြီးရှိနေမှတော့ မင်းရဲ့အဖော်တွေက လောဘမတက်ဘူးလို့ မင်း ထင်လား။ အဲအခါကျရင် မင်းအနေနဲ့ အသက်ရှင်လွတ်မြောက်ဖို့ အခွင့်အရေးဘယ်လောက်ထိ ရှိမှာလဲ”

ယိုကျုံး၏မျက်လုံးများက လင်းလက်သွားပြီး သူ၏ကျနေသောခံစားချက်အများစုက ပျောက်ကွယ်သွားသည်။ ထန်ရှုပြောတာ မှန်သည်ကို သူက နားလည်၏။ ထိုအဖော်များက တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြပေ။ သူတို့ထဲမှ တစ်ယောက်ယောက်က အခြားသူများ၏ကြွယ်ဝမှုကို မျက်စိကျသွားသည်နှင့် သူက မကောင်းသောအကြံအစည်များရှိသည့်ထိုလူများ၏လှည့်ကွက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ယိုကျုံးက လက်သီးဆုပ်ကာ ပြောလိုက်၏။

“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး၊ အနာဂတ်မှာ ငါ အကြံပေးခဲ့တာကိုပဲ မှတ်ထားပါ။ မင်းရွေးချယ်ခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ နောင်တမရပါနဲ့။ ဒီလိုနောင်တရတာတွေက အသုံးမဝင်ဘူး၊ မင်းရဲ့စိတ်ကိုပဲ ထိခိုက်စေလိမ့်မယ်။ ဘာက မှန်တယ်ထင်ရင် မှန်တာပဲ၊ ဘာက မှားတယ်ထင်ရင် မှားတာပဲ။ နောင်တတွေ၊ မကျေမနပ်ဖြစ်တွေကို ချန်ထားပြီး မင်းရဲ့နှလုံးသားကို တောက်ပခွင့်ပေးလိုက်ပါ။ ဒါဆို မင်းက ပိုကောင်းတဲ့အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်”

ယိုကျုံးက ပြုံးကာ ခေါင်းညိတ်လျက် ရုတ်တရက် ပြော၏ “မဟာထန်ရောင်းရင်းအင်မော်တယ်၊ ဘာလို့ မင်းက အင်မော်တယ်ဂိုဏ်းတစ်ခုရဲ့ဂိုဏ်းချုပ်ဖြစ်လာပြီး အခြားသူတွေကို စစ်မှန်တဲ့လမ်းကြောင်းကို လမ်းညွှန်မပေးတာလဲ။ မင်းက မင်းရဲ့ကိုယ်ပိုင်ဂိုဏ်းကို မတည်ထောင်ရသေးဘူးဆိုရင် ဒါက တကယ်ကို ပါရမီဖြုန်းတီးတာပဲ”

“ဖူး…ဟားဟားဟား”ကူးယန်အာက အားပါးတရရယ်လိုက်တော့၏။

All Chapters