ကုန်ပစ္စည်းများကို ရောင်းချခြင်း
Vol. 92 Ch. 1291
ဝံပုလွေတူအင်မော်တယ်ပိုင်နက်။
သူတို့က ရောက်ရှိလာပြီးနောက် ထန်ရှုနှင့်ကူးယန်အာတို့က မြို့ကြီးတစ်ခု၏အစွန်အဖျားတွင် ထွက်ပေါ်လာသည်။ ဓားအလင်းများက ကောင်းကင်ပေါ်တွင် တလက်လက်ဖြစ်နေပြီး မရေမတွက်နိုင်သောအင်မော်တယ်နှင့်ကျင့်ကြံသူများက မြို့ဂိတ်မှ ဝင်လိုက်ထွက်လိုက်လုပ်နေကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မြို့ဂိတ်အပြင်ဘက်ရှိ မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်သည်။ ဤနေရာသို့ လာရာ လမ်းတွင် ထန်ရှုက ယိုကျုံးကို လမ်းခွဲရန် ပြောခဲ့သည်၊ သူက ဤကောင်ကို မယုံကြည်ပေ။
သူတို့နှစ်ယောက်က လမ်းမကြီးတစ်လျှောက် လှည့်ပတ်လျှောက်သွားနေခဲ့သည်။ သူတို့မျက်ရှိရှေ့ရှိ ရှေးဟောင်းမြို့၏မြင်ကွင်းကို ကြည့်လိုက်ချိန်တွင် အတိတ်ကို သတိရသော အကြည့်တစ်ခုက သူတို့၏မျက်လုံးများထဲတွင် ပြည့်နှက်သွား၏။ သို့သော် ကမ္ဘာကြီးနှင့် ယှဉ်လျင် သူတို့က ဤနေရာကို အိမ်အဖြစ် ပိုခံစားမိသည်။
“ဒါက ကောင်းကင်စပျစ်နွယ်စံအိမ်ပဲ”ထန်ရှုက မီတာတစ်ရာရှည်သောအဆောက်အဉီးတစ်ခုကို လက်ညှိုးထိုးကာ ပြုံးလျက် ပြောလိုက်သည် “အင်မော်တယ်ကမ္ဘာတစ်ခုလုံးက ကုန်သည်အဖွဲ့အစည်းတွေထဲမှာ ဒီကောင်းကင်စပျစ်နွယ်စံအိမ်က အဆင့်အနည်းငယ်ရှိတယ်။ ငါတို့က သူတို့ကို အော်ရစ်ရင်းမြစ်ရဲ့တန်ဖိုးကို ဈေးပိုနိမ့်ပြီး ပေးရမယ်ဆိုပေမယ့် တစ်ခုစီအတွက် အင်မော်တယ်ပုံဆောင်ခဲနှစ်သိန်းရမှာတော့ သေချာတယ်”
“လက်ရှိအချိန်မှာ ငါတို့က အင်မော်တယ်ကျောက်တုံးနဲ့ပုံဆောင်ခဲတွေ အများကြီး လိုအပ်နေတယ်”ကူးယန်အာက ခေါင်းညိတ်လိုက်သည် “ဒါနဲ့ ဘယ်လိုရောင်းချဖို့ အစီအစဉ်ရှိလဲ၊ ဆရာသခင်”
ခဏစဉ်းစားပြီးနောက် ထန်ရှုက ဖြေလိုက်သည် “ငါတို့တွေ လေးခုရောင်းမယ်၊ ကျန်တာကို ငါတို့လူတွေအတွက် ပြန်ယူသွားရမယ်။ တကယ်တော့ အဲဒါက ငါတို့အင်ပါယာက လူတွေ အများဆုံး လိုအပ်တဲ့ ရတနာတစ်ခုပဲလေ”
ကူးယန်အာက ခဏတွေးကာ ပြောလိုက်သည် “နေရာလပ်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုဖို့အတွက် အင်မော်တယ်ပုံဆောင်ခဲဒါမှမဟုတ်အင်မော်တယ်ကျောက်တုံးတွေ ဘယ်လောက်ထိ လိုအပ်လဲ”
“အရိုးသားဆုံးပြောရရင် အတိတ်မှာတုန်းက ငါ့ရဲ့အဆင့်အတန်းကြောင့် တစ်ယောက်မှ ငါ့ဆီ မတောင်းရဲတဲ့အတွက် ငါ အတိအကျမသိဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ဒါပေမယ့် ငါတို့မှာ လူအများကြီးရှိတယ်၊ ဒါကြောင့် အင်မော်တယ်ကျောက်တုံးဒါမှမဟုတ်အင်မော်တယ်ပုံဆောင်ခဲတွေ အများကြီး ပြင်ဆင်ထားရမယ်”
“ဒါဆို လေးခုရောင်းတာက အဓိပ္ပါယ်ရှိပါတယ်”ကူးယန်အာက ပြော၏ “ဒီကောင်းကင်စပျစ်နွယ်စံအိမ်က ယုံကြည်စိတ်ချရဖို့ မျှော်လင့်တယ်၊ မဟုတ်လို့ကတော့ ဒီဂိုဏ်းခွဲကို ဖျက်ဆီးပစ်ရလိမ့်မယ်”
“အာ၊ ငါတို့ လုပ်နိုင်တာကိုပဲ လုပ်ရမယ်”ထန်ရှုက ရယ်လိုက်သည် “တကယ်တော့ အင်မော်တယ်ကမ္ဘာမှာ ဒီလိုနေရာမျိုးမှာ ဂိုဏ်းခွဲတစ်ခုကို ထိန်းထားနိုင်တဲ့သူက အနည်းဆုံး ရွှေအင်မော်တယ်အဆင့်ရှိတယ်”
ခဏကြာပြီးနောက် ထန်ရှုနှင့်ကူးယန်အာတို့က ကောင်းကင်စပျစ်နွယ်စံအိမ်ရုံးခန်းထဲတွင် ထွက်ပေါ်လာ၏။ အဖြူရောင်ဝတ်ရုံနှင့် လှပသောအရောင်းသမလေးတစ်ယောက်က သူတို့ကို ကြိုဆိုခဲ့ပြီး ထန်ရှုက တိုက်ရိုက်ပြောလိုက်၏ “ဒီနေရာက မင်းရဲ့အထက်လူကြီးကို ခေါ်လိုက်ပါ။ သူ့အတွက် ငါ့မှာ ကြီးမားတဲ့အရောင်းအဝယ်တစ်ခုရှိတယ်လို့ သူ့ကို ပြောလိုက်”
အရောင်းသမလေးက မှင်တက်သွားပြီး ထန်ရှုနှင့်ကူးယန်အာတို့ကို သေချာလေ့လာလိုက်သည်။ ဤစုံတွဲက အတော်လေးထူးခြားသည်ကို ခံစားမိကာ သူမက ရိုသေလေးစားစွာ ပြောလိုက်၏ “ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်လာပါ။ ရှင်တို့ကို ဆဌမအထပ်မှာရှိတဲ့VIPခန်းကို ခေါ်သွားပေးပါ့မယ်။ ပြီးရင် စံအိမ်မန်နေဂျာကို ချက်ချင်း အကြောင်းကြားမှာပါ”
“ဒါဆို လမ်းပြပါ”
ထန်ရှုနှင့်ကူးယန်အာတို့က သူမနောက်မှ လိုက်ကာ ဆဌမထပ်ရှိVIPခန်းထဲသို့ ရောက်ရှိလာသည်။ ကူရှင်ပေါ်တွင် ထိုင်ပြီးနောက် လက်ဖက်ရည်ဖြင့် ဧည့်ခံခဲ့ကြပြီး ကျောင်းတော်သားအရှိန်အဝါကို ပေးစွမ်းသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အခန်းထဲသို့ ပြုံးလျက် ဝင်လာသည်။ သူက ထန်ရှုနှင့်ကူးယန်အာတို့ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ချက်ချင်းပြောလိုက်၏ “ကြိုဆိုပါတယ်၊ ရောင်းရင်းအင်မော်တယ်နှစ်ယောက်။ သင်တို့နှစ်ယောက်က အရောင်းအဝယ်ကြီးတစ်ခု ပြုလုပ်စရာရှိတယ်လို့ ငါ ကြားတယ်။ အာ၊ ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့နေတာပဲ။ ဒီတစ်ယောက်ကတော့ ဝံပုလွေတူအင်မော်တယ်ပိုင်နက်မှာရှိတဲ့ ကောင်းကင်စပျစ်နွယ်စံအိမ်ရဲ့မန်နေဂျာမာလန့်ပါပဲ”
လှပသောအရောင်းသမလေးက ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် ထန်ရှုက လက်မြှောက်ကာ သူ့သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းတစ်လုံးကို ယူထုတ်လျက် ပြောလိုက်သည် “ဒါက အော်ရစ်ရင်းမြစ်တစ်ခုပဲ၊ ဒီအတွက် မျှတတဲ့ဈေးနှုန်းတစ်ခုပြေပါ။ ဈေးက မျှတတယ်ဆိုရင် ကျုပ်တို့က အရောင်းအဝယ်ပြုလုပ်နိုင်တယ်။ ဈေးနှုန်းက ကျုပ် လက်မခံနိုင်တာမျိုးဆိုရင်တော့ ရောင်းချဖို့ အခြားနေရာကို ကျုပ်တို့တွေ ထွက်သွားမယ်”
အော်ရစ်ရင်းမြစ်လား။
မာလန်က ခဏမှင်တက်သွားပြီးနောက် အံ့အားသင့်သွားပြန်သည်။ သူက ကျောက်စိမ်းပုလင်းကို ဖွင့်ကာ ပစ္စည်းကို လေ့လာပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည် “ဒါက အပြည့်အဝဖွံ့ဖြိုးနေတဲ့အော်ရစ်ရင်းမြစ်တစ်ခုပဲ၊ ဒါက ဈေးကွက်ထဲမှာ ထွက်ပေါ်လာရင် အင်မော်တယ်တွေကြားမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုတာ ကျုပ် သေချာတယ်။ ဒီအတွက် ကျုပ်က ဈေးနှုန်းအစစ်အမှန်ကို ပေးမှာပါ။ အင်မော်တယ်ပုံဆောင်ခဲနှစ်သိန်းလေးသောင်းဆိုရင် ဘယ်လိုလဲ။ ရောင်းရင်းအင်မော်တယ်က ဒါကို ရောင်းချဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီတစ်ယောက်က အင်မော်တယ်ပုံဆောင်ခဲတွေကို ချက်ချင်း ပေးလိုက်မှာပါ။ ကျုပ်ရဲ့ကမ်းလှမ်းမှုက လက်မခံနိုင်ဘူးဆိုရင်တော့ ရောင်းရင်းအင်မော်တယ်အနေနဲ့ အခြားနေရာမှာ သွားရောင်းနိုင်ပါတယ်”
အင်မော်တယ်ပုံဆောင်ခဲနှစ်သိန်းလေးသောင်းလား။
တန်ဖိုးက ထန်ရှုအတွက် လက်ခံနိုင်သေးသည်၊ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်၏ “ဒါက မျှတတဲ့တန်ဖိုးတစ်ခုပဲ၊ ဒါကြောင့် ကျုပ် လက်ခံတယ်။ ဒီနေရာက ခင်ဗျားရဲ့ကောင်းကင်စပျစ်နွယ်စံအိမ်ခွဲက ထပ်လိုချင်သေးလားဆိုတာ ကျုပ် သိချင်တယ်”
မာလန်က အံ့အားသင့်သွားသည် “ရောင်းရင်းအင်မော်တယ်မှာ အော်ရစ်ရင်းမြစ်တွေ နောက်ထပ်ရှိသေးတာလား”
“ဟုတ်တယ်”ထန်ရှုက ပြော၏။
မာလန်က ထန်ရှုနှင့်ကူးယန်အာတို့ကို ပြန်အကဲခတ်လိုက်သည်။ ထို့နောက် သူက အလေးအနက်ထားလျက် ပြော၏ “ရောင်းရင်းအင်မော်တယ်မှာ အော်ရစ်ရင်းမြစ်ဆယ်ခုကျော် ရှိရင် လောလောဆယ်မှာ အရောင်းအဝယ်လုပ်ဖို့က ဒီဂိုဏ်းခွဲအတွက် မဖြစ်နိုင်ဘူး၊ ပြီးတော့ နောက်ထပ်အချိန်ဆယ်ရက်ရမလားဆိုတာ ကျုပ် သိချင်တယ်။ နောက်ဆယ်ရက်ကျရင် အော်ရစ်ရင်းမြစ် ဘယ်လောက်ပဲ များများ ကျုပ်တို့က ဝယ်ယူနိုင်ပါတယ်”
ထန်ရှု၏မျက်လုံးများက တောက်ပသွားကာ သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ကျုပ်တို့မှာ လေးခုပဲ ရှိတယ်၊ ဒါကိုရဖို့ ကျုပ်တို့တွေ အတော်လေးကြိုးစားခဲ့ရတယ်။ ဒါပေမယ့် ဈေးနှုန်းကို ကျုပ် နည်းနည်းထပ်ထည့်ချင်တယ်။ အော်ရစ်ရင်းမြစ်လေးခုအတွက် အင်မော်တယ်ပုံဆောင်ခဲတစ်သန်း။ ဒါကို ခင်ဗျား လက်ခံမယ်ဆိုရင် ကျုပ်တို့တွေ အရောင်းအဝယ်ဖြစ်ပြီ”
မာလန်က တစ်ချက်စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ဖြစ်ပါတယ်”
ထန်ရှုက ကျန်ရှိသောအော်ရစ်ရင်းမြစ်သုံးခုကို သူ့ထံ ပေးလိုက်သည်။ နာရီဝက်ခန့်စောင့်ပြီးနောက် ထိုလူက သူ့ကို သိုလှောင်လက်စွပ်တစ်ကွင်းပေးကာ ပြော၏ “ဒီလက်စွပ်မှာ အင်မော်တယ်ပုံဆောင်ခဲတစ်သန်းရှိတယ်။ ရောင်းရင်းအင်မော်တယ်မှာ အော်ရစ်ရင်းမြစ်တွေဒါမှမဟုတ်အခြားပစ္စည်းကောင်းတွေ ရှိလာတဲ့အခါကျရင် ကျုပ်တို့ကို အရင်ဆုံး စဉ်းစားပါ။ ကောင်းကင်စပျစ်နွယ်စံအိမ်က အမြဲတမ်း မျှတဲ့တန်ဖိုးကိုပဲ ပေးပါတယ်”
“ကျေးဇူးပြုပြီး ဒါနဲ့ ပတ်သက်ပြီး စိတ်ချပါ။ ကျုပ်က ခင်ဗျားတို့ကောင်းကင်စပျစ်နွယ်စံအိမ်နဲ့ အရောင်းအဝယ်မရေမတွက်နိုင်လောက်အောင် လုပ်ဖူးတယ်၊ အခေါက်တိုင်း အဆင်ပြေခဲ့ပါတယ်”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “ဟုတ်ပြီလေ၊ ကျုပ်တို့ရဲ့ကိစ္စပြီးပြီဆိုတော့ ထွက်သွားတော့မယ်။ အနာဂတ်မှာ အခြားစီးပွားရေးအခွင့်အရေးတွေ ထွက်ပေါ်လာရင် ကျုပ်က ခင်ဗျားကို လာရှာမှာပါ”
“ကောင်းပါပြီ။ ကျေးဇူးပြုပြီး ကျုပ် လိုက်ပို့ပါရစေ”
မာလန်က ထန်ရှုနှင့်ကူးယန်အာတို့ကို အပြင်ဘက်သို့ လိုက်ပို့၏။ ထန်ရှုတို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း သူ့မျက်လုံးများက တောက်ပနေလျက်ရှိသည်။ ဤအချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က သူ့ဘေးနားတွင် တိတ်တဆိတ် ထွက်ပေါ်လာပြီး မာလန်က မေးလိုက်၏ “သူတို့ရဲ့ခွန်အားကို မင်း မြင်လိုက်လား”
“အဲဒီလူငယ်ကတော့ ကပ်ဘေးဖြတ်ကျော်ကာစအရှိန်အဝါကို ပေးတယ်။ သူ့ဘေးနားက အမျိုးသမီးရဲ့ကျင့်ကြံခြင်းအဆင့်ကိုတော့ ငါ တကယ် မခန့်မှန်းနိုင်ဘူး၊ ဒါပေမယ့် သူမရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက် အများကြီးပိုမြင့်မယ်ဆိုတာတော့ သေချာတယ်”
“တစ်ကြိမ်တည်းနဲ့ အော်ရစ်ရင်းမြစ်လေးခုကို ရောင်းချနိုင်တဲ့သူတွေက သာမန်လူတွေ မဟုတ်ဘူး”မာလန်က ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါပေမယ့် ဒီပစ္စည်းလေးခုကို ဝယ်ပြီး အင်မော်တယ်ပုံဆောင်ခဲသိန်းချီရတာကတော့ ငါတို့အတွက် ကြီးမားတဲ့ကိစ္စတစ်ခုပဲ”
“ဒါဆို သူတို့ရဲ့အဆင့်အတန်းကို စုံစမ်းဖို့ လူအချို့ လွှတ်လိုက်ရမလား”သက်လတ်ပိုင်းအရွယ်အမျိုးသမီးက မေးသည်။
“မလိုဘူး”မာလန်က ခေါင်းခါယမ်းလိုက်သည် “ဒီလိုဖောက်သည်ကြီးတစ်ယောက်ကို စုံစမ်းစရာမလိုဘူး။ ဒီလိုလုပ်တာက ပြဿနာတွေ ဖန်တီးလိမ့်မယ်၊ သူတို့က ငါတို့ရဲ့စံအိမ်ကိုလဲ နားလည်မှုလွဲသွားလိမ့်မယ်။ ဒါနဲ့ အော်ရစ်ရင်းမြစ်တစ်ခုကို နှစ်သိန်းငါးသောင်းနဲ့ မင်း ဝယ်လိုက်ပါ။ လက်ရှိအချိန်မှာ မင်းရဲ့သမီးက အဲဒါကို လိုအပ်လောက်တယ်”
သက်လတ်ပိုင်းအမျိုးသမီးက ဝမ်းသာသွားကာ ငြင်သာစွာ ခေါင်းညိတ်လိုက်သည်။
****
မြို့ထဲတွင် ထန်ရှုနှင့်ကူးယန်အာတို့က ကျင့်ကြံခြင်းအရင်းအမြစ်များစွာကို စတင်ဝယ်ယူခဲ့သည်။ အင်မော်တယ်ပုံဆောင်ခဲနှစ်သိန်းကို အသုံးပြုပြီးနောက် သူတို့က ပျော်ရွှင်စွာ ထွက်ခွာလာခဲ့သည်။
သို့သော် သူတို့၏လက်ဖွာမှုက လူအချို့၏အာရုံကို ဆွဲဆောင်ခဲ့သည်။ သူတို့က မြို့မှ ထွက်လာချိန်တွင် လူဆယ်ယောက်လောက်က သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
“ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ၊ ဆရာသခင်”ထန်ရှု၏လက်ကို ကိုင်ရင်း ကူးယန်အာက မေးလိုက်သည်။
“သူတို့ကို ဖယ်ထုတ်ကြရအောင်”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
ပြုံးကာ တုံ့ပြန်လျက် ကူးယန်အာက ထန်ရှုနှင့်အတူ လေထဲသို့ ပျံတက်သွားပြီး ဆယ်စက္ကန့်အတွင်း လိုက်လာသူများ၏မြင်ကွင်းမှ ပျောက်ကွယ်သွား၏။
ဤအင်မော်တယ်ပိုင်နက်ကလည်း ဧရိယာအလွန်ကြီးမားသည်။ အမှောင်မြောက်အင်မော်တယ်ဆီက လက်ခံရရှိထားသော ကိုဩဒိနိတ်အရ တောင်တစ်လုံး၏အနက်ပိုင်း၊ အကြမ်းဖြင်းအားဖြင့် ကီလိုမီတာငါးသိန်းအကွာတွင် တည်ရှိသော လက်နက်ဂိုဏ်းကို ထန်ရှုက အလွယ်တကူ ရှာတွေ့လိုက်သည်။
တိမ်များအထက်တွင်…
ထန်ရှုနှင့်ကူးယန်အာတို့က အောက်ဘက်ရှိ တောင်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏ “အရင်က ဒီနေရာကို ငါ ရောက်ဖူးတယ်၊ ဒါပေမယ့် အဲဒါက ကြာပြီးဆိုတော့ ငါ့ရဲ့မှတ်ဉာဏ်က နည်းနည်းမှုန်ဝါးဝါးဖြစ်နေပြီ။ ဒါပေမယ့် အရင်က ဒီဂိုဏ်းက ဘာစိတ်ဝိညာဉ်မြူမှမရှိတဲ့တောင်တန်းတစ်ခုမှာ ရှိတယ်ဆိုတာတော့ ငါ မှတ်မိသေးတယ်။ ဒီလိုကြီးမားတဲ့စိတ်ဝိညာဉ်အစီအရင်တစ်ခုကို တည်ဆောက်ဖို့အတွက် ဒီဂိုဏ်းက အစီအရင်မဟာဆရာသခင်တစ်ယောက်ကို အများကြီးပေးပြီး ငှားခဲ့ပုံရတယ်”
ကူးယန်အာက ပြုံးကာ ပြောလိုက်သည် “ငါတို့ကို တွေ့သွားပြီ၊ ဆရာသခင်”
ပုံရိပ်အချို့က ကောင်းကင်သို့ ပျံတက်လာနေသည်ကို မြင်ပြီး ထန်ရှုက ပြုံးကာ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ဒီမဟာထန်ကောင်းကင်အင်ပါယာက ချိန်းဆိုချက်အတိုင်း ရောက်လာပါတယ်။ ကျေးဇူးပြုပြီး မင်းတို့ရဲ့ဂိုဏ်းချုပ်အမှောင်မြောက်အင်မော်တယ်နဲ့ တွေ့ဖို့ ငါ့ကို လမ်းပြပေးပါ”
ခေါင်းဆောင်ဖြစ်သည့်ဆံနီသက်လတ်ပိုင်းလူက ထန်ရှုနှင့်ကူးယန်အာတို့ကို ခဏလေ့လာပြီးနောက် လက်သီးဆုပ်လျက် ပြောလိုက်သည် “မဟာထန်ရောင်းရင်းအင်မော်တယ်ကို စောင့်နေဖို့ ဂိုဏ်းချုပ်ရဲ့အမိန့်ကို ငါတို့ ရထားပြီးသားပါ။ ကျေးဇူးပြုပြီး ငါ့နောက်လိုက်လာပါ”
“ကောင်းပါပြီ…”
ခဏကြာပြီးနောက် ဆံနီလူက ထန်ရှုနှင့်ကူးယန်အာတို့ကို လက်နက်ဂိုဏ်းသို့ ခေါ်လာခဲ့သည်။ သူတို့က အတွင်းထဲသို့ ဝင်လာသောအခါ ပန်းပဲဖိုများကို နေရာတိုင်းတွင် မြင်တွေ့ရ၏။
“ဟားဟားဟား…”
ကျယ်လောင်သောရယ်သံတစ်ခုက အဝေးမှ ထွက်ပေါ်လာပြီး အမှောင်မြောက်အင်မော်တယ်က သူ့ဂိုဏ်းရှိ အခြားအဆင့်မြင့်အဖွဲ့ဝင်များနှင့်အတူ ထန်ရှုနှင့်ကူးယန်အာတို့ အရှေ့သို့ ရောက်ရှိလာသည်။
“မဟာထန်အင်မော်တယ်မိတ်ဆွေက တကယ်ကို အချိန်မှန်တာပဲ။ နှစ်ဝက်ချိန်းဆိုချက်တောင် မပြည့်သေးခင် မင်းက ရောက်လာခဲ့တယ်”
“ငါတို့က လုံလောက်တဲ့အင်မော်တယ်ပုံဆောင်ခဲတွေကို ရသွားပြီလေ၊ ဒါကြောင့် အချိန်ဘယ်ဖြုန်းနေတော့မလဲ”ထန်ရှုက ပြုံးကာ ပြန်ဖြေသည် “ဒါနဲ့ မင်းကို ငါ အပ်ထားတဲ့စီမံကိန်းကရော ဘယ်လိုလဲ၊ အမှောင်မြောက်အင်မော်တယ်”
“ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး”အမှောင်မြောက်အင်မော်တယ်က အံကြိတ်ကာ ပြောသည် “အနီးနားက ဧရိယာကီလိုမီတာသိန်းချီက ပန်းပဲကျွမ်းကျင်သူတွေအားလုံးကို ငါတို့ ဖိတ်ခေါ်ခဲ့တယ်၊ သူတို့အားလုံးက နေ့ရောညရော အလုပ်လုပ်နေပြီ။ မင်းရဲ့အမှာကို အများဆုံးဆယ်လအတွင်း ပြီးမြောက်နိုင်မယ်လို့ ငါတို့ ခန့်မှန်းထားတယ်။ ဒါပေမယ့် ငါတို့က ပန်းပဲကျွမ်းကျင်သူများစွာကို ဖိတ်ခေါ်ခဲ့အတွက် သုံးစွဲမှုနှုန်းကလဲ အရမ်းမြန်တယ်။ ငါ…”
ထန်ရှုက ကြိုတင်ပြင်ဆင်ထားသည့်အင်မော်တယ်ပုံဆောင်ခဲနှစ်သိန်းပါရှိသောသိုလှောင်လက်စွပ်ကို ယူထုတ်လိုက်သည်။ ထို့နောက် သူက အမှောင်မြောက်အင်မော်တယ်ထံ ကမ်းပေးကာ ပြောလိုက်၏ “ဒါကို စစ်ဆေးလိုက်ပါ။ အရေအတွက် မှန်တယ်ဆိုရင် ငါတို့က အခြားနေရာတစ်ခုကို သွားစရာရှိတဲ့အတွက် ထွက်သွားတော့မယ်”
Volume 14