← Chapters

မဟာသူတော်စင်အမျိုးသမီး

Vol. 51 Ch. 4.271

မဟာသူတော်စင်အမျိုးသမီး

Vol. 51 Ch. 4.271

သတင်း တစ်ပုဒ်သည် မြက်ခင်းပြင်က မီးပွားတွေလိုပဲ တခဏချင်း ပျံ့နှံ့သွားတော့သည်။ လူတွေက လူစုခွဲပြီး သတင်း ဖြန့်ကြရာ တစ်ရက်မပြည့်ခင်မှာပဲ ပျောက်ကွယ်သွားခဲ့တဲ့ ချင်းလုံအရှင် ပြန်ရောက်လာတဲ့ အကြောင်း လူတိုင်းနီးပါး သိသွားကြသည်။

မင်ယွဲ့ဧကရာဇ် အင်ပါယာရှိ ဖန်းမိသားစုမှ လူအများအပြားသည် သူတော်စင်တစ်ပိုင်း ကမ္ဘာရှိ ချောက်ကမ်းပါး တစ်ခုပေါ်တွင် စုဝေး​နေကြသည်။ ၎င်းတို့၏ လက်အောက်ငယ်သားများထံမှ သတင်းကို ကြားလိုက်ရာ ၎င်းတို့အားလုံး၏ မျက်နှာများမှာ မည်းမှောင်သွားပြီး လူသတ်ချင်တဲ့ အငွေ့အသက်များကို ထုတ်လွှတ်လိုက်ကြသည်။

"သေချာတယ်... လုံးဝ မမှားနိုင်ဘူး မြေပုံကို ညီမလေး ခိုးသွားတာဖြစ်မယ်"

"သေခြင်းတရားကို သွားရှာနေတာလေ... ကောင်းကင်ရဲ့ အထက်မှာ ကောင်းကင်ရှိတယ် လူတွေရဲ့အထက်မှာလည်း လူတွေရှိတယ် ဟမ့် မြေပုံတောင် ပျောက်သွားပြီ ဆိုမှတော့ သေတာတောင်နည်းသေးတယ်"

"ဒါဆို သူ ရွှမ်ခုန်းတောင်ကို သွားတာလား? သူ ဘယ်လိုလုပ် ဒီလောက် မြန်မြန်ကြီး ပြန်ရောက်လာတာလဲ?"

"ဟမ့် သူဘာလို့ မြန်မြန် ပြန်လာတာလဲ ဆိုတာကို သွားဂရုစိုက်မနေနဲ့ သူသေကို သေရမယ်"

…

လုရွှမ်လည်း သူသိပ်ကံမကောင်းကြောင်း တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ နဂါးအရွတ်ကို လုယူပြီးနောက် လှိုဏ်ဂူတစ်ခုကို ရှာကာ သူ့ခန္ဓာကိုယ်အတွင်း နဂါးအရွတ်ကို သန့်စင်ရန် ပြင်ဆင်ခဲ့သည်။ ဒါပေမဲ့ ဒီဂူထဲမှာ သားရဲတစ်ကောင် ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ။

သားရဲကောင်ကြီးရဲ့ စွမ်းအားက အလွန်အားကောင်းပြီး အထူးတလည် ကြောက်စရာ ကောင်းနေတာက ထိုသားရဲကြီးမှာ လေထုထဲတွင် နေရာပြောင်းသွားနိုင်ခြင်းပဲ ဖြစ်သည်။ ကြည့်ရသလောက် သားရဲသည် ပြင်ပကမ္ဘာမှ ပြေးဝင်လာသော ဘီလူးတစ်ကောင် ဖြစ်နိုင်၏။

လူတစ်​​ယောက်​နှင့်​ သားရဲတစ်​​ကောင်​သည်​ တစ်​​နေ့​လောက်​ ရန်​ဖြစ်​​နေကြသည်​။ လုရွှမ် ထွက်​မ​ပြေးနိုင်​သလို ပုန်း​အောင်​လို့လည်း မရချေ။ တိုက်​ချင်​​သောအခါတွင်​ သားရဲက နေရာပြောင်း အစီအရင်ကို သုံးသွားကာ သူ့အသက်​ရှူသံကို ဖုံးကွယ်​နိုင်​စွမ်းက ပိုလို့ပင်​ အစွမ်းထက်​သည်​။

၎င်းမှာ မတုန်လှုပ်နိုင်သော ​ခွေး​ကောင်​​လေးလိုပင်​ ဘယ်လောက်ပဲ ခက်ခက်ခဲခဲ တိုက်ခိုက်ပါစေ လုရွှမ် မလွတ်မြောက်နိုင်ချေ။

အကယ်၍ သူ့မျက်လုံးများသည် ကောင်းကင်မီးတောက်များနှင့် ရောထွေးနေပြီး သဲလွန်စ ရောင်ဝါတချို့ကို ယောင်ဝါးဝါး မြင်နိုင်ခြင်းကြောင့် မဟုတ်ပါက သူသည် ဤဘီလူးအတွက် အမှန်တကယ် လိုက်ဖက်သည်​ ပြိုင်ဘက် မဟုတ်နိုင်​တော့ပေ။

၎င်း၏အရေပြားက ထူပြီး အသားကလည်း ထူတာမို့ သတ်ဖို့နေနေသာသာ ရိုက်ရင်တောင် ထိခိုက်မှာ မဟုတ်ချေ။

"မင်းဘာတွေ တွေးနေတာလဲ!!"

လုရွှမ် အော်လိုက်သည်။ ကမ္ဘာ့အပြင်ဘက်က သားရဲကောင်တွေကို သူတကယ် လျှော့တွက်မိပြီမှန်း သိလိုက်၏။

ဝိညာဉ်အတွေးတစ်ခု ရောက်လာပြီး ထိုသကောင့်သားက သူ့လက်ထဲက နဂါးအရွတ်ကို အမှန်တကယ် လိုချင်နေကြောင်း သိလိုက်ရတော့သည်။

"မဖြစ်နိုင်ဘူး!"

ဟောက်သံနှင့်အတူ သားရဲသည် ထပ်မံတိုက်ခိုက်ပြန်သည်။

"ဟေး.... ဒါက ပျက်ပြယ်သားရဲ မဟုတ်ဘူးလား? ဟူး... ဦးနှောက်မရှိ ယုတ်ညံ့တဲ့ ပျက်ပြယ်သားရဲ ဖြစ်နေတာ သနားစရာပဲ"

အချိန်အတော်ကြာ ပျောက်ကွယ် သွားခဲ့သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတဲ့အခါ လုရွှမ် အလွန် ဝမ်းသာသွားသည်။ ရွှေကျီးကန်းတို့ နောက်ဆုံး နိုးလာပြီ။

"သခင်ကျီးရေ.... ဒီကောင်ကို ငါဘယ်လို သတ်ရမလဲ.... ငါ သူ့ကို ပြာဖြစ်သွားတာတဲ့အထိ နှိပ်စက်ချင်နေပြီ"

လုရွှမ် အရမ်းဒေါသ ထွက်လာတာကြောင့် အော်ဟစ်လိုက်သည်။ ဒီအကောင်ကြီးက သူ့ကို တကယ် ဒေါသထွက်စေတဲ့ သားရဲတစ်ကောင်ပင်။ သခင်ကျီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကျောက်စိမ်းပြားထဲမှ ပြေးထွက်လာသည်။

"စိတ်မပူပါနဲ့... ဒီကိစ္စကို ငါ့လက်ထဲသာ အပ်လိုက်"

ကျီးကန်းက ပြော​လေသည်။

လုရွှမ် မျက်လုံးများ တစ်ခဏအတွင်း လင်းထိန်သွားသည်။ ယခုအချိန်တွင် ရွှေကျီးကန်းသည် ရွှေရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး ယခင်ကထက် များစွာပို၍ လှပနေသည်။

သို့သော် အနီးကပ် ကြည့်ရှုပြီးနောက် ဤရွှေကျီးကန်းသည် အပြင်ဘက်တွင်သာ တောက်ပြောင်သော အမွေးများဖြင့် ဖုံးအုပ်ထားကာ ကျန်နေရာ အားလုံးကတော့ အနက်ရောင် ဖြစ်နေတုန်းမို့ ၎င်းမှာ အခုထိ ကျီးမည်း ဖြစ်နေဆဲပင်။

"မင်း အခု ငါပိုလှတယ်လို့ မခံစားရဘူးလား?"

ရွှေကျီးကန်းသည် ၎င်း၏အလှကို ဂုဏ်ယူစွာဖြင့် ထုတ်ပြရန် အတောင်ပံများ တဖျပ်ဖျပ် ခတ်ပြလိုက်သည်။

"အရမ်းလှတယ်.... ဒီမိုက်မဲတဲ့ အကောင်ကိုပဲ အရင် သတ်လိုက်ရအောင် ဟုတ်ပြီလား"

ရွှေကျီးကန်း၏ ခန္ဓာကိုယ်မှ မီးဘောလုံး တစ်လုံးသည် ရုတ်တရက် ပေါက်ကွဲထွက်သွားကာ အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။ လေထုထဲကနေ ရုတ်တရက် ပြန်ထွက်ပေါ်လာတဲ့ ပျက်ပြယ်သားရဲ၏ ခန္ဓာကိုယ်တွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်သွားကာ ရွှေကျီးကန်းဆီက တိုက်ရိုက် ထိုးဖောက်ခြင်း ခံလိုက်ရတော့သည်။

"အိုး.. ဒီကောင် ဒီလောက် မြင့်မားတဲ့ ကျင့်ကြံမှုမျိုး ရှိနေမယ်လို့ မမျှော်လင့်ထားဘူး... ငါ တွက်တာ မှားသွားတယ် ငါ တွက်တာ မှားသွားတယ်"

ရွှေကျီးကန်းက အော်ပြီး ကျောက်စိမ်းပြားထဲ အမြန် ပြန်ပြေးဝင်သွားသည်။ လုရွှမ် ရယ်မောချင်စိတ်ကို မျိုသိပ်ထားလိုက်သည်။ ရွှေကျီးကန်း နောက်ဘက်ရှိ ရွှေရောင်အမွေး ပျောက်သွားရင်တော့ တော်တော်လေး ကြည့်ရဆိုးနေမှာကိုတော့ ထုတ်မပြောနိုင်ခဲ့ပေ။

"အိုး စကားမစပ်.... ​ပျက်ပြယ်သားရဲရဲ့ အသားက အရသာ အရှိဆုံးပဲ... ငါတို့ကို တစ်​ခြမ်းပေးဖို့ မမေ့နဲ့နော်"

လုရွှမ်သည် ရွှေကျီးကန်းက အရက်အတွက်သာ လောဘကြီးပြီး ယေဘုယျအားဖြင့် အသားမစားကြောင်း သိသည်။ သူအခု လုံးဝအရသာရှိသော ဒီသားရဲရဲ့ အသားကို အထူးမှာ ယူခဲ့သည်။ ပျက်ပြယ်သားရဲကို အလျင်အမြန် လှီးဖြတ်ပြီးနောက် ခရမ်းရောင် မီးတောက်ဖြင့် ကင်ထားလိုက်သည်။

မွှေးပျံ့သော ရနံ့တစ်ခု ပျံ့နှံ့သွားပြီး လုရွှမ် အံ့သြစွယ ရှူရှိုက်လိုက်မိသည်။ ဤအနံ့သည် သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်း ဟိန်းဟောက်နေသကဲ့သို့ သူ့နှလုံးသားနှင့် ဝိညာဉ်ကို လှုပ်ခါလုမတတ် နှိုးဆော်သွားနိုင်သည်။

ဘယ်လိုဖြစ်လို့ ဒီလောက်မွေးနေတာလဲ!

မကျက်ခင်မှာပဲ လုရွှမ် အသားတစ်ပိုင်းကို ဆွဲထုတ်ပြီး ပါးစပ်ထဲမှာ ဝါးစားလိုက်သည်။ အသားက အနံ့ပြင်းပြင်းနဲ့ အရသာ အပြည့်ရှိသည်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့ စွမ်းအားကို ခံစားလိုက်ရတဲ့အခါ သူ့စိတ်ဝိညာဥ်ကပါ ကြည်နူးမှုကို ခံစားလိုက်ရသည်။

“ဒီအသားက ကောင်းတယ်....တစ်ပိုင်းပေး အရည်အသွေးကောင်းတဲ့ သလင်းကျောက်တစ်လုံးကို ထုတ်ပေးမယ်”

အမျိုးသမီး တစ်ဦး၏ အသံသည် သူ့​အနောက်မှ ထွက်ပေါ်လာပြီး ဝိညာဉ်သလင်း ကျောက်တစ်လုံး ပြုတ်ကျလာသည်။

သူမက ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း နောက်ပြန်ကြည့်လိုက်တာနဲ့ မြင်လိုက်ရသော်လည်း ပို၍ဖမ်းစားနိုင်သည်မှာ သူမ၏ လွတ်လပ်မှုနှင့် သက်တောင့်သက်သာ ရှိမှုပင် ဖြစ်သည်။

သူမသည် ခြေတံရှည်ကြီးဖြင့် လုရွှမ်ဆီသို့ လျှောက်လာပြီးနောက် မိမိဘာသာ ထိုင်ချလိုက်သည်။ အသားတစ်ပိုင်းကို ထုတ်ကာ သူ၏ ကြီးကျယ် ခမ်းနားမှုကို ဟန်ဆောင်မှုမရှိဘဲ ဝါးစားလိုက်တော့သည်။

ချက်ချင်းဆိုသလို လူကို စိတ်သက်သာစေတဲ့ ခံစားချက်မျိုး ပေးစွမ်းလာ၏။

လုရွှမ် အသားကို ဆက်ကင်ပြီး တစ်ဝက်ကို ကျောက်စိမ်း​ပြားထဲသို့ ထည့်လိုက်ကာ ကျန်တစ်ဝက်ကိုတော့ ထိုအမျိုးသမီးအား ပေးလိုက်သည်။

"မင်းက လူကောင်းပဲ.... ငါအစက မင်းကိုအရင် သတ်ချင်ပေမယ့် အခုမင်း စကားပြောတာက ပျော့ပျော့လေးနဲ့ ဆိုတော့ မင်းကို လွှတ်​ပေးလိုက်မယ်.... မင်းသွားတော့ ဧကရာဇ်အင်ပါယာ ရှစ်ခုက မင်းကို အတူတူ သတ်ဖို့ မင်း သူတို့ကို တွန်းလှန်ချင်ရင်တော့ မင်းဘာသာ သေလမ်းရှာနေသလိုပဲ ဖြစ်မှာ.."

အမျိုးသမီးက ပြောပြီးတဲ့အခါ သူမရဲ့ရုပ်ရည်က လေထဲမှာပဲ ပျောက်သွား၏။ လုရွှမ်လည်း သူ့နဖူးက အေးစက်တဲ့ ချွေးတွေကို သုတ်လိုက်ပေ၏။

သူမက မဟာသူတော်စင်ပဲ!

သူတော်စင်များနှင့် ဆက်ဆံရာတွင် သူ့အတွက် သူတော်စင်နယ်ပယ် အဆင့်၉အထိ အဆင်ပြေနိုင်သည်။ ဤသူတော်စင်တစ်ပိုင်း ကမ္ဘာတွင် ကောင်းကင်၏ ဆင့်ကဲဖြစ်စဉ်သည် ပြီးပြည့်စုံခြင်း မရှိသော်လည်း လုရွှမ် အားထုတ်နိုင်သော ခွန်အားသည် အပြင်ဘက်ထက် အနည်းဆုံး သုံးဆ သာလွန်သည်။

သို့သော် မဟာသူ​တော်စင်ကို ဆန့်ကျင် တိုက်ခိုက်ခြင်းက အမှန်တကယ်ပင် သေခြင်းတရားကို တောင်းရမ်းခြင်းပင် ဖြစ်သည်။ ထူးဆန်းသော မီးတစ်ခု ရှိနေလျှင်ပင် သူဘယ်တော့မှ ခံနိုင်ရည်ရှိမည် မဟုတ်သလို လွတ်မြောက်နိုင်မှာလည်း မဟုတ်ပေ။

ဒီမိန်းမ တကယ် ထွက်သွားတာလား?သေချာပေါက် မဖြစ်နိုင်ဘူး!

လုရွှမ်ရဲ့ နှလုံးသားက တုန်လှုပ်သွားပြီး

"ဒီကအစ်မ.... သူတို့ကို ပြဿနာသွားရှာတာ ကျွန်တော်ဆိုတာ မှန်တယ်... ဒါပေမဲ့ သူတို့ကလည်း ကျွန်တော့်ကို ဒုက္ခလိုက်ပေးနေတာပဲ.. ကျွန်တော်မှာ သူငယ်ချင်းတွေ အများကြီး ကျန်သေးတယ်.... အဲဒီလူတွေက သူတို့ကို ဒုက္ခပေးဖို့ သွားရင် ဘယ်လိုလုပ်မလဲ? မလွတ်နိုင်ဘူးလေ... ကျွန်တော် သူတို့ ရန်သူလုပ်နိုင်တဲ့ အသေးအဖွဲ့ မဟုတ်ဘူး ဆိုတာကို သူတို့သိအောင် ပြောနိုင်ရင် သူတို့လည်း သဘာဝအတိုင်း နည်းနည်း သတိထားလိမ့်မယ်လို့ မထင်ဘူးလား?"

သူရင်ထဲမှာ ပိုလို့တောင် စိုးရိမ်မိလာသည်။ အခု သူတော်စင်တစ်ပိုင်း ကမ္ဘာက မဟာသူတော်စင်ကြီးတွေတောင် ဝင်လာနိုင်ပြီလား? ဤအမျိုးသမီးသည် သူတော်စင်တစ်ပိုင်း ကမ္ဘာ၌ မဟာသူတော်စင် အဆင့်ကို အမှန်တကယ်အောင်မြင်ခဲ့သူများ ဖြစ်နေမလား။

အရင်​အတိုင်းဆို လုရွှမ် စကားတစ်​ခွန်းမှ မ​ပြောဘဲ လှည့်​ထွက်​သွားပြီး တပည့် နှစ်​​ယောက်​ကိုပါ ​ခေါ်၍ ခပ်ဝေးဝေးကို ထွက်သွားလိုက်​မှာ ဖြစ်သည်​။

မျှော်လင့်ထားသည့် အတိုင်း လေထဲကနေ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး မင်းက တော်တော်ဉာဏ်ကောင်းတာပဲ.... မင်း ရွှမ်ခုန်းတောင်ကနေ ပြန်ရောက်လာပြီ ထင်တယ်.... ဟိုက အခြေအနေအကြောင်း ပြောပြလို့ရမလား?"

ဒီလူတွေ တကယ် သိနေတာပဲ!

သူတို့အားလုံးဟာ ထက်မြက်သူတွေ ဖြစ်ပြီး လုရွှမ်ဟာလည်း မိုက်မဲဟန်ဆောင်မှာ မဟုတ်ပေ။ သူက ဇာတ်လမ်းကို အကြိမ်ပေါင်းများစွာ ပြောပြခဲ့သည်။ ဒါပေါ့ သူ့ကိုယ်သူ ဖြတ်သွားဖြတ်လာ လူတစ်ယောက်ပါပဲလို့ မှတ်ယူကာ ပြန်လာခဲ့ကြောင်း ဆိုလိုက်သည်။

လုရွှမ်သည် သူ့လက်ကောက်ဝတ်ကို စိုက်ကြည့်နေသော အမျိုးသမီးကို အကြည့် တစ်ချက်ဖြင့် ဖမ်းလိုက်ပြီး နောက်ဆုံးတွင် သူမ၏ မျက်လုံးများသည် သိုလှောင်အိတ်ပေါ် ကျရောက်သွားသည်။

သူသည် သိုလှောင်အိတ်ကို တိုက်ရိုက် လွှဲပေးလိုက်သည်။ မဟာသူတော်စင် အမျိုးသမီးက ၎င်းကို စစ်ဆေးပြီး ပြန်ပစ်ချလိုက်သည်။

"ကောင်လေး မင်းဘယ်လို ခံစားရလဲ?"

မဟာသူတော်စင် အမျိုးသမီးကြီးသည် ဟန်ဆောင်မှု၊ ယဉ်ကျေးသိမ်မွေ့မှု မရှိသည့်အပြင် သူမ၏လှုပ်ရှားမှုများသည် ဖော်မပြနိုင်လောက်အောင် သဘာဝကျသည်။

လုရွှမ်က သက်ပြင်းချရင်း

"ကောင်းကင်ရဲ့ အထက်မှာ ကောင်းကင်ရှိသလို လူတွေရဲ့ အထက်မှာလည်း လူတွေရှိတာပဲ.... ဒီတစ်ကြိမ် အသက်ရှင်လျက် ပြန်လာရတာ ဂုဏ်ယူစရာ ကောင်းပါတယ်.... ကျွန်တော် ပြင်းပြင်းထန်ထန် လေ့ကျင့်သင့်တယ်လို့ ထင်တယ်... ဒီနေရာက သေးငယ်ပေမယ့် ပြင်ပကမ္ဘာကြီးက ကြီးလွန်းတယ်"

မဟာသူတော်စင် အမျိုးသမီးကြီးသည် ပြင်းထန်စွာ ရယ်မောရင်း

"အို နတ်သမီးအောင့်ယွဲ့ နဲ့ တခြားပါရမီရှင်တွေလို ကျော်ကြားတဲ့ ငါတို့ရဲ့မောင်လေး မဟာလုရွှမ်က ဒီလောက် နှိမ့်ချတတ်လိမ့်မယ်လို့ မထင်ထားမိဘူး"

သောက်ကျိုးနည်း! ဉာဏ်ကောင်းချက်ပဲ!

လုရွှမ် ရယ်ပြီး ငြင်းမနေတော့ချေ။

"ဒါပေမဲ့ ဘယ်လိုလုပ် ဒီကအစ်မလောက် တန်ခိုးကြီးနိုင်ပါ့မလဲ? အစ်မ....အစ်မရဲ့ နာမည်ကို မပြော​ပြချင်သေးဘူးလား?"

ဘာသာပြန် - နဂါးအရွတ်က ဘာမှန်း ညီမလည်း မသိပါဘူး။ တရုတ် google မှာ သွားရှာကြည့်တော့ နဂါးအရိုးထဲက ရိုးတွင်းခြင်ဆီလို့ ပြောတယ်။ ရှေးခေတ် မင်မင်းဆက်မှာ ဘုရင်တွေကို နဂါးအရွတ်ဆိုပြီး ဆက်သကြတဲ့ အစားအသောက်လည်း ရှိတယ်တဲ့။

All Chapters