ပြန်ပို့လိုက်ပြီ
Vol. 51 Ch. 4.272
မဟာသူတော်စင် အမျိုးသမီးက တင်းတိမ်စွာ ပြုံးကာ လုရွှမ်၏ နဖူးကို လက်ညှိုးဖြင့် တို့လိုက်သည်။
"မင်းက တကယ့်ကို လိမ္မာတဲ့သူပဲ... တစ်ယောက်ယောက်က မင်းကို လွမ်းနေတာ မဆန်းပါဘူး"
"တစ်ယောက်ယောက်? အစ်မ မဟုတ်တာ သေချာလား?"
မဟာသူတော်စင် အမျိုးသမီးသည် သူမ၏အလှတရားဖြင့် ရယ်မောလိုက်သည်။
"အစ်မ? မင်းဒီလို အတွေးမျိုး တွေးဝံ့တယ်ပေါ့လေ... ဒါပေမဲ့ မင်း သူမကို လွမ်းနေလားလို့တောင် မေးခိုင်းလိုက်သေးတယ် ဟုတ်သားပဲ.... မင်း သူမကို လွမ်းလား?"
လုရွှမ် မျက်နှာ မည်းမှောင်သွားခဲ့သည်။ သူမဘယ်သူလဲ? သူက ဘာကိစ္စ လွမ်းနေရမှာလဲ? သူမက ဒီမဟာသူတော်စင် အမျိုးသမီးနဲ့ ဆက်နွယ်နေတဲ့သူလား?
လုရွှမ်၏စိတ်ထဲတွင် ခပ်ရမ်းရမ်းဖြင့် မိုက်မဲသော်လည်း ချစ်ဖို့ကောင်းသည့် မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်က လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
"ဟုန်ချောင် ခင်ဗျားကို လာခိုင်းတာလား?"
ဟုန်ချောင်၏ အမည်ရင်းမှာ လျန်ဟုန်ချောင် ဖြစ်ပြီး သူမသည် တိမ်ပင်လယ် နယ်မြေရှိ တန်ခိုးအကြီးဆုံး ဧကရာဇ်အင်ပါယာ ဖြစ်သည့် ကျိုးရန်ဧကရာဇ် အင်ပါယာ၏ အဓိကမိသားစု လေးခုထဲမှ တစ်ခုဖြစ်သည့် လျန်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှန်းလင်သစ်တောထဲမှာ အမဲလိုက်တုန်းက တည်းခိုခန်း တစ်ခုမှာ တွေ့ပြီး အကူအညီလိုတဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြသည်။
"အဲဒါတော့ မမှန်ဘူး... ဟုန်ချောင်က မင်းအကြောင်းကို ပြောပြဖူးတယ်.... ငါက သူ့အဒေါ် လျန့်ထျန်းယင်"
သူ့နာမည်ကို ကြေငြာလိုက်တဲ့ အခါမှာတော့ မဟာသူတော်စင် အမျိုးသမီးကြီးရဲ့ မျက်နှာက ကြည်ကြည်လင်လင် ဖြစ်သွားသည်။
"ကောင်လေး မင်းက တော်တော် သတ္တိရှိတာပဲ.... မင်း အဲဒီကောင်မလေး အောင့်ယွဲ့ နဲ့ တကယ်တွဲနေတာလား.... ငါ့တူမကို မင်းမျက်လုံးထဲမှာရော ထည့်ထားသေးရဲ့လား?"
သူ့မျက်နှာမှာ အပြုံးတစ်ခုနဲ့ လုရွှမ်က
"လတ်စသတ်တော့..... အဒေါ်ကိုး.. ဟုန်ချောင် အဆင်ပြေရဲ့လား? နှစ်နည်းနည်းလောက် ခွဲခွာပြီးတော့ ကျွန်တော်လည်း သူမကို သတိရနေတာ"
"လွမ်းရင် ပြီးတာပဲ သူမ လက်ထပ်တော့မယ်"
"အားယိုးယိုး... ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်... ဟုန်ချောင်က အရမ်းထက်မြက်ပြီး လှပတယ် အခု သူမမှာ ခင်ပွန်းကောင်းကို ရှာတွေ့သွားပြီ ဆိုတော့ ပျော်ရွှင်တဲ့ဘဝနဲ့ သားသမီးမြေးတစ်ရာကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပါတယ်"
"အဲဒီလူကို သူမ မကြိုက်ဘူး!"
ဟုန်ထျန်းယင်က ဟစ်အော်လိုက်လေသည်။
"ဟူး.... အဲဒီမိသားစုကြီးက ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလိုက်လဲ... ဟုန်ချောင်က ဒီလောက် ဒေါသကြီးတာ သူမကို ဆိုးဆိုးရွားရွား ပြစ်မှားမိခဲ့တာ ဖြစ်မှာပေါ့.... ဒါ့ပြင် ဟုန်ချောင်က ဘယ်သူလဲ? ဒီကမ္ဘာမှာ ဘယ်သူက သူမနဲ့ ထိုက်တန်မှာလဲ?"
လျန့်ထျန်းယင်က လှောင်ပြောင်ပြီး
"အဲဒါကြောင့် သူမ ခိုးထွက်သွားပြန်ပြီလေ"
လုရွှမ်၏ မျက်နှာသည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားပြီး တခဏအတွင်း စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လာသည်။
"ဒါဆို ဒီကမ္ဘာပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လူတွေ အများကြီးရှိလို့ သူမ သတိထားသင့်တယ်....ဟုန်ချောင်လို အလှလေးကို မြင်ရင် သူတို့စိတ်တွေ ကြေကွဲသွားမှာ သေချာတယ်... အဒေါ် သူမကိုရှာဖို့ တစ်ယောက်ယောက်ကို လွှတ်သင့်တယ် မဟုတ်ဘူးလား?"
"သူမက ညစ်ပတ်တဲ့လူကို စိတ်ပူနေတာကြောင့် ခိုးထွက်သွားခဲ့တာလို့ ငါကြားခဲ့တယ်... ဟမ့် လုရွှမ် မင်းရဲ့အပြစ်ကို မင်းသိလား?"
လျန့်ထျန်းယင်က အော်ပြောလိုက်ပြီး သူ့မခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါး တစ်ကောင်လို စွမ်းအင်တွေ ထွက်လာလုမတတ်ပင်။ လုရွှမ်ရဲ့ မျက်နှာကို ဓားဖြင့် ခုတ်ပစ်ချင်သကဲ့သို့ အရှိန်အဝါ အပြည့်ဖြင့် ပေါ်ထွက်လာသည်။
လုရွှမ်လည်း သူ့ပုခုံးကို ပခုံးတွန့်ပြလိုက်ပြီး
"ဒါက ခင်ဗျားတို့ အပြစ်ပဲလေ.... ခင်ဗျားလည်း မိန်းကလေးပဲ... မိန်းကလေးက အချစ်နဲ့ ပတ်သက်ရင် ဘယ်လောက် စိတ်ကူးယဉ်တတ်တယ် ဆိုတာ ဘယ်လိုလုပ် မသိနိုင်ရတာလဲ? ဒီလိုကိစ္စမျိုးက အတင်းအကြပ် မဟုတ်ဘဲ လေးလေးစားစား စဥ်းစားဖို့ အကြံပေးသင့်တယ်!"
"သူမ မင်းကိုရှာဖို့ လာတာ"
လုရွှမ်က ရယ်လိုက်ပြီး
"ဒါဆို ကျွန်တော်က ဟုန်ချောင်ကို ဝှက်ထားမယ်လို့ ထင်နေတာပေါ့ ဟုတ်လား?"
"ငါ ဒီကိုရောက်တုန်းက သူမဖမ်းမိပြီး ပြန်ပို့လိုက်တဲ့ သတင်းကို သိထားပြီးသားပါ"
"မိဘတွေက သားသမီးတွေကို ဘယ်လိုလုပ် ဒုက္ခပေးရက်မှာလဲ? ဒါကိုတွေးမိရင် ဟုန်ချောင်လည်း တစ်ကမ္ဘာလုံးက မိဘတွေရဲ့ နှလုံးသားကို ဘယ်လိုသနားရမလဲဆိုတာ သိလာလိမ့်မယ်"
လျန်ထျန်းယင် သူ၏စွမ်းအားကို မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်ပြန်သည်။
"ဒါပေမဲ့ အဲဒီကောင်ကို ငါမကြိုက်ဘူး အစတုန်းက မင်းကိုလည်း မကြိုက်ဘူး... ဒါပေမဲ့ အခု မင်းအရမ်းရယ်စရာ ကောင်းတယ်လို့ ငါထင်တယ်.... ဟုန်ချောင် မင်းကို သဘောကျတာ မဆန်းပါဘူး..... ဒါဆို ငါနဲ့အတူ လိုက်ခဲ့ ကျိုးရန်ဧကရာဇ် အင်ပါယာကို သွားကြရအောင်"
လုရွှမ် သူ့စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ လျန်ထျန်းယင်နဲ့ စစချင်း စကားပြောကတည်းက အဆုံးသတ်က ဒီလို ဖြစ်ကောင်းဖြစ်နိုင်ကြောင်း သူသိခဲ့သည်။ သူ၏ လိမ္မာပါးနပ်သော စကားလုံးများဖြင့် မည်သည့်အရာကိုမျှ လှည့်ဖြားနိုင်မည်ဟု မမျှော်လင့်ထားပေ။
ကျိုးရန်ဧကရာဇ် အင်ပါယာကို နောက်ဆုံးတော့ သွားရမှာပဲ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။
လုရွှမ် မျက်နှာမှာလည်း ဖြောင့်စင်းသွားသည်။
"အဒေါ် လောလောဆယ်တော့ ကျွန်တော် ကျိုးရန်ဧကရာဇ် အင်ပါယာကို မသွားနိုင်သေးဘူး.. ကျွန်တော်ရဲ့ ကျင့်ကြံမှုက မလုံလောက်သေးဘူး"
လျန့်ထျန်းယင်သည်လည်း လေးနက်စွာ စဥ်းစားလာသည်။ သူမသည် သူတော်စင်တစ်ပိုင်း ကမ္ဘာရှိ သူတော်စင်ကြီးတစ်ဦး ဖြစ်သည်။ သူမ၏ ကျင့်ကြံမှုမှာ အလွန်တိုးလာသော်လည်း သူမ၏ ဝိညာဉ်စွမ်းအား ခံယူချက်သည်လည်း ပို၍ တိုးတက်လာ၏။
ယခုအခိုက်အတန့်တွင် လုရွှမ်၏ လေးနက်မှု နှင့် တည်ကြည်မှုကို သူမ ခံစားနေရသည်။ သူ့အဆင့်သည် မမြင့်သော်လည်း သူ့တွင် သဘာဝအားဖြင့် သာလွန်သူ၏ ရောင်ဝါကို ပိုင်ဆိုင်ထားသောကြောင့် လူကို အနည်းငယ် ရှိန်သွားစေသည်။
အတွေးတွေကို ဘေးဖယ်ထားလိုက်ရင်း လျန့်ထျန်းယင် လုရွှမ်ကို တစ်ချက် ကြည့်လိုက်ပြီး ပိုပိုပြီး စိတ်ရှုပ်လာခဲ့၏။
ကျိုးရန်ဧကရာဇ် အင်ပါယာသည် တိမ်ပင်လယ်နယ်မြေတွင် အကြီးဆုံး ဧကရာဇ်အင်ပါယာ ဖြစ်သလို အခြေခံအားဖြင့် တိမ်ပင်လယ်နယ်မြေကို ကိုယ်စားပြုသည်။ သို့သော် အနီးနားက ကမ္ဘာငယ်လေးမှာတော့ မထင်ရှားတဲ့ နေရာလေးတစ်ခု၊ ဝေးလံခေါင်သီတဲ့ ထောင့်စွန်း တစ်ခုပင်။
အကယ်၍ ဧကရာဇ်ကျိုးရန်နှင့် အရူးဧကရာဇ် ခွမ်ကျွင်းတို့ အကြား တိုက်ပွဲ မဖြစ်ခဲ့ပါက ၎င်းတို့သည် ထောင်ချခံထားရသော ဤကမ္ဘာငယ်လေးတွင် နေထိုင်နေရဆဲ ဖြစ်လိမ့်မည်။ ကောင်းကင်ပြင်က ကွဲအက်နေတဲ့ ပြင်ပကမ္ဘာအကြောင်း လေ့လာပြီးနောက် သူတို့ဟာ ဘယ်လောက် အရေးမပါသလဲ တိမ်ပင်လယ်နယ်မြေရဲ့ အပြင်ဘက်မှာ ကျင့်ကြံမှု နယ်ပယ်တွေ ပိုရှိတယ်ဆိုတာ သိလိုက်ရ၏။
အခွင့်အရေးရရန် မျှော်လင့်ချက်ဖြင့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က တိမ်ပင်လယ်နယ်မြေသည် လူများစွာကို ရွှမ်ခုန်းတောင်သို့ စေလွှတ်ခဲ့သည်။ လျန့်ထျန်းယင် ကိုယ်တိုင်လည်း ရွှမ်ခုန်းတောင်သို့ သွား၍ တကယ့်ပါရမီရှင်များကို တွေ့ခဲ့ဖူးသည်။
သူမ၏ မာနကြီးသော ကျင့်ကြံမှုနှင့် အရည်အချင်းများသည် ၎င်းတို့၏ အဆင့်အတန်း ထက်ပင် နိမ့်ကျသော ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုစမ်းသပ်မှုတွင် တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးမှ လူဆယ်ယောက် ဝင်သွားနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သူမသာ အသက်ရှင်ကျန်ရစ်သူ ဖြစ်ခဲ့သည်။
သူမသည် လမ်းတစ်လျှောက်တွင် နိမ့်ပါးသော ဉာဏ်ပညာဖြင့် ထိမ်းသိမ်းကာ မပါဝင်ဝံ့တော့ပေ။ အမှတ်တမဲ့ လွတ်မြောက်သွားခဲ့တဲ့ အခါမှသာ ရွှမ်ခုန်းတောင် ဘယ်လောက် ကြောက်စရာကောင်းမှန်း သိလာခဲ့သည်။
ယခင်ကလည်း မင်ယွဲ့ဧကရာဇ် အင်ပါယာ၏ ဖန်းမိသားစု မြေပုံကို ၎င်းတို့၏သမီးက ခိုးယူသွားခဲ့ပြီး ရွှမ်ခုန်းတောင်သို့ သွားလိုသော်လည်း အသတ်ခံခဲ့ရသည်။ နောက်တော့ အဲဒီလူက ဟုန်ချောင် အမြဲတမ်း လွမ်းဆွတ်နေခဲ့တဲ့ ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်မှန်း သိလိုက်ရတော့သည်။
ရလဒ်အနေနှင့် မကြာသေးမီက ရွှမ်ခုန်းတောင်၏ အမွေအနှစ်ကို တစ်စုံတစ်ဦးမှ ရယူထားခြင်း မရှိတော့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ကောလဟာလတွေအရ အမွေကို လူခြောက်ယောက်နဲ့ ချီးမြှောက်ခံရတဲ့ ပါရမီရှင် တစ်ယောက်ဖြစ်တဲ့ တိမ်ပင်လယ် နယ်မြေက အံ့ဖွယ်ပါရမီရှင် တစ်ဦးတို့က အမွေကို ရယူသွားခဲ့လေ၏။
တိမ်ပင်လယ် နယ်မြေရဲ့ အံ့ဖွယ် ပါရမီရှင်? အဲဒါ ဘယ်သူလဲ?
လျန့်ထျန်းယင် မိသားစုခေါင်းဆောင် အစ်ကိုဖြစ်သူထံမှ သတင်းရခဲ့ပြီး ၎င်းက လုရွှမ်ဖြစ်ကြောင်း သိလိုက်ရသည်။
သူမ ထျန်းလုံဧကရာဇ် အင်ပါယာသို့ ရောက်ရှိလာပြီး သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ တစ်ဆင့် ဝင်ရောက်ကာ မဟာသူတော်စင်ကြီး ဖြစ်လာ၍ နောက်ဆုံးတွင် လုရွှမ်ကို တွေ့ရှိခဲ့သည်။ လုရွှမ်ကို ပထမဆုံး မြင်လိုက်သောအခါ လျန့်ထျန်းယင်သည် တိမ်ပင်လယ်နယ်မြေ၏ ပါရမီရှင် လုရွှမ် ဖြစ်ရမည်ကို သိလိုက်သည်။
သူသည် သူတော်စင်တစ်ပိုင်း အဆင့်၇ တွင်သာ ရှိသော်လည်း သူမသည် တန်ခိုးကြီးသော သူတော်စင် သားရဲနှင့် ရင်ဆိုင်နေရသလို ခံစားရသည်။ လုရွှမ်၏ မြင့်မားသော အစွမ်းသတ္တိနှင့် ခွန်အားများက သူမအား အလွန်ကျေနပ်စေသည်။
"တိမ်ပင်လယ်နယ်မြေကနေ ဒီတစ်ခေါက် ရွှမ်ခုန်းတောင်ကို လူဘယ်နှစ်ယောက် သွားတယ်ဆိုတာ မင်းသိလား? အသက်လျက် ပြန်ရှင်လာသူ ဘယ်နှစ်ယောက်ရှိလဲ သိလား?"
လျန့်ထျန်းယင်က မေးပြီး လုရွှမ်ရဲ့ အဖြေကို စောင့်မနေဘဲ သူမက ပြောလိုက်သည်။
“စုစုပေါင်း လူဆယ့်နှစ်ယောက် ထွက်သွားပေမယ့် နင်နဲ့ ငါ့တူ.... နှစ်ယောက်ပဲ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်.... သူပြန်လာပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ကုသမှု မခံယူရသေးခင်မှာပဲ သေသွားခဲ့တယ်"
"အဒေါ် ဒါက ဘာကိုဆိုလိုချင်တာလဲ?"
လုရွှမ် ပြန်မေးလိုက်သည်။