မဟာမိတ်များ
Vol. 51 Ch. 4.273
"ဟုန်ချောင်က မင်းကိုကြိုက်တယ်... ဆိုတော့ ငါမင်းဆီက ကတိတစ်ခု တောင်းချင်တယ်"
လျန့်ထျန်းယင်က ပြောသည်။ လုရွှမ်လည်း သူ့ခေါင်းကို ခါယမ်းပြလိုက်ပြီး
"ခင်ဗျား.... လုံးဝကို အတွေးလွန်နေတာပဲ သူမကို ကျွန်တော့် ညီမလို့ပဲ မှတ်ထားပြီး သူမကလည်း ကျွန်တော့်ကို အစ်ကိုလိုပဲ သတ်မှတ်တယ် ပြီးတော့ ကျွန်တော့်မှာ ကြိုက်တဲ့လူလည်း ရှိနေပြီ"
လျန့်ထျန်းယင်၏ လူသတ် အငွေ့အသက်များ တစ်ဖန်ပြန်လည် မြင့်တက်လာပြီး ပူလောင်သောမျက်လုံးများဖြင့် လုရွှမ်အား စိုက်ကြည့်ရင်း
"မင်းဘာပြောနေတာလဲ ဆိုတာ မင်းသိလား? သူက ငါ့တူမ.... ငါ့အချစ်ဆုံးတူမပဲ သူမအတွက် ငါမကြိုက်တာတွေ အများကြီး လုပ်ခဲ့တယ်... "
"ဒါဆို တိုက်ခိုက် လိုက်ကြရအောင်"
လုရွှမ်သည် တိုက်ပွဲဝင်တော့မည့် ပုံစံသို့ ပြောင်းလဲသွားသည်။
"မာနကြီးနေလိုက်တာ.... မင်းငါ့ကို တိုက်ဖို့ ခွန်အား တကယ်ရှိတယ်လို့ ထင်နေတာလား?"
"မထင်ပါဘူး... ဘယ်လောက်ပဲ ပြောနေပါစေ သဘောတူညီမှု မရမှတော့ လက်သီး ပိုကြီးတဲ့သူက သဘာဝအတိုင်း စကားပြောရမှာပဲ... ခင်ဗျား လိုပဲပေါ့.....မနာခံရင် ကျွန်တော့်ကို ရိုက်နှက်မယ် ပြီးတော့ တစ်ခါတည်း ဆွဲပြီး ဟုန်ချောင်ကို သွားရှာမယ် ဟုတ်တယ်မလား"
လုရွှမ်၏ မျက်လုံးများသည် ရိုးသားမှုများဖြင့် လျန့်ထျန်းယင်ကို စိုက်ကြည့်ကာ
"ခင်ဗျားက ဟုန်ချောင်ရဲ့ အဒေါ်ပါ...ခင်ဗျား သူ့အကျိုးအတွက် လုပ်နေတာ ကျွန်တော် သိတယ်.... ဒါပေမဲ့ ဖရဲသီးက ကြီးတိုင်း ချိုတာမဟုတ်ဘူး... ကျွန်တော် ကျိုးရန်ဧကရာဇ် အင်ပါယာကို သွားမှာပါ ဒါပေမဲ့ အခု ကျွန်တော့်မှာ ကိုင်တွယ်ဖြေရှင်းရမယ့် အရာတွေ ရှိနေသေးတယ်..... အနည်းဆုံး တစ်နှစ်အတွင်း ကျိုးရန်ဧကရာဇ် အင်ပါယာကို သွားမယ်လို့ ကတိပေးနိုင်တယ်"
"အရမ်းကောင်းတယ်.... ဒါပေမယ့် မင်းကို ငါအရင်ရိုက်ရမယ်"
လျန့်ထျန်းယင်က ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် လျန့်ထျန်းယင်သည် သူ၏လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး လုရွှမ်၏ ရင်ဘတ်ဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် အလင်းတန်းတစ်ခုဖြင့် ရိုက်ခတ်လာသည်။
လုရွှမ်သည် ရွှမ်ခုန်းတောင်၏ ဝိညာဉ်စွမ်းအင်ကို ဖြတ်ကျော် စုပ်ယူထားခဲ့လို့ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ရှိ စွမ်းအင် အားလုံးကို သူတော်စင် စွမ်းအားနှင့် စိမ်းပြာနဂါး စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ စွမ်းအင်အဆင့်သည် သာမန်သူတော်စင် တစ်ပိုင်းများနှင့် တချို့သော သူတော်စင်များထက် တစ်ဆင့် ပိုမြင့်သည်။
ထုံးစံအတိုင်း သူသည် မျက်နှာရှေ့က လက်ဝါးစွမ်းအင်ကို ဂရုမစိုက်ဝံ့ပေ။
ဘယ်လက်မှ သူတော်စင် စွမ်းအားသည် တဟုန်ထိုး တက်လာပြီး စိမ်းပြာနဂါး၏ စွမ်းအားသည် ညာလက်မှ ထွက်ပေါ်လာသည်။
'ကောင်းပြီ အနည်းဆုံးတော့ မင်းမှာ ထိပ်တိုက် ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ရှိပြီး ကောင်းမွန်တဲ့ စိတ်ဆန္ဒလည်း ရှိနေတာပဲ!'
လျန့်ထျန်းယင်၏ မျက်လုံးများ တောက်ပလာခဲ့သည်။ လုရွှမ်၏ လက်ဖဝါးမှ စွမ်းအားနှစ်ခု ထွက်ပေါ်လာသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ တစ်ခုက သူတော်စင် စွမ်းအား ဖြစ်သော်လည်း စွမ်းအင်၏ သန့်ရှင်းမှုက သူမအား တိတ်တဆိတ် ထိတ်လန့်သွားစေခဲ့သည်။
ကျိုးရန်ဧကရာဇ် အင်ပါယာတွင်ပင် များသောအားဖြင့် သူတော်စင်နယ်ပယ် အဆင့်၂ ကျင့်ကြံသူ၌ ထိုကဲ့သို့ သန့်စင်သော သူတော်စင်စွမ်းအင် ရှိမည်မဟုတ်ပေ။
နောက်တစ်ခုက သူတော်စင် စွမ်းအင်ထက်တောင် မြင့်နေပါသေးသည်။ နည်းနည်းလေး ရိပ်မိပြီးတဲ့ နောက်မှာတော့ ဒီစွမ်းအင်ဟာ တောက်ပတဲ့ ရောင်ဝါ ရှိတယ်ဆိုတာ သိလိုက်ရ၏။ မဟာသူတော်စင်ကြီးရဲ့ စွမ်းအင်နဲ့ နှိုင်းယှဥ်ကြည့်ရင်တောင် ယှဉ်လို့မရဘူး။
ဒီကောင်က တကယ်ကို မကောင်းဆိုးဝါး တစ်ကောင်ပဲ!
သူမ စိတ်နှလုံးထဲတွင် အကဲဖြတ်မှု မြင့်မားလာပြီး လုရွှမ်အပေါ် ထားရှိသည့် သဘောကျမှုများလည်း တိုးလာခဲ့သည်။ လျန့်ထျန်းယင်သည် လုရွှမ် ထိခိုက်သွားမည်ကို စိုးရိမ်သောကြောင့် သူမ အားထုတ်ခဲ့သော ခွန်အားတစ်ဝက်ကို မသိစိတ်မှ ပြန်လည်သိမ်းယူခဲ့သည်။
လူနှစ်ယောက်၏ လက်ဝါးစွမ်းအင် တိုက်ခိုက်မှု၏ စွမ်းအားသည် အတူတူ တိုက်မိပြီး အလင်းတန်းများ ထွန်းတောက်လာခဲ့သည်။ လုရွှမ် နောက်ပြန်ဆုတ်သွားကာ လျန့်ထျန်းယင်ပင် အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။
"မင်း အခုပဲ မင်းရဲ့ အစွမ်းအစနဲ့ တိုက်ခိုက်ခဲ့တာလား"
လျန့်ထျန်းယင်မှ မေးလိုက်သည်။
လုရွှမ်က ခေါင်းညိတ်ပြသည်။ သူထုတ်သုံးလိုက်တာက ခန္ဓာကိုယ်ထဲက ခွန်အားတွေပဲ ဖြစ်ကာ ထူးဆန်းသောမီး၊ အခင်းအကျင်း ဖွဲ့စည်းမှုများ၊ တခြား ကျွမ်းကျင်မှု သဘာဝအတိုင်း မပါဝင်ချေ။
လျန့်ထျန်းယင်က ပြုံးပြီး ပြောလာသည်။
"အရည်အချင်းက အရမ်းသန်မာလွန်းလို့ ငါ့တစ်သက်မှာ ဒီတစ်ကြိမ်ပဲ မြင်ဖူးတယ်... အစောက လက်ဝါးချက်က ငါ့ခွန်အားရဲ့ ၅၀% ပဲ"
"ကောင်းပြီ.... ငါမင်းကို တစ်နှစ် အချိန်ပေးတယ်... အဲဒီ့အချိန်မှ မင်းမလာဘူးဆိုရင် ငါ မင်းရဲ့ ခြေလက်တွေ ကျိုးပြီး ဟုန်ချောင်ကို သွားတွေ့ဖို့ ခေါ်သွားရလိမ့်မယ်"
ပြောပြီးနောက် လျန့်ထျန်းယင်သည် တိမ်တွေထဲ ပြေးဝင်သွားကာ ကောင်းကင်မှာ ကွဲနေတဲ့ အပေါက်တွေထဲကို ထိုးဖောက် ဝင်ရောက်သွားတော့သည်။
ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာနှစ်ခု ဆက်စပ်နေတာလား?
ဖြစ်နိုင်တယ်။ မဟုတ်ရင် သူမရဲ့ မဟာသူတော်စင် ပထမအဆင့် ခွန်အားနဲ့ အချိန်တိုလေး အတွင်းမှာ ဒီလောက် ရှည်လျားတဲ့ အကွာအဝေးကို မဖြတ်ကျော်နိုင်မှာ သေချာလေသည်။
လုရွှမ် အမှန်ပင် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ ပြိုကျနေတဲ့ကောင်းကင်ဘုံ နှစ်ခုသည် အမှန်တကယ် ချိတ်ဆက်နိုင်သော်လည်း ၎င်းသည် တန်ဖိုးကြီးသော နေရာပြောင်းအစီအရင် လိုအပ်သည်။
ဆိုလိုသည်မှာ ကျိုးရန်ဧကရာဇ် အင်ပါယာရှိ အဓိက မိသားစုလေးခုသည် အလွန်ဖြုန်းတီးနိုငိတာ ဖြစ်နိုင်သည်။ တခြားသော မင်ယွဲ့ဧကရာဇ် အင်ပါယာနှင့် ဟုန်ရစ်ဧကရာဇ် အင်ပါယာတို့သည် အဆင့်မြင့် အင်အားကြီးမားသော ဧကရာဇ်အင်ပါယာများ ဖြစ်သော်လည်း သူတို့သည် ထိပ်တန်းအဆင့် အရေးကြီးသည့် ကိစ္စမဟုတ်ပါက ဒီလိုမျိုး ငွေကြေး အရင်းအနှီးမျိုးကို မသုံးစွဲနိုင်ပေ။
ကျိုးရန်ဧကရာဇ် အင်ပါယာ၏ နယ်ပယ်အတွင်း ကွဲအက်နေသော ကမ္ဘာကြီး သို့မဟုတ် ပြိုကျနေတဲ့ကောင်းကင်ဘုံသည် ပြင်ပကမ္ဘာကို ပြီးပြည့်စုံစွာ ဖွံ့ဖြိုးလာပုံရသည်။
လုရွှမ် နေရာတစ်နေရာကို ရှာတွေ့ပြီး သူ့ခန္ဓာကိုယ်ထဲသို့ နဂါးအရွတ်ကို ဦးစွာ သန့်စင်ခဲ့သည်။ စိမ်းပြာနဂါးနှလုံးသားနှင့် သူ့နောက်ကျောရှိ အရိုးကြောင့် နဂါးအရွတ်သည် ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူ သန့်စင်သွားခဲ့သည်။ သူ့ကြွက်သားများနှင့် သွေးပြန်ကြောများ၏ ကြံ့ခိုင်မှုကို ခံစားလိုက်ရသဖြင့် လုရွှမ် သူ့ခွန်အားတွေ အနည်းငယ် တိုးလာသလို ခံစားမိသည်။
အတိဒုက္ခကို ကျော်ဖြတ်ဖို့ လုရွှမ် အလျင်မလိုချေ။ သူတော်စင်တစ်ပိုင်း ကမ္ဘာရဲ့ မိုးကြိုးအတိဒုက္ခထက် ကောင်းကင် အက်ကြောင်းထဲက အရာက ပိုးကောင်းနိုင်သည်။
…
"ကြားပြီးပြီလား မကြာသေးခင်က ထျန်းလုံကျောင်းအုပ်က သူ့ရဲ့အစွမ်းအစကို နောက်တစ်ကြိမ် ထပ်ပြပြီး သူ့ကို လိုက်သတ်နေတဲ့ သူတော်စင်တွေ အားလုံးကို သတ်ပစ်လိုက်တယ်တဲ့.... ရက်စက်လွန်းချက်ပဲ... သူတော်စင်နယ်ပယ် အဆင့်၇ အဆင့်၈က သခင်တချို့တောင် သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော် ပြောကြားခဲ့တယ်တဲ့... ထျန်းလုံကျောင်းအုပ်ကို သတ်ပစ်ဖို့လေ"
"တကယ်လား ဒါဆို သေချာပေါက် သေမှာလား?"
"ဟေး အဲဒါက မမှန်ဘူးကွ! အဲဒီလူက သူတိုက်လို့မနိုင်တာနဲ့ ထွက်ပြေးတာပဲ!"
တောင်တန်းကြီး တစ်ခုရှေ့တွင် လုရွှမ်နှင့် သူတော်စင်တစ်ပိုင်း၊ သူတော်စင်နယ်ပယ် ကျင့်ကြံသူ များစွာတို့သည် တောင်ရှေ့တွင် ရပ်လျက် ခမ်းနားသော မြင်ကွင်းကို အဝေးမှ ကြည့်နေကြသည်။
မနီးမဝေးတွင် အလွန်ကျယ်ဝန်း ပြန့်ကားသော ကုန်းမြင့်တစ်ခု ရှိသည်။ ဤနေရာကို တျန်ကျန်းထိုင်ဟု ခေါ်ကြောင်း ကြားရသည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာ၌ နေထိုင်သော ဒေသခံတို့သည် သေရေရှင်ရေး အကျပ်အတည်းနှင့် ကြုံတွေ့ရတိုင်း မိသားစုနှင့် မျိုးနွယ်စုအားလုံးက မဟာမိတ်ဖွဲ့ရန် ဤနေရာ၌ စုဝေးကြပြီး အားလုံးကို အန္တရာယ် ဖြစ်စေသော သူတော်စင် သားရဲများကို သတ်ရန် လူအင်အားဖြင့် ပေါင်းစည်းရန် သဘောတူတတ်ကြသည်။
ယခုအချိန်တွင် ၎င်းတို့ တိုင်းသူပြည်သားများ အဆက်မပြတ် အသတ်ခံနေရပြီး ကျန်သူများသည်လည်း နောက်တစ်ကြိမ် ထပ်မပေါ်လာရဲတော့ဘဲ သူတောင်စင်တစ်ပိုင်း ကမ္ဘာ၏ အနက်ပိုင်းသို့ ထွက်ပြေးသွားကြသည်။
ယနေ့တွင် ဧကရာဇ် အင်ပါယာ ရှစ်ခုသည် ထျန်းလုံကျောင်းအုပ်ကို သတ်ဖြတ်ရန် အရေးကြီးသော ကိစ္စအား ဆွေးနွေးရန် ဤနေရာ၌ စုဝေးကြတာပဲ ဖြစ်သည်။
လွန်ခဲ့သော ဆယ်ရက်က တောင်ထိပ်တွင် ဟုန်ရစ်အင်ပါယာမှ လူသုံးဆယ့်ရှစ်ဦး ခေါင်းဖြတ်ခံခဲ့ရသည်။ လွန်ခဲ့တဲ့ ရှစ်ရက်ခန့်က မင်ယွဲ့ဧကရာဇ် အင်ပါယာမှ လူ ရှစ်ဆယ့်သုံးဦးကို အရှင်လတ်လတ် မီးရှို့ခံခဲ့ရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို စက်ဝိုင်းပုံသဏ္ဍာန် ပြုလုပ်ထားသည်။ လွန်ခဲ့သော ငါးရက်က…။
ဧကရာဇ် အင်ပါယာကြီးများသည် လုရွှမ်ကိုသတ်ရန် ကြွေးကြော်ခဲ့ကြသော်လည်း ထိုအဆင့်မြင့် ဧကရာဇ် အင်ပါယာများမှာ လုရွှမ်ထံမှ သုတ်သင်ရှင်းလင်း ခံလိုက်ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
လူအုပ်စုကြီးသည် လုရွှမ်ရဲ့ တည်နေရာကို ရှာမတွေ့ခဲ့ပေ။ လူစုငယ်လေးတွေကတော့ လုရွှမ်ကို ရှာတွေ့တာနဲ့ ၎င်းတို့အားလုံး တစ်ခါတည်း သုတ်သင်ရှင်းလင်း ခံလိုက်ရတော့သည်။
လွန်ခဲ့သော ဆယ်ရက်အတွင်း ဧကရာဇ်အင်ပါယာ ရှစ်ခု၏ ကြွေးကြော်သံသည် လုံးလုံး ရယ်စရာ ဖြစ်လာသော်လည်း လုရွှမ်လက်အောက်ရှိ ကလောင်အမည် ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင် သည် လူသတ်နတ်ဘုရား မျိုးဆက်တစ်ခု၏ ဂုဏ်သတင်းကို ရရှိလာခဲ့သည်။
ယခုအခါ သူတော်စင်တစ်ပိုင်း ကမ္ဘာ၌ ရှိနေသူတိုင်းသည် ချင်းလုံအရှင် အကြောင်း ပြောသောအခါ ရုတ်တရက် အရောင် ပြောင်းသွားကြသည်။
နောက်ဆုံးတွင် ဧကရာဇ် အင်ပါယာရှစ်ခုသည် သည်းမခံနိုင်တော့ဘဲ ချင်းလုံအရှင်ကို ကွပ်မျက်ရန်အတွက် အားလုံးစုရုံးရန် ဆင့်ခေါ်စာ ထုတ်ပြန်လာခဲ့သည်။
ထိုကဲ့သို့ ကြီးမားသော အဖြစ်အပျက်တစ်ခုအတွက် လုရွှမ်သည် သဘာဝအတိုင်း သေခြင်းတရားကို ထိုင်စောင့် မနေနိုင်ပေ။ သူက သူရဲ့မူလ လုရွှမ်အသွင်ကို ယူကာ သူတို့နောက်ကနေ တိတ်တဆိတ် လိုက်သွားတော့သည်။
သူ့ရဲ့ လက်ရှိ အခြေအနေအရတော့ သူဟာ ပရိတ်သတ် ဖြစ်ဖို့အတွက်တောင် အရည်အချင်း မပြည့်မီသေးရာ ဧကရာဇ်အင်ပါယာ ရှစ်ခုရဲ့ ဆွေးနွေးမှုတွေကို ကြည့်ရှုဖို့ အနီးနား တောင်ကုန်းလေးပေါ်က လူအနည်းငယ်နဲ့သာ စုရုံးနိုင်ခဲ့သည်။
သို့သော် အင်ပါယာ ရှစ်ခုသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိတာ ထင်ရှားပါသည်။ လူတိုင်းက ကျယ်လောင်စွာ ပြောနေကြပြီး သူတို့ပြောနေတာကို ဘယ်သူမှ မကြားနိုင်မှာ စိုးရိမ်နေပုံပင်။