← Chapters

ဆွေးနွေးမှု

Vol. 51 Ch. 4.274

ဆွေးနွေးမှု

Vol. 51 Ch. 4.274

"ဒီဧကရာဇ်အင်ပါယာ ရှစ်ခုက ဘယ်အင်ပါယာ ရှစ်ခုလဲ ဆိုတာ မင်းသိလား?"

စကားဆိုလာသူသည် သူ့ကိုယ်သူ ကြွက်အို​ကြီးဟုဆိုသူ အဘိုးကြီး ဖြစ်သည်။ ခွန်အားမှာ သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသောကာလ ဖြစ်သည်။ သူတော်စင် ဖြစ်လာရန် မျှော်လင့်ချက် မရှိ​တော့ဘူးဟု ခံစားရသော်လည်း သူတော်စင်တစ်ပိုင်း ကမ္ဘာကို ဖွင့်လိုက်သည်နှင့် ဒီလို အပြောင်းအလဲ​ကြီး တစ်ခု ဖြစ်လာမည်ကို မမျှော်လင့်ထားခဲ့ရာ သူလည်း သိသိချင်း အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

အဘိုးအိုမှာ စမ်းသပ်ကြည့်ပြီးနောက် သေလုမတတ် ကြောက်လန့်သွားပြီး သူ့အဆင့်ကို နောက်တစ်ခါ ထပ်မဖြတ်ရဲတော့ချေ။ ကြွက်အိုကြီးသည် လုရွှမ်နှင့် တွေ့ဆုံခဲ့ရာတွင် သူသည် အလွန်ပင် အသက်ကြီးနေပြီ ဖြစ်ပြီး ကျင့်ကြံမှုလည်း မြင့်တယ်လို့ ခံစားမိသောကြောင့် လုရွှမ်ကို ညီလေးဟု ခေါ်ကာ ဤနေရာအထိ ရောက်လာခဲ့သည်။

လုရွှမ်သည် အင်ပါယာ ရှစ်ခုအကြောင်း များများစားစား မသိသောကြောင့် အဘိုးအိုကို စကားပြောခွင့်ပေးလိုက်သည်။ ကြွက်အိုကြီးက လက်ညိုးထိုးပြပြီး

"ဟုန်ရစ်၊ မင်ယွဲ့၊ ကျူးထျန်း၊ ရှစ်လန်၊ ကျွေးတျန့်၊ ဖူဖုန်း၊ လုံရင်၊ ထျန်းဟန်... နောက်ပြီး အလယ်အလတ် ကျူးချွဲ့ဧကရာဇ် အင်ပါယာနဲ့ ပိုင်ဟူအင်ပါယာလည်း ပါသေးတယ်.... ကျစ်ကျစ်.... ဒီကလေးက တကယ်ကို အံ့သြစရာပဲ... သူကတော့ ဒီလောက်လူတွေ အများကြီးကို ရန်သွားစရဲရတယ်လို့.... ကောင်းကောင်း အသက်ရှင်နေရရင် ပြီးတာကိုး... ဒါငါတို့ရဲ့ နောက်မျိုးဆက်တွေ အတွက် စံနမူနာပဲ.... ရှောင်ရွှမ် (လုရွှမ်) မင်းသာ သူ့တစ်ဝက်လောက် အရည်အချင်း ရှိရင် တောက်ပတဲ့ အနာဂတ်တွေ ရှိလာမှာ အသေအချာပဲ"

အဘိုးအိုကို လျစ်လျူရှုထားလေ စကားများများပြော​လာလေ ဖြစ်​နေသည်။ လုရွှမ်၏ နတ်မျက်စိအမှတ် အာရုံများက တိတ်တဆိတ် စောင့်ကြည့်လျက် သူ၏ နတ်နားရွက် အမှတ်များလည်း တုန်ခါလျက် အင်ပါယာ ရှစ်ခု၏ လှုပ်ရှားမှုများကို ဂရုတစိုက် အာရုံစိုက်နေလေသည်။

ဧကရာဇ်အင်ပါယာ ရှစ်ခုသည် ရာထူးရှစ်ခု အဖြစ် နေရာရှစ်ခုကို သိမ်းပိုက်ထားသည်။ မြောက်ဘက်မှ တောင်ဘက်သို့ မျက်နှာမူလျက် အရပ်ရှစ်မျက်နှာ ခွဲထားသည်။ ဦးတည်ချက်မှနေ၍ ကြည့်လျှင် မင်ယွဲ့ဧကရာဇ် အင်ပါယာသည် အပြင်းထန်ဆုံး ဖြစ်​နေပြီး ၎င်းနောက်တွင် ဟုန်ရစ်ဧကရာဇ် အင်ပါယာကို တွေ့နိုင်သည်။

ပိုင်ဟူဧကရာဇ် အင်ပါယာနှင့် ကျူးချွဲ့ဧကရာဇ် အင်ပါယာမှ လူများကို ကျောင်းအုပ်ကြီး နှစ်ဦးက ဦးဆောင်ကာ စုဝေးခဲ့ကြသည်။ ကံကောင်း ထောက်မစွာပင် ကျောင်း၂ ကျောင်း၏ ကျောင်းအုပ်ကြီးများက အလွန်အင်အား ကြီးမားသောကြောင့် မဟုတ်ပါက ၎င်းတို့ကို အင်ပါယာရှစ်ခုမှ အလေးအနက် ထားမည် မဟုတ်ပေ။

…

"ဒီကောင်လေးက သူ့ရဲ့အသွင်အပြင်နဲ့ အသက်ရှူသံကို ပြောင်းလဲနိုင်တာ ဖြစ်ရမယ်.... မဟုတ်ရင် သူ့ကို ရှာမတွေ့နိုင်စရာ ဘာအကြောင်းမှ မရှိဘူး"

ပြောလာခဲ့သူမှာ မင်ယွဲ့ဧကရာဇ် အင်ပါယာမှ လူဖြစ်သည်။ သူသည် အလွန်အစွမ်းထက်သည့် သူတော်စင်နယ်ပယ် အဆင့်၅တွင် ရှိ၏။

သူ့နောက်ကျောမှာ ဓားနှစ်လက်နဲ့ တူတဲ့ လက်နက်နှစ်ခုကို အတူတူ ချိတ်ဆွဲထားတာ လပြည့်ဝန်းနဲ့တောင် တူနေသည်။

"သိရုံနဲ့ ပြီးမသွားဘူး.... ပြဿနာက သူ့ကို ဘယ်လိုရှာရမလဲ ဆိုတာပဲ"

လှောင်ပြောင်သံ ထွက်ပေါ်လာပြီး ဟုန်ရစ်ဧကရာဇ် အင်ပါယာမှ လူတစ်ယောက် ထွက်ပေါ်လာသည်။

သူတို့နှစ်ဦးသည် ရန်သူများ ဖြစ်ကြတာ သိသာလှပေသည်။ ထိုလူ စကားပြောပြီးသည်နှင့် ပထမလူရဲ့ အမူအရာမှာ မည်းမှောင်သွားပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် လက်နက်ကို ဆွဲထုတ်လိုက်သည်။

တခြားသူတွေက သူတို့နှစ်ယောက်ကို အမြန်ဆွဲပြီး စကားပြောချင်ကြပေမယ့် ဘာကြောင့်လဲ မသိ တွန့်ဆုတ်နေကြသည်။ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်သော သခင်တစ်ဦးနှင့် ရင်ဆိုင်ရပါက သူသည် သင့်ဘေးတွင် ရှိနေနိုင်သော်လည်း သင်က သူ့ကို ရင်းနှီးသော သူငယ်ချင်းတစ်ဦးအဖြစ် မှတ်ယူထားနိုင်သည်။

ဤအခြေအနေတွင် ထျန်းလုံကျောင်းအုပ်ကို ရှာဖို့ ကြိုးစား​နေရခြင်းသည် ကောက်ရိုးပုံတွင် အပ်တစ်ချောင်းကို ရှာဖွေရခြင်းနှင့်ပင် တူ​နေသည်။

ထိုအချက်ကြောင့် လူတိုင်းသည် ပြဿနာ၏ အဖြေကို ရှာဖွေရန် ဤနေရာ၌ စုရုံးခဲ့ကြခြင်း ဖြစ်သည်။

"ငါတို့တစ်ပွဲလောက် တိုက်ကြည့်ကြရင်ရော?"

"ငါ သူ့လူတွေကို ​ဖမ်းပြီး မျှားခေါ်ခိုင်းထားတယ်​!"

လုရွှမ်လည်း အဲဒီလို ဖြစ်သွားမှာကို အစိုးရိမ်ဆုံးမို့ ဂရုတစိုက် နားထောင်လိုက်သည်။

"ဟမ့် သူ့တပည့်နှစ်ယောက်က အစောကြီးကတည်းက ပုန်းနေလိုက်တာ သရဲတစ္ဆေတွေ ကျနေတာပဲ"

လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်​တော့သည်။ ဝမ်လင်က တကယ် ဉာဏ်ကောင်းတဲ့သူပဲ။ သူမကို နှုတ်ဆက်လိုက်တဲ့ အချိန်ကတည်းက နောက်ဆက်တွဲ ဖြစ်လာမယ့် အန္တရာယ်ကို သူမ ကြိုမြင်ခဲ့ပြီးပြီ။

"ကျန်တဲ့လူတွေကရော?"

"အဲဒါက ထျန်းလုံဧကရာဇ် အင်ပါယာလေး တစ်ခုပဲ မလား? တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ရုံပေါ့"

ထိုစကား ထွက်လာသည်နှင့် တပြိုင်နက် လူအများတို့သည် ပါးစပ်ပိတ်သွားကာ စကားပြောသူကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။

ထျန်းလုံဧကရာဇ် အင်ပါယာတစ်ခုပဲ မဟုတ်လားတဲ့!

တကယ်တော့ လူတိုင်းက ဒီထျန်းလုံဧကရာဇ် အင်ပါယာကို ဖျက်စီးချင်နေတာ ကြာပါပြီ။ အလယ်အလတ်တန်းစား အင်ပါယာငယ် တစ်ခုက သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ ဝင်ပေါက်ကို သိမ်းပိုက်ထားသည်။

တခြားလူများ အတွက်တော့ သူတော်စင်တစ်ပိုင်း ကမ္ဘာသည် ဘာမှမဟုတ်သော်လည်း အထက်တန်းစား ဧကရာဇ် အင်ပါယာများ၊ အထူးသဖြင့် ထိပ်တန်း ဧကရာဇ်အင်ပါယာများ အတွက် ပြင်ပကမ္ဘာကြီးသည် မည်မျှ တန်ခိုးကြီးသည်ကို သိရုံမျှသာဖြင့် လုံးဝ အရေးကြီးသွားပြီ ဖြစ်သည်။

ပြီးတော့ ဒီလိုကောင်းမွန်တဲ့ နေရာကို အလယ်အလတ်စား ဧကရာဇ်အင်ပါယာက ဘယ်လိုလုပ် ထိန်းချုပ်ခွင့် ပေးနိုင်ပါ့မလဲ။

ဒါပေမဲ့ အဲဒါကို နှလုံးသားထဲမှာ သိမ်းထားတာနဲ့ ထုတ်ပြောလိုက်တာက လုံးဝကို ကွဲပြားပါသည်။ လူတိုင်းက နှုတ်ဆိတ်နေခဲ့ကြပြီး ဘယ်တော့မှ အကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး။ တကယ်တော့ တစ်စုံတစ်ဦးက လှုပ်ရှားလာတာကို စောင့်နေကြတာပဲ ဖြစ်ပေသည်။

စကားပြောသူသည် ကျယ်လောင်စွာ ရယ်မောလိုက်ကာ ထိုသူသည် ဟုန်ရစ်ဧကရာဇ် အင်ပါယာမှ ဖြစ်သည်။

"အားလုံးက အဲဒီ သူတော်စင်တစ်ပိုင်းကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီနေ့ ဒီကိုရောက်လာပဲမလား? လူတိုင်းကို ဒီမှာစုရုံးခွင့်ပေးလိုက်တာ ထိုင်နေဖို့တော့ မဟုတ်ဘူးထင်တယ်.... အားလုံး စိတ်ထဲကနေ နားလည်တယ်ဆိုရင် တုံးအနေသလို ဟန်ဆောင်မနေပါနဲ့.... ထျန်းလုံဧကရာဇ် အင်ပါယာကို ဖျက်ဆီးမယ် ဘယ်သူ ကန့်ကွက်မှာလဲ”

ထိုလူသည် သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသောကာလတွင် ရှိသည်။ သူပြောသည့်အတိုင်း သူ၏မျက်လုံးများက အေးစက်စက်နှင့် မကောင်းဆိုးဝါး ရောင်ဝါများ ပြည့်နေကာ လူအုပ်ကို စိုက်ကြည့်နေသည်။

လုရွှမ်မှာလည်း လူသတ်ချင်စိတ်များ ပြည့်နှက်လာ၏။ ဒီလူကို သူအရင်က တွေ့ဖူးသည်။ သူ့နာမည်က ကောင်းကျန့်ပင်။ သူကတော့ ဟုန်ရစ်ဧကရာဇ် အင်ပါယာက အဖွဲ့ကို ဦးဆောင်လာတဲ့လူ သုံးယောက်ထဲက ဖြစ်သည်။ သူ့နောက်မှာ ရပ်နေတဲ့ လူတွေက ရွှမ်ယင်နဲ့ ကျန်းရှို့တို့ပင်။

ဘယ်သူကမှ စကားမပြောဘဲ ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ အနာဂတ်ကို ဒီအချိန်မှာ ဒီလူတွေကပဲ တိုက်ရိုက် ဆုံးဖြတ်ပါတော့သည်။

"ကောင်းပြီ.... နောက်ထပ် အကြောင်းအရာက ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးနဲ့ ပတ်သတ်တာပဲ.... ဟမ့် သူ ခဏလောက် မောက်မာနေပါစေ .... ထျန်းလုံမြို့ကို အစုလိုက်အပြုံလိုက် သတ်လိုက်ရင် သူထွက်ကို ထွက့လာရလိမ့်မယ်"

စကားလုံးတွေက ကြမ်းတမ်းပြီး လူတိုင်းကတော့ ခဏတာ နှုတ်ဆိတ်နေကြသည်။ ထျန်းလုံမြို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှာက မလွဲမသွေပင်။ ထျန်းလုံကျောင်းအုပ် ထွက်လာရင် သူသေလိမ့်မယ်။ မထွက်လာရင်လည်း သူ နာမည်ဆိုးကြီးက ချန်ထားခံရမှာ အသေအချာပဲလေ။

“တတိယ အကြောင်းအရာက အခုအချိန်ကာလရဲ့ တကယ့်အရေးကိစ္စပါပဲ... ဒီသူတော်စင်တစ်ပိုင်း ကမ္ဘာက ပြိုကျနေတဲ့ကောင်းကင်ဘုံ အဖြစ်ကို ပြောင်းလဲသွားမှာ လူတိုင်း သိကြပြီးသား ဖြစ်ပေမယ့် ကွဲအက်နေတဲ့ ကမ္ဘာ့အပြင်ဘက်မှာ ပြင်ပစွမ်းအားတွေတင် မကဘူး တခြား အကြောင်းတရားတွေလည်း ရှိတယ်.... ကျွန်မတို့ သူတော်စင်တစ်ပိုင်း ကမ္ဘာကို ပြိုကျနေတဲ့ကောင်းကင်ဘုံ အဖြစ် ပြောင်းလဲပစ်ဖို့ လိုအပ်တယ်... မဟုတ်ရင် ထျန်းလုံဧကရာဇ်အင်ပါယာက ကျိုးရန်ဧကရာဇ်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ပြောင်းလဲသွားမှာ... အရင် ပြိုကျနေတဲ့ကောင်းကင်ဘုံက သင်ခန်းစာ တစ်ခုပဲ!"

ဤစကားများ ပြောပြီးသည်နှင့် အင်ပါယာရှစ်ခုမှ သခင်အချို့ ငြိမ်သက်သွားကြသည်။ ပြိုကျနေတဲ့ ကောင်းကင်ဘုံ ကမ္ဘာ၏ နယ်မြေသည် အလယ်အလတ် တန်းစား ဧကရာဇ်အင်ပါယာ တစ်ခုထက်ပင် ကျယ်ဝန်းသည်။ အစပိုင်းမှာတော့ ပြိုကျနေတဲ့ကောင်းကင်ဘုံ အကြောင်း နားမလည်ခဲ့လို့ အထဲမှာ အသက်ဘယ်လောက်တောင် ပါသွားလဲ မသိတော့ချေ။

ယနေ့ခေတ် ကြီးကျယ်ခမ်းနားသော ဧကရာဇ်အင်ပါယာများထဲတွင် ဘယ်သူက အနစ်နာခံမှု အများအပြားကို မပြုလုပ်ရသေးတာ ရှိပါ့မလဲ။ ရှေးလူကြီးတွေကြောင့်သာ ၎င်းတို့၏ လက်ရှိအခြေအနေကို ဖန်တီးပေးနိုင်သည့် အရာများ ဖြစ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ပြင်ပကမ္ဘာနှင့် ရင်ဆိုင်ရသောအခါတွင် လူတို့သည် ၎င်းကို မည်သို့မည်ပုံ ကိုင်တွယ်ရမည်ကို မသိသောကြောင့် ကောင်းကင်အက်ကြောင်းသည် တဖြည်းဖြည်း ဆက်လက် ကျယ်ပြန့်လာခဲ့သည်။

ဒါပေါ့ သူတို့က ထျန်းလုံဧကရာဇ် အင်ပါယာကို ဂရုမစိုက်ပေမယ့် တိမ်ပင်လယ်နယ်မြေကိုတော့ အာရုံမစိုက်ဘဲ မ​နေနိုင်ကြဘူး​လေ။

“ဒါက တကယ်ကြီး ဖြစ်​နေမယ်လို့ မမျှော်လင့်ထားဘူး.... ပထမတော့ အဲဒီအဘိုးအို ငါ့ကို လိမ်ညာနေတယ်လို့ ထင်နေတာ”

ကြွက်အိုကြီးက ခံစားချက်တစ်ခုဖြင့် ပြောလိုက်လေသည်။

"ငါ့အစ်ကို ပြောတာတော့ ကောင်းကင်က အပေါက်က အာကာသ လမ်းကြောင်းတစ်ခုပဲတဲ့.... အဲဒီပျက်စီးနေတဲ့ ကမ္ဘာကြီး ပြိုကျနေတဲ့ကောင်းကင်ဘုံက လူတွေအတွက် ငါတို့ရဲ့ကမ္ဘာက သခင်တွေမှာ ခွန်အားမရှိလို့ လုံးလုံးလျားလျား ပျက်ဆီးနေတဲ့ ရုပ်ကြွင်းတွေတဲ့လေ...."

၎င်းမှာ အစ်ကိုဖြစ်သူထံမှ ကြားသိခဲ့ရခြင်း ဖြစ်သည်။

လုရွှမ် ဖြန့်ကျက်လားတဲ့ သူ့စွမ်းအင်တွေကို ပြန်သိမ်းလိုက်သည်။ ထိုလူများသည် သူတို့၏ ပြောဆိုမှုကို ဖုံးကွယ် မထားသောကြောင့် ခဏကြာပြီးနောက် သူတော်စင်တစ်ပိုင်း ကမ္ဘာတစ်ခွင်သို့ ပျံ့နှံ့သွား​တော့သည်။ သူ့ဘေးနားရှိ အဘိုးအို၏ စကားလုံးက လုရွှမ်ရဲ့ စိတ်ဝင်စားမှုကို နှိုးဆော်သွားလေသည်။

“ခင်ဗျားရဲ့ အစ်ကိုလား?”

အဘိုးအိုက အားနည်းလွန်းတော့ သူ့အစ်ကို ဘယ်လောက် အစွမ်းထက်မှာလဲ? စိတ်ဓာတ်ရေးရာ လေ့ကျင့်မှုလောကမှာ အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုကို ခွန်အားနဲ့ အဆုံးအဖြတ်ပေးတယ်​လေ။ ဒါကြောင့် နဂါးတွေဟာ မြွေတွေနဲ့ မပေါင်းတတ်ကြဘူး။

လုရွှမ်၏ မထီမဲ့မြင်ပြုခြင်းကို ခံရသောအခါ အဘိုးအိုသည် ချက်ချင်းပင် ပက်ကနဲ ပြန်ပြောလာ၏။

"မင်းဘာသိလို့လဲ!"

All Chapters