← Chapters

အာကာသသလင်းကျောက်

Vol. 51 Ch. 4.275

အာကာသသလင်းကျောက်

Vol. 51 Ch. 4.275

"ငါ့အစ်ကိုကြီးက မဟာသူ​တော်စင်ကြီးကွ!"

အဘိုးအိုက အသံကိုလျှော့ပြီး အော်ပြောလိုက်ရင်း မျက်နှာက နီမြန်းကာ အလွန်စိတ်လှုပ်ရှားနေ​လေသည်။

"သူက မဟာသူတော်စင်ကြီး ဆိုပေမယ့် သူတော်စင်တစ်ပိုင်း အဆင့်အထိ တမင်တကာ ဖိနှိပ်ထားတာ... အဲဒါက...."

လုရွှမ် နောက်ဆက်တွဲ စကားလုံးများကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရသော်လည်း ထိတ်လန့်သွားခဲ့သည်။ ဟုန်ရစ်ဧကရာဇ် အင်ပါယာနှင့် တွဲ၍ ပျံသန်းလာသော လင်းယုန်ငှက်ကို မောင်းသည့် အဘိုးအိုကို ရုတ်တရက် သတိရသွားသည်။

ထိုအဘိုးအိုသည် ဧကန်စင်စစ် သူတော်စင်ကြီး ဖြစ်သော်ငြားလည်း သူတော်စင်တစ်ပိုင်း အဖြစ် ဟန်ဆောင်ကာ ကျင့်ကြံမှုကို ဖိနှိပ်ထားခဲ့သည်။

"သူက ခင်ဗျားရဲ့ အစ်ကိုကြီးပေါ့ ဟုတ်လား"

လုရွှမ် တစ်ဖက်လူကို တမင်တကာ စိုက်ကြည့်နေလိုက်သည်။

အဘိုးအိုသည် တစ်နေကုန်လုံး လုရွှမ်နှင့် စကား ပြောနေနိုင်သော်လည်း လုရွှမ်မှာ တစ်ယောက်တည်း စကားပြန်မ​ပြောဘဲ နေခဲ့သည်။ ဒီအချိန်မှာတော့ သူက ဂုဏ်ယူစွာ အော်လိုက်ပေ၏။

"လူလေး.... မင်းက ဘာကြီးမလို့လဲ?? သူ့ရဲ့ စိတ်နေစိတ်ထားက မင်းနဲ့ နှိုင်းယှဥ်လို့ ရမှာလား? သူတို့က ကမ္ဘာကြီးနဲ့တောင် ကစားချင်နေကြတဲ့ လူတွေ"

ဒီအချက်ကတော့ အဲဒီ လူကြီးရဲ့ စိတ်နေစိတ်ထားနဲ့ တော်တော်လေး ဆင်တူပါ၏။

"ဒါဆို အဲဒီအဘိုးကြီး ဘာပြောသေးလဲ?"

လုရွှမ်က စကား ဆက်ပြော​စေချင်မှန်း သိတော့ အဘိုးကြီးက ဂုဏ်ယူစွာနဲ့ ဆက်ပြောပြန်လေသည်။

"ပြောတာမှ အများကြီးပဲ.... ငါ့အစ်ကိုက ငါတို့ကမ္ဘာအပြင်မှာ တိမ်ပင်လယ်နယ်မြေလို ကမ္ဘာတွေ အများကြီး ရှိတယ်တဲ့.... ကမ္ဘာတစ်ခုနဲ့ တစ်ခုကြားမှာ အာကာသ ဥမင်လိုဏ်ခေါင်းတွေနဲ ချိတ်ဆက်ထားတာ... ဆက်သွယ်ထားတဲ့ အာကာသ ဥမင်လိုဏ်ခေါင်းတွေ များလေ အဲဒီ ကမ္ဘာငယ်လေးရဲ့ နိယာမတွေ ပိုပြီးပြည့်စုံလေပဲ"

"ဥပမာ ငါတို့ရဲ့ တိမ်ပင်လယ် နယ်မြေကြီးပေါ့... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာလောက်က စစ်ပွဲကြီးသာ မဖြစ်ခဲ့ရင် ငါတို့က ကောင်းကင်နဲ့ မြေကြီးထဲမှာ ပိတ်မိနေဦးမှာပဲ..... အဲဒါက ငါတို့တိမ်ပင်လယ် နယ်မြေရဲ့ နိယာမက မပြည့်စုံတာကြောင့်ပဲ.... လူတွေရဲ့အထက်မှာ လူတွေရှိတယ် ကောင်းကင်ရဲ့ အထက်မှာ ကောင်းကင်တစ်ခု ရှိတယ်တဲ့ကွ!"

"ငါတို့ရဲ့ တိမ်ပင်လယ်နယ်မြေ ကမ္ဘာက အာကာသ နိယာမဥပဒေသတွေ ကင်းမဲ့တယ်လို့ အစ်ကိုကြီးက ပြောဖူးတယ်.... အချိန်မှားပြီး မွေးဖွားလာခဲ့တာ သနားစရာပဲ.. ငါသာ အဲဒီလို ရတနာမြေမှာ ပြန်လည် မွေးဖွားနိုင်ခဲ့ရင် ..."

လုရွှမ်သည် အဘိုးကြီး၏ ညည်းတွားသံကို နားမထောင်တော့ဘဲ အင်ပါယာ ရှစ်ခုမှ လူတွေဆီ အကြည့်လွှဲလိုက်သည်။ ထိုလူများသည် ဆွေးနွေးမှုများ ပြီးသွားသဖြင့် ကောင်းကင်ပေါ်သို့ တက်ကာ အရပ်မျက်နှာ တစ်ခုဆီသို့ ပျံသန်းသွားကြသည်။

လုရွှမ်ရှိ​​နေတဲ့ လူအုပ်စုက ချဉ်းကပ်ဖို့ မဝံ့ရဲပေမယ့် ဒီအချိန်မှာ သူတို့အားလုံး ကပျာကယာ နောက်က လိုက်ကြတော့သည်။

သိပ်မကြာခင်မှာပဲ ကောလဟာလတွေ ပျံ့သွားတော့သည်။

ကောင်းကင်ရှိ အပေါက်တစ်ခုကို အာကာသ ဥမင်လိုဏ်ခေါင်းအဖြစ် ပြောင်းလဲလိုပါက အပေါက်ကို ဖြစ်ပေါ်လာစေသည့် အတွင်းပိုင်းအကြောင်းရင်းကို ဦးစွာရှာဖွေရမည်။ ၎င်းက သူတော်စင်တစ်ပိုင်း ကမ္ဘာရှိ လျှို့ဝှက်နယ်မြေနှင့် သက်ဆိုင်​နေသည်။

လျှို့ဝှက်နယ်မြေက ရှားပါးသော ကျောက်တုံးများသည် ကောင်းကင်ရှိ အပေါက်များ အတွင်းသို့ ဖြည့်သွင်းနိုင်ပြီး အာကာသ ဥမင်လှိုဏ်ခေါင်းများ တည်ဆောက်ရာတွင် အသုံးပြုနိုင်သည်။

ထိုနေရာသည် အလွန်အန္တရာယ်များပြီး ကျောက်တုံးများကို ရှာဖွေရန်လည်း လူအများအပြား လိုအပ်နေသည်။ ဧကရာဇ်အင်ပါယာ ရှစ်ခုသည် ၎င်းတို့ကိုဝယ်ရန် စျေး​ကြီးပေးထားပြီး ကျောက်တုံး တစ်တုံးကို အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ဆယ်ခုကို ထုတ်ပေးမှာ ဖြစ်သည်။

ဒီသတင်းကြားတော့ လူတွေလည်း ရူးသွပ်သွားကြ​တော့သည်။ အလယ်အလတ်တန်းစား အင်ပါယာဖြစ်သည့် ထျန်းလုံဧကရာဇ် အင်ပါယာတွင် ဝိညာဉ်ကျောက်တုံးများကို အများအားဖြင့် အဆင့်နိမ့် သို့မဟုတ် အလယ်အလတ် အဆင့်သာ သုံးနိုင်ကာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ ပေါ်လာပါက အံ့သြစရာ ဖြစ်သွားလိမ့်မည်။

ဆုလာဘ်က အဆင့်မြင့် ထိပ်တန်းဝိညာဉ်ကျောက်တုံး ဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ကြချေ။

လျှို့ဝှက်နယ်မြေက ကျောက်တစ်လုံးသည် အရည်အသွေးမြင့် ဝိညာဉ်ကျောက် ဆယ်လုံးနှင့် ညီမျှသည်။ ဆုလာဘ်က အလွန်ထိမိတာကြောင့် စိတ်ဝိညာဉ် သခင်များနှင့် ကျင့်ကြံသူများ အားလုံး မနာလို ဖြစ်​စေသည်။

အန္တရာယ်တွေ ရှိမှာကတော့ သေချာလေ၏။ ဒီလို ကြီးမားတဲ့ အမြတ်ငွေ ထုတ်ပေးလာမှတော့ ဘယ်လိုလုပ် အန္တရာယ်တွေ မရှိနိုင်မှာလဲ။ ဒါပေမဲ့ လူတွေ အများကြီးနဲ့ အင်ပါယာ ရှစ်ခုက ဦးဆောင်နေတာကြောင့် အန္တရာယ် အနည်းငယ်ကို ဘာကြောက်ဖို့ လိုသေးလို့လဲ။

ထိုကျောက်တုံးသည် အာကာသ သလင်းကျောက်သာ ဖြစ်ရမည်။ မမျှော်လင့်ဘဲ ထိုအရာများမှာ သူတော်စင်တစ်ပိုင်း ကမ္ဘာ၌ မြှုပ်နှံခံထားတာကို တွေ့ရ​လေသည်။ အလုံအလောက်ရရှိပါက အနာဂတ်တွင် တိမ်ပင်လယ် နယ်မြေအတွင်း ခရီးသွားလာရာတွင် ပိုမို အဆင်ပြေစေမည့် နေရာပြောင်း အစီအရင် တစ်ခုကို တည်ဆောက်နိုင်မှာပဲ ဖြစ်သည်။

လုရွှမ်လည်း ထိုလူတွေကို လက်တုံ့ပြန်ရန် စိတ်ကူးအား ယာယီဘေးဖယ်ထားပြီး အာကာသ သလင်းကျောက်များကို ဦးစွာရှာဖွေရန် စီစဥ်လိုက်သည်။

ကောင်းကင်နှင့် နေကို ဖုံးလွှမ်းလုနီးပါး များပြားလှသော လူအုပ်ကြီးသည် ဆယ်ရက်ကျော်ကြာ ဆက်တိုက် ပျံဝဲနေ၏။ အမြန်နှုန်း မရှိသူများက နှိမ့်ချခံရပြီး ဆက်လက် ပျံသန်းနိုင်သူတွေကိုတော့ လက်ရွေးစင်အဖြစ် သတ်မှတ်ခံခဲ့သည်။

လုရွှမ် လမ်းတစ်လျှောက်လုံး ကောင်းကင်ယံရှိ အပေါက်ကို လှမ်းကြည့်​နေမိသည်။ အပေါက်ကြီးက ပို၍ ကြီးမားလာသည်နှင့် သာမန်မျက်စိဖြင့်ပင် ခုန်ပေါက်နေသည့် သတ္တဝါများစွာကို မြင်နေရပြီ ဖြစ်သည်။ သူတော်စင်တစ်ပိုင်း ကမ္ဘာရှိ နိယာမတရားများ ပေါင်းစပ်သွားတာကို သူခံစားနိုင်ပြီး သူတော်စင်တစ်ပိုင်း ကမ္ဘာနှင့် တိမ်ပင်လယ် နယ်မြေကြားရှိ အတားအဆီးများက လျင်မြန်စွာ အားနည်းသွားခဲ့သည်။

အတားအဆီး လုံးဝ ပျောက်ကွယ်သွား သောအခါတွင် သူတော်စင်တစ်ပိုင်း ကမ္ဘာသည် တိမ်ပင်လယ်ကြီးအဖြစ်သို့ ပေါင်းစည်းသွားပြီး ပျက်စီးခြင်းသို့ ပြောင်းသွားပေလိမ့်မည်။ ၎င်းသည် ပြင်ပကမ္ဘာကို ခြိမ်းခြောက်နေသော ပြိုကျနေတဲ့ ကောင်းကင်ဘုံဟု ခေါ်ဝေါ်သည့်အရာ ဖြစ်လာလိမ့်မည်။

နောက်ထပ် ဆယ်ရက်လောက် ပျံသန်းပြီးတဲ့ နောက်မှာတော့ ရှေ့ကအဖွဲ့ဟာ နောက်ဆုံးမှာ ရပ်သွားခဲ့သည်။ လုရွှမ်လည်း နောက်ဆုံးတော့ သူတို့ရောက်​ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ဤနေရာမှ နိယာမ ဥပဒေများသည် ပို၍ လုံးလုံးလျားလျား ပေါ့ပါးပြီး ပျံသန်းရလွယ်ကူကြောင်း ခံစားရ၏။

နေလုံးကြီးက သူတော်စင်တစ်ပိုင်း ကမ္ဘာကို ငုံ့ကြည့်နေသကဲ့သို့ သေးငယ်သော နိယာမစွမ်းအင် အမျှင်များသည် အာကာသအတွင်းမှ ပျံ့လွင့်လာပြီး ထူးထူးခြားခြား လျင်မြန်လျက် ရှိသည်။

လုရွှမ်လည်း ဒီလို နိယာမစွမ်းအင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထိုအရာကို အာကာသ စွမ်းအင်မျဥ်းဟု ခေါ်တာ ဖြစ်မည်။

အဖြူရောင် မြူမှုန်တချို့က အရှေ့ဘက်ကို ဖုံးအုပ်ထားသောကြောင့် အတွင်းဘက်ကို မမြင်နိုင်ပေ။ လုရွှမ်ရဲ့ ယွမ်ယန်ကျင့်စဥ် စွမ်းအင်တွေက အရှိန်အပြည့်နဲ့ ပြေးလွှားနေပြီး ကောင်းကင်မီးတောက် အလင်းမှုန်တို့ကလည်း သူ့မျက်လုံးတွေထဲ တောက်ပနေသော်လည်း မီတာဒါဇင်ချီ အကွာအဝေးကို ရှင်းရှင်းလင်းလင်း လှမ်းမမြင်နိုင်ဘဲ ယောင်ဝါးဝါးသာ မြင်နေရသည်။

"အရှေ့က နေရာက ငါတို့တွက်ချက်ထားတဲ့ နေရာပဲ... ပြီးတော့ အထဲမှာ အာကာသ သလင်းကျောက် အများကြီး မြှုပ်ထားတယ်.... အားလုံးပဲ အချိန်ကျပြီ.... ရှေ့ကို ဆက်သွားကြရအောင်"

ကောင်းကျန့်၏ အသံသည် အဝေးမှ ပျံ့လွင့်လာပြီး လူတိုင်းရဲ့နားထဲ ရောက်ရှိသွားသည်။

အရှေ့ဘက်ရှိ လူတန်းကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဖြူဖွေးသော မြူခိုးများဆီသို့ ဦးတည်သွားရာ လုရွှမ်လည်း ပြေးဝင်လာခဲ့သည်။

"အား....."

အော်သံတွေနဲ့အတူ လေထဲမှာ ပျံနေတဲ့ လူတွေ အားလုံး အောက်ကို ပြုတ်ကျသွားကြသည်။ ဦးတည်ရာကို လုံးဝ မထိန်းနိုင်လေသောကြောင့် သူတို့ ပြုတ်ကျခဲ့တာတွေက ပုံစံ အမျိုးမျိုးပင်။

ကံကောင်းထောက်မစွာပဲ သူတို့ရဲ့ ကိုယ်ပိုင် စွမ်းအားက အားမနည်းကြချေ။ ဒီလူတွေက အနည်းဆုံးတော့ သူတို့ရဲ့ အစွမ်းအစကို ပြုစုပျိုးထောင်ပြီး မသေမျိုး သူတော်စင်တွေ ဖြစ်ကုန်ကြပြီလေ။

လုရွှမ်၏ ခန္ဓာကိုယ်သည်လည်း ယိမ်းနွဲ့ကာ အောက်သို့ လဲကျသွားသည်။ သူ့စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်တော့သည်။ ဒီနေရာမှာ ရွှမ်ခုန်းတောင်လို့ အခင်းအကျင်း တစ်ခု ရှိနေတာလား။

သို့သော် မကြာမီတွင် ၎င်းသည် ရွှမ်ခုန်းတောင် နှင့် လုံးဝ ကွဲပြားကြောင်း လုရွှမ် တွေ့လိုက်ရသည်။ အာကာသ နိယာမစွမ်းအင်က ဤနေရာတွင် အလုပ်ဖြစ်​လေသည်။

ဒါကို သူတို့ တစ်ခါမှ မကြုံဖူးဘူး ဆိုတော့ ခဏတာ မခံနိုင်ဘူး ဖြစ်သွားကြ၏။ မီတာများစွာ ပြုတ်ကျပြီးနောက် လုရွှမ်၏ ခန္ဓာကိုယ်သည် လေထုထဲတွင် ရပ်တန့်သွားသည်။ သူ လှည့်ကြည့်လိုက်တော့ ဒီနေရာရဲ့ စွမ်းအင်ကို ကျင့်သားရသွားသူ များစွာလည်း ရှိ​လေသည်။ သူတို့သည် လေထဲတွင် ပျံဝဲကာ ပြုတ်ကျသူများကို ကျယ်လောင်စွာ ရယ်မော​နေကြသည်။

"ဒီမှာ အရမ်းသက်တောင့်သက်သာ ရှိသလို ခံစားရတယ်.... ဘာလို့လဲတော့ မသိဘူး ဒါပေမဲ့ ခန္ဓာကိုယ်က အရမ်း သက်တောင့်သက်သာ ဖြစ်နေတယ်"

"ဟုတ်တယ်.... တစ်ခုခု ပြီးပြည့်စုံသွားသလိုပဲ"

ကျင့်ကြံသူတွေက သူတို့ရဲ့ ခံစားချက်တွေကို ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးကြတော့သည်။ မြေပြင်ပေါ်ရှိ ကျင့်ကြံသူများလည်း ခဏကြာမှ တုံ့ပြန်လာကြကာ အားပါးတရ ရယ်မောလိုက်ကြသည်။

လုရွှမ် ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်သော်လည်း ယခုအချိန်တွင် ပြင်ပကမ္ဘာရဲ့ စွမ်းအားက ဖုံးလွှမ်းနေပုံရပြီး ရှင်းရှင်းလင်းလင်း မြင်ရခက်စေသည်။ နိယာမစွမ်းအင်များသည် ကမ္ဘာနှစ်ခုကဲ့သို့ ကွဲပြား​နေသည်။

"သလင်းကျောက်တွေ သွားရှာကြမယ်!"

လူအုပ်ထဲက တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီး လူတိုင်းလည်း သူတို့ရဲ့ အရှိန်အဟုန်ကို မြှင့်တင်ကာ အရပ်ရပ်ကို ပြေးထွက်သွားကြလေသည်။

လုရွှမ်သည် လူအများစု ထွက်ခွာသွားချိန်အထိ လေထုထဲတွင် တိတ်တဆိတ် စောင့်ဆိုင်းပြီးနောက်မှ လိုက်သွားခဲ့သည်။

ထွက်ပေါက်မှာ အင်ပါယာ ရှစ်ခုမှ လူတစ်စုက စောစောစီးစီး အခင်းအကျင်းများကို ဖွဲ့စည်းထားကာ လူတွေ အများကြီးက ထိုနေရာကို တိုက်ရိုက် စောင့်ဆိုင်းနေကြတာကို သူမြင်လိုက်ရသည်။ လုရွှမ် အထူးသတိထား မိတာကတော့ ဒီလူတွေအားလုံးရဲ့ ခါးမှာ ချိတ်ဆွဲထားတဲ့ သိုလှောင်အိတ်တွေပါပဲ။

ဒါကို မြင်လိုက်ပြီ ဆိုမှတော့ လုရွှမ် ဘယ်လိုလုပ် နားမလည်ဘဲ နေပါတော့မလဲ?

All Chapters