နတ်သူငယ်ကလေးထံမှအကူအညီ
Vol. 51 Ch. 4.276
ဤလူများသည် အဆင့်မြင့် ဧကရာဇ်အင်ပါယာများမှ ဆင်းသက်လာသောကြောင့် ၎င်းတို့သည် ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာ၏ လျှို့ဝှက်ချက်များကို သဘာဝအတိုင်း သိရှိထားပြီးသား ဖြစ်နိုင်သည်။ ဒါကြောင့် ဒီနေရာကို အမြန်ဆုံး ရောက်လာပြီး ဒီနေရာက သလင်းကျောက်တွေကို ရှာဖွေချင်နေကြတာပင်။
ယခုအခါ သလင်းကျောက်များကို ရှာဖွေရန် ခက်ခဲနေပြီး ၎င်းတို့ကို ရှာဖွေရန် ငွေအမြောက်အမြားလည်း သုံးရပေလိမ့်မည်။ ဒါကြောင့် အဆင့်မြင့် ဝိညာဥ်ကျောက်တုံးတွေနဲ့ လူတွေကို ဆွဲဆောင်ပြီး ဒီလူတွေကို ကူလီတွေအဖြစ် လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
အမှန်တော့ အာကာသ သလင်းကျောက်နှင့် နှိုင်းယှဉ်ပါက အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးသည် ဘာမှမဟုတ်ပေ။
လုရွှမ်သည် သူ၏လက်ကို ဝှေ့ယမ်းကာ ဝိညာဉ် အလင်းရောင်ကို အခင်းအကျင်း အတွင်းသို့ တွန်းပို့လိုက်သည်။ ဤအခင်းအကျင်း ဖွဲ့စည်းပုံကို အင်ပါယာရှစ်ခုက မစီစဉ်ထားဘဲ သဘာဝ အခင်းအကျင်း ဖြစ်ကြောင်း တွေ့လိုက်ရတော့ လုရွှမ် အလွန်စိတ်ပျက်သွားသည်။
ကံကောင်း ထောက်မစွာနဲ့ လုရွှမ်သည် စိတ်ဝိညာဉ်မီး အပိုင်းအစကို ဂရုတစိုက် ထားခဲ့ကာ ပျံထွက်သွားခဲ့သည်။
ဧကရာဇ်အင်ပါယာ ရှစ်ခုသည် လူတိုင်းကို ကိရိယာများအဖြစ် အမှန်တကယ် ဆက်ဆံသောကြောင့် ကြက်ကိုခိုးပြီး ထမင်းကို ဆုံးရှုံးသွားရတဲ့ ခံစားချက်ကို ပေးသိရမည်။ နောက်ဆုံး ဘယ်သူက ရယ်မောနိုင်မလဲ ကြည့်ရသေးတာပေါ့။
အချိန်အတော်ကြာ ပျံသန်းပြီးနောက်တွင် လုရွှမ်သည် သူ၏ ခွန်အားပြည့် မျက်လုံးဖြင့်ပင် အထဲက စွမ်းအင်များအား မမြင်နိုင်ရခြင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ အထဲမှာ ပိုပျံလေ နိယာမစွမ်းအင် လိုင်းတွေများလေ ဖရိုဖရဲဖြစ်လေပင်။
အာကာသ နိယာမစွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် နေရာများသည် တစ်နေရာနဲ့ တစ်နေရာ ထပ်နေပြီး အခါအားလျော်စွာပင် ပြောင်းလဲနေသည်။ ၎င်းတို့သည် မြင်ရတာထက် ပိုမိုကြီးမားတဲ့ အန္တရာယ်တွေ ရှိလေသည်။
အရင်ကတော့ လုရွှမ် သူတော်စင်နယ်ပယ် အဆင့်၅ ကျင့်ကြံသူ တစ်ယောက် အရှိန်ပြင်းပြင်းနဲ့ လေထဲမှာ ပျံဝဲနေတာကို မြင်တွေ့လိုက်သည်။ သို့သော် ရုတ်တရက် ထိုလူရဲ့ ခန္ဓာကိုယ်က နှစ်ပိုင်းကွဲသွားကာ ဖြတ်ထုတ်ခံလိုက်ရစဥ် လေထု မျက်နှာပြင်သည် ချောမွေ့ပြီး ဝိုင်းစက်သွားသည်။
လုရွှမ် မီးတောက်မျက်လုံးများဖြင့် လျင်မြန်စွာ ကြည့်လိုက်ရာ အာကာသထဲတွင် အက်ကြောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ရုတ်တရက်ပဲ ပြန်ပျောက်ကွယ်သွားကာ ကာကွယ်ရန်ပင် အချိန်မရှိစေချေ။
ရက်စက်ချက်ပဲ!
နောက်ပိုင်း ခရီးတွင် လုရွှမ်လည်း ဂရုမစိုက်ဘဲ မနေဝံ့ပေ။ သူ့မျက်လုံးများက အနည်းငယ် တောက်ပနေပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အာရုံစိုက်ထားကာ တိတ်တဆိတ် မှတ်တမ်းတင်ခဲ့သည်။
သူဝင်ရောက်တဲ့ နေရာက ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ နောက်ဆုံးတွင် သူသည် မြေပြင်ပေါ်တွင် တုန်လှုပ်နေသည့် အရိပ်အယောင်ကို တွေ့လိုက်တဲ့အခါ ရပ်တန့်သွားသည်။ ရွှေစီးဆင်းမှု အရှိန်ကို သုံးကြည့်လိုက်တော့ တစ်ကိုယ်လုံး မြေပြင်မှ နစ်မြုပ်သွားပြီး ခဏအကြာတွင် သူ့မျက်နှာပေါ်တွင် ခါးသက်သက် ပြုံးကာ နစ်ဝင်သွားတဲ့ မြေကြီးထဲက ပြန်ဖောက်ထွက်လာခဲ့သည်။
ရွှေအရှိန်ရဲ့ အဆင့်က ဒီနေရာမှာ အရမ်းနိမ့်နေတာပဲ။ သဘာဝ အခင်းအကျင်း ဖွဲ့စည်းပုံတွေနဲ့ ဒီလိုနေရာမျိုးမှာ သူ့ရဲ့ရွှေအရှိန် လုံးဝ သက်ရောက်မှု မရှိဘူး။
လုရွှမ်၏ ဝိညာဉ်စွမ်းအင်သည် မြေပြင်ပေါ်သို့ စိမ့်ဝင်သွားပြီး ဂရုတစိုက် ရှာဖွေနေလေသည်။
သိပ်မကြာခင်မှာပဲ ကျောက်တုံးတစ်တုံးက လုရွှမ်ရဲ့ နိယာမစွမ်းအင်ထဲကို ဝင်လာ၏။ ကြည်လင်ပြတ်သားပြီး ဖော်မပြနိုင်လောက်အောင် လှပသော လက်သီးဆုပ် အရွယ်ခန့်ရှိ သလင်းကျောက်က မြေကြီးထဲတွင် နစ်မြုပ်နေသည်။
လုရွှမ်၏ နှလုံးခုန်သံနှင့် အတူ မိုးနတ်ဘုရားဓားသည် ပျံထွက်သွားပြီး အပေါက်ကြီး တစ်ခုအဖြစ် အမြန်ထိုးဖောက်ကာ သလင်းကျောက်ကို လှန်ချပစ်လိုက်သည်။
နေရောင်အောက်တွင် ကြည်လင် တောက်ပနေသော သလင်းကျောက်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ အတွင်းမှ တဟုန်ထိုးထွက်နေသော စွမ်းအင်ကို လုရွှမ် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
"အာကာသ သလင်းကျောက်?"
ငှက်တစ်ကောင်၏ ဦးခေါင်းက ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းမှာ ရွှေကျီးကန်းပင်။ သူက ပါးစပ်ကိုဖွင့်ကာ စုပ်လိုက်သည်နှင့် သလင်းကျောက်သည် ချက်ချင်းပင် သူ့ပါးစပ်ထဲသို့ ပျံတက်သွားကာ တအိအိဖြင့် မျိုချလိုက်ရတာ လုရွှမ်ပင် မဖမ်းမိလိုက်ချေ။
"ဟေး ငါတို့ဒီကို ရောက်နေတာပဲ....ကောင်လေး မင်းတော့ ချမ်းသာပြီ.... မင်းရဲ့ သခင်ကျီးကို ဘာလို့ မြန်မြန် လာမရှာရတာလဲ? မင်းသခင်ကျီးက မင်းကို အာကာသရဲ့ နိယာမတွေကို နားလည်အောင် လမ်းညွှန်ပေးနိုင်တယ်... အဲဒီအချိန်ကစပြီး မင်းဘာသာ ကောင်းကင်ကိုတက်တက် မြေကြီးထဲဝင်ဝင် အာကာသထဲမှာ နေရာပြောင်းအစီအရင်နဲ့ ကြယ်အလင်းတွေလို လှုပ်ရှားလို့ ရပြီ!"
ဒီနံစော်နေတဲ့ ကျီးကန်းဟာ နိယာမစွမ်းအင်နဲ့ ပတ်သက်ရင်တော့ တိကျမှုအပြည့် ရှိတယ်ဆိုတာ သူသိပါသည်။ သူ့စကားကတော့ အဆုံးမသတ်နိုင်ပေမယ့် ၁၀၀% ထဲမှာ ၂၀% ကနေ ၃၀% ကတော့ အမှန်တရားပဲ။ လုရွှမ် နှလုံးသားလည်း တုန်လှုပ်သွားပြီး
"သခင်ကျီး မင်းမှာ ဘာနည်းလမ်းရှိလဲ? ဒီတစ္ဆေသရဲလို နယ်မြေထဲမှာ သလင်းကျောက်တွေကို ဒီနည်းနဲ့ ရှာဖွေရရင် ပင်ပန်းလွန်းတယ်"
ရွှေကျီးကန်းက ရယ်လိုက်ကာ။
"ငါတို့ ပြင်ဆင်ထားပြီးသားပါ.... ရားရား ထွက်လာခဲ့... ရားရားသာရှိရင် ဒီမှာရှိတဲ့ နိယာမစွမ်းအင်တွေက အသုံးမဝင်တော့ဘူး.... ငါတို့ သဘောတူညီချက် တစ်ခု အရင်လုပ်ရအောင်... မင်း၃၀% ငါ၇၀% ခွဲမယ်"
လုရွှမ်လည်း အလွန်ဝမ်းသာသွားသည်။ နတ်သူငယ်ကလေး၏ အကူအညီနဲ့ဆို ရှာဖွေမှု အမြန်နှုန်းသည် သဘာဝကျကျ ပိုမိုမြန်ဆန်လာမှာပဲ ဖြစ်သည်။
"မင်း၇ငါ၃??.... သခင်ကျီး မင်းက လူယုတ်မာပဲ... မင်း အရှက်မရှိဘူးလား? အန္တရာယ်ကြုံလာရင် မင်း လှုပ်ရှားတာလား ငါ လှုပ်ရှားရတာလား? ငါ၇မင်း၃ ဆိုရင်တောင် လုံလောက်ပါ့မလား"
"ခွေးကောင်လေး.... ငါနဲ့ ရားရားသာ မပါဘဲ အာကာသ သလင်းကျောက်တုံးကို မင်းရှာတွေ့နိုင်မှာလား?"
လုရွှမ်က နှုတ်ခမ်းထောင့်စွန်းကို ကွေးညွတ်လိုက်ရင်း။
"ဒါဆို မင်းကိုယ်တိုင် သွားရှာကြည့်လေ... တကယ်လို့ တစ်ယောက်ယောက်ဆီက အမဲလိုက်ခံရရင် ရွှေကျီးကန်းရဲ့ အသားက အရသာရှိပါ့မလား သိရမှာပေါ့"
"ဘာ!! မင်းတော့ ပိုပိုပြီး မာနကြီးလာတာကို ငါမြင်ရတယ်နော်.... ငါ မင်းကို သင်ခန်းစာ မပေးရင် မင်းကို သင်ခန်းစာ မပေးနိုင်ဘူးလို့ ထင်ကုန်ကြတော့မယ်"
ရွှေကျီးကန်း ပါးစပ်ကို ဖွင့်လိုက်သောအခါတွင် မီးတောက်တစ်ခု ထွက်လာသည်။ လုရွှမ် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။
"ငှက်စုတ်.... မင်းက ကစားနေသေးတယ်.... မင်းကို ငါကြောက်နေမယ် ထင်လား?"
သူ့လက်ကို ဝှေ့ယမ်းပြီး အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ အနက်ရောင် ရေခဲသလင်းကျောက်ကို ထုတ်ကာ ရွှေကျီးကန်းရဲ့ မျက်နှာရှေ့ တိုက်ရိုက် ထိုးပြလိုက်တော့သည်။
"ဟ!! ကောင်လေး မင်းမှာ ဘာလို့ရတနာတွေ ဒီလောက်တောင် ရှိနေတာလဲ? ငါ့ကို ပေးဦး!!"
ရွှေကျီးကန်းက အော်ဟစ်လိုက်ပြီး မီးတောက်ကို ရုတ်သိမ်းလိုက်ကာ နှစ်သောင်းချီရေခဲအား ပြေးယူလိုက်သည်။ လုရွှမ်က လက်ဖဝါးကို လှည့်လိုက်ပြီး နှစ်သောင်းချီရေခဲကို ဖယ်လိုက်ကာ
"မင်းဘာပြောမလဲ ငှက်ကလေး?"
"မင်းက ၇၀ ရာခိုင်နှုန်း ငါက ၃၀ ရာခိုင်နှုန်း!!!... အနှစ်တစ်သောင်း အနက်ရောင် ရေခဲတုံးကို ငါ့ကို ပေးစမ်းပါ!!"
လုရွှမ် စိတ်ရှုပ်သွားသည်။ ရွှေကျီးကန်းတစ်ကောင် နှစ်သောင်းချီရေခဲကို ဘာလို့ ဒီလောက်တောင် လိုချင်နေတာလဲ။
"မင်းဘာသိလို့လဲ? ကျင့်ကြံမှုအဆင့် မြင့်လာတဲ့အခါ ယန်ကယင်းကို ထုတ်ပေးပြီး ယင်းကယန်ကို ထုတ်ပေးတယ်.... ဒီသခင်ကျီးရဲ့ ကောင်းကင်မီးကို အဆင့်မြှင့်ချင်တယ် ဆိုရင်တော့ အနှစ်တစ်သောင်း ရေခဲနက် လိုတယ်ကွ!"
လုရွှမ် ရုတ်တရက် ခုန်တက်သွားတဲ့ နှလုံးခုန်သံကြောင့် လျင်မြန်စွာ မေးလိုက်သည်။
"ဒါဆို ငါ့ရဲ့ ကောင်းကင်ဖီးနစ်မီးကို ဘယ်လို အဆင့်မြှင့်ရမလဲ?"
ရွှေကျီးကန်းသည် စကားအနည်းငယ်ကို ပေါ့ပေါ့ပါးပါး ပြောကာ အနှစ်တစ်သောင်း အနက်ရောင် ရေခဲတုံးကို ကောက်ယူပြီး ကျောက်စိမ်းပြားထဲသို့ ပြန်ပြေးဝင်သွားသည်။ လုရွှမ် ရားရားကို သူ့ရင်ခွင်ထဲတွင် ပွေ့ချီထားသည်။
ကလေးမလေးသည် အသက်တော်တော် ကြီးနေပြီ ဖြစ်သော်လည်း သူမသည် နတ်သူငယ်ကလေး ဖြစ်သောကြောင့် ကလေးတစ်ယောက်၏ ခန္ဓာကိုယ် ရှိနေဆဲဖြစ်သည်။ သူမ၏ မျက်လုံးများသည် ထက်မြက်ကာ အတွင်း၌ သိမ်ငယ်သော နိယာမဥပဒေသများ ရှိနေသောကြောင့် သူမမှာ အလွန်အမင်း ချစ်စရာကောင်းနေသည်။
ရွှေကျီးကန်းမှာ စိတ်မချရသော်လည်း ရားရားကိုတော့ အလွန်ကောင်းမွန်စွာ သင်ကြားပြသထားပုံရသည်။ ယခုအချိန်တွင် သူမသည် သူတော်စင်နယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
တောက်ကျင့်စဥ် အခြေခံအုတ်မြစ်က ခိုင်ခံ့နေပြီး ဝိညာဉ်စွမ်းအင်များ စိမ့်ဝင်နေစဥ့ သူမ၏ ခန္ဓာကိုယ်မှ မွှေးရနံ့ ဖျော့ဖျော့လေး ထွက်ပေါ်လာသည်။ လုရွှမ်၏ မျက်လုံးများသည် သူမ၏ ကိုယ်တွင်းသို့ အဆက်မပြတ် စီးဆင်းနေသော စွမ်းအင်များကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ရွှေကျီးကန်း၏ အဆိုအရ ရားရား မဟာသူတော်စင်ကြီး ဖြစ်လာသောအခါတွင် သူမ၏ ခန္ဓာကိုယ်ရှိ ပြေးနူန်းများသည် တည်ငြိမ်သွားနိုင်ပြီမို့ ထိုအချိန်တွင် သူမသည် လွတ်လွတ်လပ်လပ် နေနိုင်လိမ့်မည် ဖြစ်သည်။
"ရားရား... မင်း ကိုကို့ကို တစ်ခုလောက် ကူညီပေး... ကိုကိုမင်းကို စားစရာတစ်ခုခု ပေးမယ်"
သားရဲရဲ့ အသားကင်တစ်ပိုင်းကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ ကလေး သဘာဝရှိတဲ့ ရားရားလည်း ဝမ်းသာအားရ ဝါးစားလိုက်တော့သည်။
နတ်သူငယ်ကလေးရဲ့ အကူအညီဖြင့် ၎င်းတို့နှစ်ဦးသည် ပိုမိုမြန်ဆန်လာခဲ့သည်။
လုရွှမ်သည် ဒီနေရာ အတွင်းက ပြောင်းလဲမှုများကို အာရုံစိုက်ခဲ့ပြီး ရားရားသည် အာကာသ သလင်းကျောက်တုံးများ၏ တည်နေရာကို သတိပြု ရှာဖွေပေးသည်။ မကြာမီတွင် လုရွှမ် သလင်းကျောက် တစ်ဒါဇင်ကျော်ကို တွေ့ရှိခဲ့သည်။
အများစုမှာ လက်သီးဆုပ် အရွယ်အစားဖြစ်ပြီး တစ်လုံးမှာ လူ၏ဦးခေါင်း အရွယ်အစားလောက် ရှိသည်။ နိယာမ စွမ်းအင်များသည် လေထု မျက်နှာပြင်ပေါ်တွင် စီးဆင်းသွားပြီး သလင်းကျောက် အတွင်းရှိ အလင်းရောင်များကို တောက်ပလာစေသည်။ ၎င်းတွင်ပါရှိသော စွမ်းအင်က လုရွှမ်အား တိတ်တဆိတ် ထိတ်လန့်သွားစေခဲ့၏။
"တစ်ယောက်ယောက် လာနေပြီ ရားရား အရင်ပုန်းနေလိုက်...."
လုရွှမ်က ရားရားကို ကျောက်စိမ်းပြားသို့ အမြန် ပြန်ပို့လိုက်သည်။ သိပ်မကြာခင်မှာပဲ သူတော်စင် အဖွဲ့တစ်ဖွဲ့က ပြေးလာပြီး လုရွှမ်ကို ဝိုင်းထားလိုက်ကြသည်။
"ကောင်လေး... မင်းရဲ့ သလင်းကျောက်တွေ အားလုံးကို ထုတ်ပေးလိုက်တော့..."
သူသည် အလွန်သည်းခံနေသည့် ပုံစံဖြင့် ပြောကာ လွှမ်းမိုး ချုပ်ကိုင်ချင်နေသည့် အငွေ့အသက်တွေကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားသည်။
လုရွှမ် လူတိုင်းကို တစ်ချက် ကြည့်လိုက်ရာ အရည်အချင်း အမြင့်ဆုံးမှာ တတိယအဆင့် သူတော်စင်နယ်ပယ်ထက် မပိုချေ။ သူတို့သည် တခြားနေရာများတွင် ဓားပြတိုက်ရန် ပစ်မှတ်ဖြစ်ခဲ့သော်လည်း ယခုအခါ လုရွှမ် ခေါင်းပေါ်ကို ရောက်ရှိလာခဲ့သည်။
လုရွှမ်က လူ ၃ ယောက်ကို လျစ်လျူရှုပြီး အဝေးကို လှမ်းကြည့်လိုက်သည်။
"ဒီကို ရောက်နေပြီ ဆိုမှတော့ ဘာလို့ ပုန်းနေသေးတာလဲ? သူတို့သုံးယောက် တစ်ခုခု ရှာတွေ့နိုင်မယ်လို့ မင်း ထင်နေတာလား"
"ကောင်လေး.... မင်းငါ့ကို ပြောနေတာလား? မင်းက သေလမ်းကို ရှာချင်နေတာပဲ"