မြောက်များလှသောရိတ်သိမ်းမှု
Vol. 51 Ch. 4.277
လုရွှမ် သူတို့ သုံးယောက်ကို မကြည့်ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်း သုံးချောင်း ထွက်လာပြီး သုံးယောက်စလုံး မြေပြင်ပေါ်သို့ လဲကျသွားသည်။
နောက်ဆုံး လူတစ်ယောက်ကတော့ လေထုအလယ်မှ ထွက်ပေါ်လာ၏။ သူသည် အလွန်သန်မာလှသည်။ ရောက်လာသောလူသည် အဆင့်မြင့် အဆင့်မဟုတ်သော်လည်း လုရွှမ်ရဲ့ မျက်လုံးများကတော့ တည်ကြည် လေးနက်နေသည်။
သူ့အား ခြိမ်းခြောက်နိုင်မှုမှာ ကြီးကြီးမားမား မဟုတ်သော်လည်း ယခု ထွက်လာသည့် အခိုက်မှာ အခင်းအကျင်းထဲက ထွက်လာတာ မဟုတ်သလို စိတ်ဝိညာဉ် စွမ်းအား ပြောင်းလဲခြင်းလည်း မဟုတ်တာကြောင့် တစ်ခုခုတော့ ထူးဆန်းနေသည်။
"မင်းဘေးနားက ဟိုကလေး ဘယ်ရောက်သွားတာလဲ?"
ဆံပင်ရှည်ရှည်ကို ခေါင်းအနောက်မှာ ရိုးရိုးချည်နှောင်ထားတဲ့ ကောင်လေးက မြင့်မြင့် ဝါကြွားသော အသံကို ထုတ်လွှတ်လာပြီး လေထုထဲသို့ မကောင်းဆိုးဝါး စွမ်းအင်တွေကို သဲလွန်စအဖြစ် ထုတ်ပြနေ၏။
လုရွှမ်ကို စိုက်ကြည့်ရင်း ယခင်လူ ၃ ယောက်ကို သတ်ဖြတ်လိုက်ခြင်းအား လုံးဝ ဂရုမစိုက်ဘဲ လုရွှမ်အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။
လုရွှမ်၏ မျက်လုံးများသည် တောက်ပသောလကို စီချယ်ထားသည့် အင်္ကျီလက်စပေါ်ကို ရောက်ရှိသွားပြီး
"မင်းက မင်ယွဲ့ဧကရာဇ် အင်ပါယာကလား"
"ငါပြောနေတယ်.... အဲဒီကလေးက ဘယ်မှာလဲလို့!!"
အော်ဟစ်ပြီး နတ်ဆိုး အရှိန်အဝါတွေနဲ့ ပြည့်နေတဲ့ သူ့အသံကို ထုတ်လွှတ်လိုက်သည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ထိုလူသည် နေရာမှ ပျောက်သွားပြီး နောက်အခိုက်အတန့်တွင် လုရွှမ်ရှေ့တွင် ပေါ်လာကာ လုရွှမ် လည်ချောင်းကို လက်ဖဝါးဖြင့် ဖမ်းဆုပ်လိုက်သည်။
လုရွှမ် အမြန် ပြန်ဆုတ်သွားသည်။ ဟုတ်တယ် အဲဒီအခြေအနေမှာပဲ ရှိတယ်။ ဒီတစ်ခါတော့ နိယာမစွမ်းအင်တွေ စီးဆင်းနေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ချက်ချင်းဆိုသလို ပျောက်သွားတာ။
"မင်း နေရာပြောင်း အစီအရင်နဲ့ သုံးလိုက်တာလား?"
လုရွှမ်သည် ဤကဲ့သို့ လှုပ်ရှားနိုင်သော ခြေရာလက်ရာကို အလွန်မနာလို ဖြစ်တာကြောင့် မမေးဘဲ မနေနိုင်ခဲ့ပေ။ သူ့အရင်ဘဝတုန်းကတောင် ဒီလိုခံစားချက်မျိုး တစ်ခါမှမကြုံဖူးလို့ အရမ်းသိချင်လာသည်။
ရောက်လာသူက ကျယ်လောင်စွာ ရယ်မောပစ်လိုက်ပြီး
"နေရာသေးသေးလေးတွေက လူတွေက သိခွင့်မရှိပါဘူး....အဲ့တော့ သွားသာသေလိုက်တော့!"
ခြေလှမ်းတစ်လှမ်းဖြင့် ထိုလူသည် ပျောက်ကွယ်သွားပြန်သည်။ ချက်ချင်းဆိုသလိုပင် လုရွှမ် အနောက်သို့ ပြေးသွားပြီး လက်ဝါးစွမ်းအင်ကို ထုတ်လိုက်သည်။
လုရွှမ်လည်း အနည်းငယ် စိတ်ပျက်ကာ အသက်ရှူ ကြပ်သွားခဲ့သည်။ အာကာသ၏ နိယာမစွမ်းအင်များသည် အတွင်းပိုင်းတွင် ပေါင်းစပ်ထားသောကြောင့် ဖြစ်နိုင်သည်။ ဒါကြောင့် ဒီလူလှုပ်ရှားသွားတာ အလွန် မှော်ဆန်သလို ဖြစ်နေ၏။
ဆိုလိုတာက ပထမဆုံး မြင်ဖူးတဲ့အခါ အရမ်းကို မှော်ဆန်သလို ခံစားရပေမယ့် အကြိမ်အနည်းငယ် တွေ့ပြီးရင် အံ့သြစရာတော့ မရှိတော့ပေ။
လုရွှမ်၏ ခွန်အားသည် သူ့ပတ်ဝန်းကျင်တွင် တဟုန်ထိုး တိုးတက်လာကာ နောက်ကို ချာကနဲ လှည့်၍ ရောက်လာသူ ဧည့်သည်၏ လည်ပင်းကို တိုက်ရိုက်ပဲ ဖမ်းဆုပ်ထားလိုက်သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်းက ဘယ်သူလဲ?”
ဧည့်သည်က ထိတ်လန့်သွားလေသည်။ မမျှော်လင့်ဘဲ သူ့ကို ခြေလှမ်းသုံးလှမ်းမှာပဲ ရှာတွေ့သွား၏။
"မင်းအစွမ်းအစကို မပြတဲ့ခင် တစ်ဖက်လူက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မေးသင့်တယ်"
လုရွှမ် ထိုလူ၏ သိုလှောင်အိတ်ကို တစ်ချက်တည်းဖြင့် ဆွဲယူလိုက်သည်။
"မင်းကဘယ်သူလဲ?"
ဧည့်သည်၏ မျက်လုံးများသည် မခံချင်စိတ်နှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေတော့သည်။ လုရွှမ်က ရယ်လိုက်ပြီး
"ဒီမှာတော့ အားလုံးက ငါ့ကို ထျန်းလုံကျောင်းအုပ် လို့ ခေါ်ကြတယ်"
တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် လုရွှမ်သည် ထိုလူ၏လည်ပင်းကို ချိုးပစ်လိုက်သည်။ သူ့ မျက်လုံးများ ပြူးကျယ်လာပြီးနောက် မျက်လုံးမှိတ်ကာ လဲကျသွားခဲ့သည်။
"ပစ္စည်းကောင်းလေးတွေ ရှိမရှိ ကြည့်ကြရအောင်..... အာကာသ သလင်းကျောက် ရှစ်လုံး.... ဟမ့် လူတွေကို သတ်ဖြတ်ပြီး ပစ္စည်းတွေ ခိုးယူထားတာ ဖြစ်နိုင်တယ်... ကံမကောင်းစွာပဲ ဒီလို အရည်အချင်းက အစုံအလင် မရှိရှာဘူး..."
သိုလှောင်အိတ်ကို တခြားသိုလှောင် အိတ်ထဲမှာ ထည့်ထားလို့ မရပေမယ့် အာကာသ မှော်လက်နက်ဖြစ်တဲ့ ကျောက်စိမ်းပြားထဲကိုတော့ ထည့်ထားနိုင်တာကြောင့် လုရွှမ် တစ်ခါတည်း ပစ်ထည့်လိုက်၏။
နောက်တစ်ကြိမ်တွင် လုရွှမ်နှင့် ရားရားတို့သည် ပတ်ဝန်းကျင်ရှိ အာကာသ သလင်းကျောက်တုံးများကို ခွန်အားအပြည့်ဖြင့် ရိတ်သိမ်းရန် ပူးပေါင်းခဲ့ကြသည်။ သို့သော် သူတော်စင်တစ်ပိုင်း ကမ္ဘာ၌ အာကာသ သလင်းကျောက် အများအပြား မရှိပေ။ ခုနစ်ရက် သို့မဟုတ် ရှစ်ရက်ကြာအောင် ကြိုးစား လုပ်ဆောင်ပြီးနောက် လုရွှမ်တို့ တစ်ရာကျော်သာ တွေ့ရှိခဲ့သည်။
လုရွှမ် အရှေ့ကို ဆက်မသွားခဲ့တော့ချေ။ အရှေ့မှာ ခြိမ်းခြောက်မှုတစ်ခု ရှိနေကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ သဘာ၀ အခင်းအကျင်း ရှိပုံရကာ အရူးအမူး ဝင်ရောက်သွားပါက သင်္ချိုင်းမြေနေရာမရှိပဲ သေဆုံးသွားနိုင်သည်။
လာရာလမ်းအတိုင်း ပြန်ရောက်လာတော့ မကြာခင်ပဲ ဈေးငယ်လေးတစ်ခုကို ရောက်သွား၏။ ၎င်းသည် အင်ပါယာရှစ်ခုမှ အထူးတည်ထောင်ထားသော စျေးကွက်တစ်ခု ဖြစ်လေသည်။ အာကာသ သလင်းကျောက်များကို လဲလှယ်ရန် တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် အချိန်ယူရကာ အဲဒီနောက် အခင်းအကျင်း၏ ထွက်ပေါက်ဆီသို့ ဤနေရာမှ အာကာသ သလင်းကျောက်များကို ပို့ပေးရသည်။
…
နေရောင်က တောက်ပနေပြီး လူရှစ်ယောက်တို့သည် ကောင်းကင်မှာ ပျံဝဲနေသည်။ ခေါင်းဆောင်ဖြစ်သူက သူတော်စင်နယ်ပယ် အဆင့်၈ ပုဂ္ဂိုလ်ကြီးဖြစ်ပြီး ခါးမှာ သိုလှောင်အိတ်ကြီးကြီးကို ချိတ်ဆွဲထားသည်။ သူ့နောက်တွင်ရှိ လူခုနစ်ယောက်က အစောင့်အကြပ်များဖြင့် ထွက်ပေါက်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားကြသည်။
"အားလုံး သတိထားကြ... ဈေးတော်တော်များများမှာ အာကာသ သလင်းကျောက်တွေကို လိုက်ပို့တဲ့ အဖွဲ့တွေ တစ်ယောက်ပြီး တစ်ယောက် လုယက်ခံနေရတယ်.... မနေ့ကပဲ စျေးအမှတ် ၇ မှာရှိတဲ့ ကျောက်လောင်စန်းရဲ့ နေရာ လုယက်ခံလိုက်ရတယ်... အခု လုယက်တဲ့ လူတစ်စုက ငါတို့ဆီ ရောက်နေပြီ... အားလုံး သတိကပ်ထား! ငါတို့ဆီမှာ တစ်ခုခုဖြစ်သွားရင် ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ပိန်ပိန်ပါးပါး လူတစ်ယောက်က
"အစ်ကို.... ကျောက်လောင်စန်းက ဘယ်သူမလို့လဲ? ဘယ်လိုလုပ် အစ်ကိုနဲ့ ယှဉ်နိုင်မှာလဲ? အစ်ကိုဆီက လုယက်ရဲတဲ့သူက သေမင်းကို သူတို့ကိုယ်တိုင် ရှာနေတာပဲဖြစ်မှာ... အစ်ကို လှုပ်ရှားလိုက်ရင် ဘယ်သူမှ လှုပ်ရဲမှာ မဟုတ်ဘူး!"
ထိုလူကြီးက ရယ်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ငါ့ကိုပဲ မြှောက်မနေနဲ့... အာရုံစိုက်နေ!"
ထိုစကားကို ပြောပြီးနောက် လူကြီးက လှည့်ကြည့်ကာ တစ်လမ်းလုံး တိတ်ဆိတ်နေသော အစ်ကိုနှစ်အား ကြည့်လိုက်သည်။
"အစ်ကိုနှစ်.... မင်းတစ်နေကုန် စကားမပြောဖြစ်ဘူးနော်... မင်းရဲ့ လေးနက်တဲ့ အကြည့်ကို ကြည့်ရတာ မင်းတစ်ခုခုများ သိထားလား?"
အစ်ကိုနှစ်ဟု ခေါ်သော လူသည် ရုတ်တရက် ခေါင်းမော့ကာ ပြုံးပြလာ၏။ တစ်ဆက်တည်း သူ့လက်ဖဝါးမှ မီးတောက်တစ်ဆုပ် ထွက်လာပြီး ထိုလူကြီး၏ ပါးစပ်ထဲသို့ ရိုက်သွင်းပစ်လိုက်သည်။
လူကြီးသည် စိတ်ဆင်းရဲစွာ အော်ဟစ်သော်လည်း မီးက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီးနောက် ချက်ခြင်းပဲ ပြာဖြစ်သွားသည်။
"အစ်ကိုနှစ် မင်း ဘာလုပ်တာလဲ!!"
"မင်းကိုယ်တိုင်က အကုန်လိုချင်နေတာလား?"
"အရူး.... သူက အစ်ကိုနှစ် မဟုတ်တော့ဘူး!"
ထိုအခါ လုရွှမ်က ရယ်မောလိုက်ပြီး
"မှန်တယ်.... မင်းတို့ရဲ့ အစ်ကိုနှစ်က သေသွားတာကြာလှပြီ.... ငါကတော့ တခြား အစောင့်တွေကိုလည်း သတ်မယ့်သူပဲ"
သူ့လက်နှစ်ဖက်ကို စုစည်းလိုက်သော် လက်နှစ်ဖက်ကြားကနေ ထူးဆန်းသော မီးလုံးများ ထွက်ပေါ်လာပြီး ချက်ချင်းပင် လူခြောက်ဦးကို ဝန်းရံလိုက်သည်။
"ဒါက ထူးဆန်းမီးတောက်ပဲ!"
"မင်းဘယ်သူလဲ?"
လုရွှမ် ပြုံးကာ။
"မင်းတို့အားလုံး ငါ့ကိုလိုက်ရှာနေတာ မဟုတ်ဘူးလား? ငါဘယ်သူလဲ ဆိုတာတောင် မင်းတို့ မခန့်မှန်းမိသေးဘူးလား!"
"မင်းက ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင် !!"
ပြင်းထန်သော မီးတောက်ကြား၌ လူခြောက်ဦး အော်ဟစ်ပြီး မီးလောင် ပြာကျသွားတော့သည်။
ယခုအချိန်၌ လုရွှမ်သည် အာကာသ သလင်းကျောက်များကို ဝယ်ယူရန်အတွက် အင်ပါယာရှစ်ခုမှ တည်ထောင်ထားသော စျေးဆိုင်ငယ်လေးများ ဖြစ်သည့် အဓိကစျေးဆိုင် အများအပြားတွင် အဆက်မပြတ် သွားလာနေခဲ့သည်။ စျေးကွက် သုံးခုဆက်တိုက် လုယက်ပြီးနောက် နောက်ဆုံးတွင် အင်ပါယာရှစ်ခု၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။
တိုက်ပွဲအနည်းငယ် ကြာပြီးနောက်တွင် သူသည် အမှတ်၈ စျေးသို့ တိတ်တဆိတ် လာရောက်ကာ လူတစ်ဦးကို သတ်ပစ်၍ ထိုအသင်းတွင် ပါဝင်ရန် အသွင်ပြောင်းခဲ့သည်။
သိုလှောင်အိတ်ကို ဖွင့်လိုက်သောအခါ လုရွှမ် လွန်စွာရွှင်မြူးသွားသည်။ အထဲမှာ အာကာသ သလင်းကျောက် တစ်ထောင်ထက်မနည်း ရှိကာ အားလုံးကို ကျောက်စိမ်းပြားထဲ သိမ်းဆည်းလိုက်သည်။
နာရီဝက်လောက် ကြာတော့ လူတစ်စု ရောက်လာ၏။ မြေပြင်ပေါ်ရှိ ကျန်နေတဲ့ ပြာတွေကို ကြည့်လိုက်တော့ သူတို့အားလုံး ဒေါသတွေ ထွက်ကုန်ကြသည်။
"ဒါက အမှတ် ဘယ်လောက်လဲ?"
"ပထမဈေးကွက် သုံးခုစလုံး လုံးလုံးလျားလျား ပျောက်သွားပြီ ...အမှတ်၄ ဈေးကွက်က မတော်တဆ လွတ်သွားတာ... အမှတ်၆ ဈေးကွက်က တစ်ဝက်လောက် ဆုံးရှုံးသွားခဲ့တယ်..."
"ဒါဆို မင်း ဆိုလိုတာက မြို့ရှစ်မြို့နဲ့ အာကာသ သလင်းကျောက် ရှစ်အိတ်ထဲက ခြောက်အိတ်ခွဲ လုယက်ခံလိုက်ရပြီလို့ ဆိုလိုတာလား?"
"ဟားဟားဟား"
ခေါင်းဆောင်က ဒေါသတကြီး ရယ်မောလိုက်သည်။ လူတော်တော်များများလည်း ခေါင်းဆောင်ရဲ့ ဒေါသကို နှိုးဆွမိပြီး ဒေါသကို သူတို့ဆီ ပုံချလာမှာကို စိုးရိမ်တာကြောင့် အလျင်အမြန် ခေါင်းငုံ့ထားကြသည်။
"နည်းလမ်းက ရက်စက်လွန်းတယ်... အရှိန်က အရမ်းမြန်တယ် ချို့ယွင်းချက် တစ်ခုမှ မရှိဘူး... ဟမ့် ကြည့်ရတာ ငါတို့ကို လုပ်ကြံနေတာ တူညီတဲ့ လူတစ်ယောက်တည်းကပဲကိုး... "
"ဘာ!! တူညီတဲ့လူ?? သခင်လေး ပြောချင်တာက"
"ကျောင်းအုပ်ကြီး ချင်းလုံ!"
ထိုလူက သူ့အင်္ကျီလက်တွေကို ခါယမ်းပြီး အော်လိုက်သည်။
"ပြန်ကြရအောင်.... သူ အသက်ရှင်လျက် အခင်းအကျင်း အပေါက်ထဲကနေ ထွက်သွားနိုင်မယ်လို့တော့ ငါ မယုံဘူး"
လုရွှအ်သည် လေထဲတွင် အေးအေးဆေးဆေး ပျံသန်းနေပြီး ကျောက်စိမ်းအတွင်း၌ သလင်းကျောက်များ ပေါများနေသောကြောင့် သူ့ကို အလွန်အမင်း ပျော်ရွှင်နေစေသည်။