← Chapters

စုစည်းခြင်း

Vol. 51 Ch. 4.278

စုစည်းခြင်း

Vol. 51 Ch. 4.278

"သလင်းကျောက်တုံးတွေ စုဆောင်းဖို့လုပ်တဲ့ စျေးဆိုင်ငယ်လေးတွေ အားလုံးကို မကြာသေးခင်ကမှ သွေးချောင်းစီးခဲ့တဲ့သူက ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်တဲ့.. ကြားလိုက်ကြလား?"

"ကျွန်တော်က ကျွန်တော့်ရဲ့ အရည်အချင်းတွေကို လျှော့မတွက်ပေမယ့် သူ့ရဲ့ သတ္တိကိုလည်း ချီးကျူးရမှာ သေချာတယ်... သူ့မှာ လုပ်ရဲတဲ့ သတ္တိရှိတယ်... သူတော်စင်တစ်ပိုင်း အဆင့်လေးနဲ့ ဧကရာဇ်အင်ပါယာ ရှစ်ခုကို ဆန့်ကျင်ရဲတယ်"

"ပန်းတွေနဲ့ ကျောက်စိမ်း​တွေလို လှပတဲ့ အဲ​ဒီအလှမယ် ငါးယောက်အတွက်ကတော့ သနားစရာပဲ"

"ဧကရာဇ်အင်ပါယာ ၈ခုက...."

စကားပြောသူသည် လူငယ် တစ်ယောက်သာ ဖြစ်သည်။ သူစကားမဆုံးမီတွင် သူ့ဘေးနားရှိ အဘိုးအို တစ်ဦးသည် ပါးစပ်ကို တင်းတင်းကြပ်ကြပ် အုပ်ထားလိုက်သည်။

လူငယ်လေးကို ခေါင်းကို အမြန်ဆွဲ၍ ရုန်းထွက်လိုက်သည်။ လူငယ်လေး၏ မျက်နှာသည် နီမြန်းလာပြီး သူပြောလိုက်တဲ့ စကားသည် တားမြစ်ချက် တစ်ခုဖြစ်ကြောင်း သိလိုက်သောကြောင့် ခေါင်းငုံ့ကာ အဘိုးအိုနောက်သို့ ပြေးသွားခဲ့သည်။

လုရွှမ်၏ နားရွက်များလည်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ ပန်းပွင့်များနှင့် ကျောက်စိမ်းကဲ့သို့ လှပသော အလှမယ် ငါးယောက်မှာ မင်းသမီးပိုင်လုံတို့ မိန်းကလေး ငါးယောက်အကြောင်းကို ပြောနေကြတာ မဟုတ်ပါလား။

"ဟေ့... ဒီကအစ်ကို... အဲဒီမိန်းကလေး ငါးယောက်က ဘာဖြစ်လို့လဲ?"

"မင်းသမီးပိုင်လုံနဲ့ ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ အရည်အချင်းရှိ အမျိုးသမီး လေးယောက်လေ... တစ်ယောက်ယောက်က သူတို့တွေ ထျန်းလုံကျောင်းအုပ်နဲ့ အတူ ရှိနေတာကို မြင်လိုက်တယ်.....အဲဒါကြောင့် မိန်းကလေးငါးယောက်ကို ပြန်ပေးဆွဲပြီး ထျန်းလုံကျောင်းအုပ်ကို ခြိမ်းခြောက်မလို့ လုပ်ထားတာ"

သူတော်စင်တစ်ပိုင်း ကမ္ဘာမှ ထွက်ခွာပြီးနောက် အချိန်တိုအတွင်း ပြန်လာရန် မဖြစ်နိုင်ချေ။ ဆိုလိုသည်မှာ မိန်းကလေးငါးဦး လုံးဝထွက်ခွာသွားနိုင်ခြင်း မရှိပေ။

လုရွှမ်၏ နှလုံးသားသည် ဒေါသများနှင့် ခုန်ပေါက်သွားသည်။ မိန်းကလေး ငါးယောက်ကို ခေါ်ထုတ်သွားဖို့ လျှပ်စီးငှက်ကို စေခိုင်းထားပြီးသား။ လမ်းမှာ အင်ပါယာ ရှစ်ခုက လူတွေဆီကနေ ကြားဖြတ်တားဆီး ခံခဲ့ရတာပဲ ​ဖြစ်မည်။

…

လွန်ခဲ့တဲ့ တစ်ရက်က လုရွှမ်သည် ထွက်ပေါက်အနီးသို့ ရောက်ရှိလာပြီး ထိုနေရာမှာ ကြိတ်ကြိတ်တိုးနေတာကို တွေ့လိုက်ရသည်။ လှည့်ပတ် မေးမြန်းပြီးနောက် ရှေ့က ထွက်ပေါက်ကို ပိတ်ဆို့ထားကြောင်း သိလိုက်ရသည်။

မဟာသူတော်စင်ကြီး တစ်ဦးသည် သူတော်စင်တစ်ပိုင်း ကမ္ဘာသို့ ဝင်ရောက် လာတော့မည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်နေသည်။ အာကာသတွင်း ဥမင်လိုဏ်ခေါင်း တစ်ခုကို တည်ဆောက်တော့မှာ လောလောဆယ် ထွက်ခွာရန် မဖြစ်နိုင်သေးချေ။

လုရွှမ်လည်း ကမူးရှူးထိုး ဖောက်ထွက်သွားရန် မကြိုးစားဘဲ ဂူတစ်ခုကို ရှာကာ အဂ္ဂိရတ်ဆေးလုံးများကို စတင် သန့်စင်လိုက်သည်။ ရွှမ်ခုန်းတောင်မှ အခွင့်အလမ်း များစွာကို ရရှိလာခဲ့သည်။ တခြားပစ္စည်းများကို မပြောသေးဘဲ ကျောက်စိမ်းပြား အတွင်းက အနှိုင်းမဲ့ သန့်စင်သော ဝိညာဉ်စွမ်းအင်များကို ပထမဆုံး စဥ်းစားရမည်။

၎င်းကို လုံးဝ သန့်စင်လိုက်ပါက လုရွှမ် သူ့ရဲ့ကျင့်ကြံမှု ပိုမိုကောင်းမွန်လာမည်ဟု ခန့်မှန်းမိသည်။ ကြီးမားသော ဝိညာဉ်စွမ်းအင် ပမာဏ အနည်းဆုံးက သူ့ကို သူတော်စင်နယ်ပယ်သို့ တစ်ရှိန်ထိုး ချိုးဖျက်သွား​စေနိုင်သည်။

ဆေးဥယျာဉ်ထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ အားလုံးကို စိတ်အလိုအလျောက် ထုတ်သုံးလို့ မဖြစ်ချေ။ ပေါက်ကြားသွားတာလို့ကတော့ အထက် ဧကရာဇ်အင်ပါယာတွေ လုံးဝ ရူးသွပ်သွားလိမ့်မည်။

သူ့နယ်ပယ်က မတိုးတက်သေးသော်လည်း သူ၏ရုပ်ခန္ဓာ၏ ကြံ့ခိုင်မှု၊ စိတ်ဝိညာဉ်စွမ်းအား၏ သန့်ရှင်းမှုကို ခံစားရကာ စွမ်းရည်များလည်း အလွန်တိုးတက်လာတာကို ခံစားရသည်။ ရွှေကျီးကန်းရဲ့ လမ်းညွှန်မှုအောက်၌ သူသည် အာကာသ နိယာမ စွမ်းအင်များကို လေးနက်စွာ နားလည်လာခဲ့သည်။

ယခုအချိန်တွင် သူ၏ ခွန်အားကို အလုံးစုံ အသုံးပြုမည်ဆိုပါက မဟာသူတော်စင်ကြီး မရောက်လာမချင်း ဘယ်အရာကမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ကြောင်း ယုံကြည်​လေသည်။

သူတော်စင်တစ်ပိုင်း အဆင့်၇ လက်ရှိ ခွန်အားဖြင့် ကြီးကျယ်သော မဟာသူတော်စင်များ အောက်ရှိ ကျင့်ကြံသူရှေ့ ရပ်တည်နိုင်၏။

မိုးကြိုးအတိဒုက္ခကို အချိန်မရွေး ကျော်လွှားနိုင်မယ်လို့လည်း ခံစားရသည်။ အတိဒုက္ခကို ကျော်လွှားပြီးတာနဲ့ အတိဒုက္ခနှစ်ခုက တစ်ချိန်တည်းမှာ ရောက်လာလိမ့်မယ်လို့လည်း ခံစားရသည်။ လုရွှမ် သူ့ရဲ့ကျင့်ကြံမှုကို ဖိနှိပ်ထားလိုက်သည်။

အမှန်မှာ ဤနေရာသည် သူတော်စင်တစ်ပိုင်း ကမ္ဘာဖြစ်ပြီး ၎င်း၏ နိယာမသည် သဘာဝအတိုင်း တည်ရှိနေသေးသည်။ အာကာသ နိယာမစွမ်းပင်များ ဝင်ရောက်လာပြီ ဖြစ်သော်ငြားလည်း မလုံလောက်​သေးပေ။

မထင်မှတ်ပဲ သူထွက်လာပြီးတာနဲ့ အပြင်မှာ စောင့်နေတဲ့ ကျင့်ကြံသူတွေ ပိုများလာတာကို တွေ့လိုက်ရပြီး မင်းသမီးပိုင်လုံနဲ့ တခြားမိန်းကလေးတွေ အကြောင်း သတင်းတွေလည်း ထွက်နေ၏။

"အားလုံးပဲ.... ကျုပ်တို့ကဒီမှာ တစ်ချိန်လုံး စောင့်နေရမှာလား? အဲဒါက အင်ပါယာ၈ခုက ပြောတာ ဆိုပေမယ့် ကျုပ်တို့က ကိုယ့်ကံကြမ္မာကို တခြားသူတွေကို ထိန်းချုပ်ဖို့ ထားခဲ့မယ်ဆိုရင် ကျုပ်တို့ထဲက ဘယ်သူမှ စိတ်ချနိုင်မှာ မဟုတ်ဘူးလေ"

လုရွှမ် ပြေးထွက်ပြီး တိုက်ပွဲတစ်ခု စတင်ချင်သော်လည်း သူ့ဒေါသကို ထိန်းထားဆဲပင်။ ရန်သူသည် တန်ခိုးကြီးပြီး သူ့ရဲ့ကိုယ်ပိုင်အင်အားနဲ့ဆို ကျောက်တုံးကြီးကို ကြက်ဥနဲ့ ကောက်ပေါက်နေသလို သူ့ဘဝ အဆုံးသတ်သွားလိမ့်မည်။

ဆူညံသံများကြားတွင် ဤကဲ့သို့ ဒေါသကြီးသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နေရာတိုင်း တိတ်ဆိတ် ငြိမ်သက်သွားကာ လူတိုင်းက ပါးစပ်ကို အမြန်ပိတ်ကာ လုရွှမ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ဒီလူက ဘယ်သူလဲ?

လူတိုင်း၏ ထိတ်လန့်မှုကို ခံစားလိုက်ရသော် လုရွှမ်၏ မျက်နှာမှာ ထိတ်လန့်ခြင်း မရှိဘဲ ငြိမ်သက်သွားခဲ့သည်။

သူက လူတိုင်းကို ဦးညွှတ်လိုက်ပြီး

“ညီအကိုတို့ သူငယ်ချင်းတို့... ကျုပ်က အလယ်အလတ် ဧကရာဇ်အင်ပါယာက ကျင့်ကြံသူတစ်ယောက်ပါ.... ကျုပ်မှာ ခိုင်ခံ့တဲ့ နောက်ခံမရှိသလို ကြံ့ခိုင်မှုလည်း မရှိပါဘူး.... ကျုပ်မှာရှိသမျှက စိတ်အားထက်သန်ပြီး ကြိုးစားချင်တဲ့ နှလုံးသားပဲ”

"ခင်ဗျားတို့ ဘာလို့ဒီထဲကို ဝင်လာတာလဲ? အဲဒါက အာကာသ သလင်းကျောက်ကို ရှာရင်း အခွင့်ကောင်းရဖို့ မျှော်လင့်နေတာပဲ မဟုတ်လား? ပြီးတော့ အဲဒါတွေကို အဖိုးတန်တဲ့ ထိပ်တန်း ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်ပြီး ပြန်လေ့ကျင့်ဖို့ သုံးလို့ရတယ်!"

"ဒါပေမယ့် ဒီမှာစောင့်ခိုင်းတာက ဘာသဘောလဲ? ကျုပ်တို့က ထျန်းလုံကျောင်းအုပ်ကို မတွေ့မချင်း တစ်သက်လုံး ဒီမှာစောင့်နေရမှာလား?"

လုရွှမ်သည် ဝမ့်ရှင်းဂိုဏ်း၏ လျှို့ဝှက်နည်းပညာကို တမင်တကာ အသုံးပြုခဲ့သည်။ သူ၏ အသံသည် ကောင်းကင်ကလာတဲ့ အသံနှင့်တူပြီး လူတိုင်း၏ နှလုံးသားနှင့် စိတ်ဝိညာဉ်များကို ထိမိသွားသည်။

မူလက ဤနေရာ၌ စောင့်ဆိုင်း နေသူများသည် အချိန်အတော် ကြာအောင် စိုးရိမ်နေခဲ့ကြသည်။ နိမ့်ကျတဲ့လူတွေက နိမ့်ကျတဲ့ စကားကိုပဲ ဆိုကြကာ သံသယနှင့် စိုးရိမ်စရာ အကောင်းဆုံးသော ဘဝနေထိုင်မှု ပုံစံများ ရှိကြသည်။ သူတို့၏ ခွန်အား မရှိခြင်းကြောင့် အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ အဆိုးဆုံး အခြေအနေအရ စဉ်းစားရပေမည်။

ဒီရက်တွေထဲ ဒီမှာပဲ စောင့်နေခဲ့ရသည်။ အထက်လူတွေရဲ့ အကြောင်းပြချက်မှာ ထျန်းလုံကျောင်းအုပ်ကို ထိုနေ့မှစ၍ လွတ်မြောက်မှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဘယ်လို ဆင်ခြေ​ကြီးလဲ? ဘယ်သူကမှ ငတုံး မဟုတ်ဘူးလေ။ လူကို ဖမ်းချင်တာထက် လူထောင်ပေါင်းများစွာကို အမှားတစ်ခုနဲ့ သတ်ပစ်ချင်နေကြတာပဲ။

သူတို့က သားကောင်တွေဆိုတာ ထင်ရှားပေမယ့် ဘယ်သူကမှ ဂရုမစိုက်ခဲ့ဘူး။

ထိုအချိန်တွင် လုရွှမ် ပြောလိုက်သည့် စကားက လူတိုင်းရဲ့ နှလုံးသားထဲက ဒေါသများကို ချက်ချင်း နိုးထလာစေခဲ့သည်။ လူအုပ်ထဲတွင် စိတ်လှုပ်ရှားနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လုရွှမ်၏ စကားကို ကျယ်လောင်စွာ ထောက်ခံလိုက်သည်။

"ဒီကမိတ်ဆွေပြောတာ မှန်တယ်.... ဒီပစ်ခတ်မှုကြီးတွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ?"

တစ်ယောက်ယောက် သဘောတူတာကို ကြားတော့ လုရွှမ်ကလည်း ဆိုလိုက်သည်။

"သူတို့က ကျုပ်တို့ကို အဲဒီလူနဲ့ မြှုပ်နှံပစ်ချင်နေတာ!!"

"ဟုတ်တယ်.... ငါတို့လိုလူတွေကို ဘယ်သူက ဂရုစိုက်မှာလဲ? ငါတို့သေသည်ဖြစ်စေ မသေသည်ဖြစ်စေ သူတို့နဲ့က ဘာမှမဆိုင်ဘူးလေ"

"အရင်က ကျုပ်တို့ဒီကိုဝင်တုန်းက လူတိုင်း ကြားလိုက်​​ကြတယ်မလား? နေရာတစ်ခုအတွက် ထျန်းလုံဧကရာဇ် အင်ပါယာ တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့နဲ့ ထျန်းလုံမြို့ တစ်ခုလုံးကို သိမ်းပိုက်ဖို့ သဘောတူလိုက်ကြတယ်.... အဲဒါက ကျင့်ကြံသူ သန်းပေါင်းများစွာနဲ့ အသက်တွေပဲ... သူတို့ကဒါကို မျက်လုံးထဲ မထည့်ကြဘူး"

လုရွှမ်သည် နှလုံးသားမီးသစ်သီးကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ယွမ်ယန်စွမ်းအင်ဖြင့် ရစ်ပတ်လိုက်သည်။ နှလုံးသားမီးသစ်သီး၏ စွမ်းအင်များသည် တိတ်တဆိတ် ဖြာထွက်သွားကာ လူတိုင်း၏ နှလုံးသားကို မီးတောက်လာစေခဲ့သည်။

"အခု ငါတို့ဒီမှာ ပိတ်မိနေတယ်.... ​​ဒီအင်ပါယာရှစ်ခုက လူတွေကရော? သူတို့ကျ ဘာလို့ ထွက်သွားနိုင်တာလဲ? ငါတို့ကိုကျတော့ ဒီမှာ ပိတ်ထားခဲ့တယ်.... ခွန်အားသန်မာတာနဲ့ ငါတို့ကို လုပ်ချင်တာ လုပ်လို့ရမလား? ဒါက ငါတို့နယ်မြေဆိုတာ သူတို့ သိရမယ်"

"ဘာမလို့လဲ? အဲဒီလူတွေက မွေးပြီးတာနဲ့ သူတို့မှာ အစွမ်းထက်တဲ့ အရည်အချင်းတွေ မကုန်မခန်းနိုင်တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ ကြွယ်ဝတဲ့ ဝိညာဉ်ရေး စွမ်းအင်တွေ ကျင့်စဥ်တွေ ရှိပြီးသား..... ငါတို့ကတော့ ကျင့်ကြံမှု အရင်းအမြစ် အနည်းငယ် အတွက်နဲ့ အသက်ကိုစွန့်စားရတယ်... ဒါတောင် သူတို့က အမြောက်စာလို့ မှတ်ယူကြပြီး အချိန်မရွေး စွန့်လွှတ်ပစ်လိုက်မယ့် လူတွေ....."

လုရွှမ်ကလည်း ဟောက်ပြီး မျက်နှာက နီရဲလာကာ သူ့လက်ကိုဝှေ့ယမ်း၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီတစ်ခါတော့ ကျုပ်တို့ လက်မလျှော့နိုင်တော့ဘူး..... ကျုပ်တို့ စွန့်လွှတ်လိုက်ရတာက ကျုပ်တို့ဘဝ ကျုပ်တို့အိမ်နဲ့ ကျုပ်တို့ရဲ့ ဆွေမျိုးတွေပဲ.... ကျုပ်ပြောမယ် ကျုပ်တို့အတူတူ ပူးပေါင်းကြမယ် အတူတူ ပြေးကြစို့.... ကျုပ်တို့ကို တားရဲတဲ့သူကို တစ်ခါတည်း သတ်ပစ်မယ်!"

နှလုံးသားမီးသစ်သီး၏ လွှမ်းမိုးမှုအောက်တွင် လူတိုင်း၏ နှလုံးသားထဲက ဒေါသမီးတောက်များ ပေါက်ဖွားလာခဲ့လေသည်။

All Chapters