← Chapters

စည်းလုံးညီညွတ်စွာဖြင့်

Vol. 51 Ch. 4.279

စည်းလုံးညီညွတ်စွာဖြင့်

Vol. 51 Ch. 4.279

အချိန်အတော် ကြာအောင် မျိုသိပ်ထားခဲ့သော ဒေါသများသည် ပေါက်ကွဲ ထွက်လာကာ လူများစွာ၏ မျက်လုံးများသည် သွေးချင်းနီရဲကာ ဒေါသကြောင့် နိုးကြားလာကြသည်။

သူတော်စင်တစ်ပိုင်း ကမ္ဘာကို ဝင်ပြီးနောက် ခေါင်းပုံ ဖြတ်ခံရတယ်၊ တန်ခိုးကြီးတဲ့ ရန်သူတွေနဲ့ တွေ့ရတယ်၊ ဓါးပြတိုက်ခံရတယ်၊ သူငယ်ချင်း အသတ်ခံရတာကို ရပ်ကြည့်နေခဲ့ပြီး ကိုယ်သဘောကျတဲ့ မိန်းကလေးကလည်း လုယက်ခံလိုက်ရတယ်။ ဒါတွေအားလုံးက သူတို့အားနည်းခဲ့လို့ ​ဖြစ်ရတာပဲ။

ဒါပေမဲ့ ဒါတွေကို ကြံ့ကြံ့ခံနိုင်ရမယ်!

နှလုံးသားထဲရှိ မီး​တောက်သည် ကြောက်စရာ အကောင်းဆုံး အရာဖြစ်ပြီး ၎င်းသည် လူတို့၏ နှလုံးသားအတွင်း အလျှို့ဝှက်ဆုံးနှင့် အနူးညံ့ဆုံး နေရာများကို လှုံ့ဆော်ပေးတတ်သည်။ အရှက်တရား၊ ဒေါသ၊ စိတ်ပျက်အားငယ်မှု၊ အဆိုးမြင်စိတ်တွေ အားလုံးကို အရှိန်တက်လာစေသည်။

တာဝန်မဲ့မှု၊ ရွံရှာမှု၊ အရှက်မဲ့မှုနှင့် အခြားသော စိတ်ခံစားမှု အားလုံးက နိုးကြားလာခဲ့သည်။ လုရွှမ်ရဲ့ စကားကြောင့် ၎င်းတို့သည် အတွင်းစိတ် နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားကာ သွေးထိုးလှုံ့ဆော်မှုနဲ့အတူ လုရွှမ် စကားကို ကျယ်လောင်စွာ ထောက်ခံခဲ့ကြသည်။

"ဒါက ငါတို့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ.... ငြင်းရင် သေလိမ့်မယ်... လက်တွဲလုပ်မှ ငါတို့အားလုံး ပြေးနိုင်မယ် ဟုတ်တယ်မလား!"

"ဟုတ်တယ်!"

"ဟုတ်တယ်!"

သူ့ပတ်ဝန်းကျင်က လူတွေက ကျယ်လောင်စွာအော်ပြီး သူတို့ရဲ့လက်နက်တွေကို လေထဲမှာ ဝှေ့ယမ်းနေကြသည်။ နှလုံးသား မီးသစ်သီး၏ စွမ်းအားများ ပျံ့နှံ့သွားသည်နှင့်အမျှ ရာနှင့်ချီသော လူများစွာသည် ဒေါသကြီးနေသော အဖွဲ့ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာကြသည်။

"အားလုံး ကျုပ်နောက်ကို လိုက်ခဲ့!"

လုရွှမ်က လှမ်းအော်လိုက်ပြီး ရှေ့ကို အရင်ပြေးသွားသည်။

အားလုံးကလည်း မသိစိတ်ဖြင့် လိုက်သွား​ကြပြီး ကျယ်လောင်စွာ အော်ဟစ်​နေ​​ကြသည်။ အန္တရာယ်ပြု ခံရမည်ကို စိုးရိမ်သဖြင့် ရှေ့မှလူများ အမြန်ပဲ ဘေးဖယ်ပေးကြကာ လုရွှမ်ရဲ့စကား ထွက်လာသည်နှင့် တပြိုင်နက်တွင် နတ်ဆိုး၏ ဟောက်သံတစ်ခုကဲ့သို့ အသံနက်ကြီးက ကျင့်ကြံသူများ၏ နှလုံးသားနှင့် ဝိညာဉ်ကို ရိုက်ခတ်သွားသည်။

နှလုံးသားမီးသစ်သီး ဘယ်လောက်ပဲ အားကောင်းနေပါစေ လွှမ်းခြုံနိုင်တဲ့ ဧရိယာက အကန့်အသတ်ရှိပြီး ဤနေရာတွင် လုရွှမ်၏ ဆူညံသံကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည့် ကျင့်ကြံသူများလည်း ရှိနေပါ​သေးသည်။

တချို့လူတွေက သူတို့နဲ့ ဝေးဝေးမှာ နေကြပြီး တစ်ချို့လူတွေက စိတ်အား ထက်သန်နေပေမယ့် သူတို့ရဲ့ ဦးခေါင်းနဲ့ စိတ်ကို ထိန်းထားချင်တုန်းပင်။

လုရွှမ်ရဲ့ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး တက်လာစဥ် သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများရဲ့ ခံစားချက်များကို မြင်နေရသည်။ လူသားတို့၏ သဘောသဘာဝသည် မျက်စိစုံမှိတ် နာခံမှုရှိတတ်ကြောင်း သူ ကောင်းကောင်း သိထားသည်။

၎င်းသည် နှင်းဘောလုံး တစ်လုံးကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် ကြီးမားသော စတင်မှုကို ရွေ့လျားပြီး ဖွဲ့စည်းလိုက်သည်နှင့် ၎င်း၏အရှိန်သည် မြေကြီးကိုပါ တုန်ခါ​စေကာ ရပ်တန့်သွားမည် မဟုတ်ပေ။

"လာ ငါနဲ့လိုက်ခဲ့!"

လုရွှမ် သူ့လက်ဖဝါးကို ဝေ့ယမ်းကာ ကျောက်စိမ်းပြားထဲက တုတ်ရှည် တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ရွှမ်ခုန်းတောင် ခန်းမထဲရှိ ကျိုးကျလာသော တိုင်လုံးမှ ရရှိထားသော တုတ်ရှည်ဖြစ်သည်။

လုရွှမ် ထိုတုတ်ရှည်ကို အတိအကျ စစ်ဆေးခဲ့သော်လည်း မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း မသိခဲ့ချေ။ သစ်သား မဟုတ်သော်လည်း အတွင်း၌ ကြွယ်ဝသော ယွမ်ချီကိုတော့ ခံစားရနိုင်သည်။ သတ္တု မဟုတ်သော်လည်း သတ္တု၏ အလွန်မြင့်မားသော ခိုင်ခံ့မှု ရှိ​လေသည်။

ထူးဆန်းသော မီးတောက် သို့မဟုတ် လျှို့ဝှက် ဆန်းကြယ်သော ရေခဲများကို မကြောက်ခဲ့တဲ့ လုရွှမ်ပင်လျှင် ၎င်းကို ရှင်းရှင်းလင်းလင်း ရှာမတွေ့နိုင်လောက်အောင် ဖွက်ထားတာကြောင့် ထူးဆန်းသော သာဓကများစွာ ရှိနေနိုင်သည်။

တုတ်ရှည်သည် လက်နက် မဟုတ်သလို သူတော်စင် လက်နက်၏ စွမ်းအင်လည်း ဘာမှမပါဝင်ချေ။ သို့သော် လုရွှမ်သည် သူတော်စင် လက်နက်လို အသုံးပြု၍ တိုက်ရိုက် အသုံးပြုခဲ့သည်။ တုတ်ရှည်သည် လုံးဝ ပျက်စီးနိုင်ခြင်း မရှိသည့်အပြင် သူတော်စင် လက်နက်တွေကိုပင် အပိုင်းပိုင်း ခွဲချပစ်နိုင်သည်။

ယခုအချိန်တွင် လုရွှမ်ကတော့ လမ်းရှင်းရန် တုတ်ရှည်ကို အသုံးပြုထားသည်။ တုတ်ကို လက်တစ်ဖက်တည်းတွင် ကိုင်ထားပြီး သူ၏လက်မှ ဝိညာဉ်မီးများ လျှံထွက်လာကာ နီရဲနေသော တုတ်ရှည်ကို သွေးများဖြင့် အရောင် ဆိုးထားသည့်နှယ် သူ၏ စွမ်းအားကို ပြသလိုက်သည်။

"သတ်!"

“မင်း ဘာလုပ်နေတာလဲ!!”

ဧကရာဇ် အင်ပါယာ ရှစ်ခုမှ ကျင့်ကြံသူ တစ်ယောက်သည် ထိုလှုပ်ရှားမှုကို သတိပြုမိပြီး ကျယ်လောင်စွာ ထမေးလိုက်သည်။ လုရွှမ်ကို ထိုညွှန်နေသော ဓားရှည်သည် သူတော်စင်နယ်ပယ် အဆင့်၈ အငွေ့အသက်များ ကြီးကျယ်ခမ်းနားစွာ ဖြာကျနေ၏။

လုရွှမ် သူ့စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

'မင်းတို့က အခုချိန်ထိတောင် ခုန်ထွက်လာဖို့ သတ္တိရှိသေးတာလား သေလမ်းကို တကယ်ရှာနေတာပဲ'

"နတ်ဘုရားက လမ်းမှာ လာရပ်နေရင် နတ်ဘုရားကို သတ်မယ်...!"

လုရွှမ်က ကျယ်လောင်စွာ အော်ပြောပြီး လူကို တုတ်နဲ့ လွှဲရိုက်ပစ်လိုက်သည်။

"အတင့်ရဲလိုက်တာ!"

ထိုသူတော်စင်က ဟောက်ပြီး လုရွှမ်ရဲ့ တိုက်ကွက်ကို ဓားနဲ့ ခုခံထားလိုက်သည်။ သူ့ထင်မြင်ချက် အရတော့ သူ့ကို တိုက်ခိုက်ရဲတဲ့ သူတော်စင်တစ်ပိုင်း အဆင့်၇လေးက သေမင်းကို လက်ယက်ခေါ်နေတာပဲ ဖြစ်သည်။

ဝုန်း!

ပေါက်ကွဲသံနှင့်အတူ လုရွှမ်၏ တုတ်ရှည်သည် ထိုသူတော်စင်၏ ကခုန်နေသော ဓားကို အတားအဆီးမရှိ ပြင်းပြင်းထန်ထန် ထိမှန်ခဲ့ပြီး ဓားက အပိုင်းပိုင်း ကွဲသွားခဲ့သည်။ လုရွှမ်ရဲ့ တုတ်ရှည်အရှိန်က အတားအဆီး လုံးဝမရှိပုံရပြီး ထိုသူတော်စင်၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချပစ်သည်။

ဖောင်း!

နေရာတိုင်းတွင် သွေးများ ဖျန်းကျလာပြီး ထိုသူတော်စင်၏ ဦးခေါင်းကို အပိုင်းပိုင်း ကြေမွသွားလေ၏။

ဝိညာဉ်မီးက အလိုအလျောက် ထိုးတက်လာပြီး သူတော်စင်၏ ခန္ဓာကိုယ်ကို ပြာအဖြစ် လောင်ကျွမ်းစေခဲ့သည်။

"တက်ကြမယ်!" လုရွှမ်က အော်လိုက်ပြီး သူ့အရှိန်က ရှေ့ကို ဆက်ပြေသွား၏။

အနောက်မှ လူများ၏ မျက်လုံးများသည် သွေး​ရောင်များ ထွက်နေလေပြီ။ လုရွှမ်ရဲ့ အရှိန်ကြောင့် နိုးကြားလာပြီးပြီ ဖြစ်ရာ ယခုအခါ ပို၍ပင် စိတ်လှုပ်ရှားလာကာ လုရွှမ် နောက်သို့ ပြေးလိုက်ကြသည်။

သူတို့နောက်မှာတော့ လုရွှမ်နဲ့ သူ့အဖွဲ့ကို အေးစက်စက် မျက်လုံးတွေနဲ့ ကြည့်နေခဲ့တဲ့ သူတိုင်းဟာ ထိတ်လန့်တကြား ဖြစ်ကုန်ကြတော့သည်။ သူတော်စင်နယ်ပယ် အဆင့်၈ ကျင့်ကြံသူကို တုတ်နဲ့ ရိုက်သတ် ပစ်လိုက်တယ်တဲ့လား။

တုတ်သည် အမှန်တကယ်ပင် ပထမတန်းစား သူတော်စင်လက်နက်ကို အပိုင်းပိုင်း ပိုင်းဖြတ်နိုင်ခဲ့ပြီး မီးတောက်က ထိုသူတော်စင်ရဲ့ ခန္ဓာကိုယ်ကို ပြာဖြစ်သွားစေခဲ့သည်။

သူတို့မသိတဲ့ အရာက သူတို့ရှေ့မှာ လုရွှမ်ဟာ ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကျားသားစားနေတဲ့ လူဆိုတာပင်။ တချို့လူတွေက အဲဒီလူက လုရွှမ်ပဲလို့ ထင်နေကြပေမယ့် ဒီအချိန်မှာ အရူးတစ်ယောက်သာ ခုန်ထွက်သွားတော့တာပါပဲ။

“ဆရာ.... ကျွန်တော်တို့ ဘာလုပ်ရမှာလဲ?”

လူတော်တော်များများ မေးလာကြသည်။

"သူ့နောက် လိုက်ကြရအောင်"

ကျင့်ကြံသူတွေ အားလုံး တုန်လှုပ်သွားကြပြီ။ ဘာပဲဖြစ်ဖြစ် သူတို့ရှေ့ကို အလျင်စလို မတက်ကြဘဲ သူများတွေ သေလမ်းသွားနေတဲ့ အလုပ်ကို နောက်ကနေ အခွင့်ကောင်း ယူကြရမှာ ဆိုတော့ ဘာကို ကြောက်​နေရမှာလဲ။

နောက်တန်းမှ ကျင့်ကြံသူများသည် အဖွဲ့ထဲသို့ ဆက်လက် စုရုံးလာကာ တဖြည်းဖြည်း အင်အားပို၍ အားကောင်းလာသည်။

လုရွှမ်သည် ထိုလူများ၏ အပြုအမူကို မြင်တာကြောင့် သူ့စိတ်ထဲတွင် လှောင်ရယ်နေလေသည်။ အခုသူ့ကို အခွင့်ကောင်း ယူချင်နေပြီပေါ့။ သူသာ ဒီလူတွေကို မခေါ်ထုတ်သွားနိုင်ရင် အဲဒီလူတွေက သေချာပေါက် ခုန်ထွက်လာပြီး ဝေဖန်လိမ့်မည်။

သူ့ဘာသာ ထျန်းလုံကျောင်းအုပ် ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီလူတွေက အတိအကျ သူ့ကို ဝိုင်းအပြစ်တင်ကြတော့မှာပင်။

"ငါ့ကို အခွင့်ကောင်းယူဖို့ အဲ့လောက် မလွယ်ဘူး"

နှလုံးသားမီးသစ်သီးက အဆက်မပြတ် လှုပ်ရှားနေသည်။ ဤလူများ၏ စိတ်ခံစားချက်များကို လှုံ့ဆော်နေသရွေ့ နှလုံးသား မီး​တော်သည် ၎င်းတို့ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် တိုးဝင်သွားကာ အတွင်းနတ်ဆိုးများကို နှိုးဆွပြီး သဘာဝအတိုင်း ပြေးလွှားနေသော တပ်သားတစ်ဦး ဖြစ်လာမည် ဖြစ်သည်။

"သူတို့က အင်ပါယာရှစ်ခုထဲက လူတွေပဲ... သူတို့လည်း ဒီအကြံအစည်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ငါတို့ သူတို့ကို သတ်ပစ်ရမယ်"

လုရွှမ် အော်ပြောပြီး လမ်းကြောင်းကို ညွှန်ပြလိုက်ရာ အင်ပါယာ ရှစ်ခုထဲက ကျင့်ကြံသူတွေဆီ ပြေးဝင်သွားသည်။

အကွာအဝေးက ဝေးလွန်း၍ အင်ပါယာ ရှစ်ခုမှ ကျင့်ကြံသူများမှယ ကျင့်ကြံမှု မြင့်မားသော်လည်း အရေအတွက်က မလုံလောက်ချေ။

ယခုအချိန်တွင် လုရွှမ်က ထိုလူအုပ်ကြီးကို ရှေ့သို့ တွန်းပို့နေတာ မြင်လိုက်ရတော့ တစ်ဖက်က ကျင့်ကြံသူတွေလည်း ထိတ်လန့်သွားကြသည်။ ဒီအချိန်မှာ လွတ်မြောက်ဖို့က အရေးကြီးနေပြီ။ ထိုလူအုပ်ကြီး အလျင်စလို ပြေးလာရင် သူတို့အဖွဲ့လည်း တခဏချင်း ပြန့်ကျဲသွားလိမ့်မယ်။

"ငါတို့လည်း သားကောင်တွေပဲလေ... မင်းတို့ ငါတို့ကိုလည်း လွှတ်ပေးသင့်တယ် မဟုတ်ဘူးလား"

"ငါတို့ကို မသတ်ပါနဲ့..."

မာနကြီးပြီး ကြီးစိုးလေ့ရှိသော အင်ပါယာရှစ်ခုမှ ကျင့်ကြံသူများကို ကြည့်ကာ လူအုပ်ကြီးသည် အရှိန်အဟုန်ဖြင့် ပြေးကြသည်။ လူအုပ်၏ အရှိန်သည် ပို၍ ကြီးမားလာကာ သွေးများ ပြန့်နှံ့လာပြီး အတွင်းနတ်ဆိုးများ အားကောင်းလာသည်။

"သတ်!"

"သတ်!"

"သတ်!"

ဟောက်သံများက ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

လူအုပ်ကြီး ဖြတ်သန်းလာရာ လမ်းမှာ ရပ်နေတဲ့ အတားအဆီးတွေဟာ ကြက်တွေ၊ ခွေးတွေထက်ပင် ဘာမှ အရေးမပါတော့ဘဲ သွေးချောင်းစီးသွားခဲ့သည်။ လုရွှမ်သည် လူတိုင်း၏ လူသတ်ချင်လာသော ရည်ရွယ်ချက်များကို ခံစားလိုက်ရသည်။

ဒီအတွင်းနတ်ဆိုးများ တိုးလာပါက လူတိုင်းရဲ့ နှလုံးသားကို အသုံးချနိုင်ကြောင်း သိသဖြင့် သူ့တုတ်ကို ညွှန်ပြလိုက်ပြီး

"ချီတက်လိုက်ရအောင်!"

သူသည် လူအုပ်ကို ဦးဆောင်ကာ အခင်းအကျင်း၏ ထွက်ပေါက်ဆီသို့ ဦးတည်၍ ပြေးထွက်လာခဲ့သည်။

ရှေ့မှ ထွက်ပြေးသွားသော အင်ပါယာရှစ်ခုမှ ကျင့်ကြံသူများမှာ အခင်းအကျင်း၏ ထွက်ပေါက်ဆီသို့ အပြေးအလွှား စုရုံးနေကြပြီ ဖြစ်သည်။

ထို​​နေရာ၌ စောင့်ကြပ်နေသော သခင်များသည် အကြီးအကဲ သခင်များ ရောက်ရှိလာဖို့ အတွက် ငြိမ်သက်စွာ စောင့်မျှော်နေကြဆဲ ဖြစ်ပြီး ချင်းလုံအရှင် လွတ်မြောက်သွားမှာကိုလည်း စိုးရိမ်နေကြသည်။

သူတို့က လာဘ်ငွေများကို လက်ခံပြီး အရှိန်အဟုန်ဖြင့် ပြေးလာနေသော ကျင့်ကြံသူများ၏ တောင်းဆိုမှုကို လျစ်လျူရှုထားခဲ့သည်။

ပိုက်ဆံမရှိဘူးလား? ပိုက်ဆံမရှိရင် ထွက်သွားလိုက်တော့!

ရုတ်တရက် လူသတ်ချင်နေသည့် အငွေ့အသက်များ ကောင်းကင်သို့ ပျံတက်လာပြီး ထောင်သောင်းချီသော လူသတ် ရောင်ဝါများသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေခဲ့​လေသည်။

All Chapters