← Chapters

သိုင်းစွမ်းရည်ပြကွက်

Vol. 51 Ch. 4.282

သိုင်းစွမ်းရည်ပြကွက်

Vol. 51 Ch. 4.282

"နဂါးဆင်ရွှေလက်ဝါး?"

လူတိုင်းက အံ့ဩစွာ ဟစ်အော်လိုက်ကြသည်။ သူတို့အားလုံးသည် အဆင့်မြင့် အင်ပါယာ၏ အရှင်သခင်များ ဖြစ်သောကြောင့် နဂါးဆင်ရွှေလက်ဝါး၏ ကိုယ်စားပြုပုံကို သဘာဝကျကျ သိကြသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ဧကရာဇ်ခြောက်ပါးတို့ကြား စစ်ပွဲကတည်းက ရွှမ်ချင်ဂိုဏ်း အပါအဝင် အဓိကဂိုဏ်းကြီးခြောက်ခုစလုံးကို သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

နဂါးဆင်ရွှေလက်ဝါးသည် သမိုင်း၏ မြေမှုန့်နှင့် မီးခိုးများကြားတွင် သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့သည်။ မရေမတွက်နိုင်သော ဘုန်းတော်ကြီးများသည် ရွှမ်ချင်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေနှင့် ပျောက်ဆုံးသွားသော လျှို့ဝှက်စာအုပ်များကို ရှာဖွေရန် နှစ်ပေါင်းများစွာ လှည့်လည်ခဲ့ကြသည်။

ရလဒ်အနေဖြင့် မရေမတွက်နိုင်သော ထိုလူများမှယ စိတ်ပျက်ခဲ့ကြရပြီး ယခုအချိန်တွင် ရွှမ်ချင်ဂိုဏ်းရဲ့ လျှို့ဝှက်စာအုပ်ဟာ လုံးလုံးလျားလျား ဖျက်ဆီးခံခဲ့ရပြီး နောက်ထပ် ရှာမတွေ့နိုင်တော့ကြောင်း လူတိုင်း အသိအမှတ် ပြုခဲ့ကြသည်။

ဤကဲ့သို့သော အလယ်အလတ်တန်းစား နိုင်ငံဖြစ်သည့် ထျန်းလုံဧကရာဇ် အင်ပါယာ၊ ထျန်းလုံကျောင်းတော်က ချင်းလုံအရှင် ဟုခေါ်သော ကျောင်းအုပ်ကြီး တစ်ဦးသည် ဤကာလကြာရှည်စွာ ပျောက်ဆုံးနေသော လက်ဝါးသိုင်းကို အမှန်တကယ် အသုံးပြုနိုင်ခဲ့သည်။

နဂါးဟောက်သံ၏ နောက်တွင် ဆင်ကြီး၏ ဟောက်သံသည် ကောင်းကင်မှ မြေကြီးပေါ်သို့ ရုတ်တရက် ထိုးကျလာခဲ့သလိုပင်။

လုရွှမ်နောက်မှ နတ်နဂါး၏ အသွင်အပြင်က လွင့်ထွက်လာသည်။ ၎င်းသည် အသွင်သဏ္ဌာန်သာ ဖြစ်သော်လည်း လူတိုင်း၏ မျက်လုံးထဲတွင်တော့ တကယ့်နဂါး တစ်​ကောင်လိုပင်။ နဂါးကြီး မျက်လုံးများ ပွင့်လာပြီး အလင်းရောင် ဖြာထွက်ကာ လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခုကို ထုတ်လွှတ်နေ၏။

ဆင်ကြီးတစ်ကောင် ကောင်းကင်မှ ဆင်းသက်လာသည့်နှယ် ဧရာမခြေထောက်ကြီး လေးချောင်းသည် မြေကြီးပေါ် တိုင်ကြီးလေးတိုင် ထောက်ထားသည့်နှယ် သူတို့အား အသက်ရှူကြပ်လာသလို ခံစားနေကြရစေတာကြောင့် အလွန် ထိတ်လန့်သွားကြသည်။

အမှန်ပင် ၎င်းသည် တိမ်ပင်လယ်နယ်မြေရှိ နံပါတ်တစ် ထိုးစစ်ဆင်သည့် လက်ဝါးသိုင်းဟု လူသိများသော နဂါးဆင်ရွှေလက်ဝါး ဖြစ်သည်။ ပေါ်လာသည်နှင့် တပြိုင်နက် ၎င်း၏ အရှိန်အဟုန်သည် အလွန်ပြင်းထန်သောကြောင့် ဖိအားက လူတိုင်းရဲ့ နှလုံးသားကို လွှမ်းခြုံထားပြီးသား ဖြစ်သွားသည်။

မျက်လုံးကန်းနေသော အဘွားအိုသည် မမြင်နိုင်သော်လည်း သူမ၏ အရှိန်အဟုန်သည် အခြားသူများထက် သာနေသေးသည်။ ထိုလက်သီး၏ စွမ်းအားသည် သူမဝိညာဉ်ကို လုံးလုံးလျားလျား သက်ရောက်မှုရှိရာ လုံးဝ မတွန့်ဆုတ်ဝံ့​တော့ပေ။

ခွန်အားကို လျင်မြန်စွာ မြှင့်တင်လိုက်ပေမယ့် သူမ၏ နှလုံးသားထဲတွင်တော့ တုန်လှုပ်သွားသလို ခံစားလိုက်ရကာ စိတ်ဓာတ်ကျမှု အာရုံက တိတ်တဆိတ် တိုးဝင်လာခဲ့သည်။

ဘယ်လိုဖြစ်ရတာလဲ!

လက်ဝါးစွမ်းအင်နှင့် ချိုင်းထောက်တို့ ဆုံတွေ့ကာ ပြင်းထန်သော အလင်းတန်းများ ထွန်းတောက်သွားသည်။ ကျယ်လောင်သော အသံများကို ကြားလိုက်ရပြီးနောက် တစ်ခဏမျှ တစ်လောကလုံး တိတ်ဆိတ်သွားသလို ဘာသံကိုမှ မကြားနိုင်တော့ဘဲ ပြင်းထန်သော အလင်းရောင်ကိုသာ မြင်​နေရ​လေသည်။

နောက်အခိုက်အတန့်တွင် သွေးတစ်လုတ်နဲ့အတူ ကောင်းကင်ပေါ်မှ ပိန်လှီသော ခန္ဓာကိုယ်တစ်ခု နောက်ပြန် လဲကျသွားကာ မင်ယွဲ့ဧကရာဇ် အင်ပါယာ၏ လူအုပ်ရှေ့သို့ ပြင်းထန်စွာ ဆင်းသက်သွားခဲ့သည်။

ထိုသူက အဘွားကြီးထျန်းရှားပင်!

“အဘွား!”

မင်ယွဲ့ဧကရာဇ် အင်ပါယာမှ လူအများအပြားသည် မျက်ကန်း အဘွားကြီးအား ထောက်ပံ့ရန် အလျင်အမြန် ရှေ့သို့ ပြေးလာကြသည်။ အဘွားကြီးရဲ့ ခန္ဓာကိုယ်က မောပန်းနွမ်းနယ်နေပြီး သူမ၏ မျက်နှာသည် မည်းမှောင်ကာ သွေးတစ်လုတ်ကို ဖူးခနဲ မှုတ်ထုတ်လိုက်သည်။

လူတိုင်း ထိတ်လန့်တုန်လှုပ် သွားကြသည်။ ထျန်းလုံကျောင်းအုပ်ရဲ့ စွမ်းအားက ပြင်းထန်လွန်းလှပေ၏။ သူသည် အမှန်တကယ်ပင် သူတော်စင်တစ်ပိုင်း အဆင့်မှ အငယ်တန်း တစ်ဦးဆိုတာ သေချာရဲ့လား။

ပြိုကျနေတဲ့ ကောင်းကင်ဘုံ ကမ္ဘာကနေ ထွက်လာတဲ့ ပါရမီရှင်တွေတောင် ဒီလောက် ပြင်းထန်သော ခွန်အားမျိုး မရှိနိုင်မှာကို ကြောက်မိသည်။

လုရွှမ်လည်း သူ့လက်သီးများကို ပွတ်သပ်လိုက်သည်။ လက်ချောင်းတွေ နာကျင်ကိုက်ခဲသွားပြီး လည်ချောင်းထဲတွင် ချိုမြိန်မှု အရသာ အနည်းငယ်ကို ခံစားလိုက်ရ၏။

ဒါပေမဲ့ အခွင့်အာဏာကို ထူထောင်ဖို့ ဆိုရင် အားနည်းတဲ့ အရိပ်အယောင်တွေ ပြလို့တော့ မဖြစ်ချေ။ မဟုတ်ရင် ဒီလူတွေဟာ လင်းတတွေလို အပြေးအလွှားသွားပြီး အခွင့်ကောင်း ယူ​ကြလိမ့်မည်။

မျက်မမြင် အဘွားအို၏ ခွန်အားက အလွန်အံ့သြဖွယ် ကောင်းသည်။ လုရွှမ် သူ့ကိုယ်သူ ကမ္ဘာ့သူရဲကောင်းများကို လျှော့တွက်မိဆဲ ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ကိုယ်ပိုင် ခွန်အားကို လွန်ကဲစွာ တွက်ဆမိထားပြီး သူတော်စင်နယ်ပယ် အဆင့်၉ကို အနည်းဆုံးတော့ မယှဉ်နိုင်ပေ။

လုရွှမ်၏ ဝိညာဉ်စွမ်းအား ခံယူချက်အရ ရှင်းရှင်းလင်းလင်း သိထားသည်မှာ အဘွားကြီးထျန်းရှားသည် ခွန်အား အားနည်းခြင်း မရှိသည့်အပြင် သူမသည် ပြီးပြည့်စုံသော သူတော်စင်နယ်ပယ်၏ အရှင်သခင်များထဲမှ အကောင်းဆုံးလည်း ဖြစ်​လေသည်။

"တက်ကြမယ်!"

"သတ်!"

လုရွှမ်က တန်ခိုးကြီးသော အဘွားကြီးအား လက်ဝါးစွမ်းအင်ဖြင့် တွန်းထုတ်လိုက်သည်ကို မြင်လိုက်ရသောအခါ လုရွှမ် အနောက်မှ ကျင့်ကြံသူ တစ်စုသည် ကျယ်လောင်စွာ ဟောက်လိုက်ကြသည်။

ကြီးစွာသော သူတော်စင်စွမ်းအင်များ စုရုံးလာခြင်းသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေရာ အင်ပါယာ ရှစ်ခုရှိ လူတိုင်းသည် ထိုအရှိန်အဝါကိုကြည့်ကာ သူတို့ရဲ့ စိတ်နှလုံးတွေက တုန်လှုပ်သွားကြသည်။

အရင်က မောက်မာမှုတွေ အားလုံးကို ဖယ်ထုတ်လိုက်ပါပြီ။ ဒီလူတွေဟာ သာမန် ခွန်အားတွေ ရှိပေမယ့် အဲဒီလို စွမ်းအားနဲ့ အဲဒီလို အရှိန်အဝါကို ပေါင်းစည်းလိုက်တဲ့အခါ သူတို့ဟာ ဧရာမပုရွက်ဆိတ်ကြီးရှေ့မှာ ရပ်နေတဲ့ ပုရွက်ဆိတ် တစ်စုလိုပင် ခံစားလာရသည်။

"မင်းသမီးပိုင်လုံတို့ ဘယ်မှာလဲ"

လုရွှမ် အော်လိုက်ပြီး သူတို့နောက်က အရှိန်အဟုန်တွေကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်သည်။

လုရွှမ်၏ မျက်လုံးများသည် အဘွားကြီးထျန်းရှားကို စိုက်ကြည့်နေ၏။ သူမက ဤနေရာတွင် လေးစားခံရသူ ဖြစ်လေသည်။

"ကောင်လေး.... သိပ်မာန မကြီးနဲ့.... သူတို့ငါးယောက် ငါတို့လက်ထဲမှာ ရောက်နေတယ် ဆိုတာ မင်းလည်း သိပါတယ်.... သူတို့ကို အခုချက်ချင်း လူစုခွဲခိုင်းလိုက်... မဟုတ်ရင်..."

သေချင်နေပြီပဲ!

"သတ်ပစ်!" လုရွှမ် ဟစ်အော်လိုက်သည်။

"သတ်!"

ယခုအချိန်တွင် လုရွှမ်သည် သူ့နောက်ကွယ်ရှိ လူများ၏ အမြင်တွင် နတ်ဘုရား တစ်ပါးက လူအသွင်ယူထား ပုံပေါ်ပြီး ထိုလူတစ်ဦးကပင် ဧကရာဇ် အင်ပါယာရှစ်ခုလုံးကို ယှဉ်ပြိုင်ရန် သတ္တိရှိခဲ့​လေသည်။

ထိုခွန်အား၊ ထိုအရှိန်အဟုန်နှင့် ထိုကဲ့သို့ ​ရဲရင့်မှုကပင် သူတို့နှလုံးသားကို ထိမိသွားခဲ့သည်။ သူတို့နှလုံးသားက လေးစားမှု အပြည့်နဲ့ ဒီလူအတွက် သေဖို့တောင် ဆန္ဒရှိလာခဲ့​ပြီ။

လုရွှမ် သူ့ခန္ဓာကိုယ်ကို လှည့်၍ နက်နဲသော အသံတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

"လေပြင်းလက်ဝါးတံဆိပ်!"

ပျောက်ဆုံးသွားသည်ဟု ထင်ရသည့် ကောင်းကင်ဘုံဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုသည် လုရွှမ် လက်ထဲမှ ထပ်မံ ထွက်ပေါ်လာပြန်၏။

လေထုအလယ်တွင် ကြီးမားသော လက်ဝါး​ကြီး တစ်ခု ထွက်ပေါ်လာပြီး ​​လောကတစ်ခွင်တွင် တောက်ပစွာ ထွက်ပေါ်လာ၏။ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ လွင့်ပျံလာချိန် သူ့လက်ဖဝါးက ပိုကြီးလာပြီး အရှိန်က တိုးလာကာ မကြာခင်မှာပင် မင်ယွဲ့ဧကရာဇ် အင်ပါယာက လူအုပ်စု တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"သွား!"

လက်ဝါရာကြီးနဲ့ တရစပ် ပြေးထွက်သွားသည်။

လုရွှမ်၏ ခန္ဓာကိုယ်သည်လည်း တစ်ဆက်တည်း ပြေးထွက်၍ တုတ်ရှည်ကို သူ့အနောက်မှ ဆွဲထုတ်လိုက်သည်။ စိတ်ဝိညာဉ်မီးသည် အနီရောင် မီးတောက်ဟာ တုတ်ရှည်ကို ပို၍ တောက်ပလာစေကာ အဘွားကြီးထျန်းရှား၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် လွှဲရိုက်ပစ်လိုက်သည်။

တိုက်ခိုက်မှုနှစ်ခုက ဆက်တိုက်ပဲ ပြေးလာ၏။ အဘွားအိုထျန်းရှားသည် သူမ၏ ဦးခေါင်းကို မြင့်တင်လိုက်ပြီး ဗလာကျင်းနေသော မျက်လုံးနှစ်လုံးမှ အနက်ရောင် အလင်းတန်းများကို အမှန်တကယ် ထုတ်လွှတ်လာခဲ့သည်။

ဒါပေမဲ့ အခုအချိန်မှာတော့ သက်ရောက်မှု လုံးဝမရှိသေးပါဘူး။ သူမရဲ့ ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမယ့် အလွန်ခက်ခဲနေ၏။

အဘွားအို၏ ခန္ဓာကိုယ်မှ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အပေါ်က လက်ဝါးရာကြီးဆီသို့ ထိုးတက်လာခဲ့သည်။

သူမသည် အိတ်ထဲမှ အနီရောင်ရှိသော ချိုင်းထောက် တစ်ချောင်းကို ထုတ်ယူလိုက်​ပြန်သည်။ လုရွှမ် လက်ထဲတွင်ရှိသော တုတ်ရှည်နှင့် မတူသည်မှာ ထိုချိုင်းထောက်သည် သွေးနှင့် ပြုလုပ်ထားသည့်အတိုင်း အနီရောင်တောက်တောက် ဖြစ်နေခြင်းပါပဲ။

"သွေးတုတ်!"

တစ်စုံတစ်ယောက်သည် ထူးထူးခြားခြား ထိုးထွင်းသိမြင်မှုဖြင့် ချိုင်းထောက်၏ မူလအစကို ထုတ်ဖော်လာခဲ့သည်။

လုရွှမ်သည် လွန်ခဲ့သည့် နှစ်သုံးရာကျော်၏ တစ်ချိန်က အလွန်ကျော်ကြားခဲ့သော “သွေးတုတ်” ဟူသော စကားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိပယသေးသည်။ ထိုသူကတော့ စစ်မြေပြင်များနှင့် သင်္ချိုင်းများတွင် လှည့်လည် သွားလာရင် သွေးများစုဆောင်းကာ နောက်ဆုံးတွင် သွေးလှံတံကို သန့်စင်ပေးခဲ့သည့် အဘိုးအိုတစ်ဦး ဖြစ်သည်။

သွေးလှံတံတွင် ပျက်စီးနေသော ဝိညာဉ်ပေါင်း သောင်းဂဏန်းထက်မနည်း ပါ၀င်ပြီး အဖိုးအိုသည် သွေးမှော်ပညာကို အသုံးပြု၍ ဝိညာဥ်များကို လှံတံအတွင်း ထောင်သွင်းအကျဉ်းချခဲ့သည်။

ထိုတိုက်ပွဲတွင် လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာခြင်း ဖြစ်ကာ အရူးဧကရာဇ် ခွမ်ကျွင်းအမည်ဖြင့် ထိုအဘိုးအိုကို သတ်ကာ သွေးလှံတံကို ဖျက်ဆီးခဲ့သည်။ မမျှော်လင့်ဘဲ နှစ်ပေါင်းသုံးရာကျော် ကြာသွား​ပြီးသော အခါတွင် သွေးလှံလို သွေးတုတ်က ထပ်မံပေါ်လာပြန်သည်။

"မင်း သေသင့်ပြီ!"

ခဏအတွင်း လုရွှမ်ဟာ မျက်မမြင်အဘွားအိုရဲ့ ဆိုးရွားတဲ့ သဘောသဘာဝကို နားမလည်သေးပါဘူး။ သူမသည် လူတိုင်းကို လိုက်လံရှာဖွေကာ ၎င်းတို့၏ သွေးများကို စုဆောင်း၍ သွေးတုတ်ကို သန့်စင်ပြီး သူမ၏ခွန်အားကို မြှင့်တင်လိုသည်မှာ ထင်ရှား​လေသည်။

ထို့ကြောင့် ရက်စက် ကြမ်းကြုတ်ပြီး သွေးထွက်သံယို ဖြစ်လာအောင် လူတိုင်းကို ကြီးမားသော အခင်းအကျင်းထဲတွင် ချုပ်နှောင်ထားခဲ့သည်။ ဒါက လူတိုင်းကို သွေးတုတ်အတွက် အာဟာရအဖြစ် ဆက်ဆံနေခြင်းပင်။

"ယွမ်ယန်လက်ဝါး ကောင်းကင်မီးလက်သီး!!"

လုရွှမ် ယခုအချိန်တွင် အလွန်ဒေါသ ထွက်နေပြီ။ သူ မကြာသေးမီက သိရှိလာခဲ့သော စွမ်းရည်နှစ်စုံသည် ပြန်လည် အသက်ဝင်လာပြီး ကျောက်စိမ်းပြား အတွင်းရှိ ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲ ပြည့်လျှံလာခဲ့သည်။

လုရွှမ်၏ ခေါင်းထက်တွင် အနီရောင် နေရောင်လုံးကြီး တစ်ခု တက်လာပြီး သူ့ခြေဖဝါးအောက်မှလည်း မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

All Chapters