ပြင်းပြင်းထန်ထန် သတ်ဖြတ်ခြင်း
Vol. 51 Ch. 4.283
အရှေ့ဘက်မှ ထွက်သော အနီရောင် နေလုံးကြီးသည် တောက်ပစွာ ထွန်းလင်းနေကာ လူတိုင်း၏ နှလုံးသားများထဲက အလင်းရောင် တစ်ခုလို ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း၌ နွေးထွေးမှုကိုသာ ခံစားရသော်လည်း ဤနွေးထွေးမှုက သူတို့အား ထိတ်လန့်လာစေခဲ့သည်။ အပူကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းက အင်္ဂါရပ်အားဘုံး အရည်ပျော်လုနီးပါးပင်။
ဤအကျိုး သက်ရောက်မှုကို သူတို့ကိုယ်တိုင် အသုံးချနိုင်ပါက သဘာဝကျကျ အလွန် ပျော်ရွှင်ကြလိမ့်မည်။ ဒါပေမဲ့ သူတို့အခု အတင်းပြေးဝင်ပြီး အမှားတစ်ခု လုပ်မိရင်တော့ အသတ်ခံရလိမ့်မည်။
တစ်ယောက်ပြီး တစ်ယောက် သူတို့ရှေ့က အလင်းကို ပိတ်ဆို့ရန် အကာအကွယ်ကို ဒိုင်းကာအဖြစ် သူတော်စင် စွမ်းအားကို အမြန်အသုံးပြုလာကြသည်။ ဒိုင်းလွှားရှိ သူတော်စင်စွမ်းအင် ဆုံးရှုံးသွားသည့် အရှိန်ကို ခံစားလိုက်ရသဖြင့် လူတိုင်းက တိတ်တဆိတ် အံကြိတ်လိုက်ကြသည်။
လုရွှမ်၏ ခွန်အားသည် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများအား အကြိမ်ကြိမ် သုတ်သင် ရှင်းလင်းသွားခဲ့သည်။
"သွား သွား သွား!"
လုရွှမ် သုံးကြိမ်ဆက်တိုက် ဟောက်လိုက်သည်။ လုရွှမ်ကတော့ ထိုအဘွားကြီး သေရမယ်လို့ ဆုံးဖြတ်ထားပြီးသားပင်။
အဘွားအိုထျန်းရှား ကျယ်လောင်စွာ အော်လိုက်ပြီး သူ့ပါးစပ်မှ အသံလှိုင်းများ ထွက်ပေါ်လာသည်။ ထို့နောက် နောက်တစ်ဆင့်ကတော့ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ သူမသည် တွန်းလှန်ခြင်းကို စွန့်လွှတ်လိုက်ကာ လက်နှစ်ဖက်ကို အထပ်ထပ် အခါခါ ဝှေ့ယမ်းရင်း သူ့ပတ်ဝန်းကျင်ရှိ မဟာမိတ်များနှင့် တပည့်များကို တွန်းထုတ်လိုကိသည်။
ထို့နောက် သူမသည် သူ့ဘဝအတွက် သဘာဝအတိုင်း လှည့်ပတ် ထွက်ပြေးခဲ့သွားသည်။
"လူယုတ်မာ!"
လူများစွာက တစ်ပြိုက်နက်တည်း ကျိန်ဆဲလိုက်ကြသည်။
“မလုပ်နဲ့!” တွန်းထုတ်ခံရသူက အော်၏။
အရင်ကတော့ တစ်ဖက်က ဖိအားတွေနဲ့ ရောင်ဝါကို ခံစားရသော်လည်း ကြီးကြီးမားမားတော့ မဟုတ်ခဲ့ချေ။ ယခုအချိန်တွင် သူတို့သည် ဤဖိအားကို ခံနိုင်ရည်မရှိကြောင်း သဘောပေါက်လာကြသည်။
သူမသည်လည်း ပိုးစုန်းကြူးလေး တစ်ကောင်နှင့် တူသွားပြီမို့ တစ်ဖက်အဖွဲ့ရဲ့ အနီရောင် နေလုံးကြီးကို ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ။
အော်ဟစ်သံများကြားတွင် လူအများအပြား၏ ရုပ်အလောင်းများသည် ကျင့်ကြံမှုများ နိမ့်ကျသွားခြင်းကြောင့် မီးလောင်ကျွမ်းကာ အပြာရောင် မီးခိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဒီနည်းနဲ့ လုရွှမ် သူ့အား သူ့လိုက်ရှာခြင်းမှ လွတ်မြောက်နိုင်သည်ဟု တွေးနေသူက အဘွားအိုပင်။
လေပြင်းလက်ဝါးက ပထမဆုံး ရောက်ရှိလာပြီး ထွက်ပြေးသွားသော အဘွားကြီးထျန်းရှားကို တိုက်ခိုက်လိုက်သည်။
ဘန်း!
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အဘွားအိုထျန်းရှားသည် သူမ၏ ခန္ဓာကိုယ်ကို တစ်ဖက်သို့ ရှောင်လိုက်သော်လည်း လက်ဝါးချက်က ထိမိသွားခဲ့သည်။
အဘွားအို၏ ပါးစပ်မှ သွေးများ ထွက်ကျလာပြီး ခေါင်းပေါိကို တုတ်တစ်ချောင်းဖြင့် အရိုက်ခံလိုက်ရကာ လက်မောင်းတစ်ဖက်ကို စတေးလိုက်ရသည်။
"ကောင်းပြီ မင်း ဘယ်လို တွန်းလှန်ခုခံမလဲ ကြည့်ရသေးတာပေါ့"
နေနီကြီးသည် တဖြည်းဖြည်း နိမ့်ကျလာပြီး အဘွားအိုကို လျှောကျနေပြီး တိုက်ရိုက် ထိမှန်သွားသည်။ စိတ်ဝိညာဥ် မီးတောက်က ချက်ချင်း ပြေးထွက်သွား၏။ မီးတောက်သည် အလင်းတန်း တစ်ခုအဖြစ် အဘွားကြီးကို နေရာတစ်နေရာတွင် ဖမ်းချုပ်ထားလိုက်သည်။
"သွားသေလိုက်တော့!"
နောက်ထပ် တုတ်ချောင်းရဲ့ ရိုက်ချက်က အဘွားအိုရဲ့ခေါင်းကို ထိသွားပြန်သည်။
သူမသည် ခုခံရန် ခွန်အား မရှိတော့ဘဲ ခုတ်ထစ်ထားသော အသားဘောလုံး တစ်လုံးလို တုတ်ဖြင့် အရိုက်ခံလိုက်ရသည်။ မီးတောက်များ လှည့်ပတ် တောက်လောက်နေရင်း မကြာမီတွင် သူမ၏ ခန္ဓာကိုယ်မှာ အနက်ရောင် ပြာမှုန်များအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။
အကြီးအကဲများလည်း သွေးချောင်းစီးကာ အလင်းထဲတွင် သန့်ရှင်းစွာ ပေါက်ကွဲသွားတော့သည်။
ဖြစ်စဉ်တစ်ခုလုံးတွင် ဘယ်သူမှ တွန်းလှန်ရန် မဝံ့မရဲ ဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ယာယီခေါင်းဆောင်အား လုရွှမ် သတ်ပစ်ခဲ့တာကို တစ်ယောက်ပြီး တစ်ယောက် ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများမှာ ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပါ၏။
ဒါက တကယ့်သေမင်း နတ်ဘုရားပဲ!
လုရွှမ် သူ့ခန္ဓာကိုယ်က အားနည်းသွားတာကို ခံစားလိုက်ရပြီး သူ့ရဲ့ ခွန်အားများစွာ နိမ့်ကျသွားသည်။ ဒါပေမဲ့ ထိုအဘွားအိုကို သတ်ဖို့အတွက် အားထုတ်ရကျိုးတော့ နပ်ပါသည်။ ကျောက်စိမ်းပြားထဲက ဝိညာဉ်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာပြီး ခွန်အားတွေ ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ယခုအချိန်တွင် လှုပ်ရှားလာခဲ့ပါက သူ မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။ သို့သော်လည်း လုရွှမ်၏ ယခင်ဖိအားများကြောင့် သူတို့ ထိတ်လန့်သွားတာကြောင့် လုရွှမ် လူအုပ်ဆီသို့ တိတ်တဆိတ် ပြန်ပျံသန်းလာစဉ် ဘယ်သူကမှ မလှုပ်ရှားရဲချေ။
"ဒါကမှ တကယ့် သူရဲကောင်း!"
ဟောက်သံများက တစ်ယောက်ပြီး တစ်ယောက်ဆီမှ ထွက်ပေါ်လာပြီး တစ်သံတည်း အဖြစ်သို့ ပြောင်းလဲသွားကာ ကံကောင်းခြင်း စွမ်းအင်စီးကြောင်းတစ်ခု သူ့ဆီသို့ ရောက်ရှိလာသကဲ့သို့ လုရွှမ်၏ ခန္ဓာကိုယ်သည် တောက်ပစွာ လင်းလက်နေခဲ့သည်။
လုရွှမ်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ အံ့အားသင့်သွားတာက သူ့ခွန်အားတွေ ပြန်တိုးလာတာကြောင့် မဟုတ်ဘဲ လူတိုင်းရဲ့ ယုံကြည်မှုနဲ့ ကောင်းချီးတွေကြောင့် သူ၏ ခန္ဓာကိုယ်ရှိ သူတော်စင် စွမ်းအားများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာခဲ့လို့ ဖြစ်သည်။
လုရွှမ် လှည့်ကြည့်လိုက်ပြီး လူတိုင်းကို ဦးညွှတ်ကာ သူတို့ရဲ့ အကူအညီအတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ဆိုလိုက်သည်။
“မင်းသမီးပိုင်လုံတို့ ငါးယောက် ဘယ်မှာလဲ”
လုရွှမ် ထပ်မံ အော်ဟစ်လိုက်သည်။ အင်ပါယာ ရှစ်ခုမှာ ယခင်က မောက်မာမှုများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကာ အားလုံး၏ မျက်နှာများတွင် ထိတ်လန့်မှုများသာ ကြီးစိုးလျက် ရှိ၏။
"နာရီဝက်နေလို့မှ မရောက်လာရင် သတ်ပစ်မယ်!"
"သတ်ပစ်မယ်!"
လူအားလုံး၏ နှလုံးသားကို ထိတ်လန့် တုန်လှုပ်စေသော ပြင်းထန်သည့် အသံများသည် လူအုပ်ကြီးဆီမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။ ထိုအခါ ဟုန်ရစ်ဧကရာဇ် အင်ပါယာမှ ရွှမ်ယင်က။
"မင်းသမီးပိုင်လုံတို့ ငါးယောက်ကို မြန်မြန် သွားမခေါ်သေးဘူးလား!"
ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်ရဲ့ စွမ်းအားများသည် ၎င်းတို့၏ နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်နေပြီမို့ ဘယ်သူမှ ခုခံရန် မဝံ့ရဲကြပေ။ လူအများအပြားသည် မင်းသမီးပိုင်လုံတို့ကို ဖိတ်ခေါ်ရန် တတ်နိုင်သမျှ အမြန်ပြန်ပြေးကြသည်။
လုရွှမ် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားသည် သူ့ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေပြီး နီရဲနေသော မီးတောက်များက သူ့ခြေထောက်အောက်မှ ထွက်ပေါ်လာတာကြောင့် သူ့ အရှိန်အဟုန်ကတော့ လုံးဝမလျော့သွားပေ။
ဒါတင်မကဘူး သူမျက်လုံးတွေ မှိတ်ထားလို့သာ လူတွေလည်း စိတ်သက်သာရာ ရနေခဲ့၏။ မျက်လုံးတွေ ဖွင့်လိုက်တာနဲ့ လူပြန်သတ်တော့မယ့် အချိန်ရောက်သလို ခံစားလာရသည်။
နောက်ဆုံးတော့ လုရွှမ်ဟာ ရင်းနှီးတဲ့ အသွင်အပြင်ကို လှမ်းမြင်လိုက်ရသည်။ မင်းသမီးပိုင်လုံတို့ ကောင်မလေး ငါးယောက်ကို အစောင့်များက ခေါ်ဆောင်လာကာ သူတို့နဲ့အတူ လိုက်လာတဲ့ ယွင်ထျန်းရှန် နဲ့ ဟယ့်လွမ်ယင်းတို့လည်း ကြိုးချည်ခံထားရသလိုပဲ။
လုရွှမ် မျက်လုံးများကို ဖွင့်ကာ လက်ကို ဝှေ့ယမ်းကာ လူ၇ယောက်ကို စွမ်းအင်ဖြင့် စုပ်ယူလိုက်သည်။
လူခုနစ်ယောက်ကို ခေါ်ဆောင်လာသော လူများသည် မောက်မာစွာ မပြုဝံ့ကြဘဲ လူခုနစ်ဦးအပေါ် ချုပ်နှောင်ထားမှုကို လျင်မြန်စွာ စွန့်လွှတ်ကာ လုရွှမ်လက်ထဲ မြန်မြန်ပဲ လွှဲပေးလိုက်ကြသည်။
"အစ်ကိုယွမ်ယန်...."
မင်းသမီးပိုင်လုံက မျက်ရည်ကျနေပြီ ဖြစ်သည်။ သူမ မသေဆုံးမီတွင် နယ်ချဲ့အာဏာ၊ ရာဇပလ္လင်နှင့် ပတ်သက်သည့် အရာအားလုံးသည် ထင်ယောင်ထင်မှား ဖြစ်နေကြောင်း နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။ ဘဝကသာ အဖိုးတန်ဆုံး ဖြစ်ပြီး လွတ်လပ်မှုက အရှားပါးဆုံး ဖြစ်သည်။
ဘာဖြစ်သွားမှန်း သူမ မသိပေမယ့် အင်ပါယာရှစ်ခုက မောက်မာတဲ့ ကျင့်ကြံသူတွေ အားလုံး ထိတ်လန့်သွားတာကို သူမ တွေ့ရတဲ့အခါ လုရွှမ်က ဒါတွေ အကုန်လုံးကို လုပ်ခဲ့တာပဲ ဆိုတာ သူမ သိလိုက်၏။
တွေးမနေဘဲ သူမ မျှော်လင့်ထားသည့် နာမည်ကို လှမ်းအော်လိုက်ပြီး လုရွှမ် ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။ လုရွှမ် သူမရဲ့ ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်ပါ၏။
"မင်းကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"
ကျန်အမျိုးသမီး လေးယောက်လည်း ကြောက်လန့်တကြား ပြေးလာကြသည်။ တစ်ဖက်တွင်ရှိ ယွင်ထျန်းရှန်နှင့် ဟယ့်လွမ်ယင်း တို့သည် လျင်မြန်စွာ ဦးညွှတ်ပြီး ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုကြလေ၏။
လုရွှမ်သည် သူတို့ နှလုံးသားထဲက အကြီးအကဲ စီနီယာတစ်ယောက် ဖြစ်သောကြောင့် သူသည် လူအများ၏ စိတ်ကူးထားတာထက် ကျော်လွန်သော အရာတစ်ခုကို ပြုလုပ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။
ဝိညာဉ်ဆေးရည် ပုလင်းများသည် တစ်ခုပြီးတစ်ခု လွင့်ထွက်သွားပြီး သူတို့ ပါးစပ်ထဲသို့ တိတိကျကျ ရောက်ရှိသွားသည်။ လုရွှမ်က ဆိုလိုက်၏။
"မင်းတို့ ဒဏ်ရာတွေကို အရင်ဂရုစိုက်ပြီးမှ မင်းရဲ့ခွန်အားကို ပြန်ယူကြ"
လူခုနစ်ယောက်က ခေါင်းညိတ်ပြပြီး လုရွှမ်ရဲ့နောက်မှာ အမြန်ပဲ ပုန်းနေလိုက်သည်။ နောက်ကွယ်မှ လူအုပ်ထဲက တစ်စုံတစ်ယောက်သည် မသိစိတ်အလျောက် မတ်တတ်ထရပ်ကာ မင်းသမီးပိုင်လုံတို့ ခုနစ်ကောင်ကို ကာကွယ်ထားခဲ့သည်။
"မင်းတို့အားလုံး အဆင်သင့် ဖြစ်ပြီလား"
လုရွှမ်သည် အင်ပါယာရှစ်ခုမှ လူများကို ကြည့်ကာ နားမလည်နိုင်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။ သို့သော် ရွှမ်ယင်က ရုတ်တရက်
"မင်း အားလုံးကို သိနေတာပဲ"
"မင်းအမှောင်ထဲမှာ ရှိနေတုန်း မင်းရဲ့လှည့်ကွက်လေးတွေကို ငါမြင်ပြီးသား... ဒီနာရီဝက်အချိန်က ငါသူတို့လာတာကို စောင့်နေရုံတင်မကဘဲ မင်းရဲ့တွက်ချက်မှုတွေကိုပါ စောင့်နေတာ"
ပူးပေါင်း ကြံစည်မှုကို ရှာတွေ့သွားကြောင်း သိလိုက်ရသဖြင့် ရွှမ်ယင်သည် ယခင်က တုန်လှုပ် ချောက်ချားနေတာဟာ ဟန်ဆောင်မှု တစ်ခုသာ ဖြစ်ကြောင်း ကြွေးကြော်ကာ ဖြောင့်ချက်ပေးလာခဲ့သည်။