လောဘကြီးပြီး သေမှာကြောက်တယ်
Vol. 51 Ch. 4.284
"မှန်တယ်... ထျန်းလုံကျောင်းအုပ် အို ဒါမှမဟုတ် ယွမ်ယန်လို့ ခေါ်ရမှာပေါ့.... မင်းရဲ့အင်အားက တကယ်ကြီးပါတယ် ဒါပေမဲ့... မင်းအမှားလုပ်မိအောင်အထိ မာနမကြီးသင့်ဘူး.... ငါတို့အားလုံး တုန်လှုပ် သွားနိုင်တယ် ဆိုရင်တောင် ငါတို့ရဲ့ စစ်ကူတွေက ရှိသေးတယ်... မင်းဘယ်ကို လွတ်မြောက်နိုင်မလဲ ကြည့်ရသေးတာပေါ့..."
ရွှမ်ယင်က အော်လိုက်ပြီး ဖန်းရှန်ဆိုတဲ့ အမျိုးသမီးက ရယ်မောပြီး ဂုဏ်ယူစွာ ကြည့်လိုက်သည်။ လုရွှမ်၏ ခြေရင်းရှိ မီးတောက်ကို သူမ မျက်လုံးများက စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ၎င်းသည် စိတ်ဝိညာဥ်မီးပင်တည်း။ လက်နက်သန့်စင်မှု၏ အမြင့်မြတ်ဆုံး မီးတောက်ဖြစ်ကြောင်း သူမအား ရှင်းရှင်းလင်းလင်း မှတ်မိနေပါသည်။
မထင်မှတ်ပဲ ထျန်းလုံကျောင်းအုပ်ရဲ့ မီးတောက် ဖြစ်လာခဲ့သည်။ သူမက ဒီလူတွေကိုသတ်ပြီး ရတနာတွေကို သိမ်းပိုက်ဖို့ စိတ်ထဲမှာ ကြံစည်ထားပြီးသား။ အဘွားကြီးထျန်းရှား ကွယ်လွန်တာနဲ့ ပတ်သက်ပြီးတော့ သူမ လုံးဝ သိပ်ဂရုမစိုက်ပါဘူး။ အဲဒီလိုလူသေတာ အတော်ပဲလေ။ သူတို့ရဲ့ ဟုန်ရစ်ဧကရာဇ် အင်ပါယာက ခေါင်းဆောင်ပြောင်းရတော့မည်။
အကွာအဝေးတွင် အရှိန်အဟုန်တစ်ခု ရောက်ရှိလာပြီး အင်ပါယာရှစ်ခုမှ စစ်ကူများ ရောက်လာတာကြောင့် သူတို့ဖက်က အားကောင်းလာခဲ့သည်။
လုရွှမ်ဘက်တွင်မူ လူအုပ်ကြီးသည် အနည်းငယ်မျှ စိတ်အနှောင့်အယှက် မဖြစ်ချေ။ အင်ပါယာရှစ်ခုရှိ လူတိုင်းဟာ သူတို့၏တည်ငြိမ်သော အကြည့်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
"ငါတို့ကြောက်သင့်တယ်လို့ ထင်လား? ငါတို့မှာ လုံလောက်တဲ့ အင်အားမရှိဘူး.... ဒါကြောင့် ငါတို့က လမ်းခွဲသင့်တယ် ငါတို့ မင်းတို့ဆီက သက်ညှာပေးပါလို့ တောင်းဆိုသင့်တယ်လ်ို့ ထင်လား?"
လုရွှမ် ကျယ်လောင်စွာ အော်လိုက်ပြီး ရုတ်တရက် သူ့ဖက်က လူတွေကို ကြည့်လိုက်သည်။
"ညီအစ်ကိုတို့ ကြောက်လား?"
"မကြောက်ဘူး!"
လုရွှမ်၏ မျက်နှာပေါ်ရှိ အပြုံးသည် မပြောင်းလဲဘဲ ကျန်နေပါသေးသည်။ နှလုံးသားမီးသစ်သီး၏ လှုံ့ဆော်မှုနှင့် ယခင်က သတ်ဖြတ်မှုများ၏ ဆွဲငင်မှုအောက်တွင် ဤလူများသည် သစ္စာအရှိဆုံး သူရဲကောင်းများ ဖြစ်လာခဲ့သည်။ သူ၏ အခွင့်အာဏာနှင့် ဦးဆောင်မှုဖြင့် လုရွှမ်သည် ဤလူများသည် သူ့အမိန့်ကို လုံးဝနာခံကာ ဘယ်သူမှ ဆန့်ကျင်မှာ မဟုတ်ကြောင်း ယုံကြည်ထားသည်။
"ဒါဆို တစ်ယောက်ယောက်က ငါတို့ကို သတ်ချင်နေတာ ငါတို့ ဘယ်လိုလုပ်ရမလဲ"
"သတ်!"
"သတ်!"
"သတ်!"
သုံးကြိမ်ဆက်တိုက် အော်ဟစ်လိုက်သော အသံများသည် ဆန့်ကျင်ဘက် အင်ပါယာ ရှစ်ခုရဲ့ လူပေါင်းများစွာကို မနေနိုင်ဘဲ တုန်လှုပ်သွားစေသည်။ ၎င်းတို့၏ ကျင့်ကြံမှု အဆင့် မြင့်မားသော်လည်း ၎င်းတို့ အသီးသီးတွင် ၎င်းတို့၏ ကိုယ်ပိုင် သေးငယ်သော အတွေးများ ရှိကြရာ ဒီအသံကြောင့် မတုန်လှုပ်သွားဘူး ဆိုရင် ဟာသတစ်ခုသာ ဖြစ်လိမ့်မည်။
၎င်းတို့ မပြောနှင့် အဝေးမှ ပြေးလာသော အင်ပါယာ ရှစ်ခုမှ စစ်ကူများပင် လုရွှမ်ဘက်ရှိ လူများ၏ အရှိန်ကြောင့် တုန်လှုပ်သွားကြသည်။
ထိုကဲ့သို့ အရှိန်အဟုန်ကြောင့် ထိတ်လန့် တုန်လှုပ်သွားကာ မသိစိတ်များကြောင့် ရပ်တန့်သွားကြသည်။ ကြောက်ရွံ့မှုများက သူတို့စိတ်ထဲ ပြည့်နှက်နေသည်။ သူတို့ကို ကြည့်ပြီးတော့တင် ရှေ့ကိုမတိုးဝံ့တော့ချေ။
"အဲဒါတွေက အလယ်အလတ်အဆင့် အင်ပါယာတချို့က အမှိုက်တွေချည်းပဲလား? သူတို့ရဲ့ ခွန်အားက သူတော်စင်တွေပါပဲ ဘယ်လိုလုပ် ဒီလောက်ထိ အစွမ်းထက်တဲ့ အရှိန်အဝါတွေ ရှိနိုင်တာလဲ?"
"ဘယ်သူသိမှာလဲ... အဲဒီ ရာထူးကြီးတဲ့ လူတွေက ငါတို့ကို ဒီကိုလာခိုင်းပြီး သေခိုင်းနေတာ ဖြစ်မှာပေါ့!"
အရင်က စစ်ကူလာဖို့ အကြောင်း ကြားလာတဲ့အခါက ဒီလူတွေကို သူတို့ရဲ့စိတ်ထဲမှာ သံသယဝင်မိသေးသည်။ သူတို့၏ ခွန်အားသည် အလယ်အလတ်တန်းစား အင်ပါယာများမှ လူများထက် သဘာဝကျကျ များစွာ အားကောင်းသော်လည်း ခေါင်းဆောင်နှင့် တခြားသူများနှင့် နှိုင်းယှဉ်ပါက သဘာဝအားဖြင့် ဝေးကွာလှသည်။
ခေါင်းဆောင်၏ လူယုံများသည် ရှေ့ကိုတက်ကာ သူတို့ကတော့ နောက်မှာ စောင့်ဆိုင်းနေရင်း အန္တရာယ် ကြုံလာရသောအခါမှသာ အကူအညီအဖြစ် ပြေးသွားကြရမှာပဲ ဖြစ်သည်။
လူအုပ်ကြီး၏ ဟောက်သံကို ကြားပြီးနောက် ထိုလူများအနား မရောက်ရှိမီတွင် အရှိန်တစ်ဝက်လောက်က ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး ရောက်သွားသောအခါတွင် ထောင်သောင်းချီသော လူတန်းကြီးက ကောင်းကင်နဲ့ နေကို ဖုံးလွှမ်းတော့မတတ် တန်းစီနေတာကို တွေ့လိုက်ရသဖြင့် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
"မင်းတို့စစ်ကူတွေ လာတဲ့အထိ ငါစောင့်နေရတဲ့ အကြောင်းရင်းက မင်းတို့လူတွေက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကို ကြောက်နေတာမှန်း သိစေချင်လို့...ငါမင်းတို့ကို သေသေချာချာ ရိုက်နှက်လိုက်တဲ့ အခါမှ မင်းတို့ရဲ့ မာနကို ထိန်းချုပ်ပြီး လူသားတစ်ယောက်လို ဘယ်လို ပြုမူရမလဲ ဆိုတာကို သိလာမှာ"
လုရွှမ်၏ စကားလုံးများသည် အလွန် စိတ်မကောင်းစရာ ကောင်းလေ၏။
"မင်းက ဘယ်သူလဲ? မင်းဘယ်လိုတောင် လာပြီး မောက်မာနေတာလဲ? သူတော်စင်တစ်ပိုင်း အဆင့်၇ အငယ်တန်း တစ်ယောက်ကများ.... မင်းရဲ့ နောက်ကွယ်က ဘယ်သူလဲ? မင်းရဲ့ နောက်ခံ တစ်ခုချင်းစီကို ပြောပြစမ်း!"
မောက်မာမှု အပြည့်ရှိသော အသံတစ်ခုက တိတ်ဆိတ် ငြိမ်သက်စွာ ထွက်ပေါ်လာခဲ့သည်။ မြင်ကွင်း တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားကာ လူတိုင်းက အသံရှင်ကို ကြည့်လိုက်ကြသည်။
သူသည် အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး အဝတ်အစားကို ၀တ်ဆင်ထားသည်။ မာနထောင်လွှားသော မျက်နှာထားဖြင့် ကျင့်ကြံအားထုတ်မှုက အနည်းငယ် အားနည်းကာ သူတော်စင်တစ်ပိုင်း အဆင့်၅ အစွမ်းသတ္တိသာ ရှိသည်။ အားလုံးရဲ့ အကြည့်တွေကို မြင်လိုက်ရတော့ သူက စိတ်ရှုပ်သွားတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်ရင်း
"ဘာဖြစ်လို့လဲ!"
သူတို့အားလုံးဟာ သူ့ကို အရူးတစ်ယောက်လို ကြည့်နေကြ၏။ ဒီလိုလူမျိုးတွေဟာ သူတို့ရဲ့မိသားစုတွေကြောင့် လုံးဝ ပျက်စီးသွားခဲ့သူများပင်။ သူတို့ဘက်ကို အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် လူများစွာသည် သူ့လမ်းမှ ထွက်သွားကြသည်။
"အရမ်းကောင်းတယ် မင်းသေလို့ရပြီ" လုရွှမ်က ဆိုလိုက်သည်။
"သတ်!" လူတစ်ယောက်က အော်လိုက်သည်။
“သတ်ပစ်!” လူအုပ်ကြီးက ဟောက်လိုက်သည်။
လုရွှမ် ဦးဆောင်ထားသော အင်အား ကြီးမားသည့် လူအုပ်ကြီးသည် ထိုလူဆီသို့ ကျရောက်သွားသည်။ ဝုန်းကနံ ပေါက်ကွဲသံနှင့်အတူ ထိုလူငယ်၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။
လူတိုင်းသည် ဤကံကြမ္မာကို အစောကတည်းက ကြိုမြင်ထားပြီးသား ဖြစ်သည်။ ထိုလူငယ် သေသွားတာကို ကြည့်ကာ တခြားလူတွေမှာ ထပ်မလှုပ်ရှားရဲတော့ပေ။
လုရွှမ်က ညင်သာစွာ ရယ်မောလိုက်ပြီး သူ့လက်ကို ဖြန့်ချလိုက်သည်။
"ဒါဆို တိုက်ကြရအောင်!"
"တိုက်!"
"တိုက်!"
"တိုက်!"
နောက်ထပ် ဟောက်သံ သုံးသံက မိုးကောင်းကင်ကို တုန်ခါသွားစေတဲ့အထိ ကျယ်လောင်လှသည်။
"ကောင်းပြီ မင်းတို့ မလှုပ်ရင် ငါတို့လှုပ်ရှားမယ်... အားလုံးကို သတ်ပစ်!"
"သတ်!"
ဟောက်သံနှင့်အတူ လူအုပ်၏ အရှိန်အဟုန်ဖြင့် စုရုံးလာကာ လူတိုင်း၏ နှလုံးသားထဲတွင် လောင်ကျွမ်းနေသော ဒြပ်စင်ငါးခု၏ မီးလုံးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ထောင်သောင်းချီသော လူများသည် လုရွှမ်နောက်သို့ လိုက်ကာ လူအုပ်ကြီးအဖြစ် အားဖြည့်ကာ စည်းစနစ်တကျ စုရုံးလာခဲ့ကြသည်။
"မင်းတို့ သူတို့ကို ကာကွယ်ပေးထား"
လုရွှမ်မှ လူတချို့ကို အမိန့်ပေးလိုက်သော် ထိုလူများက တုံ့ပြန်လာကြပြီး လူခုနစ်ဦးကို ဝန်းရံပေးထားလိုက်သည်။ လုရွှမ်တို့ကတော့ လူအုပ်ကြီးအဖြစ့ စုစည်းကာ အင်အားကြီးသော အင်ပါယာ ရှစ်ခု၏ သခင်များဆီသို့ ပြေးထွက်သွားကြသည်။
“ခုခံထား!! အခင်းအကျင်း ပုံစံအတိုင်း ခုခံထား!”
ရွှမ်ယင်က နားထောင်လို့ မကောင်းသော သူ့အသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
နောက်ဆုံးတွင် ဖန်းရှန်သည် သူမ၏ ဂုဏ်သတင်းက မလုံလောက်ကြောင်း သိလိုက်သည်။ အင်ပါယာရှစ်ခုတွင် သူမနှင့် အလားတူ ကျင့်ကြံမှု အဆင့်ရှိသူ လူ၂၀ပင် မရှိဘဲ ဆယ်ယောက်သာ ရှိသည်။ အဘွားကြီးထျန်းရှားသည် မင်ယွဲ့ဧကရာဇ် အင်ပါယာမှ ကျော်ကြားသော သိုင်းပညာရှင် ဖြစ်သည်။
ဒါဆို ရွှမ်ယင်က ဘယ်သူလဲ?
သူမသည် ဟုန်ရစ်ဧကရာဇ် အင်ပါယာက ကောင်းကျန််၏ လက်ထောက်တစ်ဦး ဖြစ်သည်။ ယခု ကောင်းကျန့် ကွယ်လွန်သွားပြီ ဖြစ်သော်လည်း အမျိုးသမီးတစ်ဦး အနေဖြင့် သူမစွမ်းအားကို ပြသနေနိုင်ဦးမှာလား။
အခုထွက်မပြေးရင် ဘယ်အချိန်မှာ ထွက်ပြေးရမှာလဲ? ကိုယ့်ဘေးက လူတွေကို ကယ်တင်ဖို့နေနေသာသာ သူမက ဘုရားလို နှလုံးသား ရှိသူလည်း မဟုတ်ချေ။ လူတိုင်းကို ချန်ထားပြီး တစ်ယောက်တည်း ထွက်ပြေးရင်တောင် ဘာအမှားလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ။
ရှေ့တန်းမှာ အခင်းအကျင်း ဖွဲ့စည်းဖို့ တာဝန်ပေးခံရတဲ့ အင်ပါယာက ရွှမ်ယင်ရဲ့ စကားကို လျစ်လျူရှုပြီး အရင် ထွက်ပြေးသွားခဲ့သည်။ သူတို့ ထွက်ပြေးသွားတာက တခြားလူတွေရဲ့ ထွက်ပြေးချင်စိတ်ကို ချက်ချင်းပဲ လှုံ့ဆော်သွား၏။
ဒီအချိန်မှာ ထွက်မပြေးရင် သေဖို့ ထိုင်စောင့်နေရမှာလား?
နောက်ကွယ်မှ လိုက်ပါလာသော စစ်ကူများသည် ဤအခိုက်အတန့်တွင် သူတို့စိတ်ထဲ အပြင်းအထန်ကို ကျိန်ဆဲနေကြသည်။ သူတို့လူတွေကို စစ်ကူလို ဆွဲထုတ်ပြီး သူတို့ကတော့ ထွက်ပြေးမယ်ပေါ့ အိပ်မက်မက်နေလိုက်!
"ပြေး!"
ရွေ့လျားနေတဲ့ တစ်စုံတစ်ယောက်ကို မြင်ရင် သူတို့ဟာ ပထမဆုံး ထွက်ပြေးကြသူတွေပဲ ဖြစ်လေသည်။
ဘာတွေဖြစ်ကုန်တာလဲ!
လုရွှမ် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ သူ့စိတ်ထဲ လှောင်ရယ်မိသွားသည်။ အင်ပါယာရှစ်ခုဘက်က ကျင့်ကြံသူတွေဟာ ကျွမ်းကျင်ပေမယ့် သူ့ဘက်မှာတော့ လူတွေ အများကြီးပဲ။ တကယ် တိုက်ပွဲဝင်တွင် ဘယ်သူနိုင်ပြီး ဘယ်သူ ရှုံးမယ်ဆိုတာ မသိရသေးပေ။
နှလုံးသားမီးသစ်သီး၏ လွှမ်းမိုးမှုအောက်နှင့် သူ့လို ပြိုင်ဘက်ကင်း ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှု အောက်တွင် တစ်ဖက်လူတွေ သူတို့ကို လုံးဝ မယှဉ်နိုင်ကြောင်း ယုံကြည်ထားခဲ့သည်။
ဒါပေမဲ့ ဒီလူတွေက သေမှာကို ကြောက်ပြီး ခုခံရဲတဲ့ သတ္တိတောင် မရှိဘူးဘဲ ထွက်ပြေးသွားမယ်လို့ မထင်ထားခဲ့ချေ။
"သတ်!"
"သတ်!"
"သတ်!"
ဂုဏ်ယူ ဝင့်ကြွားသော ဟောက်သံသုံးသံဖြင့် လုရွှမ်သည် လူအုပ်ကြီးကို ဦးဆောင်ကာ ရှေ့သို့ ပြေးသွားခဲ့သည်။