မိုင်ထောင်ပေါင်းများစွာကို လိုက်ဖမ်းခြင်း
Vol. 51 Ch. 4.285
လူတိုင်း၏ အနီရောင် မျက်လုံးများမှ သွေးနီများဖြင့် ပြည့်နေသော အနက်ရောင် မြှားကြီးတစ်စင်း ဖြစ်သွားသည်။
အလျင်မြန်ဆုံး ပြေးသူများသည် အမြဲတမ်း သေဘေးကို ကြောက်တတ်သော အကြီးအကဲများ ဖြစ်ကြပြီး နောက်တွင် ကျန်နေသူများမှာ ကံဆိုးသော အမြောက်စာများ ဖြစ်သည်။
လုရွှမ်တို့အုပ်စု သူတို့ကို သတ်ဖို့ လာနေတာကိုမြင်လျှင် မလွတ်မြောက်နိုင်သော အမြောက်စယသည် လျင်မြန်စွာ လက်နက်ချပြီး သူတို့အသက်ကို ချမ်းသာပေးဖို့ ကျယ်လောင်စွာ တောင်းပန်လိုက်ကြသည်။
သို့သော် လူအုပ်ကြီး ဖြတ်သန်းလာချိန်တွင် လမ်းမှာ တွေ့သမျှသော ရန်သူများအတွက် ရွေးချယ်စရာ ၂ခုသာ ရှိသည်။ ပြေးနိုင်သူက လွတ်မြောက်ပြီး မပြေးနိုင်သူကတော့ သေကြရလိမ့်မည်။
လေချွန်သံကြားတော့ သက်ညှာပေးဖို့ တောင်းခံသံတွေက ညည်းတွားသံတွေ ဖြစ်သွားခဲ့သည်။ လက်နက်များ အနီရောင် ဆိုးထားသလို သွေးများဖြင့် ဖုံးလွှမ်းသွားကာ တစ်ကိုယ်လုံးရှိ အသား၊ အရိုးများက လေထဲမှ ဆက်တိုက်ဆိုသလို ပြုတ်ကျလာခဲ့သည်။
လုရွှမ်သည် လူတိုင်းကို အရှိန်အဟုန်ဖြင့် ဦးဆောင်သွားကာ သူ့ကိုယ်ပေါ်ရှိ အဝါရောင်အလင်းတန်းများ တောက်ပစွာ လင်းလက်နေပြီး စိမ်းပြာနဂါးရဲ့ ရောင်ဝါကလည်း အဆက်မပြတ် ထွက်လာ၍ နဂါးဟောက်သံများကဲ့သို့ လေထဲသို့ လွင့်တက်သွားခဲ့သည်။
လူတိုင်း၏ ဆန္ဒတန်ခိုးသည် သူ့ခန္ဓာကိုယ်ကို ထောက်ပံ့ပေးလာခဲ့သည်။ အကြမ်းဖက် သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိသော်လည်း တစ်ဖက်လူတွေရဲ့ ဖိနှိပ်နေမှုများကို ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲပေသည်။
ကံကောင်း ထောက်မစွာဖြင့် လုရွှမ်သည် ရွှမ်ခုန်းတောင်တွင် တိုက်ပွဲ အမျိုးမျိုးကို ဖြတ်သန်းခဲ့ဖူးပြီး သူ၏ ခန္ဓာကိုယ်သည် ယခုအခါ အလွန်သန်မာလာပြီမို သာမန် သူတော်စင်များထက် များစွာ သန်မာနေပြီ ဖြစ်သည်။
အရှေ့မှာ အသည်းအသန် ပျံသန်းနေတဲ့လူတွေက သူတို့ရဲ့ အမြန်နှုန်းက သိပ်မမြန်ဘူး ဆိုတာကို ယောင်ဝါးဝါး သတိပြုမိကြသည်။ သူတို့ရဲ့ သူတော်စင် စွမ်းအားကို အစွမ်းကုန် ထုတ်သုံးခဲ့ကြပေမယ့် သူတို့ရဲ့ အမြန်နှုန်းက အများကြီး တိုးမလာခဲ့ဘူး။ အနောက်ကလူတွေက သူတို့ကို ကာယဗလနဲ့ လိုက်ဖမ်းနေကြတာကြောင့် သူတို့ ပိုထိတ်လန့်သွားကြသည်။
ထိုလူများသည် သူတော်စင်နယ်ပယ်၏ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင်သာ ရှိကြသည်။ ထိုအရှိန်အဟုန်ဖြင့် လိုက်ဖမ်းနိုင်ခြင်းက အလွန် အံ့သြဖွယ် ကောင်းလှသည်။
သူတို့ရှေ့မှာ ရပ်နေသမျှ အသွေးအသားတွေက ဘောလုံးလေးတွေလို ဖြစ်သွားတော့သည်။
"ဟမ့်! ထွက်သွားချင်တယ်ပေါ့ အဲ့လောက် မလွယ်ဘူးကွ!"
လုရွှမ်သည် ပတ်ဝန်းကျင်ကို အာရုံခံနိုင်သော သူ့စိတ်ဝိညာဉ် စွမ်းအားဖြင့် လူတိုင်းကို စိုက်ကြည့်နေခဲ့သည်။
သူ့စိတ်က ရှေ့ကို ပြေးသွားတဲ့ လူအနည်းငယ်ကို အာရုံစိုက်ထား၏။ သူတို့က အင်ပါယာရှစ်ခုရဲ့ ထိပ်တန်းသခင်တွေ ဖြစ်ပြီး အားလုံးဟာ သူတော်စင်နယ်ပယ် အဆင့်၉အထိ ရှိနေကြသည်။ လုရွှမ်သည် ဤလူများအပေါ်တွင် သူ့အရှိန်အဟုန်ကို အာရုံစိုက်နေသော်လည်း ၎င်းတို့ကို နည်းနည်းမှ နှောင့်နှေးအောင် မလုပ်နိုင်သေးပေ။
ဒီအတိုင်း ဆက်သွားပါက သူတို့တပည့်များက အသတ်ခံရမည် ဖြစ်သော်လည်း သခင်များသည် လွတ်မြောက်နိုင်သွားမှာ သေချာ၏။ ဒီတပည့်တွေက ဘာမှမဟုတ်ပေမယ့် တကယ့်တိုင်တွေက အဲဒီလူတွေပဲ။
"အသတ်မခံချင်ရင် လက်နက်ချလိုက်!" လုရွှမ်က အော်လေ၏။
လူတိုင်းက "အသတ်မခံချင်ရင် လက်နက်ချ!" ဟုအော်လိုက်ကြသည်။ သူတို့ခေါင်းထဲတွင် သွေးမီးတောက်များ တဟုန်းဟုန်း တောက်လောင်ကာ အကြောင်းပြချက် မရှိဘဲ လုရွှမ်နောက်သို့ လိုက်၍သာ တိုက်ပွဲဝင် ချင်ကြသည်။
အသတ်ခံရဖို့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အင်ပါယာရှစ်ခုက လူတွေဟာ သတ်ဖြတ်တာတွေ မလုပ်ဘဲ လက်နက်ချတဲ့ ဆိုတဲ့ အသံကို ရုတ်တရက် ကြားလိုက်ရပြီး သူတို့ရဲ့နှလုံးသားတွေ တုန်လှုပ်သွားခဲ့သည်။
သေချာတာကတော့ လုရွှမ်က သူတို့ကို မသတ်တော့ဘဲ သူတို့တွေကို ကျော်ဖြတ်သွားတာ မြင်လိုက်ရသည်။ သူတို့အသက်ကို ကယ်လိုက်နိုင်ပြီမို့ အသာ သက်ပြင်းချမိလေသည်။
ဒီလောက်ဆို လုံလောက်ပြီလို့ တွေးလိုက်တဲ့ လုရွှမ်ဟာ သူ့စိတ်ထဲမှာတော့ လှောင်ရယ်လိုက်ပြီး နှလုံးသားမီးသစ်သီးကို လျင်မြန်စွာ အလုပ်ပေးလိုက်သည်။ သေးငယ်ပြီး မမြင်ရတဲ့ နှလုံးသားမီးတွေ လျှံထွက်လာသောအခါ ထိုလူတွေရဲ့ အတွင်းစိတ်ထဲက နတ်ဆိုးတွေကို နှိုးဆော်ပေးလိုက်တော့သည်။
ခဏအကြာတွင် လူအုပ်ကြီးမှာ တွန်းအားကြောင့် မျက်လုံးများ နီရဲလာပြီး မူလလူအုပ်ထဲသို့ ပေါင်းစည်းသွားကြသည်။ လက်နက်ကြီးများကို ကိုင်ဆောင်ကာ ရှေ့က အင်ပါယာ ရှစ်ခု၏ အကြီးအကဲများနောက် ပြေးလိုက်ကြ၏။
"သတ်!"
ဒီလိုအခြေအနေမျိုးမှာ သူတို့ကိုပါဝင်ပြီး အသေခံခိုင်းတာက အဲဒီ လူယုတ်မာတွေ အားလုံးပဲ။
အခု သူတို့ လုရွှမ်တို့နဲ့ ပူးပေါင်းလိုက်ပြီမို့ ထွက်လမ်းမရှိတော့သလို အနာဂတ်တွင် အရင်အခြေအနေကို ပြန်မသွား နိုင်တော့ကြောင်းလည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် သိထားကြသည်။
အတွင်းမီးသည် အတွင်းနတ်ဆိုး စိတ်များကို သက်ရောက်စေပြီး အတွင်း နတ်ဆိုးစိတ်များက လူ့စိတ်နှလုံးကို ရှုပ်ထွေးစေသည်။ ဧကရာဇ်အင်ပါယာ ရှစ်ခုမှ ကျင့်ကြံသူများသည် ထျန်းလုံဧကရာဇ် အင်ပါယာနှင့် တခြားအလယ် အလတ်တန်းစား အင်ပါယာများမှ ကျင့်ကြံသူများထက် သာလွန်သော်လည်း တစ်ဖက်က သူတို့ကို ရက်စက်စွာ လိုက်လံ သတ်ဖြတ်နေသည်။
လူတွေ ဆက်လက် ပါဝင်လာသောအခါ လုရွှမ်သည် သူတို့ရဲ့ အရှိန်က တဖြည်းဖြည်း တိုးလာကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။ ၎င်းတို့ ထုတ်လွှတ်သည့် အရှိန်အဟုန်သည်လည်း လျင်မြန်စွာ တိုးလာကာ လူသတ်ချင်သည့် အငွေ့အသက်များ စုစည်းလာသည်နှင့်အမျှ ရှေ့မှ သခင်များအပေါ် ဖိအားများလည်း တိုးလာခဲ့သည်။
အရှိန်က တိုးလာပြီး သူတို့ကြားက အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာသည်။
သတ်!
အင်ပါယာ ရှစ်ခု၏ ထိပ်တန်းခေါင်းဆောင်များသည် မယုံနိုင်စွာဖြင့် ရံဖန်ရံခါ ပြန်လှည့်ကြည့်ကြသည်။ သူတို့နောက်က တပည့်များ နည်းပါးလာတာကို တွေ့လိုက်ရလို့ ပြန်ကြည့်သောအခါတွင် သူတို့အားလုံးက လိုက်ဖမ်းနေသည့် လူအုပ်ထဲသို့ ပေါင်းလိုက်ကြတာ တွေ့လိုက်ရ၏။
မယုံနိုင်ပေမယ့် ယုံရတော့မယ်!
"နတ်ဆိုးစွမ်းအင်! မင်းက နတ်ဆိုးစွမ်းအင်ကို သုံးနေတာ!"
လူတစ်ယောက်က အော်ဟစ်လေသည်။ ရန်သူများကို မဟာမိတ်များ အဖြစ်သို့ ပြောင်းလဲနိုင်တာ မိစ္ဆာ မှော်ပညာမျိုး မဟုတ်လို့ ဘာဖြစ်နိုင်ဦးမှာလဲ?
ရွှမ်ယင်နှင့် အခြားသူများ တည်ရှိရာ ဟုန်ရစ်ဧကရာဇ် အင်ပါယာသည် အဆင့်မြင့် ဧကရာဇ် အင်ပါယာများကြားတွင် အဆင့်အတန်း မြင့်သည်။ ယခုအခိုက်အတန့်တွင် သူတို့နောက်ကွယ်မှ လုရွှမ်၏ ခြိမ်းခြောက်မှုကို ကြည့်ပြီး နားမလည်နိုင်စွာ တွေးတောလာကြသည်။
"မင်းက လူမဟုတ်ဘူး.... မင်က နတ်ဆိုးပဲ!"
နှစ်သုံးရာကျော်ကြာ ပျောက်ကွယ်သွားခဲ့သော ဂိုဏ်းကြီးခြောက်ခု၏ ကိုယ်ခံပညာများပင် ပြန်လည် ပေါ်ထွန်းလာခဲ့သည်။ ဧကရာဇ်ကျိုးရန် နတ်ဆိုး ဧကရာဇ်မင်းကို သတ်ခဲ့ပြီးနောက် တောရိုင်းပြည်သို့ ထွက်ခွာသွားသော နတ်ဆိုးများသည် ပြန်လည် ပေါ်ထွန်းလာတာပဲ ဖြစ်မည်။
မထူးဆန်းပေဘူးလား?
နတ်ဆိုးလား?
လုရွှမ် သူ့စိတ်ထဲတွင် လှောင်ပြောင်နေ၏။ ရှင်းပြမနေဘဲ ဆက်လက် လိုက်လေသည်။ သူသည် ဤလူများ သူ့ကို အမှန်တကယ် ကြောက်လန့်စေရန်အတွက် ယနေ့တွင် နောက်ထပ် အဆင့်မြင့် ပညာရှင်တချို့ကို သတ်ပစ်ခဲ့ရပြီးပြီ။ ဒီလူတွေက သူ့နေရာဟာ လူတိုင်း မာနကြီးနိုင်သော နေရာမဟုတ်ကြောင်း သူတို့ သိလာစေရမည် ဖြစ်သည်။
လုရွှမ်အတွက်ကတော့ ဒီလူတွေ သူ့ကို လေးစားဖို့ မလိုအပ်ဘူး။ သူ့ကို ကြောက်နေဖို့ပဲ လို၏။
“သတ်ပစ်!”
နောက်ဆုံးတွင် ပျံသန်းနေခဲ့သော သူတော်စင်နယ်ပယ် အဆင့်၉ သခင်သည် အနောက်မှ ဆိုးရွားသော ရောင်ဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ချက်ချင်းပင် သူ၏ ချပ်ဝတ်တန်ဆာသည် ဖောက်ထွင်းခံလိုက်သည်။ သခင်တစ်ဦးမှ အထူးပြုလုပ်ထားသည့် သူတော်စင် လက်နက်မှာ လုံးဝ အသုံးမဝင်တော့ပေ။ အောက်ကို ငုံ့ကြည့်သော် သူ့ရင်ဘတ်မှ တုတ်တစ်ချောင်း ဖောက်ဝင်သွားခဲ့ပြီ။ ပြန်ဆွဲထုတ်သွားတာကို တွေ့လိုက်ချိန် လူကတော့ မြေပြင်ပေါ်သို့ လဲကျသွားသည်။
"လူတိုင်း မလုပ်..."
သူမ ခေါင်းက ပျံတက်သွားလေ၏။
လူအုပ်ကြီး၏ အရှိန်အဟုန် အားကောင်းလာသည်နှင့်အမျှ အချင်းချင်း ပေါင်းစပ်ထားသော သူတော်စင် စွမ်းအားသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ လုရွှမ်အတွက် သူသုံးနိုင်သော ခွန်အားများ လျင်မြန်စွာ တိုးလာတာကို ခံစားလိုက်ရသည်။
ယခုအချိန်တွင် သူ၏ ခွန်အားသည် သူ့ကိုယ်ပိုင် ခွန်အားထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ မီးတောက်များ၊ ဓားမီးများက အင်မတန် တောက်ပနေလျက် သတ်ဖြတ်ချင်နေသော အရိပ်များဖြင့် ရှေ့သို့ ပြေးသွားသည်။
တစ်ချိန်က ကျော်ကြားခဲ့သော ထိပ်တန်း သခင်များသည် ယခုလုရွှမ်၏ ရှေ့တွင် ပြေးလွှားနေသော ခွေးရူးတစ်ကောင်ကဲ့သို့ တုတ်ဖြင့် အဆက်မပြတ် လိုက်ရိုက်ခြင်း ခံနေရတော့သည်။
တွန်းလှန်ချင်ရင် အရှိန်လျှော့ပြီး တိုက်ခိုက်ပါက တုတ်နဲ့ ရိုက်သတ်ခံရနိုင်သလို မခုခံရင်လည်ူ မြန်မြန် သေရလိမ့်မယ်။
အရင်က လူနှစ်ဆယ်ကျော်ရှိပေမယ့် ထွက်ပြေးလာတဲ့ လူတွေကို ထည့်မတွက်ရင် ဆယ်ယောက်ထက် မနည်းပဲ ကျန်တော့ပြီး တခြားသူတွေကတော့ အသတ်ခံလိုက်ရပြီ ဖြစ်သည်။
သူတို့နောက်က လိုက်လာတဲ့ လူဟာ ဘယ်လိုနတ်ဆိုးမျိုးလဲ ဆိုတာ တွေးကြည့်ဖို့တောင် ခက်လာပြီ။
သတ်ဖြတ်မှုတွေက ဆက်တိုက် ဖြစ်ပေါ်လာပြီး သွေးတွေက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။
လူတိုင်းသည် သဘာဝ အခင်းအကျင်း ဖွဲ့စည်းမှုထဲမှ သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ အလယ်အထိ တောက်လျှောက် တိုက်ပွဲဝင်ခဲ့ကြသည်။
ကျင့်ကြံသူ များစွာတို့သည် ဤကမ္ဘာတွင် အခွင့်အလမ်းများကို ရှာဖွေနေကြဆဲ ဖြစ်၏။ ရုတ်တရက် သူတို့ရဲ့စိတ်နှလုံးများ ကြောက်လန့်တကြား ခုန်ပေါက်လာပြီး အဝေးမှ ဆင်းသက်လာသော အလွန် အစွမ်းထက်သော အရှိန်အဝါကို တွေ့လိုက်ကြသည်။
ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင် တစ်ဖက်မှ အခြားတစ်ဖက်သို့ လျင်မြန်စွာ ပျံသန်းသွားသော သွေးမြှားကြီး တစ်စင်းကို တွေ့လိုက်ရသည်။
ရှေ့က လိုက်ဖမ်းခံနေရတဲ့ လူရှစ်ယောက်စလုံးဟာ အင်ပါယာရှစ်ခုက သခင်တွေ ဖြစ်တယ်ဆိုတာ သူတို့အားလုံး မြင်ကြလေ၏။ သူတို့ဟာ အရင်ကတော့ ခပ်ခွာခွာ နေခဲ့ကြပေမယ့် အခုချိန်မှာတော့ ကျန်ရစ်သူက ခွေးတွေလို ဖြစ်လာတော့သည်။
ထိုလူတွေကို လိုက်ဖမ်းနေတဲ့ လူအုပ်ကြီးကိုလည်း တွေ့ကြသည်။ အဲဒီထဲမှာ သူတို့သူငယ်ချင်းတွေ ရှိသလို ကျင့်ကြံမှုလည်း မမြင့်ပေမယ့် အရင်က မသိဖူးတဲ့ သူငယ်ချင်းတွေလို ကြီးမားတဲ့ ဖိအားတွေနဲ့ ပြည့်နှက်နေကြလေ၏။