အားလုံးကို သတ်ပစ်လိုက်ပြီ
Vol. 52 Ch. 4.286
ဒါဆို ဘာဖြစ်သွားတာလဲ?
ဒီအမေးကို ဘယ်သူမှ မဖြေနိုင်ကြဘဲ ကံကောင်းခြင်းကို အလိုလို လိုက်ရှာကြပြီး ကံဆိုးခြင်းတွေကို ရှောင်ချင်ကြတဲ့အတွက် ထိုပြဿနာကြီးထဲ ငြိတွယ်မှာစိုးလို့ တတ်နိုင်သမျှ ဝေးဝေးကို ထွက်သွားကြတော့သည်။
ခပ်လှမ်းလှမ်းတွင် အဘိုးအိုတစ်ယောက် ရုတ်တရက် ခေါင်းကို မော့ကာ ထိုနေရာသို့ ကြည့်လိုက်စဥ် သူ့မျက်လုံးများသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်လာခဲ့သည်။ လုရွှမ်သာ မြင်ခဲ့လျှင် ဤအဘိုးအိုသည် ဟုန်ရစ်ဧကရာဇ် အင်ပါယာမှ သားရဲများကို ထိန်းချုပ်ခဲ့သူ လူအိုကြီးဖြစ်ကြောင်း သေချာပေါက် မှတ်မိမှာပဲ ဖြစ်သည်။
အဘိုးအို လုရွှမ်ကိုလည်း မြင်လိုက်သည်။ သူ့မျက်လုံးများက လေးနက်နေကာ သွေးစွန်းနေသော မြှားပေါ်ရှိ အလင်းရောင်ထဲတွင် အဆက်မပြတ် စီးဆင်းနေရာ စာလုံးများကို ရှင်းရှင်းလင်းလင်း ဖော်ပြလို့မရချေ။
"ကောင်းလိုက်တာ... ဒီကောင်လေးရဲ့ ခွန်အားနဲ့ စွမ်းရည်တံတိုင်းက ငါမျှော်လင့်ထားတာထက်တောင် ပိုမြင့်နေတာပဲ!"
သူသည် နေရာတွင် တုံ့ဆိုင်းမနေတော့ဘဲ တိတ်တဆိတ် လိုက်လာခဲ့သည်။
လုရွှမ်သည် ပူလောင်သော မျက်လုံးများဖြင့် ရှေ့ကလူများကို စိုက်ကြည့်နေသည်။ ယခုအချိန်တွင် သူတို့ရှေ့တွင် လူသုံးယောက်သာ ကျန်တော့သည်။
ရွှမ်ယင်၊ ကျူးချွဲ့ကျောင်းအုပ် နှင့် အမည်မသိ လူတစ်ယောက်။ ထိုသုံးယောက်က အတော်လေး အစွမ်းထက်လှသည်။ လုရွှမ် ကျန်းရှို့ကို သတ်ပြီးနောက် ၎င်းတို့ကို ဆက်လက် လိုက်နေခဲ့သည်။ သို့သော် ၎င်းတို့ သုံးဦးသည် လှည့်ကွက်များစွာကို ကစားနိုင်ပြီး အကြိမ်ကြိမ် ဒဏ်ရာ ရရှိသွားသော်လည်း လွတ်မြောက်နိုင်ခဲ့သည်။
လုရွှမ်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေ၏။ သူ့ခန္ဓာကိုယ်ပေါ်ကို လူတိုင်း၏ ဆန္ဒများက အချိန်အတော် ကြာအောင် ထောက်ပံ့ပေးလာခဲ့သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး အခင်းအကျင်း ဖွဲ့စည်းမှုများဖြင့် ကာကွယ်ထားသော်လည်း ကျောက်စိမ်းပြား အတွင်းရှိ သန့်စင်သော ဝိညာဉ်စွမ်းအင်များသည် အဆက်မပြတ် သူ့ခန္ဓာကိုယ်ကို ဖြည့်ထားပေမယ့် ကြာကြာ မထိန်းနိုင်တော့ချေ။
လုရွှမ် ထိုဟုန်ရစ်ဧကရာဇ် အင်ပါယာမှ အမျိုးသမီးကို အလွန်မုန်းတီးလေသည်။ ပြီးတော့ ကျူးချွဲ့ကျောင်းအုပ် ဒီလူကလည်း သေဖို့ထိုက်တန်သည်။
ဤအခိုက်အတန့်တွင် သခင်သုံးဦးတို့သည် မြင်ရလေ့ရှိသည့် မောက်မာမှု အနည်းငယ်မျှသာ ရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်သည် သနားစရာကောင်းသော အခြေအနေတွင် ရှိနေလေပြီ။ ရွှမ်ယင်ရဲ့ အဝတ်အစားတွေက ဖောက်ပြဲနီးပါးဖြစ်နေကာ သူ့နောက်ကျောမှာ မီးတောက်အကြီးကြီး တစ်ခုလည်း ရှိနေသည်။
ကျူးချွဲ့ကျောင်းအုပ်ဟာ သူ့နောက်က မီးတောက်တွေ တက်လာပြီး သူ့အရှိန်ကို မြှင့်တင်ဖို့ မီးလုံးတစ်လုံးရဲ့ အကူအညီကို အားကိုးထားလို့သာ မဟုတ်ရင် လုံးလုံးလျားလျား ပြုတ်ကျသွားတာ ကြာပါပြီ။
"အားလုံး.... နည်းနည်းလောက် တောင့်ခံထားကြ... သူလည်း မကြာခင် ဟန်တော့မှာ မဟုတ်ဘူး"
ကျူးချွဲ့ကျောင်းအုပ်က အော်ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် သူ့ခမျာ နောင်တရနေပါပြီ။ ထိုလူသည် လျှို့ဝှက်ထားတဲ့ နဂါးတစ်ကောင် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားလျှင် သူသည် လုံးဝ စော်ကားမှာ မဟုတ်ပေ။
ယခု သူ့နောက်ကွယ်တွင် လူသတ်ချင်နေသည့် ရည်ရွယ်ချက်များကို ခံစားလိုက်ရသဖြင့် လုရွှမ်က သူ့ကိုသတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားပြီ ဖြစ်ကြောင်း သိလိုက်ပြီ။
သူဒီနေ့လိုမျိုး ဖြစ်လာမယ် ဆိုတာ သိခဲ့ရင် အစကတည်းက ဘယ်လိုလုပ် စိတ်ရှုပ်ခံနေမှာလဲ။
ပါးစပ်က သွေးတွေ ထွက်လာပြီး အနှစ်သာရ မီးအဖြစ် ပြောင်းလဲသွားကာ သူ့အရှိန်က တဖန် တိုးလာသည်။ ဒီအချိန်မှာ သူလွတ်မြောက်နိုင်ရင်တောင် အနည်းဆုံးတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလိမ့်မည်။ ဒါပေမဲ့ အနည်းဆုံးတော့ သူ အသက်ရှင် နိုင်ဦးမှာပဲ။
"ခေါင်းဖြတ်လိုက်!"
လုရွှမ် အသံလွှင့်လိုက်သည်။ သူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်အားကို ခန့်မှန်းပြီး ဆက်လိုက်နေမယ်ဆိုရင် စဥ်းစားစရာမလိုဘဲ သူ့ခန္ဓာကိုယ် ပြိုကျသွားမှာကို ကြောက်ရသည်။
သူတို့ သုံးယောက်ကို ထိုးနှက်ချက်တစ်ချက်တည်းနဲ့ သတ်ပစ်ရမယ်။
သူ့နောက်က လူတွေက တောင့်တောင့်ကြီး ကြည့်နေကြ၏။ သွေးတွေက ပွက်ပွက်ဆူနေပြီး သူတို့ရဲ့အရှိန်က ကောင်းကင်ကိုတောင် ထိုးဖောက်သွားတော့မလိုပင်။ အဝေးက ကြည့်ရင်တော့ ကြီးမားတဲ့ သွေးရောင်မြှား မဟုတ်တော့ဘဲ နီရဲရှည်လျားတဲ့ ဓားရှည်တစ်လတ် အဖြစ် ပြေးထွက်ကာ လူသုံးယောက်ကို သတ်ပစ်ချင်စိတ်များ ပေါက်ဖွားလာသည်။
"ခေါင်းဖြတ်!"
အားလုံးကလည်း လိုက်အော်ကြသည်။
လုရွှမ်သည် သူ့လက်နောက်မှ ဓားသွားကို ဆုပ်ကိုင်ထားသလို ရုတ်တရက် လက်ကို မြှောက်လိုက်ကာ လူတိုင်း စုဝေးနေသော အရှိန်ကို ရုတ်သိမ်းလိုက်သည်။ ထိုအချိန်တွင် ကြီးမားသော သွေးရောင် ဓားရှည်ကြီး တစ်စင်းဟာ ကီလိုမီတာ ပေါင်းများစွာ ရှည်လျားကာ သွေးများဖြင့် ပြည့်နှက်နေသော ဓားရှည်ကြီး အဖြစ် ပေါင်းစည်းသွား၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် အလွန်အမင်း တုန်လှုပ်သွားစေသည်။
"သတ်!"
လုရွှမ် ထပ်ပြီး အော်လိုက်တော့ ကျောက်စိမ်းပြားထဲက ဝိညာဉ်စွမ်းအင် ထွက်လာသည်။ လုရွှမ်လည်း ဆေးလုံး၂လုံးကို တစ်ချိန်တည်း ပါးစပ်ထဲကာ မျိုချလိုက်သည်။ တောက်ပသော အဝါရောင် အလင်းရောင်သည် သူ့ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်သွား၏။ ဆင်သံချပ်ရွှေကိုယ်ထည်သည် ယခုအချိန်တွင် ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီ။
အကန့်အသတ် မရှိသော စွမ်းအားများဖြင့် ခန္ဓာကိုယ် ကြွက်သားများထဲမှ လျှပ်စီးကြောင်းများ အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။
ဓားရှည်ကြီးက လုရွှမ်ရဲ့ ဟောက်သံနဲ့အတူ ရှေ့က လူသုံးယောက်ကို ခုတ်ထစ်လိုက်တော့သည်။
ရွှမ်ယင်တို့ သုံးယောက်သည် သူတို့အနောက်မှ ကြီးမားသော အန္တရာယ် အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရသည်။ လူသတ်ချင်တဲ့ အငွေ့အသက် ရောင်ဝါပဲ ဖြစ်လေ၏။ အလိုလို ကြောက်ရွံ့လာစိတ်ကြောင့် လှည့်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေသည်။
ထို့နောက် အလွန် စိတ်ပျက်သွားစရာ ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေ၏။
သူတို့ အသက်အတွက် ထွက်ပြေးဖို့ နေနေသာသာ ခဏလေးတောင် မလှုပ်နိုင်တော့ချေ။ ကြီးမားတဲ့ ဖိအားများက သူတို့ကို နေရာတစ်နေရာတည်းတွင် ဖိနှိပ်ချုပ်ချယ်၍ ပြေးလွှားလို့ မရတော့အောင် သေခြင်း၏ အငွေ့အသက်တွေနဲ့ ဖုံးလွှမ်သွားခဲ့သည်။
“မလုပ်နဲ့!”
နောက်ဆုံးတော့ သူတို့ သုံးယောက် အော်ဟစ်ပြီး မျက်နှာပေါ်က မျက်ရည်တွေ စီးကျလာခဲ့သည်။
ဒါပေမဲ့ အရမ်းနောက်ကျသွားပြီ။ သွေးဓားနဲ့ ထိုးချခံလိုက်ရတဲ့ လူသုံးယောက်ရဲ့ ခန္ဓာကိုယ်တွေက ချက်ချင်းပဲ ပြာဖြစ်သွားလေ၏။
သွေးဓားက အောက်ကို ဆက်လက် နစ်မြုပ်သွားခဲ့သည်။ ၎င်းသည် အလွန်အားကောင်းပြီး အစွမ်းထက်သော လုရွှမ်ကိုပင် မထိန်းနိုင်ဘဲ အသံတစ်ချက်နဲ့ အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။ အက်ကွဲသံနှင့်အတူ မြေပြင်သည် တုန်ခါသွားပြီး မီတာတစ်ထောင်ကျော် အကျယ်ရှိသော လျှိုကြီးတစ်ခုဟာ လုရွှမ်ရဲ့ ဓားမှ ဖြစ်ပေါ်လာခဲ့လေ၏။
သွေးဓား ပျောက်ကွယ်သွားသလို သွေးစွမ်းအင်များလည်း ပျောက်ကွယ်သွားသည်။ လုရွှမ် သွေးစွမ်းအင်တွေကို လူတိုင်း၏ ခန္ဓာကိုယ်ဆီသို့ ပြန်ပို့ခဲ့သည်။ နောက်ဆုံးတော့ ဒါက သူတို့ရဲ့သွေးဖြစ်ပြီး ပြန်မပေးရင် အနာဂတ်မှာ ပြင်းထန်တဲ့ရောဂါကို ခံစားရမှာ သေချာပါသည်။
လုရွှမ် သူတို့ကို အခွင့်ကောင်း ယူပြီးနောက် လူကို စွန့်ပစ်တတ်သည့် လူမဟုတ်ပေ။
ထို့အပြင် ဤသွေးသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းထားသည့် မခံချင်စိတ်ဖြင့် လူသတ်ရောင်ဝါကို ပေါက်ဖွားလာစေကာ သူတို့၏ ခန္ဓာကိုယ်များကိုပင် များစွာ အကျိုးပြုစေမှာ ဖြစ်သည်။ သူတို့မှာ ထူးထူးခြားခြား အရည်အချင်းတွေ ရှိမယ်ဆိုရင် သူတို့ရဲ့ ထိုးထွင်းသိမြင်မှုကနေ လူသတ်ဓားကို ရရှိနိုင်လိမ့်မည်။
ဒါကတော့ သူတို့ရဲ့ ကံကြမ္မာအပေါ် မူတည်ပါသေးသည်။
နှလုံးသားမီး သစ်သီးက နိုးကြားလာပြီး လုရွှမ်လည်း ဖြန့်ကျက်ထားသော နှလုံးသားမီးကို တိတ်တဆိတ် ပြန်ယူလိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ ကောင်းကင်မီးတောက်ဟာ ဖောင်းပွလာပြီး လုရွှမ် ခန္ဓာကိုယ်မှ နေရောင်ခြည်များ ဖြာထွက်လာသည့်နှယ် တောက်ပနေ၏။
သူ့ဘက်မှာ ရှိနေခဲ့တဲ့ လူအားလုံးကို သတ်ရန် ရည်ရွယ်ချက် မရှိဘဲ တောက်ပသော အလင်းရောင်များဖြင့် နက်ရှိုင်းသော နွေးထွေးမှုကိုသာ အပြည့်အဝ ပေးစွမ်းလျက် ရှိသည်။ သူတို့ နှလုံးသားထဲက နတ်ဆိုးစိတ်များကို ဖြည်းညှင်းစွာ ချေမှုန်းပစ်လိုက်သည်။
ခဏအကြာတွင် လူတိုင်းသည် ၎င်းတို့၏ မူလအာရုံများဆီသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားကြသည်။ လုရွှမ်ကို တစ်ဖန် ကြည့်လိုက်တဲ့အခါ လူတိုင်းက သဘောကျစွာ လက်ဆုပ်လျက် ဦးညွတ်ကြလေသည်။
လုရွှမ်၏ ယခင်က သူတော်စင် စွမ်းအားများနှင့် ပေါင်းစပ်ထားသော သွေးစွမ်းအင်များက ၎င်းတို့၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည် ဝင်ရောက်လာခဲ့ရာ အမည်မသိ ခံစားချက် တစ်ခုက သူတို့ နှလုံးသားထဲတွင် လုံးဝ စွဲထင်သွားခဲ့သည်။
"ဒါက ငါတို့ကမ္ဘာပဲ.... အဆင့်မြင့် ဧကရာဇ်အင်ပါယာကြီးတွေ ရောက်လာရင်တောင် ဒါက ငါတို့နယ်မြေ ငါတို့အပိုင်ပဲ!!!"
လုရွှမ် သူ့အသံကို ကျယ်ကျယ်လောင်လောင် ထုတ်လွှတ်လိုက်သည်။ လူတိုင်းကလည်း သူ့နောက်ကနေ လိုက်အော်ကြလေ၏။
လုရွှမ်လည်း ဒီလူတွေက ထျန်းလုံဧကရာဇ် အင်ပါယာကို ထောက်ပံ့နိုင်မှာ မဟုတ်ကြောင်း သိထားသော်လည်း အနည်းဆုံးတော့ ဒီတစ်ခေါက်မှာ သူတို့ရဲ့ တန်ခိုးအချို့ကြောင့် ဒီအခြေအနေကို ဖြစ်လာစေခဲ့လို့ လုရွှမ် သူတို့ကို လျှော့တွက်မည် မဟုတ်ပေ။
"အားလုံးပဲ ကိုယ့်လမ်းကို သွားလို့ရပါပြီ!"
လူတိုင်းသည် တစ်ဖန်ပြန်လည် ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုကာ အသီးသီး လူစုခွဲ၍ သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ ထွက်ပေါက်ဆီသို့ ထွက်သွားကြတော့သည်။
ခဏကြာတော့ လုရွှမ် သူ့မျက်လုံးများကို မင်းသမီးပိုင်လုံတို့ဘက် လှည့်လိုက်သည်။ သူတို့ ဒဏ်ရာများက ခပ်မြန်မြန်ပဲ ပြန်လည်သက်သာလာခဲ့သည်။ လူအတော်များများကတော့ အရည်အချင်း မညံ့ကြဘဲ သူတော်စင်အုပ်စုများကြားတွင် ရောနှောနေခဲ့ကြသည်။
သူတို့သည် ခွန်အားများစွာ မထုတ်ခဲ့ကြဘဲ နောက်ဆက်တွဲ သွေးစွမ်းအင်ကို ခံနိုင်ရည်ရှိအောင် ဆီးတားခဲ့ကြသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့တစ်ဦးစီသည် နဂါး သို့မဟုတ် ကျားနှင့်တူ၍ သူတော်စင်တစ်ပိုင်း ကမ္ဘာမှ ထွက်ခွာပြီးသည်နှင့် ၎င်းတို့၏ ခွန်အားများ သိသိသာသာ တိုးလာမှာကို တွေးဆနိုင်သည်။
"ကျေးဇူးတင်ပါတယ်.... အစ်ကိုလု"
ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီးများက ကျေးဇူးတင်စကားဆိုဖို့ အလျင်အမြန် ဦးညွှတ်လိုက်လေသည်။ အရင်က မြင်ကွင်းကို မြင်ရပြီးနောက် သူတို့နဲ့ လုရွှမ်ကြားက ကွာဟချက်က အရမ်းကြီးမှန်း သိလိုက်ကြပြီး သူတို့ရဲ့ မေတ္တာအတွေးတွေကို စွန့်လွှတ်လိုက်ကြပါတော့သည်။
မိန်းကလေးများရဲ့ သူတို့ကိုယ်သူတို့ ဆုံးရှုံးလိုက်ရသလို ခံစားရတဲ့အပေါ် လုရွှမ်က သက်ပြင်းသာချကာ ဘာမှ မပြောတော့ပေ။
"အကြီးအကဲရဲ့ ခွန်အား စိုက်ထုတ်မှုက ကောင်းကင်ကြီးလိုပါပဲ... ဒီအငယ်လေးတွေက ကြည်ညိုလေးစားမိပါတယ်!"
ယွင်ထျန်းရှန် နဲ့ ဟယ့်လွမ်ယင်း တို့ရဲ့ မျက်လုံးတွေဟာ ကြည်ညို လေးစားမှုတွေနဲ့ ပြည့်နှက်နေ၏။ ဒီမြင်ကွင်းက သူတို့ရဲ့ စိတ်နှလုံးထဲမှာ ထာဝရ ထွင်းထုထားခဲ့သလိုပဲ ဒီတိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခွင့်ရတဲ့အတွက် အလွန် ဂုဏ်ယူမိလေတော့သည်။
"ကောင်လေး....မင်း အရမ်းတော်တယ်!"