← Chapters

မဟာသူတော်စင် ပေါ်လာပြီ

Vol. 52 Ch. 4.287

မဟာသူတော်စင် ပေါ်လာပြီ

Vol. 52 Ch. 4.287

လုရွှမ်က ရယ်ရင်း သူ့လက်ကို တစ်ဖက်တစ်ချက် ဆုပ်ကာ ပြောလိုက်သည်။

"အကြီးအကဲ... ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်"

ယခင်ကတော့ လုရွှမ်၏ ဝိညာဉ်အာရုံသည် လူတိုင်း၏ ဆန္ဒများနှင့် ပေါင်းစပ်ကာ ကောင်းကင်ယံအထိ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် သူ့အား ချောင်းကြည့်နေသည့် ပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားရသော်လည်း တစ်ဖက်ကသူ့အား အန္တရာယ် ပေးလိုသည့် အငွေ့အသက်မျိုး မရှိခဲ့ပေ။

လုရွှမ်လည်း ရောက်ရှိလာသူက မဟာသူတော်စင်ကြီး ဖြစ်ကြောင်း သိလိုက်သည်။ အဘိုးကြီး တစ်ယောက် ထွက်လာပြီး လုရွှမ် ရှေ့မှာ အေးအေးဆေးဆေး ရပ်လိုက်သည်။

အဘိုးအိုသည် လုရွှမ်ကို လက်ဖဝါးဖြင့် ရုတ်တရက် ထိလိုက်ရာ လုရွှမ် လမ်းမလျှောက်နိုင်တော့အောင် ဖြစ်သွားသည်။ အမှန်တော့ ယခုအချိန်တွင် သူ့တွင် ခုခံရန် ခွန်အားများစွာ မရှိတော့ရာ သူ့ကို ဘယ်သူမှ လာမရိုက်နိုင်ဘူးလို့ မပြောနိုင်ပေ။ အဘိုးကြီးက ဘာကိုမှ ထိခိုက်စေချင်တာ မဟုတ်ဘူး ဆိုတာကိုတော့ ကောင်းကောင်း ခံစားနိုင်သေးသည်။

သေချာတာပေါ့။ အဘိုးအိုက သူ့လက်တွေကို ထိလိုက်လိုက်ပြီး လူပေါင်းများစွာရဲ့ အော်ဟစ်သံကို သူ့နားထဲ ကြားလိုက်ရတော့သည်။

"စိတ်မပူပါနဲ့ အကြီးအကဲ ငါ့ကို နောက်နေတာ"

လုရွှမ် ယွင်ထျန်းရှန်တို့အား လက်ကာပြလိုက်သည်။

အဘိုးအိုက သူ့လျှာကို နှစ်ခါလောက် စုတ်သပ်ကာ လုရွှမ်အား နှစ်ပတ် လှည့်ပတ်ကြည့်ရှုပြီးနောက် လုရွှမ် ရဲ့ အရိုးတွေကို ညှစ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"ကောင်းတယ်... မင်းရဲ့ ခန္ဓာကိုယ်က ငါနဲ့ သိပ်မကွာဘူးပဲ ဒီအဘိုးကြီး ငါနဲ့ သက်တူရွယ်တူတွေ ကြားမှာ ဒီလိုခန္ဓာကိုယ်မျိုးက ဘယ်သူမှ မရှိဘူး... ရေလိုက်ရင်တောင် လက်ငါးချောင်းထက် မပိုဘူး"

ပြင်ပကမ္ဘာကြီး၏ ကျယ်ပြောလှသော အကျယ်အဝန်းကို သိရှိပြီးတဲ့နောက် လုရွှမ်သည် ကမ္ဘာအပြင်ဘက်တွင် မတူညီတဲ့ လူများရှိပြီး ကောင်းကင်တစ်ခုထက် ပိုရှိကြောင်း သဘာဝကျကျ သိလာကြောင့် သူ မာနမကြီးတော့ချေ။

ဒါပေမဲ့ မင်းသမီးပိုင်လုံတို့ မိန်းကလေး ငါးယောက်က အော်ဟစ်လိုက်ကြသည်။ သူတို့ရဲ့ အမြင်အရတော့ လုရွှမ်ဟာ ဒီကမ္ဘာပေါ်မှာ နံပါတ်တစ် ပါရမီရှင် ဖြစ်နေပြီ။ တခြားသူနဲ့ ဘယ်လိုလုပ် နှိုင်းယှဥ်နိုင်ပါ့မလဲ။

ဒါပေမဲ့ အဘိုးကြီးရော လုရွှမ်ကရော ရှင်းပြချင်ပုံ မပေါ်ချေ။ ထိုစဉ် အဘိုးကြီးက မေးလာခဲ့သည်။

"မင်းအစောတုန်းက သုံးသွားတာ ဘယ်လို အခင်းအကျင်းမျိုးလဲ?"

အဘိုးအိုက သူ့ကို အရူးတစ်ယောက်လို ကြည့်နေ၏။ တစ်ဖက်က နဂါးဆင်ရွှေလက်ဝါး နဲ့ လေပြင်းလက်ဝါး ကိုတောင် ဖော်ထုတ်နိုင်တာကြောင့် လုရွှမ်လည်း ပြုံးပြီး ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။

သူသည် နိယာမစွမ်းအင် လိုင်းများကို ပိုနားလည်လေ အပြင်းထန်ဆုံး အခင်းအကျင်း မရှိဘဲ ပိုမိုအားကောင်းသော အခင်းအကျင်းတွေသာ ရှိကြောင်း လုရွှမ် ပိုသိလာလေ ဖြစ်သည်။

နိယာမစွမ်းအင် အနည်းငယ် ပြောင်းလဲမှုဖြင့်ပင် အခင်းအကျင်း ဖွဲ့စည်းခြင်း၏ ထိရောက်မှုမှာ လုံးဝ ကွဲပြားသွားမှာ ဖြစ်သည်။

"ဒီကမ္ဘာက ငါတို့ကမ္ဘာ မဟုတ်တော့ဘူး.... မျိုးဆက်သစ်တွေက ငါတို့လို လူဟောင်းတွေထက် ပိုထက်မြတ်လာပြီ!"

အဘိုးကြီးက သက်ပြင်းချလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် အလင်းရောင် ခုနစ်ခုကို ထုတ်လွှတ်ကာ လေထဲအလယ်သို့ ထွက်ခွာသွားပြီးနောက် ကောင်းကင်တွင်းသို့ ဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

လူခုနစ်ဦးတွင် တစ်ဦးစီက ဓား သို့မဟုတ် လက်ဝတ်ရတနာ စသော သေးငယ်သည့် အရာဝတ္တု တစ်ခုကို ကိုင်ဆောင်ထားကြသည်။ ထိုအရာလေးများကို ကြည့်လိုက်ရာ သူတို့မှာ အနည်းငယ် ခံစားသွားရသည်။

"ယူလိုက်ပါ.... အဲဒါက မင်းတို့ကို အကြီးအကဲကပေးတဲ့ လက်ဆောင် ဖြစ်နိုင်တယ်"

လုရွှမ် ဝိညာဉ်အာရုံကို တခဏချင်း လွှမ်းမိုးလိုက်တဲ့အခါ ၎င်းတို့အားလုံးသည် အလွန်ကောင်းမွန်သော ပစ္စည်းတွေဖြစ်ကြောင်း သိလိုက်သည်။

လူခုနစ်ယောက်သည် ဝမ်းသာအားရ ကောက်ယူ၍ မျက်လုံးများက တောက်ပလာတော့သည်။ ကြည့်လိုက်တာနဲ့ ရတနာတွေ ဖြစ်တယ် ဆိုတာ သဘာဝကျကျ သိပါ၏။

"ထျန်းရှန်လည်း ဒီကိုရောက်နေပြီ ဆိုတော့ အတော်ပဲ မင်းရဲ့ ဒဏ်ရာတွေကို ငါကု​ပေးမယ်"

ယခု သူ့ရဲ့ကျင့်ကြံမှု အဆင့်သည် အလွန်တိုးမြင့်လာကာ ဝိညာဉ်စွမ်းအင်များလည်း ပြည့်ဝလာသလို သူ့တွင် အာကာသ သလင်းကျောက်များလည်း ရှိနေပြီ။ ယခင်က အနည်းငယ် အလုပ်များစေတဲ့ အခြေအနေကို လုရွှမ် စက္ကန့်အနည်းငယ်ဖြင့် ဖြေရှင်းနိုင်ပြီ။

သူ့ခန္ဓာကိုယ်ထဲက ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေကို ဖယ်ရှားလိုက်နိုင်​ပြီလို့ ခံစားလိုက်ရတဲ့အခါ ယွင်ထျန်းရှန် ဝမ်းသာလွန်းလို့ မျက်ရည်တွေ ကျလာတာကြောင့် ခေါင်းကို ငုံ့လိုက်တော့သည်။ လုရွှမ် သူ့ထံက ဂါဝရပြုမှုကို လက်ခံပြီးနောက် လူခုနစ်ဦးကို အမြန်ဆုံး ထွက်ခွာဖို့ ဆော်သြလိုက်သည်။

"အစ်ကိုလုရွှမ်... အဲဒီ မိုးကြိုးလျှပ်စီးငှက်?"

သူတို့ငါးယောက် သူတော်စင်တစ်ပိုင်း ကမ္ဘာမှ မထွက်ခွာသွားနိုင်တယကို မြင်လိုက်ရသဖြင့် လုရွှမ်သည် လျှပ်စီးငှက် သေရင်သေ မသေရင် တခြားသူတွေ ဖမ်းမိသွား​ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူသည် မင်းသမီးပိုင်လုံကို ပြုံးပြီး နှစ်သိမ့်ပေး၏။

"ကိစ္စမရှိပါဘူး... နောက်မှ သူတို့ကို ပြန်ဆပ်ခိုင်းမယ်"

"ကောင်လေး မင်းဒီတစ်ခါတော့ ပွတာပဲ!!"

သူ့စိတ်ထဲမှာ ရွှေကျီးကန်းက အော်လေသည်။

အရင်က အသတ်ခံခဲ့ရတဲ့ သခင်တွေဆီက ရလာခဲ့တဲ့ သိုလှောင်အိတ်တွေကို ရွှေကျီးကန်းက ကျောက်စိမ်း​ပြားထဲမှာ တိုက်ရိုက် သိမ်းထားလိုက်သည်။ သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသောကာလရဲ့ ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်တွင် တစ်ဦးစီတွင် ပစ္စည်းကောင်းများနှင့် ပြည့်နေသော သိုလှောင်အိတ်တစ်ခု ရှိပြီး အများစုမှာ အာကာသ သလင်းကျောက်များ ဖြစ်သည်။

အားလုံးပေါင်းလိုက်ရင် ထောင်ပေါင်းများစွာ ရှိလေသည်။ တစ်ချိန်တည်းမှာပင် လုရွှမ်သည် သူတော်စင် ဝိညာဥ်ကျောက်တုံးတွေပါ ရှိနေတာကို တွေ့လိုက်ရသည်။ သေချာသလောက်ကတော့ ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာကို ဖြတ်ပြီး အဆင့်မြင့် ဧကရာဇ်အင်ပါယာကို ရောက်လာတဲ့ တခြားကမ္ဘာက လူတွေ ဖြစ်နိုင်၏။

ထို့နောက် လုရွှမ် ထွက်ခွာမသွား​သေးဘဲ ကြုံရာနေရာ တစ်ခုကို ရှာကာ ရတနာမျိုးစုံကို စုဆောင်းကာ ဝင်လာမည့်သူများကို စောင့်ဆိုင်းနေခဲ့သည်။

သူတော်စင်တစ်ပိုင်း ကမ္ဘာသည် တစ်ပိုင်းတစ်စ ပြောင်းလဲ​နေဆဲ ဖြစ်ပြီး ကောင်းကင်ရ အပေါက်ဟယလည်း ပို၍ပို၍ ကြီးမားလာသည်။ ယခင်က ဤနေရာ၌ ရှိနေကြသော ကျင့်ကြံသူတို့သည် ဆက်မနေဝံ့ကြဘဲ သူတော်စင်တစ်ပိုင်း ကမ္ဘာမှ အလျင်အမြန် ပြေးသွားကြသည်။

ဒီအချိန်မှာ ပြင်ပကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေ​လေပြီ။

သူတော်စင်တစ်ပိုင်း ကမ္ဘာ၌ ဖြစ်ပျက်ခဲ့သမျှကို လုံးဝ မထိန်းထားနိုင်ဘဲ ကျင့်ကြံသူ တစ်ဖွဲ့ ထွက်လာသည်နှင့် တပြိုင်နက် ထျန်းလုံမြို့တစ်ခွင် ရေပန်းစားလာခဲ့သည်။

အင်ပါယာရှစ်ခုရဲ့ သခင်တွေ အားလုံး သေကုန်ကြပြီ!

အားလုံးကို ကျောင်းအုပ်ချင်းလုံက သတ်ပစ်တာတဲ့!

ထျန်းလုံကျောင်းတော်၏ ကျောင်းအုပ်ကြီး ချင်းလုံအရှင်သည် ကျော်ကြားသော ဆရာကြီး ယွမ်ယန် ဖြစ်​နေခဲ့ပြီး တစ်ချိန်က ထျန်းလုံကျောင်းတော်က အလိုရှိခဲ့သော လုရွှမ်လည်းလည်း ဖြစ်နေတော့သည်။

အခုတော့ ကျောင်းအုပ်ချင်းလုံက သူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ထျန်းလုံမြို့ထဲကို မုန်တိုင်းတစ်ခု ရိုက်ခတ်သွားသလို သတင်းက ပျံ့နှံ့သွားသည်။ အစပိုင်းမှာတော့ လူတွေက ကောလဟာလလို့ မှတ်ယူခဲ့ကြပေမယ့် အင်ပါယာရှစ်ခုထဲက ဘယ်သူကမှ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ပြီး မထွက်လာနိုင်ခဲ့ချေ။

နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က နောက်ဆုံးတွင် ထွက်လာနိုင်သော်လည်း လုရွှမ်ကို လေးစားမှု အပြည့်ပါသော စကားလုံးတွေနဲ့သာ ချီးမွမ်းနေလေသည်။

နောက်ဆုံးတွင် လူတို့သည် သူတော်စင်တစ်ပိုင်း ကမ္ဘာ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အမှန်ဖြစ်ကြောင်းကို ယုံကြည်ခဲ့ကြပြီး အင်ပါယာရှစ်ခုမှ မောက်မာသော သခင်များသည် အမှန်တကယ်ပင် သေဆုံးသွားခဲ့ကြောင်းလည်း လက်ခံလာကြသည်။

ထျန်းလုံကျောင်းအုပ် ဘာလို့ မထွက်သေးတာလဲ။ နောက်ဆုံးထွက်လာသူရဲ့ သတင်း တွေအရ သူဟာ အဆင့်မြင့်တဲ့ လူတစ်ယောက်ကို စောင့်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ကျူးချွဲ့ ဧကရာဇ်အင်ပါယာနှင့် ပိုင်ဟူ ဧကရာဇ်အင်ပါယာမှ ကျောင်းသားများ၏ မျက်နှာပေါ်၌ ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေပြီး ၎င်းတို့၏ လက်ရှိအခြေအနေမှာ အလွန် ဆိုးရွားနေပါပြီ။ သူတို့ရဲ့ ကျောင်းအုပ်ကြီးသည် အင်ပါယာ ရှစ်ခု အဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ကာ ထျန်းလုံဧကရာဇ် အင်ပါယာမှ ကျောင်းသားများစွာကို သတ်ဖြတ်ခဲ့သည်။

ယခုမူ ကျောင်းအုပ်ကြီးနှစ်ဦး လဲကျသွားပြီမို့ ၎င်းတို့သည် အိုးမဲ့အိမ်မဲ့ ခွေးများဖြစ်သွားကြပြီ ဖြစ်သည်။ အချိန်အတော်ကြာ ဒေါသထွက်နေသော ထျန်းလုံမြို့နေ ပြည်သူများသည် ယခု ရေနစ်နေသော ခွေးများကို ရိုက်နှက်ကြတော့သည်။

ကျူးချွဲ့နှင့် ပိုင်ဟူကျောင်းတော်မှ ကျောင်းသားများမှာ နေ့စဉ်နဲ့အမျှ အသတ်ခံ​နေရပြီး ကျန်လူအချို့မှာ အသက်ရှင်လျက် တိမ်းရှောင် ထွက်ပြေးသွားကြသည်။ ပြီးတော့ ထျန်းလုံမြို့မှာ လုံးဝ မနေရဲကြတော့ချေ။

သူတော်စင်တစ်ပိုင်း ကမ္ဘာကြီးတွင် အခွင့်အလမ်းများ ရရှိရန် အဝေးမှလာရောက် ယှဉ်ပြိုင်သူ အများအပြားသည် ယခုအခါ ထျန်းလုံကျောင်းတော်သို့ ဝင်ရောက်လာကြသည်။ အချိန်အတိုင်းအတာ တစ်ခုအထိ ထျန်းလုံကျောင်းတော်၏ ဂုဏ်သတင်းသည် ကြီးမားခဲ့ပြီး ၎င်းသည် အဆင့်မြင့် ဧကရာဇ်အင်ပါယာက ကျောင်းတော်ကဲ့သို့ အရှိန်အဝါမျိုး ရရှိလာလေ၏။

……

သူတော်စင်တစ်ပိုင်း ကမ္ဘာ၌။

လုရွှမ်၏ နေ့စဉ်တာဝန်မှာ အာကာသ သလင်းကျောက်များ၏ နိယာမများကို လေ့ကျင့်ရန်၊ နားလည်ရန်နှင့် ကောင်းကင်ရှိ အပေါက်များတွင် ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာရန် ဖြစ်သည်။

အခေါင်းပေါက်ကနေ သူတော်စင်တစ်ပိုင်း နယ်ပယ်ထဲကို သားရဲဘီလူးတွေ တစ်ကောင်ပြီး တစ်ကောင် ပြေးဝင်လာနေတာကိုလည်း သူမြင်ရကာ သူတို့ရဲ့ အစွမ်းသတ္တိက သူတော်စင်တစ်ပိုင်းကနေ မဟာသူတော်စင် အထိ ရှိလေ၏။ အရင်က သူတော်စင်တစ်ပိုင်း ကမ္ဘာမှာ သားရဲဘီလူး တစ်ကောင်ကို မြင်ဖူးတာကြောင့် ပြေး၍ လုရွှမ် ပြေးမကြည့်ရဲပေ။

ဖြည်းညှင်းစွာ စောင့်ဆိုင်းရင်း နောက်ဆုံးတွင် လုရွှမ် သူ စောင့်ဆိုင်းသူတွေ ရောက်လာခဲ့၏။

ထိုနေ့တွင် အိပ်ရာမှ လန့်နိုးထလာသလို လုရွှမ်ရဲ့ အာရုံက ရုတ်တရက် နိုးကြားလာသည်။ ကောင်းကင်ယံက လင်းထိန်နေသော အပေါက်တစ်ခုကို တွေ့လိုက်ပြီးနောက် သခင်များသည် အပေါက်ထဲမှ ပြေးထွက်လာခဲ့သည်။

ရောက်လာသူတွေဟာ စုစုပေါင်း သုံးဆယ်ထက်မနည်း ရှိပြီး အားလုံးက အလွန်လှပသော အဝတ်အစားများကို ဝတ်ဆင်ထားကာ ထူးကဲသော ရောင်ဝါများ ရှိသည်။ ၎င်းတို့အနက် တန်ခိုးအကြီးဆုံး သူတော်စင် နှစ်ဦးမှာ မဟာသူတော်စင် နှစ်ဦးဖြစ်ပြီး ကျန်သူများသည် အနည်းဆုံး သူတော်စင်နယ်ပယ် အဆင့်၈များ ဖြစ်ကြပေသည်။

ဤလူများထဲတွင် နတ်ဆိုးများလည်း ရှိနေတာကို လုရွှမ် မြင်​နေသည်။ သူ့နောက်ကျောမှာ အတောင်ပံရှိတဲ့ လူတစ်ယောက်ပင်။ လုရွှမ်ဟာ နတ်ဆိုးတွေရဲ့ အသွင်သဏ္ဌာန်ကို သဘာဝအလျောက် ရင်းနှီးလေသည်။ သူနဲ့ နတ်ဆိုးဧကရာဇ် ချုံလူတို့ဟာ တစ်ချိန်က သူငယ်ချင်းဟောင်းတွေလို့တောင် ယူဆလို့ရ၏။

"ဟေ့ ဒီလူတွေ သတင်း မဖြန့်ထားကြဘူးလား? ဘာလို့ ငါတို့ကို လာကြိုဖို့ ဘယ်သူမှ ထွက်မလာကြတာလဲ?"

All Chapters