ဟူဖူ
Vol. 52 Ch. 4.288
စကားပြောသူသည် မဟာသူတော်စင် ဖြစ်သည်။ သူ၏ အသွင်အပြင်သည် လျန့်ဟုန်ချောင်၏ အဒေါ် လျန့်ထျန်းယင်နှင့် အဆင့်တူသည့် မဟာသူတော်စင် ပထမအဆင့် ဖြစ်သည်။
နောက်ထပ် မဟာသူတော်စင်က အနည်းငယ် သန်မာ၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း လုရွှမ်ကို တွေ့သွားသည်။ လုရွှမ်ကတော့ ထွက်ပြေးရန် ရည်ရွယ်ချက် မရှိဘဲ ပွင့်ပွင့်လင်းလင်း စောင့်ဆိုင်းနေခဲ့သည်။
လုရွှမ် ထိုလူများဆီသို့ တိုက်ရိုက်ပဲ ပျံသန်းသွားခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း အာကာသ သလင်းကျောက်များ အကြောင်း သိမြင်မှုက မတိုးတက်လာသော်လည်း သူလုပ်နိုင်သော ခွန်အားသည် အဆင့်အသစ်သို့ ရောက်ရှိသွားခဲ့သည်။
ဤမဟာသူတော်စင်ကြီးများသည် အမှန်တကယ်ပင် စွမ်းအား ကြီးမားသော်လည်း အခွင့်အလမ်းများ ပြောင်းလဲပါက လုရွှမ် အခြေအနေ မဟန်လို့ ထွက်ပြေးလိုပါက လွတ်မြောက်နိုင်မည်ဟု ယုံကြည်ထားသည်။
"ကောင်လေး... မင်းက ဘယ်သူလဲ"
မဟာသူတော်စင်ကြီး နှစ်ယောက်ရဲ့ အဆင့်အတန်းကို အားကိုးပြီး ဂုဏ်ယူစွာနဲ့ ဘေးနားမှာ ရပ်နေတဲ့ သူတော်စင်နယ်ပယ် အဆင့်၈ လူတစ်ယောက်က မထီမဲ့မြင် အသံဖြင့် အော်ဟစ် မေးမြန်းလိုက်သည်။
"ကောင်းကင်ပေါ်က ဒီအပေါက်ကို အာကာသဥမင်လိုဏ်ခေါင်းအဖြစ် ပြုပြင်ဖို့ ဒီမှာလာစောင့်နေတာ.... မင်းတို့စောင့်နေတဲ့ တခြားလူတွေ လာမှာ မဟုတ်ဘူး... အားလုံး သေကုန်ပြီ"
ထိုလူက အံ့အားသင့်သွားသည်။ သူဘယ်လိုလုပ် ယုံနိုင်မှာလဲ။
"ကောင်လေး မင်းဘာတွေ ပြောနေတာလဲ? အဲဒါတွေက သူတော်စင်နယ်ပယ် အဆင့်၉ သခင်တွေပဲ.... သူတို့ကို ဘယ်သူက သတ်နိုင်မှာလဲ? ဆင်းရဲတဲ့ အရပ်မှာ မဟာသူတော်စင်ကြီးလား? ဟားဟားဟား"
ထိုလူက ရယ်လိုက်သည်နှင့် တခြား လူအများက သဘောတူဟန် ရယ်မောကြသည်။
လုရွှမ်လည်း ပြုံးလိုက်ပါ၏။ သူ့အပြုံးက အထင်အမြင်သေးမှု အပြည့်ဖြင့်။ ထိုလူကို အာရုံစိုက်ဖို့ ပျင်းလွန်းတဲ့ လုရွှမ်က မဟာသူတော်စင် နှစ်ယောက်ကို စိုက်ကြည့်နေသည်။ သူ့ရဲ့ အရည်အချင်းက မပြည့်စုံပေမယ့် သူ့အမြင်ကတော့ ရှိနေတုန်းပင်။ ဒီလူတွေဟာ သူတို့ကို တစ်ယောက်ယောက်က လွှတ်လိုက်သလိုမျိုး တကယ်ကို သန်မာကြ၏။
ထိုနတ်ဆိုးမှလွဲ၍ တခြားသူများမှာ ၎င်းတို့၏ ရွယ်တူများကြားတွင် နှိုင်းယှဉ်နိုင်မှု လုံးဝမရှိချေ။
"ကောင်လေး ငါမင်းနဲ့ စကားပြောနေတယ်လေ!! ဟမ့် မင်းက မာနလာကြီးနေတာပဲ... အိုး မင်းမှာ လှောင်အိတ်တောင် ရှိတယ်ပေါ့.... ဟေး မင်းလို သေးငယ်တဲ့ နေရာက ကျင့်ကြံသူကတောင် အိတ်တစ်လုံး ကိုင်ထားတယ်ပေါ့.... ပေးစမ်း"
ထိုသို့ပြောပြီးနောက် သူသည် သူ့လက်ဖဝါးကို လုရွှမ်၏ ခါးဆီသို့ ဆွဲငင်လိုက်သည်။ လက်ငါးချောင်းကို ဆုပ်ကိုင်ထားသော် အေးစက်သော အလင်းရောင်များ လင်းလက်လာသည်။ သာမာန်သူတော်စင်နယ်ပယ် အဆင့်၇ ကျင့်ကြံသူ တစ်ယောက်သာ ဆိုလျှင် မတော်တဆ ထိုးနှက်ခံရပါက ပြင်းထန်စွာ ဒဏ်ရာရသွားမှာ သေချာ၏။
ထိုလူ၏ အသွင်အပြင်ကို ကြည့်လျှင် သူ့အသက် သေသေရှင်ရှင် လုံးဝ ဂရုမစိုက်ပုံရသည်။ လုရွှမ်လည်း မျက်မှောင်ကြုတ်ပြီး လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။
"မင်းရဲ့ အိတ်ကလည်း ကောင်းပါတယ်... ငါ အရမ်းကြိုက်တယ် ငါ့ကို ပေးလိုက်တော့"
ထိုသို့ပြောပြီးနောက် လက်ဖဝါးများကို ဆန့်၍ ထိုယောက်ျား၏ ခါးဆီသို့ တိုက်ရိုက် လှမ်းဆွဲလိုက်သည်။ သူက သိုလှောင်အိတ်ကို ကိုင်လိုက်ပြီတာနဲ့ အဲဒီလူရဲ့လက်ကို ပြန်ပုတ်ထုတ်၍ လူကိုပါ ပေါ့ပေါ့တန်တန် ကန်ထုတ်ပစ်လေသည်။
“မင်း!” ထိုယောက်ျားက အံ့သြသွား၏။
"မင်းက တခြားသူတွေရဲ့ အသက်ကို သေသေရှင်ရှင် ဂရုမစိုက်ဘူး.... ဒီလိုပဲ မင်းရဲ့အသက်ကိုလည်း ငါ ဂရုစိုက်နေဖို့ မလိုဘူး"
လုရွှမ်က စကားဆိုပြီးတဲ့အခါ သူက အလျားလိုက်ပုံစံဖြင့် လက်ဖဝါးကို ဖြတ်ချလိုက်ရာ အဲဒီလူရဲ့လည်ပင်းကို လှီးဖြတ်လိုက်သည်။
ထိုလူသည် ဒေါသလည်းထွက် ထိတ်လည်း ထိတ်လန့်သွားရာ လုရွှမ်ကို သတ်ရန် ကြံရွယ်ပြီး သူ့ဓားကြီးအား အနောက်မှ ဆွဲထုတ်လာလေ၏။
ဟမ့်
လုရွှမ် တိုးတိုးလေး နှာမှုတ်ရင်း သူ့လက်ဖဝါးတွေက ချက်ချင်း အရှိန်တက်လာပြီး ထိုလူရဲ့ လည်ပင်းကို ဖျက်ကနဲ ပြေးဖမ်းထားလိုက်သည်။
"လူကို သက်ညှာပေးပါ!"
အားကြီးသော မဟာသူတော်စင်က လျင်မြန်စွာ အော်လိုက်သည်။ လုရွှမ်လည်း သနား ညှာတာပေးသည့် အနေဖြင့် ထိုလူရဲ့ မျက်နှာကို ရိုက်ပစ်ပြီးနောက် ပြန်ကန်ထုတ် ပေးလိုက်သည်။
"မဟာသူတော်စင်ကြောင့်သာ မဟုတ်ရင် မင်းသေသွားပြီ"
ဒီအချိန်မှာတော့ လုရွှမ်ရဲ့ စိတ်တွေက ရွှင်မြူးသွားပြီ။
အရိုက်ခံလိုက်ရတဲ့ လူဟာ တစ်ဖက်လူနဲ့ မယှဉ်နိုင်ဘူး ဆိုတာ သိသွားတာကြောင့် မာနကြီးတဲ့ အလုပ်တွေ မလုပ်ရဲတော့ဘဲ မဟာသူတော်စင်ရဲ့ အနောက်မှာ တန်းစီဖို့ အမြန်ပဲ ပြန်ပြေးသွားခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့နှလုံးသားထဲမှာ အရိပ်မည်းကြီး တစ်ခု စိုက်ထူနေ၏။
"ဒီသူငယ်ချင်းလေးကို ဘယ်လိုခေါ်ရမလဲ?"
မဟာသူတော်စင်က ပျံသန်းလာပြီး အဖော်တစ်ယောက်ကို နှုတ်ဆက်သလို သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
သူ့အမူအရာက သူ့နောက်က လိုက်လာသူတိုင်းကို တုန်လှုပ်သွားစေ၏။ အကြီးအကဲဖန်းမင်က မဟာ သူတော်စင်ကြီး ဖြစ်ပြီး သူတော်စင်တစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်ကို လေးလေးစားစား နှုတ်ဆက်နေတာလား။
လုရွှမ်လည်း မဟာသူတော်စင်ကြီးက ဒီလောက် နှိမ့်ချလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ပုံမှန်အတိုင်း သူလည်း ပေါ့ပေါ့ဆဆ မလုပ်ရဘဲ လက်ကို အမြန်ဆုပ်ကာ လေးလေးစားစား ပြန်၍ နှုတ်ခွန်းဆက်သလိုက်သည်။
"အကြီးအကဲက သိပ်ယဉ်ကျေးနေပါပြီ... ကျုပ်က လုရွှမ်ပါ... ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ချင်းလုံအရှင်လို့လည်း လူသိများပါတယ်"
"ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး? ဒီနေရာက ထျန်းလုံဧကရာဇ် အင်ပါယာမှာလား?"
"မှန်ပါတယ်!"
ဖန်းမင်က ပြုံးပြီး ပြောလာ၏။
"ငယ်ငယ်ရွယ်ရွယ်နဲ့ သူရဲကောင်း တစ်ယောက် ဖြစ်လာတာပဲ... လေးစားပါတယ် လေးစားပါတယ် ဒီအစ်ကိုကြီးက ဖန်းမင်... အသက်နည်းနည်း ကြီးတယ် ဆိုပေမယ့် မင်းစိတ်မရှိရင် အစ်ကိုဖန်းလို့ ခေါ်လို့ရတယ်"
တစ်ဖက်လူက နှိမ့်ချလွန်းနေသဖြင့် လုရွှမ် အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း သူက "အကြီးအကဲဖန်း..." ဟု ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်ပါသေးသည်။
“မခံယူရဲပါဘူးဗျာ.... ငါတို့ မျိုးဆက်တူတွေလို ဆက်ဆံလို့ ရပါတယ်”
ဖန်းမင်သည် ယဉ်ယဉ်ကျေးကျေး အထပ်ထပ် အခါခါ ပြောနေရာ လုရွှမ်လည်း ပြန်လာ် တုံ့ပြန်လိုက်သည်။ အံ့သြတကြီး မျက်နှာထားဖြင့် နောက်ထပ် မဟာသူတော်စင် တစ်ယောက်က ပျံသန်းလာပြီး
"အစ်ကိုဖန်း... မင်းဘာဖြစ်နေတာလဲ "
သူတကယ်ကို နားမလည်ခဲ့ပါဘူး။ အမြဲတမ်း မာနကြီးသူ ဖန်းမင်က သူတော်စင်တစ်ပိုင်း လူတစ်ယောက်အတွက် ဘယ်လိုလုပ် အလွန်နှိမ့်ချတတ်သူ ဖြစ်သွားရသနည်း။
"မင်း နားမလည်ပါဘူး"
ဖန်းမင်က ဆို၏။
"ကျောက်ယွဲ့ ငါမင်းကို မပြောပြနိုင်ဘူး... ဒါပေမဲ့ ဒီလူရဲ့ အရည်အချင်းက အရမ်းမြင့်တဲ့အတွက် သူတော်စင်နယ်ပယ် အဆင့်၉အောက်က လူကို ယှဥ်နိုင်တာ မင်းတွေ့လိုက်ရတယ်မလား? အလားအလာက အရမ်းကောင်းလို့ စိတ်ကူးတောင် မယဉ်နိုင်တော့ဘူး.... အတိုချုပ်ပြောရရင် ဒီလူကို မစော်ကားမိစေနဲ့"
ကျောက်ယွဲ့က ပိုပိုပြီး ဇဝေဇဝါ ဖြစ်သွားသည်။ ဘာလဲ? အလားအလာက ခွန်အားကိုပဲ ကြည့်ရမှာ မဟုတ်ဘူးလေ။ သူ့နောက်ခံက ဘယ်လောက် ကောင်းနိုင်မှာလဲ။ သူကလည်း "ဟူဖူထက် သန်မာမှာလား?" ဆိုတဲ့ စကားကို ခပ်တိုးတိုးလေး ဆိုရင်း သူ့မျက်လုံးတွေက ဘေးမှာ ရပ်နေတဲ့ နတ်ဆိုးကို ကြည့်လိုက်သည်။
"ဟမ့် နှိုင်းယှဥ်စရာ မရှိပါဘူး"
လုရွှမ်လည်း သူတို့နှစ်ယောက် ဆက်သွယ်နေမှန်း သိတဲ့အတွက် အနှောက်အယှက် မပေးဘဲ နေလိုက်သည်။ ပြုံးနေတဲ့လူကို သူလည်း မထိချင်ပါဘူး။
သို့သော်လည်း လုရွှမ်သည် မဟာသူတော်စင်ကြီး၏ ဦးစားပေး ဆက်ဆံမှုကို မယုံကြည်ခဲ့ပေ။
ထိုလူက လုရွှမ်ဆီကို ဖျက်ကနဲ ရောက်လာခဲ့သည်။ သူဟာ လူသားအဖြစ် အသွင်ပြောင်းသွားပေမယ့် ကျားခေါင်းနဲ့ တူနေသေး၏။ ၎င်းက အံကြိတ်ထားတဲ့ အသံနဲ့
"မင်းက အတော်လေး သန်မာသားပဲ.... ငါမင်းနဲ့ တိုက်ချင်တယ်"
လုရွှမ် ပြုံးလိုက်မိသည်။ လူသားများနှင့် နှိုင်းစာလျှင် နတ်ဆိုးများသည် အရောင်အသွေး နည်းပါးကြသည်။ ဒါက ဘယ်လို နတ်ဆိုးမျိုးလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါသေးသည်။
"ကောင်းပြီ... ကျိုးရန်က နတ်ဆိုးကျင့်ကြံသူတွေကို မောင်းထုတ်ခဲ့တယ်လို့ ကြားမိပါတယ် ငါလည်း မင်းလို နတ်ဆိုးကျင့်ကြံသူကို မတွေ့ရတာကြာပြီ.... ဒီနေ့တော့ ပြိုင်ကြည့်တာပေါ့"
လုရွှမ်ဟာ ကျိုးရန်ဆိုတဲ့ အမည်ကိုသာဆို၍ သူသည် မဟာဧကရာဇ်ဘွဲ့ကို မထည့်ခဲ့ပေ။ လူများစွာ၏ အမူအရာများ ပြောင်းလဲသွားသည်။ ဧကရာဇ်ကျိုးရန်က တန်ခိုးကြီးကြောင်း မည်သူမျှ မကြွေးကြော် ခဲ့ကြသော်လည်း နောက်ဆုံးတွင် ထိုသူသည် အာကာသ ဥမင်လှိုဏ်ခေါင်းမှ ထွက်ခွာသွားခဲ့သည်။
ယခု လုရွှမ်သည် တန်ခိုးကြီးပြီး မမိုက်မဲသူတိုင်း အလွယ်တကူ စော်ကားနိုင်သူ မဟုတ်ကြောင်း အငွေ့အသက်များက ထုတ်လွှတ်လျက် ရှိသည်။
ဟူဖူပ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ မိစ္ဆာဧကရာဇ် ရာဇပလ္လင်ပေါ် ရှိတုန်းက နတ်ဆိုးကျင့်ကြံသူတွေဟာ တိမ်ပင်လယ် နယ်မြေရဲ့ ဂူကောင်းကင်နဲ့ နေရာများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် ကျိုးရန်သည် နတ်ဆိုးဧကရာဇ် ချုံလူကို ဖျက်ဆီးပြီးနောက် နတ်ဆိုး ကျင့်ကြံသူများကို နှင်ထုတ်ခဲ့ပြီး ၎င်းတို့၏ အမွေအနှစ်ကိုပါ ဖြတ်လုနီးပါး ဖြစ်စေခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာ အတွင်း နတ်ဆိုးတို့သည် ကမ္ဘာပေါ်တွင် ၎င်းတို့၏ ပြန်လည် ပေါ်ထွက်လာနိုင်ခြင်းကို စောင့်ဆိုင်းရန် အတွက်သာ အာရုံစိုက်နေခဲ့သည်။
"မင်း အရမ်းတော်တယ် ငါ မင်းကို အရမ်းကြိုက်တယ်.... ငါတို့ ယှဉ်ပြိုင်တဲ့အခါ ငါ့လက်ကို ထိန်းထားပါ့မယ်"
ဟူဖူက ပြောလေသည်။ လုရွှမ်ကလည်း ပြန်ပြောပါ၏။
"မင်းရဲ့ အပြင်းထန်ဆုံး တိုက်ကွက်ကို သုံးပါ"
"ကောင်းပြီ... တိုက်ကြရအောင်။"
လက်သီးတစ်ချက်က လုရွှမ်ရဲ့ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်လာသည်။ ၎င်းသည် အမှန်တကယ်ပင် နှလုံးသားကို ခိုးယူနိုင်သည့် ကျားနက်ဖြစ်ပြီး ၎င်း၏အမည်နှင့် ကိုက်ညီပေသည်။ သူ့လက်သီးပေါ်တွင် ပြေးလွှားနေသော နိယာမစွမ်းအင် သဲလွန်စများက စီးဆင်းနေပြီး စွမ်းအားကို စုစည်းကာ လေပြင်းများကိုပါ သယ်ဆောင်လာသည်။
လက်သီးက လာမထိခင်မှာပဲ လေပြင်းက သူ့မျက်နှာကို လာတိုက်နေပြီ။