← Chapters

ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်မယ်

Vol. 52 Ch. 4.289

ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်မယ်

Vol. 52 Ch. 4.289

လေက လုရွှမ်၏ မျက်နှာကို မှုတ်ထုတ် ရိုက်ထုတ်ပစ်တော့မည့်နှယ်။ ထို့အတူ အရှိန်အဝါကတင် ထိုးသတ်ခံရတော့မလို ခံစားလိုက်ရသည်။

ဤကဲ့သို့ လက်သီးပြင်းပြင်းကသာ မျက်နှာကို ထိသွားခဲ့လျှင် ခေါင်းပေါက်ကွဲမှာကိုပင် လူအများစုက ကြောက်ရွံ့ကြလိမ့်မည်။

ဟူဖူ၏ စွမ်းအားကို အပြည့်အဝ ခံစားလိုသော လုရွှမ်ကလည်း လက်သီးတစ်ချက် ထုတ်လိုက်သည်။ သူ့လက်က ခွန်အားကို မလျှော့ထားသလို လျှော့လည်း မလျှော့ရဲပေ။ ဟူဖူရဲ့ သိုင်းပညာက မမြင့်သေးဘဲ သူတော်စင်နယ်ပယ် အဆင့်၄က လူတစ်ယောက်လို ထင်ရပေမယ့် ဒီကျင့်ကြံသူတွေနဲ့ ဘေးကင်းကင်း နေနိုင်တာ သူတို့ဖက်က ဟူဖူရဲ့ခွန်အားကို အသိအမှတ်ပြုထားတာ ထင်ရှားပေ၏။

ထို့အပြင် လုရွှမ်သည် ယခင်ဘဝက ကောင်းကင်ဘုံရှင် တစ်ဦးဖြစ်သောကြောင့် သာမန် သိုင်းလေ့ကျင့်သူများနှင့် နှိုင်းယှဉ်ပါက နတ်ဆိုးအတတ် ကျင့်ကြံသူ မျိုးနွယ်တိုင်းတွင် ၎င်းတို့၌ ထူးခြားသော စွမ်းရည်များရှိကြောင်း ကောင်းစွာသိသည်။ ဂရုမစိုက်မိပါက ဆုံးရှုံးမှုတွေနဲ့ ကြုံရလိမ့်မည်။

ဟူဖူ၏ ပြတ်သားပြီး ရိုးသားသော အသွင်အပြင်ကို ကြည့်ပြီး သူသာ လက်သီး ခွန်အားကို ထိန်ချန်ထားကြောင့် မြင်ပါက ဒေါသထွက်ကာ သူ့ကို နှိမ့်ချသည်ဟု ထင်သွားနိုင်သည်။

ကောင်းကင်မီးလက်သီး ထွက်လာသည်နှင့် တပြိုင်နက် ၎င်းတို့ဝန်းကျင်ရှိ လေထုသည် တောက်လောင်နေကာ မီးတောက်များနှယ် စွမ်းအားများ တဟုန်ထိုး တက်လာတာကို လူတိုင်း ချက်ချင်း ခံစားလိုက်ရသည်။

“ကောင်းလိုက်တာ”

ဟူဖူက ကျေနပ်မှုအပြည့်နဲ့ လှမ်းအော်လိုက်သည်။

လက်သီးနှစ်လုံးက အချင်းချင်း တိုက်မိပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားကြရသည်။

"ပျော်တယ် ပျော်တယ်!" ဟူဖူက ဆိုရင်း

"ထပ်တိုက်ရအောင်"

လုရွှမ်သည် နတ်ဆိုးကျင့်ကြံသူ ဟူဖူ၏ စွမ်းအားကြောင့် အံ့အားသင့်၍ မဆုံးနိုင် ဖြစ်နေသည်။ ယခုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် မိုးကြိုးအတိဒုက္ခ၊ ကောင်းကင်မီးဖြင့် လောင်ကျွမ်းခြင်း၊ စပျစ်နွယ်ပင်များ ခွန်အား၊ အနက်ရောင် နှစ်တစ်သောင်း ရေခဲ တို့ကို ပေါင်းစပ်ခြင်းပင် ပြင်းထန်လွန်းနေပြီ။

သူ၏ယခင်ဘဝက အဆုံးသတ်ကို ပြန်တွေးကြည့်ရင် သူတော်စင်နယ်ပယ် အဆင့်၃ ရှိစဥ်တုန်းက ယခုကဲ့သို့ အစွမ်းထက်ခဲ့မည် မဟုတ်ပေ။

မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်သည် သူ့လက်သီးကို တွန်းလှန်ဖို့ ခန္ဓာကိုယ် ခွန်အားကို အမှန်တကယ် အသုံးပြုခဲ့သည်။

ဟူဖူ ချီးကျူးလိုက်တဲ့အခါ လုရွှမ်လည်း စိတ်အေးလက်အေး ဖြစ်သွားသလို ခံစားခဲ့ရသည်။

သူသည် သူ့လက်သီးများကို လောင်သွားသော ဝိညာဉ်မီးကို ခါထုတ်ကာ ကျားလက်သီးကို စွမ်းအားကို အားကိုးဖို့အတွက် သူ့ခန္ဓာကိုယ် ခွန်အားကို ထုတ်လွှတ်လိုက်သည်။

ကျယ်လောင်သော လက်သီးသံများ ခြေကန်ချက် အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး နှစ်ယောက်သား ကောင်းကင်မှ မြေပြင်သို့ ပြုတ်ကျကာ တစ်ဖန် လေထဲသို့ ပြန်တက်သွားပြန်ရင်း လက်သီးအားများကို ပြင်းပြင်းထန်ထန် ဖလှယ်​နေကြသည်။ လေပြင်းတွေ တဟုန်းဟုန်း တိုက်ခတ်ပြီး သွေးတွေ နေရာအနှံ့ ပြန့်ကျဲနေတာကြောင့် မြင်သူတိုင်းကို ထိတ်လန့် တုန်လှုပ်သွားစေသည်။

နောက်ဆုံးတွင် နှစ်ယောက်သား အပြန်အလှန်ထိုးကြပြီးနောက် ပြန်လည် ဆုတ်ခွာသွားကြသည်။ ဟူဖူ၏လက်သီးမှာ သွေးများ ပြည့်နေပြီး လုရွှမ် လက်သီးများမှာလည်း အနည်းငယ် တုန်ယင်နေပါ၏။

"ဟားဟားဟား!"

ဟူဖူက ရိုင်းစိုင်းစွာ ရယ်မောပြီး လုရွှမ်လည်း ပြုံးလိုက်သည်။ ဟူဖူသည် သူ၏ ရင်ဘတ်ကို လက်သီးများဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ ဝမ်းသာအားရ အော်လိုက်သည်။

လုရွှမ် ဆေးလုံးအချို့ကို ရှောင်တခင်ထုတ်ယူကာ ဟူဖူထံ ပစ်​ပေးလိုက်သည်။ သူ့အတွက်တော့ ဆေးလုံး မလိုအပ်ပေ။ ကျောက်စိမ်းတွင်းမှ ဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး သူ၏ ကျင့်​​ကြံမှု အဆင့်သည် အနည်းငယ် အသက်ရှုလိုက်ရုံဖြင့် ပြန်ကောင်းလာခဲ့သည်။

ကျောက်ယွဲ့သည် ဖန်းမင်အား ကျေးဇူးတင်စွာဖြင့် စိုက်ကြည့်လိုက်သည်။ သူ့သတိပေးချက်ကြောင့်သာ မဟုတ်ပါက သူသည် လုရွှမ်ကို အမှန်တကယ် သင်ခန်းစာတစ်ခု ပေးမိမှာ ဖြစ်သည်။ အပေးအယူကောင်း မရခဲ့ဘဲ ထိုကဲ့သို့သော ပါရမီရှိသော ပါရမီရှင်ကို မခွဲခြားဘဲ စော်ကားပါက အနာဂတ်က ခက်ခဲသွားလိမ့်မည်။

"မင်းက အရမ်းအစွမ်းထက်တာပဲ.... မင်းကို ငါလေးစားတယ်"

ဟူဖူက ပြောလိုက်သည်။

"မင်းလည်း အရမ်းအစွမ်းထက်ပါတယ်.... ရုပ်ပိုင်းဆိုင်ရာလည်း အားကောင်းတယ်"

ဟူဖူကတော့ ခေါင်းခါလိုက်ပြီး

"ငါက ကောင်းကင်နတ်ဆိုးကျင့်စဥ်ရဲ့ စတုတ္ထအဆင့်ကို ငါရောက်နေပြီ... ဒါပေမဲ့ ငါ့ရဲ့ခွန်အားက ဝေးနေသေးတယ် အဆင့်၅ကို ရောက်နိုင်ရင် ငါ့ခန္ဓာကိုယ် ခွန်အားက နှစ်ဆတိုးလာလိမ့်မယ်.... ဒါပေမဲ့လည်း ငါမင်းနဲ့ မတိုက်နိုင်​​လောက်သေးဘူး မင်းက တကယ်ကို အစွမ်းထက်တာပဲ... လူသားတစ်ယောက်နဲ့ လုံးဝကို မတူဘူး"

လုရွှမ်သည် ဟူဖူ၏ ဂုဏ်​ပြု ချီးကျူးစကားအတွက် စကားသိပ်မပြောခဲ့ပေ။ ဤဟူဖူ၏ ရိုးသားမှုသည် လူကို စိတ်ချမ်းသာစေတယ် လို့တောင် သူခံစား​နေရသည်။

ဤအချိန်တွင် ကျောက်ယွဲ့နှင့် ဖန်းမင်တို့သည် နောက်တစ်ကြိမ် တိုက်ခိုက်တာတွေ မလုပ်ရဲတော့ဘဲ သူ့ဆီ ပြေးလာကြသည်။ ဟူဖူက အကြင်နာကင်းမဲ့သူ ဖြစ်​ပေ၏။ သူတကယ်တိုက်ခိုက်လိုပါက သတ်ပစ်မည်သာ။ သူ့တွင် ခိုင်မာသော နောက်ခံရှိသောကြောင့် တိုက်ပွဲတွင် ဘယ်သူ့ကိုမှ ထောက်ထား သက်ညှာနေသူ မဟုတ်ချေ။

အခုလို ဖြစ်သွားတာက အနည်းငယ် အဆင်မပြေ ဖြစ်သွားသလို ခိုကိုးရာမဲ့လည်း ဖြစ်သွား​စေသည်။

"မိတ်ဆွေလေးလုရွှမ် မင်း အင်ပါယာရှစ်ခုက လူတွေအကုန် သေသွားပြီလို့ ပြောတယ်နော်... ဒီမှာ ဘာဖြစ်သွားတာလဲ? သားရဲ ဘီလူးကြီးတစ်ကောင် ဒီနေရာမှာ ပေါ်လာပြီး သောင်းကျန်းသွားလို့လား?"

"မဟုတ်ဘူး... သူတို့အားလုံးကို ကျုပ် သတ်လိုက်တာ.... သူတို့က အရမ်းလွန်တယ် ကျုပ်ကို ခြိမ်းခြောက်လာတယ်လေ အဲဒါကြောင့် သတ်လိုက်တာ"

လုရွှမ်က ငြိမ်သက်နေပုံရပေမယ့် သူပြောတဲ့စကားတွေက အေးစက်နေတဲ့ ​ရေခဲတုံးကြီးများအား မဟာသူတော်စင် နှစ်ယောက်အပေါ်ကို လောင်းချလိုက်သလိုပါပဲ။

ကျောက်ယွဲ့မျက်နှာက အနည်းငယ် ရုပ်ဆိုးလာပြီး

"မင်းသူတို့ အားလုံးကို သတ်လိုက်တာ?? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

လုရွှမ်နှင့် ဟူဖူတို့ အကြားက ယခင်တိုက်ပွဲကို မြင်ပြီးနောက် သူသည် လုရွှမ်၏ အင်အားကို ထပ်ခါတလဲလဲ တွက်ဆခဲ့သည်။ သူတို့က သူတော်စင်နယ်ပယ် ပြီးပြည့်စုံတဲ့ကာလက လူတွေ ဖြစ်သလို တစ်ယောက်တည်း မဟုတ်ဘဲ ၂၀ ကျော်ရှိကာ အဆင့်၇ အဆင့်၈ ကျင့်ကြံသူတွေလည်း ပါသေးသည်။

လုရွှမ်က မရှင်းပြဘဲ ပေါ့ပေါ့ပါးပါးနဲ့

"ခင်ဗျား သူတော်စင်တစ်ပိုင်း ကမ္ဘာတစ်ပိုင်းကနေ ထွက်သွားတဲ့အခါကျရင် တစ်စုံတစ်ယောက်က ခင်ဗျားကို သဘာဝကျကျ ရှင်းပြလာလိမ့်မယ်.... အခု ခင်ဗျားတို့ အာကာသ ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖွင့်ဖို့ ဒီကိုရောက်လာတာမလား?"

ကျောက်ယွဲ့ တခြားအရာတွေကို ပြောချင်ပေမယ့် ဖန်းမင်က သူ့ကို အမြန် ပြန်ဆွဲလိုက်သည်။ ဒီခရီးကို မထွက်လာခင်မှာ လျန့်ထျန်းယင်နဲ့ တွေ့ဆုံခဲ့သည်။ သူတို့နှစ်ယောက်ဟာ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူး၏။ သူ သူတော်စင်တစ်ပိုင်း ကမ္ဘာကို သွားမယ်လို့ ဆိုတာကြောင့် လျန့်ထျန်းယင်က သူ့ရဲ့ စိတ်နေစိတ်ထားကို သိတဲ့အတွက် ရွှမ်ခုန်းတောင်က အကြောင်းကို အတိုချုပ် ရှင်းပြခဲ့ဖူးသည်။

ထိုမှသာလျှင် ဖန်းမင်သည် ရွှမ်ခုန်းတောင်တွင် ဖြစ်ပျက်ခဲ့သည်များကို သိလိုက်ရသည်။ လုရွှမ်သည် ထိုနေရာကို ဝင်ရောက်သွားခဲ့ပြီး အန္တရာယ်ကင်းကင်း လွတ်မြောက်လာခဲ့ ရုံသာမက ထက်မြက်သော ပါရမီရှင်များနှင့်ပင် ခင်မင်ရင်းနှီးလာခဲ့သည်။

ထို့အပြင် လျန့်မိသားစုမှ ကလေးမလေးသည် ဤလူကို အလွန် သဘောကျပုံရ၏။ သူမ စိတ်ထဲက သံသယမှန်သမျှကို ပြင်းထန်စွာ မျိုသိပ်ထားရကြောင်း ယောင်ဝါးဝါး ကြားလိုက်ရ​​သေးသည်။

"ဟုတ်တယ်.... ကောင်းကင်က အပေါက်က ပိုကြီးလာတယ်ပြီ ဆက်ပြီး ချဲ့ထွင်နေရင် ဒီသူတော်စင်တစ်ပိုင်း ကမ္ဘာက တည်ရှိနိုင်မှာ မဟုတ်​တော့ဘူး.... ဒီနေရာက ကံကောင်းတယ် အနည်းဆုံး ကမ္ဘာငယ်လေးရဲ့ ဆင့်ကဲဖြစ်စဉ်မျိုး ဖြစ်ပေါ်လာတယ်လေ မူလ ပြိုကျနေတဲ့ကောင်းကင်ဘုံက ကျိုးရန်ဧကရာဇ် အင်ပါယာမှာလေ ဟူး..."

"ဒါပေမယ့် ကျုပ်တို့ အာကာသ သလင်းကျောက်တွေ အများကြီးလိုတယ်"

ကျောက်ယွဲ့ စကားတွေကို အကြိမ်ပေါင်းများစွာ ပြောချင်သော်လည်း ဖန်းမင်ဆီက တားဆီးတာကို ခံ​နေရသည်။ ဒီကိုလာတဲ့လူတွေရဲ့ အဓိကရည်ရွယ်ချက်က အာကာသ သလင်းကျောက်တွေကို စုဆောင်းဖို့ပဲ။ အခုတော့ အဲဒီလူတွေက သေသွားပြီ။ အာကာသ သလင်းကျောက်တွေကို ဘယ်ကများ ရနိုင်ဦးမှာလဲ။

လုရွှမ်က ပြုံးပြီး သို​လှောင်အိတ်ကို ပစ်ပေးလိုက်ပြီး။

"အဲဒီထဲမှာ အာကာသ သလင်းကျောက် တစ်ထောင်ရှိတယ်... လုံလောက်တယ်မလား"

ထို့နောက် သူက နောက်ထပ် တစ်အိတ်ကို ထုတ်ပြီး ကျောက်ယွဲ့အား ပေးလိုက်ကာ။

"အာကာသပုံဆောင်ခဲ နှစ်ထောင် ရှိတယ်... လူကြီးမင်းတို့ နှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှု အတွက် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်"

ကျောက်ယွဲ့မှာ အလွန်ပျော်နေပြီး လုရွှမ်က လူကောင်းတစ်ဦး ဖြစ်ကြောင်း ကျေးဇူးတင်ရင်း စိတ်ထဲကလည်း တွေးနေမိသည်။ အာကာသ သလင်းကျောက်ကို ရယူရန် သူတို့ ဤနေရာသို့ လာခဲ့သည်။ သလင်းကျောက် နှစ်ထောင်သည် အာကာသ ဥမင်လှိုဏ်ခေါင်းကို ​ဖွင့်ရန် အသုံးပြုရသည့် ပမာဏထက် ပိုမိုများပြား​နေပြီ။ တခြားသူက ပေးတာ ဆိုရင်တောင်မှ သူတို့ စိတ်ကူးယဉ်ထားတာထက် အများကြီး ပိုနေပြီ။

ဒီလူငယ်က ဘယ်လို ပြုမူရမယ်ဆိုတာ တကယ်သိတဲ့ လူပဲ!

"ကျုပ်လည်း အထောက်အကူ ဖြစ်နိုင်တဲ့ အခင်းအကျင်း တချို့ကို လေ့လာဖူးပါတယ်... ခင်ဗျားတို့ကို ကူညီပေးနိုင်လောက်တယ်"

လုရွှမ်က အခြေအနေတွေကို အခွင့်ကောင်းယူပြီး သူ့ထင်မြင်ချက်ကို တင်ပြလိုက်သည်။

ကျောက်ယွဲ့ ခဏလောက် တုံ့ဆိုင်းသွားပေမယ့် ဖန်းမင်က ရယ်ပြီး

"ဒါပေါ့... ကျုပ်တို့ ဒီနေရာမှာ အခင်းအကျင်း ပညာရှင်တစ်ယောက် လိုနေတာ... တခြားသူတွေ မရှိတော့ဘူးဆိုတော့ မိတ်ဆွေလုရွှမ်ကိုပဲ ကူညီပေးဖို့ တောင်းဆိုရတော့မှာပါ"

အခင်းအကျင်း ဖွဲ့စည်းခြင်းကို စီစဉ်ရာတွင် အဓိကအားဖြင့် အာကာသ သလင်းကျောက်များကို ဥမင်လိုဏ်ခေါင်းကို တည်ဆောက်ရာတွင် လွင့်တင်ပေးဖို့အတွက် စီစဥ်ရခြင်း ဖြစ်ပေသည်။ လုရွှမ် အခင်းအကျင်းကို ကြည့်လိုက်တော့ ၎င်းတို့နှစ်ဦးသည် အခင်းအကျင်းရဲ့ အသွင်အပြင်အလိုက် သလင်းကျောက်များကို စီစဥ်ထားကြောင်း တွေ့ရလေသည်။

သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေပြီး အခင်းအကျင်းကို သူ့စိတ်ထဲတွင် မှတ်ထားပြီးသား ဖြစ်သွားသည်။

All Chapters