← Chapters

အာကာသလင်းကျောက်ဘုရင်

Vol. 52 Ch. 4.291

အာကာသလင်းကျောက်ဘုရင်

Vol. 52 Ch. 4.291

သူတို့သည် အကြပ်အတည်းများအား တစ်ခုပြီးတစ်ခုအား လိမ္မာပါးနပ်စွာ ရှောင်ရှားခဲ့ကြသည်။ ချီတက်နေသော လူတန်းသည် ယခင်က တစ်စုတစ်စည်းထဲ ဖြစ်သော်လည်း တဖြည်းဖြည်း ရှည်လျားလာကာ အတန်းနှစ်တန်း၊ ထို့နောက် တစ်တန်းတည်း ​ဖြစ်လာခဲ့သည်။

လုရွှမ်သည် ယခင်က အဖွဲ့တစ်ခုကို ဦးဆောင်ဖူးသူတစ်ဦးလည်း ဖြစ်သည်။ ထိုသို့သော တန်းစီကာ သွားခြင်းသည် အန္တရာယ်များ လွန်းလှသည်။ ဒီအချိန်မှာ ယုတ်မာမှုတွေကို မဖုံးကွယ်နိုင်တော့ဘဲ ဖော်ထုတ်မိပါက သေသွားလိမ့်မယ်ဆိုတာ သူသိသည်။

သူ့ခန္ဓာကိုယ်ထဲက အလင်းတန်းတွေ ထွက်လာ၏။ အထူးသဖြင့် သူ့မျက်လုံးတွေဟာ အလင်းတန်းတွေကို တဖြည်းဖြည်း ထုတ်လွှတ်လျက် ရှိသည်။

တခြားလူများက ချက်ချင်း သတိပြုမိတာကြောင့် လုရွှမ်ကို အံ့သြစွာ လှည့်ကြည့်လာကြသည်။

"ညီလေးလုရွှမ် မင်းအန္တရာယ် တစ်ခုခုကို တွေ့ခဲ့လို့လား?"

ဖန်းမင်က မေးလာသည်။

သူ့မျက်လုံးတွေကို လုရွှမ် ကြည့်လိုက်တော့ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ သူပိုပြီး ခံစားရတာက အဆုံးမဲ့စွမ်းအားနဲ့ မှော်ဆန်တဲ့ စွမ်းအင်တစ်ခုပါပဲ။

"မဟုတ်ဘူး.... ဒီမှာက အန္တရာယ် များလွန်းတယ်လို့ ကျွန်တော် ခံစားရတယ်... ကျွန်တော်တို့..."

သူစကားမဆုံးခင်မှာပဲ အရှေ့မှာ ရှိနေတဲ့ ဖန်းမင်ဆီကို အလင်းတန်း မြှားတစ်စင်း ပစ်လွှတ်လာခဲ့သည်။

ထိုအချိန်တွင် ဖန်းမင်သည် လုရွှမ်ကြောင့် ထိတ်လန့်သွားပြီး သူ သတိထား၍ သူ့လမ်းမှ ပရမ်းပတာ မထွက်သွားရဲပေ။ ဤလမ်းသည် အလွန်အန္တရာယ် များသောကြောင့် သတိမပြုမိပါက အန္တရာယ်ထဲ ကျရောက်သွားနိုင်သည်။

သူသည် သူ့လက်များကို ရင်ဘတ်တွင် ရစ်ပတ်ကာ ဝင်လာသော အလင်းမြှားများကို ရင်ဆိုင်ရန် ဒိုင်းကာတစ်ခုကို ဖွင့်လိုက်သည်။ သို့သော် အလင်းမြှားက နေရာရွေ့သွား၏။

“ထွက်သွားစမ်း!”

လုရွှမ် ပြင်းပြင်းထန်ထန် အော်လိုက်သည်။ ထိုမြှားအလင်းရဲ့ စွမ်းအင်က လုရွှမ်၏ ဦးရေပြားကိုပင် ထုံကျင်သွားစေသည်။

"နဂါးဆင်ရွှေလက်ဝါး!"

"လေဟာနယ်လက်ဝါး"

ဘယ်ဘက်လက်နဲ့ ညာဘက်လက်ကို ဆက်တိုက်ဆိုသလို လှုပ်ရှားလိုက်သည်။ ဖန်းမင် ရှေ့မှာတော့ အလင်းတန်းလေးက တစ်ချက်မှ မရောက်လာဖူးသလိုပဲ ပျောက်သွားရာ တခြားသူတွေလည်း အံ့သြသွားကြသည်။

ဖန်းမင်လည်း ရုတ်တရက် လန့်ဖျပ်သွားပြီး သူက အသံကိုလွှင့်လိုက်သည်။

"လူတိုင်း သတိထားကြ.... အလင်းမြှားက နေရာ ရွေ့နိုင်တယ်"

ထိုအချိန်တွင် လုရွှမ်ရဲ့ တိုက်ခိုက်မှုကို သူမြင်လိုက်ရသည်။ အလင်းတန်းလေးသည် လုရွှမ်၏ ရှေ့တွင် ပေါ်လာပြီး လုရွှမ်ဘက်က လက်ဝါးချက်များကို ဆက်တိုက် ရိုက်ချလိုက်သည်။

အလင်းရောင်သည် တောက်ပစွာ လင်းလက်နေပြီး လုရွှမ်၏ ခန္ဓာကိုယ်သည် အလင်းမြှားကြောင့် နောက်ပြန်မဆုတ်ဘဲ လေထု အလယ်၌ တည်ငြိမ်နေ၏။ အလင်းမြှားက သူ့မျက်စိရှေ့မှ ရုတ်တရက် ပျောက်သွားကာ လက်ဖဝါးရိုက်ချက်များလည်း တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ်သည် ပါးစပ်မှ သွေးများ ထွက်လာတာကြောင့် ကျယ်လောင်စွာ ရှိုက်လိုက်သည်။

"မင်း ဒဏ်ရာရသွားတာလား?"

ဟူဖူက စိုးရိမ်မှုအပြည့်နဲ့ လှမ်းအော်လာ၏။

"ဘာမှမဟုတ်ပါဘူး.... အညစ်အကြေး တစ်ခုကို လွှင့်ပစ်လိုက်ရုံပဲ"

"ကောင်းပြီ ညီအစ်ကို... မင်းက ငါ့အသက်ကို ကယ်ခဲ့တာပဲ... ဒီကျေးဇူးကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"

"ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး... ငါတို့အားလုံး ဒီကိုအတူ လာခဲ့ကြတာပဲ... ညီအကိုတွေလို အန္တရာယ် ကြုံလာရင်လည်း အတူတူ ရင်ဆိုင်သင့်ပါတယ်... တစ်ယောက်ကို တစ်ယောက် ကယ်နိုင်ရင် ငါတို့ထဲက တစ်ယောက်မှ သေမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်"

ဒါပေါ့။ ဒီစကား ဆုံးတဲ့အခါ အားလုံးက လုရွှမ်ကို ပိုပြီး ရင်းနှီးစွာ ကြည့်လာကြသည်။ ပြောဖို့ လွယ်ပေမယ့် လုပ်ဖို့ အရမ်း ခက်တယ်ဆိုတာ သူတို့လည်း ကောင်းကောင်း သိပါသည်။

ဖန်းမင်က ဒီနေရာသည် အလွန်အန္တရာယ်များပြီး သူ့လမ်းကြောင်းအတိုင်း လိုက်ရမည် ဖြစ်ကြောင်း သတိပေးလာသည်။ ခြေလှမ်း အနည်းငယ် မှားလှမ်းမိပါက သေရေးရှင်ရေး အကျပ်အတည်းတစ်ခု ဖြစ်သွားနိုင်သည်။

ဒီလို အခြေအနေမျိုးမှာ သူတို့ဟာ တခြားသူတွေကို ကယ်တင်ဖို့ နေနေသာသာ သူတို့ရဲ့ ဦးတည်ချက်ကို လွဲမှားသွားမှာ ကြောက်လွန်းလို့ သတိမပြုဘဲ မနေဝံ့ကြချေ။ သန်မာပြီး တခြားသူတွေကို ကူညီလိုစိတ် ရှိတဲ့သူတွေက အမြဲတမ်း ရေပန်းအစားဆုံးပဲ။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ပြီး တစ်ယောက် လုရွှမ်နဲ့ စိတ်အားထက်သန်စွာ ခုခံတိုက်ခိုက်ပြီး အရင်က အာဃာတတွေ လုံးဝ ပျောက်သွားတော့သည်။

"အာကာသသားရဲက အနီးနားမှာ ပုန်းနေတယ်.... ​​ဒါပေမဲ့ လူတိုင်းကို ဒီနေရာကနေ မြန်မြန် ထွက်သွားနိုင်ဖို့ အကြံပြုချင်ပါတယ်.... အစ်ကိုဖန်းမင် ကျွန်တော်ရှေ့က သွားမယ်... ကျွန်တော့်မှာက နေမျက်လုံးရှိတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်"

လုရွှမ် မဆိုင်းမတွဘဲ ရှေ့သို့ လျှောက်လာခဲ့သည်။ အဖွဲ့ထဲက ဘယ်သူမှ ကန့်ကွက်လာခြင်း မရှိခဲ့ပေ။ ဖန်းမင်၏ မျက်နှာသည် ရွှင်မြူးစွာဖြင့် တောက်ပလာ၏။ အနာဂတ်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ကြောင်း သိစေရန် "အကိုကြီး" ဟု ခေါ်လိုက်ခြင်းသာ ဖြစ်သည်။

"ငါ့​နောက်က လိုက်ခဲ့!"

လုရွှမ် အော်လိုက်သည်။ သူ့မျက်လုံးများသည် ဆယ်မိုင်ကျော်အထိ မြင်နိုင်လောက်အောင် တောက်ပနေလေသည်။

ဤအချိန်သည် ဝိညာဉ်စွမ်းအင်အား တွန့်တိုနေရမည့် အချိန်မဟုတ်ပေ။ ကျောက်စိမ်းပြားထဲက ဝိညာဥ်စွမ်းအင်တွေဟာ သူ့ခန္ဓာကိုယ်ထဲ အဆက်မပြက် စီးဝင်နေသည်။ မြင်လိုက်ရတဲ့ အာကာသ အက်ကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာပြီး လူတိုင်းကို မတည်မငြိမ် ဖြစ်သွားစေတဲ့အထိ ထိတ်လန့်လာစေသည်။

အရင်ကတော့ အန္တရာယ် ရှိတယ်လို့ ခံစားခဲ့ရပေမယ့် အခု အာကာသထဲ အက်ကွဲကြောင်းတွေကို ရှင်းရှင်းလင်းလင်း မြင်လာရပြီးမှ အရင်က ဘယ်လောက် အန္တရာယ်ရှိခဲ့လဲ ဆိုတာ သိလာရသည်။

အက်ကြောင်းတွေထဲ ပြုတ်ကျရင် သေမှာ မလွဲပေ။ ခြေထောက် ဒါမှမဟုတ် လက်တစ်ဖက် ကျသွားရင်တောင် ဒဏ်ရာ အကြီးအကျယ် ရသွားလိမ့်မည်။

ကံကောင်း ထောက်မစွာဖြင့် လုရွှမ်၏ ဦးဆောင်မှုအောက်တွင် လူတိုင်းသည် လျင်မြန်စွာ ပြေးထွက်ကာ ဘေးကင်းရာသို့ ရောက်လာကြသည်။ သို့မှသာ အားလုံး သက်ပြင်းချလိုက် ကြသည်။ မြေပြင်ပေါ်တွင် လဲလျောင်းရင်း ခြေလက်များကို ဖြန့်ကာ အသက်ဝဝ ရှူရှိုက်​နေသံများကို ထုတ်လွှတ်နေကြ၏။

"အာကာသသားရဲက ဘာလို့အခုနက ကျွန်တော် တို့ကို အခုမှ တိုက်ခိုက်တာလဲ"

လုရွှမ် မေးမိသည်။

"ဒါ ငါတို့ဆီက အန္တရာယ်ကို ခံစားမိလို့ ငါတို့ကို ဖယ်ရှားပစ်ချင်ခဲ့တာ ဖြစ်မယ်... ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့ စိတ်မပူပါနဲ့.... အစ်ကိုဖန်းမင်နဲ့ စီနီယာကျောက်ယွဲ့ တို့ရဲ့ လမ်းညွှန်မှုအောက်မှာ လက်တွဲ အလုပ်လုပ်တဲ့ သူတိုင်းက အာကာသသားရဲကို သတ်နိုင်မယ်လို့ ယုံကြည်တယ်!"

အကျပ်အတည်းကနေ ရုန်းထွက်လိုက်ရုံနဲ့ မတိုင်ခင်က ခံစားခဲ့ရသော ကြောက်ရွံ့မှုတွေဟာ အောင်မြင်မှု ရရှိသွားသလို ခံစားလာရသည်။ ထိုအချိန်တွင် လုရွှမ်ရဲ့ အားပေးသံကို ကြားသောအခါ ထိုလူများ အားလုံးသည် သူပြောသလို ဖြစ်လာနိုင်ကြောင်း သဘောပေါက်သွားကြသည်။

သူတို့ရဲ့ ယုံကြည်မှုများက တစ်ဖန် ပြန်လည် တိုးပွားလာကာ မျက်လုံးများလည်း ကြည်လင်လာသည်။ သူတို့၏ အရှိန်အဟုန်သည် ယခင်က ကျဆင်းနေပေမယ့် ခဏအတွင်း ပြောင်းလဲသွားခဲ့သည်။

ဖန်းမင်ကတော့ စိတ်ထဲက သက်ပြင်းတစ်ချက် ချလိုက်ပြီးပြီ။ ဉာဏ်ကြီးရှင်တွေကတော့ ပါရမီရှင်တွေပါပဲ။ စိတ်ဓာတ် ကျနေသူမှာ ကျောက်ယွဲ့သာ ဖြစ်​လေသည်။ လုရွှမ်သည် သူ့အစ်ကို ဖန်းမင်အား အစ်ကိုဟု ခေါ်သော်လည်း သူ့ကိုတော့ စီနီယာဟုသာ ခေါ်လာခဲ့သည်။

ကျောက်ယွဲ့၏ မျက်ခုံးကြားက စိတ်ဓာတ်ကျနေသည့် အရိပ်အ​ယောင်​ကို သတိပြုမိလိုက်ရာ ဖန်းမင်မှာ ရယ်ရခက် ငိုရခက်ဖြင့် နှစ်သိမ့်ချင်သော်လည်း ရုတ်တရက် သူ့ပါးစပ်ကို ​ပြန်ပိတ်ထားလိုက်သည်။ ဒါက လုရွှမ်ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ရမယ်။

ဒါက သူ့ရဲ့ ဉာဏ်ပြေးမှုတွေထဲက တစ်ခုပဲ!

'ကိုကို.... ညီမ ပြေးလွှားနေတဲ့ ဝိညာဥ်စွမ်းအင် လှုပ်ရှားမှုတစ်ခုကို ခံစားမိတယ်... မြန်မြန်ပြေးတော့ အာကာသသားရဲက လိုက်လာနေပြီ'

ရားရားရဲ့ အသံက သူ့စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လုရွှမ်လည်း ခုန်ထလိုက်ပြီး

"အားလုံး သတိထား​ကြပါ... အာသာသလင်းကျောက် ဘုရင်က အနီးအနားမှာ ရှိနေတယ်.... အဲဒါက အာကာသသားရဲကို လှည့်ပတ်ပြေးအောင် လုပ်နေတာ"

လူတိုင်းလည်း သတိကြီးကြီးဖြင့် အမြန် ခုန်ထလိုက်ကြသည်။ အာကာသသားရဲက ဘယ်လို စရိုက်မျိုး ရှိလဲဆိုရင် သူ့လမ်းကို ပိတ်ဆို့ပြီး အပြေးအလွှား ဖြတ်သွားရဲပါက လူတိုင်းကို ဒုက္ခရောက်​အောင် လုပ်လိမ့်မည်။

"လာပြီ!" လုရွှမ် အော်လိုက်သည်။

သူ့အသံ ဆုံးချိန်မှာတော့ လူတိုင်းဟာ ဟောက်သံကျယ်​ကြီးကို ကြားလိုက်ရပြီး ပါးစပ်ထဲမှာ ရှည်လျားတဲ့ အစွယ်တွေအပြည့်နဲ့ သားရဲတစ်ကောင် ပြေးလာတာကို တွေ့လိုက်ရလေ၏။

သူ့ခန္ဓာကိုယ်က မြေပြင်ပေါ် လုံးဝ မရှိဘဲ ခွာတွေကပါ ပျံဝဲနေသည်။ ၎င်း၏ ခြေဖဝါးအောက်မှာ လှိုင်းဂယက်တွေက တဖျတ်ဖျတ် တောက်ပနေပြီး ထိုအရာကတော့ အာကာသရဲ့ နည်းဥပဒသပင်။ သားရဲပုံရိပ်သည် လေထုအလယ်မှာ ဖျတ်ကနဲ ပျောက်ကွယ်သွားပြီး နေရာပြောင်းသွားသလို ဖျက်ကနဲ ပြန်ပေါ်လာသည်။

လုရွှမ် မျက်လုံးများသည် လွန်စွာ အာရုံစိုက်ထားလျက် သူ လုံးဝ သတိမ​ပေါ့ဝံ့ဘဲ ၎င်း၏ လုပ်ရပ်များ၏ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း အကဲခတ်ထားသည်။

ဤနေရာသို့ ဝင်ရောက်ပြီးနောက် ဖန်းမင်က လူတိုင်းကို မလိုအပ်ဘဲ မပျံသန်းရန် သတိပေးထားခဲ့သည်။ ဤနေရာ၌ အာကာသ နည်းဥပဒေသ၏ အနေအထားသည် ဖရိုဖရဲ ဖြစ်နေ၏။ ပျံသန်းပြီးသည်နှင့် ဘယ်နေရာမှာ သွားပြီး ပြုတ်ကျလာမယ် ဆိုတာကို ဘုရားပဲ သိနိုင်သည်။

ပရမ်းပတာ ပျံသန်းသွားပါက ဦးတည်ချက် ထိန်းချုပ်မှုကို ဆုံးရှုံးသွားကာ ထူးဆန်းသော စွမ်းအားများဖြင့် ပေါက်ကွဲ ပျက်စီးသွားလိမ့်မည်။

အာကာသ သားရဲ၏ရှေ့တွင် အလင်းရောင်နှင့် အရိပ်တို့သည် ဘယ်ညာ၊ ဘယ်ညာ လျင်မြန်စွာ ရွေ့လျားနေတာကို လုရွှမ် မြင်နေရ၏။ ထိုအရာက သူတို့အနား ပတ်ပတ်လည်မှာပဲ ပြေးလွှားနေခြင်း ဖြစ်သည်။

လုရွှမ် တိတ်တဆိတ် ကျိန်ဆဲရင်း လူတိုင်းကို သတိပေးလိုက်သည်။

"သတိထား.... သလင်းကျောက်ဘုရင်က ငါတို့ခြေရင်းကို ရောက်နေပြီ.... အာကာသသားရဲ သတိပြုမိအောင် သလင်းကျောက်ဘုရင်က သူ့ကိုယ်ပိုင် စွမ်းအားတွေကို သယ်ဆောင်လာတာ... ​​ဒါကြောင့် လုံးဝ သတိမပေါ့လိုက်နဲ့"

သူစကား ပြောပြီးသည်နှင့် လူတစ်ယောက်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားကာ ပရှေ့မှာ ပြေးနေတဲ့ အာကာသသားရဲ ဆီသို့ ဦးတည် ပြေးဝင်သွား​တော့သည်။

"ပြန်လာခဲ့!!"

All Chapters