သလင်းကျောက်ဘုရင်ကို ရယူခြင်း
Vol. 52 Ch. 4.292
လုရွှမ် လက်ဖဝါးစွမ်းအင်ကို ရိုက်ထုတ်ပြီး အော်လိုက်သည်။ ကြီးမားသော လေပြင်းလက်ဝါးသည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုကျင့်ကြံသူအား ပြန်ဆွဲလှိမ့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးအများကြီး တင်ပါတယ်"
အဲဒီလူက ထိတ်ထိတ်လန့်လန့်နဲ့ သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားများ ဆိုနေတော့သည်။
အရင်ကတော့ သူ့ခေါင်းထဲမှာ ရုတ်တရက် နာကျင်မှုကို ခံစားခဲ့ရပြီး အခုတော့ လမ်းကြောင်း လွဲသွားခဲ့သည်။ သူ့ခြေဖဝါးအောက်မှ အားပြင်းသော စွမ်းအားတစ်ခု ထိုးတက်လာပြီး သတိလက်လွတ်ဖြင့် အာကာသသားရဲဆီသို့ ပြေးသွားချင်ခဲ့သည်။
အခု စဉ်းစားကြည့်မိတော့ အင်မတန် ကြောက်စရာ ကောင်းလှပေသည်။
"အစ်ကိုဖန်း... အဲဒီသလင်းကျောက် အရင်စုဆောင်းဖို့ နည်းလမ်း မရှိဘူးလား? အဲဒါက ကျွန်တော်တို့ကို လှည့်ပတ် နေဦးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အခြေအနေက အန္တရာယ် ရှိသွားလိမ့်မယ်"
လုရွှမ် အော်မေးလိုက်ရာ ဖန်းမင်မှာ ခါးသက်သက်ဖြင့် ပြန်ပြုံးပြလိုက်ပြီး
"ဒါက အာကာသ သလင်းကျောက်ဘုရင်ပဲ.... ငါက သူတော်စင်တစ်ယောက် ဖြစ်လာပေမယ့် ချေမှုန်းနိုင်စွမ်း မရှိသေးဘူး"
သူ မပြောနိုင်တဲ့ စကားတစ်ခွန်းတော့ ရှိပါသေးသည်။ သူက အဆင့်မြင့်တဲ့ သခင်နယ်ပယ် တစ်ယောက် မဟုတ်ပေ။ ဒီသလင်းကျောက် ဘုရင်အတွက် သူဘယ်လိုမှ မမျှော်လင့်ထားပေမယ့် မျှော်လင့်ထားရင်တောင် သူ့မှာ အဲဒီလို လုပ်နိုင်တဲ့ ခွန်အားမျိုး မရှိပါဘူး။
သလင်းကျောက်ဘုရင်ကို အနိုင်ယူချင်ရင် အနည်းဆုံးတော့ အာကာသရဲ့ နိယာမကို အလွန်နက်နဲတဲ့ အဆင့်အထိ နားလည်ထားဖို့ လိုအပ်သည်။ ပြိုကျနေတဲ့ကောင်းကင်ဘုံမှာဆို သူတော်စင်နယ်ပယ် ဆိုတာ အခြေခံ ခွန်အားသာ ဖြစ်ပေသည်။ မဟာသူတော်စင် ဖြစ်မှသာ နိယာမကို နားလည်ထားနိုင်တာ ဖြစ်ပေ၏။
ဒီသလင်းကျောက် ဘုရင်ဟာ နတ်ဆိုး မဖြစ်လာသေးပေမယ့် နိယာမဥပဒေသက ကပ်ငြိနေပြီး သွက်လက် မြန်ဆန်လွန်းလှသည်။ သူ့ရဲ့နားလည်မှုက သလင်းကျောက်ဘုရင်ကို အနိုင်ယူဖို့ နေနေသာသာ ဘယ်မှာလဲ ဆိုတာတောင် မမြင်နိုင်ဘူး။
ဖန်းမင်ကတောင် မဖြစ်နိုင်တာ ကျောက်ယွဲ့က ပိုလို့တောင် ဆိုးရွားသွားသေးသည်။
"ငါလုပ်မယ်!" လုရွှမ် ပြက်သားစွာ ဆိုလိုက်သည်။
ဒါက သူ့ဖက်က လှည့်စားတာ မဟုတ်ပေ။ သူတို့နှစ်ယောက်က တစ်ခုခု သိနေရင်တောင် သူတို့ရဲ့အရည်အချင်းနဲ့ နောက်ကွယ်က ဆက်ဆံရေးကို သူ ဂရုမစိုက်ပါဘူး။ သို့သော် လူတို့သည် ငွေအတွက် သေတတ်ကြပြီး ငှက်များသည် အစာအတွက် သေဆုံးတတ်ကြသည်။ စစ်မှန်သော ကြွယ်ဝမှုအောက်တွင် အကျင့်စာရိတ္တတွေ မိသားစုချစ်ခင်မှုတွေကို စွန့်လွှတ်နိုင်ကြသည်။
သေချာတာပေါ့။ သူ့မှာ လုံလောက်တဲ့ ခွန်အားတွေ မရှိသေးဘဲ အကျိုးအမြတ်တွေ လိုချင်နေသေးရင်တော့ သူကိုယ်တိုင် သေရလိမ့်မယ်။
လုရွှမ်၏ မျက်လုံးများထဲတွင် ကောင်းကင်မီးတောက်၏ အလင်းမှုန်များ လင်းလက်နေသည်။ သူ့ရဲ့ စွမ်းအင်များက မြေပြင်ကို ပွင့်ထွက်လုနီးပါး ဖြစ်နေပြီ။ နောက်ဆုံးတွင် လူတိုင်းသည်လည်း အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် လင်းလတ်နေသော ရောင်ဝါကို မြင်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သလင်းကျောက်ဘုရင်သည် လုရွှမ် ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး သူ၏ နေမင်းမျက်လုံးကို အလွန် စိတ်ဝင်စားနေပုံ ပေါ်သည်။
လုရွှမ် နှလုံးက ရုတ်တရက် တုန်ခါသွား၏။ အာကာသ နိယာမစွမ်းအင်ပေါ်ရှိ လိုင်းများကိုကြည့်ရင်း သူသည် ထိုကဲ့သို့သော စွမ်းအင်လိုင်းများကို ယခင်က မြင်ဖူးပုံရတာကို ရုတ်တရက် သဘောပေါက်လိုက်သည်။ အဲဒါက ရွှမ်ခုန်းတောင်က ဆေးဥယျာဉ်မှာ မြင်ဖူးခဲ့တဲ့ ပန်းတစ်ပွင့်ပေါ်က စွမ်းအင်တွေပဲ။
ထိုစွမ်းအင်လိုင်းများသည် တစ်ခုနှင့်တစ်ခု အနည်းငယ် ဆင်တူသော်လည်း ပို၍လေးနက်နေသယောင်ပင်။
ထိုအချိန်တုန်းက သူသည် ထိုပန်းပွင့်ကြောင့် ပိုင်ကျန့်ဖေးနဲ့တောင် ရန်ဖြစ်ခဲ့ရသေးသည်။
လုရွှမ် နယ်ပယ်နှစ်ခုပန်းကို အမြန် ထုတ်ယူလိုက်သည်။ ဖန်းမင်သည် လုရွှမ်ရဲ့ လှုပ်ရှားမှုများကို အနီးကပ် စိုက်ကြည့်ရင်း လွန်စွာ ကွဲလွဲနေသလို ခံစားလိုက်ရသည်။ လုရွှမ်သာ သလင်းကျောက်ဘုရင်ကို ဖယ်ထုတ်နိုင်ရင် အနည်းဆုံးတော့ သူတို့ရဲ့ အခြေအနေကို ပိုလုံခြုံစေလိမ့်မည်။
ဖယ်ထုတ်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း လုရွှမ် တကယ် ရသွားပါက မနာလို ဖြစ်မိဦးမှာပါပဲ။ အမှန်တကယ်တော့ သူဟာ အမြတ်အစွန်းတွေ ဆုံးရှုံးလိုက်ရမှာကို စိုးရိမ်နေတဲ့သူပဲ။ ရုတ်တရက် စိတ်မသက်မသာ ဖြစ်လာတော့သည်။
ဒီအခိုက်အတန့်မှာ ပန်းပွင့်လေးကို မြင်လိုက်ရတော့ သွေးတွေ သူ့ပါးစပ်ထဲက ထွက်လာတော့မယ်လို့တောင် ခံစားလိုက်ရသည်။
"နယ်ပယ်နှစ်ခုပန်း!"
အလင်းဘောလုံး တစ်ခုသည် မြေပြင်မှ ရုတ်တရက် ထွက်ပေါ်လာပြီး လုရွှမ်၏ လက်ထဲမှ ဘုံနှစ်ပွင့်ကို ထိမှန်သွားသည်။
လုရွှမ်၏ စိတ်သည် ဖန်းမင်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရာ သလင်းကျောက်ဘုရင်ရဲ့ ထိမှန်မှုကြောင့် ပန်းပွင့်ကို သူ့လက်ထဲကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူက ဖန်းမင်ကို ဒေါသတကြီး စိုက်ကြည့်နေပြီး ဖန်းမင်ကလည်း သူ့မျက်နှာကို ပြန်ကြည့်နေ၏။
လူတစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဥ်ကြည့်ရတာ တကယ်ကို ဒေါသထွက်စရာ ကောင်းလှသည်။
သလင်းကျောက်ဘုရင်သည် ခဏအတွင်း မြေပြင်ပေါ်သို့ တစ်ဖန် ဝင်ရောက် ပျောက်ကွယ်သွားသော်လည်း လုရွှမ် ဘေးနားမှာ ဆက်လက် လည်ပတ်နေသည်။ လုရွှမ်သည် သူ့စိတ်စွမ်းအားကို နှစ်ခြမ်းခွဲ၍ မြေအောက်ထဲက သလင်းကျောက်တုံး ဘုရင်ကို စိုက်ကြည့်နေစဥ် အာကာသသားရဲကိုလည်း ဂရုတစိုက် စိုက်ကြည့်နေရသည်။
ဤနယ်ပယ်နှစ်ခု ပန်းသည် သလင်းကျောက်ဘုရင် အတွက် အလွန်ဆွဲဆောင်မှု ရှိသောကြောင့် ၎င်းကို အာကာသ သားရဲများကလည်း သဘာဝကျကျ နှစ်သက်ကြနိုင်သည်။
"မင်းတို့အားလုံး လူစုခွဲလိုက်ကြ... မတော်တဆ ထိခိုက်ဒဏ်ရာ မရအောင်လည်း သတိထားပါ"
လုရွှမ် သတိပေးလိုက်သည်။
တခြားသူတွေလည်း အစောကတည်းက ထွက်သွားချင်နေတာကြောင့် အမြန်ပဲ ထွက်ပြေးသွားကြသည်။ အခု သလင်းကျောက်ဘုရင်က လုရွှမ်ရဲ့ ခြေရင်းမှာ ရှိနေပြီး အာကာသ သားရဲကြီးကလည်း သူ့ပတ်ဝန်းကျင်မှာ ပျံဝဲနေတာ တွေ့ရလေသည်။ ဘယ်လောက် အန္တရာယ်ရှိလဲ မပြောနေနဲ့ တတ်နိုင်သလောက် ပြေးသာ ပြေးရတော့မည်။
သို့သော် ဤနေရာသည် အလွန် အန္တရာယ်များပြီး လုရွှမ်ရဲ့ ဝေးဝေးကို မပြေးနိုင်တာကြောင့် သူအနီးနား တစ်ဝိုက်ကိုသာ ပြေးခဲ့ရသည်။ ဟူဖူသည် မရှောင်တိမ်းဘဲ ကျားဟောက်သံနှင့်အတူ အာကာသသားရဲနှင့် ရင်ဆိုင်နေသည့် လှပသော ရောင်စုံ ကျားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အာကာသသားရဲနှင့် နှိုင်းယှဥ်ကြည့်လျှင် သူ့ခန္ဓာကိုယ်သည် ကလေးငယ် တစ်ယောက်လိုပင် သေးငယ်သော်လည်း သတ္တိရှိရှိ ရင်ဆိုင်သွားတာကြောင့် လုရွှမ်ရဲ့ နှလုံးသားကို လှုပ်ခတ်သွားစေသည်။ ရောင်စုံကျားသည် လုရွှမ်၏ရှေ့တွင် ခုခံရန် ရုန်းကန်နေရသည်။
မျှော်လင့်ထားသည့် အတိုင်း လိုအပ်တဲ့အခါ ကိုယ့်အတွက် စွန်းစားပေးလာသော မိတ်ဆွေကသာ စစ်မှန်သော မိတ်ဆွေ ဖြစ်လေသည်။
တစ်ကြိမ် ကြိုးစားကြည့်ပြီး မအောင်မြင်တဲ့အခါ သလင်းကျောက်ဘုရင်က သင်ခန်းစာတစ်ခု ရသွားပုံပေါ်သည်။ လုရွှမ်သည် မြေပြင်ထဲသို့ အကြိမ်ပေါင်းများစွာ ခိုးဝင်ပြီး ထိုမိုက်မဲသော သလင်းကျောက်ဘုရင်ကို ဖမ်းချင်နေ၏။
သို့သော် သူ့ရဲ့ ရွှေအရှိန် စီးဆင်းမှုနှုန်းမှာ အလွန်နိမ့်ပြီး ဤနေရာတွင်ရှိ မြေကြီးသည် လေးလံ လွန်းနေသည်။ ကြီးမားသော ဆွဲငင်အားအောက်တွင် ကျောက်တုံးများသည်ပင် သံမဏိကဲ့သို့ ဖြစ်နေသောကြောင့် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။
"ကောင်းပြီ.... တစ်ပွင့်က မလုံလောက်ဘူး ဆိုမှတော့ နှစ်ပွင့်ပေါ့...မင်းလို ကျိုးပဲ့နေတဲ့ ကျောက်တုံးတစ်တုံးက သွေးဆောင်မှုကို တွန်းလှန်နိုင်မယ်ဆိုတာ ငါမယုံဘူး"
လုရွှမ် အသည်းကွဲသွားပြီး နယ်ပယ်နှစ်ခုပန်း နောက်တစ်ပွင့်ကို ထုတ်ယူလိုက်သည်။
မွှေးရနံ့တစ်ခုက လူတိုင်းရဲ့ နှာခေါင်းကို လွှမ်းခြုံသွားပြီး ပန်းပွင့်နှစ်ပွင့်က တပြိုင်နက် လှုပ်ခတ်သွားကာ စွမ်းအင် လှိုင်းလုံးလေးတွေက နားမလည်နိုင်အောင် လှုပ်ရှားသွားသည်။
သလင်းကျောက် ဘုရင်မှာ ရုတ်တရက် ခုန်ထွက်လာပြီး တစ်ချိန်တည်းမှာပင် ၎င်း၏ ဆွဲဆောင်မှုကို မခံနိုင်သော အာကာသသားရဲသည်လည်း လုရွှမ်ဆီသို့ ပြေးလာသည်။
"လုရွှမ်ရှုန်းတိ... မင်း သလင်းကျောက်ဘုရင်ကို ဖမ်းလိုက်.... ငါ သူ့ကို တားထားမယ်"
ဟူဖူက အော်ဟစ်ပြီး အာကာသသားရဲ ဆီသို့ ပြေးသွားကာ လုရွှမ်အချိန်ရစေဖို့ အပြင်းအထန် တိုက်ခိုက်ရန် ကြိုးစားလိုက်လေသည်။
ကျားလက်ဖဝါးကို လှမ်းကြည့်ရင်း လုရွှမ်၏ လက်ဖဝါးများသည် အဝါရောင် အလင်းများဖြင့် တောက်ပလာပြီး ဆင်သံချပ်ရွှေကိုယ်ထည်ကို ထုတ်၍ ခုန်ပေါက်နေသော သလင်းကျောက်ဘုရင်ကို ဖမ်းဆုပ်လိုက်သည်။
သူ့လက်ဖဝါး လွတ်သွားသော်လည်း လုရွှမ် လုံးဝ မအံ့သြသွားခဲ့ပေ။ သလင်းကျောက်ဘုရင်က ထိုကဲ့သို့သော မှော်အစွမ်းများ ရှိကြောငိး သူသိခဲ့သည်မှာ ကြာလေပြီ။ တခြားလက်ဖဝါးရှိ ပန်းပွင့်က ရုတ်တရက် ပျောက်ကွယ်သွားကာ ကျောက်စိမ်းပြားထဲသို့ ထည့်လိုက်သည်။
စိမ်းပြာနဂါး၏ စွမ်းအားများ ထွက်ပေါ်လာပြီးနောက် လုရွှမ်သည် သလင်းကျောက် ဘုရင်အား နဂါး စွမ်းအင်ဖြင့် တိုက်ရိုက် ဖိနှိပ်လိုက်ပြီးနောက် လက်သီးချက်များကို တစ်လုံးပြီးတစ်လုံး ပစ်ထုတ်ကာ သလင်းကျောက် ဘုရင်အား ကျောက်စိမ်းပြားထဲသို့ အမိအရ ပစ်ထည့်လိုက်တော့သည်။
အရိပ်တစ်ခုက နောက်ပြန် လွင့်လာခဲ့သည်။ လုရွှမ် ထိုအရိပ်ကို အမြန်ဖမ်းလိုက်ရာ သူကိုင်မိလိုက်တာက တကယ့်ကို ကျားသားရေ တစ်ခု ဖြစ်လေသည်။ ဤကျားနတ်ဆိုးသည် ရိုးသားလွန်း၍ သားရဲကို ပိတ်ဆို့ချင်သောကြောင့် အပြင်းအထန် ကြိုးစားခဲ့၏။
လုရွှမ် ဆေးလုံး၂လုံးကို သူ့ပါးစပ်ထဲသို့ အမြန် ပစ်ထည့်လိုက်ပြီး သန့်စင်သော ဝိညာဉ်စွမ်းအင်ကို ဟူဖူ၏ လက်ဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း ပေးလိုက်လေသည်။
ဟူဖး၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွား၏။ သူ့ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောင်ဝါက အလွန် ကြောက်စရာ ကောင်းလှသည်။
"ကောင်းကောင်း အနားယူလိုက်!"
လုရွှမ် သူ့ပခုံးကို ပွတ်သပ်ပေးလိုက်ကာ အာကာသ သားရဲဆီသို့ ပြေးဝင်သွားခဲ့သည်။
ထိုအချိန်တွင် ကျောက်ယွဲ့ နှင့် ဖန်းမင်တို့သည် အာကာသသားရဲကို ဖမ်းချုပ်ထားသော်လည်း ဟူဖူလောက် အားမာန်မရှိပေ။ မဟာသူတော်စင် နှစ်ယောက်သည် စုစည်းကာ တိုက်ခိုက်သော်လည်း အာကာသသားရဲဆီက ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရသည်။
"အခင်းအကျင်းကို သုံး!"
ဖန်းမင်က အော်လိုက်သည်။
အာကာသသားရဲကို ကိုင်တွယ် ဖြေရှင်းရန် ကျွမ်းကျင်သူ အားလုံးကို စုစည်းခြင်းသည် အကောင်းဆုံး နည်းလမ်းသာ ဖြစ်ပြီး ၎င်းတို့တွင် သဘာဝအတိုင်း အရန်အစီအစဉ် တစ်ခုလည်း ရှိသည်။ တခြားလူတွေကလည်း မနှောင့်နှေးကြပေ။
မဟာသူတော်စင် နှစ်ပါးတည်းသာ သေသည်အထိ တိုက်ခိုက်နေကြလျှင် အဆုံးသတ် ကံကြမ္မာကို ကြိုတောင် မြင်နိုင်နေပြီ။
လူတစ်ဦးစီသည် အခင်းအကျင်း အလံတစ်ခုကို ကိုင်ဆောင်ကာ ထူးဆန်းသော အနေအထားအတိုင်း ရပ်လိုက်ကြသည်။ ဖန်းမင်နှင့် ကျောက်ယွဲ့တို့သည် တစ်ချက်စီ တိုက်ခိုက်ပြီး ဆုတ်ခွာသွားကာ အာကာသသားရဲ အခင်းအကျင်းထဲ ဝင်လာမယ့် အခြေအနေကို စောင့်ကြည့်နေကြသည်။
လုရွှမ် ကူကယ်ရာမဲ့စွာ ပြုံးကာ ခါးသီးစွာ ထပ်ပြုံးလိုက်ပြန်သည်။ အခင်းအကျင်း ဖွဲ့စည်းမှုများကို အသုံးပြုခြင်းသည် သဘာဝအတိုင်း အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ဒါပေမဲ့ အာကာသသားရဲက အင်မတန် ထက်မြက်လေ၏။ ဘယ်လိုလုပ် ထောင်ချောက်ထဲ ကျသွားနိုင်ပါ့မလဲ။ ဒါက မဟာသူတော်စင် နယ်ပယ်က အာကာသသားရဲလေ။ ဘယ်လိုလုပ် ဒီလောက် တုံးပါ့မလဲ။