ဥမင်လိုဏ်ခေါင်းကို မြှင့်တင်ပြီ
Vol. 52 Ch. 4.293
သို့သော် ယခုအချိန်တွင် ဒီထက် ပိုကောင်းတဲ့ နည်းလမ်း မရှိတော့ချေ။
လုရွှမ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ခုန်တက်သွားသည်။ တောက်ပသော နေမျက်လုံးများဖြင့် သူ့ပတ်ဝန်းကျင်ရှိ ထောင်ချောက် အားလုံးကို မြင်ရပြီး အာကာသ သားရဲနောက်သို့ အလျင်အမြန် ပြေးသွားသော်လည်း သူပေးလိုက်ရသော တန်ကြေးမှာ သွေးတစ်လုတ် အန်လိုက်ရခြင်းပင်။
သေခြင်းတရားရဲ့ စွမ်းအားက ဘယ်နေရာမှာ ပေါ်ပေါက်လာမယ် ဆိုတာကို ဘုရားပဲ သိလိမ့်မည်။ ဖန်းမင်နှင့် ကျောက်ယွဲ့တို့သည်လည်း လူမိုက်များ မဟုတ်ကြပေ။ လုရွှမ် သူတို့ဆီ ပြေးလာသည်ကို မြင်သောအခါ အစွမ်းကုန် တိုက်ခိုက်ပြီး အာကာသသားရဲကို တင်းတင်းကျပ်ကျပ် ချုပ်ထားလိုက်သည်။
"ယွမ်ယန်စွမ်းအင်... ကောင်းကင်မီးလက်သီး!"
လက်သီးနှစ်ချက်ကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သည်။
ဤသည်မှာ လုရွှမ်၏ ကိုယ်ပိုင်လက်သီး သိုင်းကွက်ဖြစ်ပြီး ယွမ်ယန်ကျင့်စဥ်ရဲ့ အကျိုးသက်ရောက်မှုကို အထိရောက်ဆုံး ထုတ်ဆောင်နိုင်ရန် သူ့ကိုယ်ပိုင်ခွန်အားကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
အနီရောင် နေလုံးနှင့် အနီရောင် မီးတောက်တို့ ပေါင်းစပ်ကာ အာကာသ သားရဲဆီသို့ ပြေးဝင် ပေါက်ကွဲသွားခဲ့သည်။
အာကာသသားရဲသည် ကံကိုရှာ၍ ကံဆိုးမှုကို ရှောင်ကြဉ်တတ်သော မဟာသူတော်စင် နယ်ပယ်က ဖြစ်ရာ အရှေ့က အခင်းအကျင်းထဲကို ဝင်လိုက်တာနဲ့ ပြန်ထွက်လို့ မရနိုင်တော့မှန်း သိတာကြောင့် ဖန်းမင်နဲ့ ကျောက်ယွဲ့ကို တိုက်ခိုက်ပြီးနောက် လုရွှမ်ဘက်ကို လှည့်လာခဲ့သည်။
သူ့မျက်လုံးထဲက လှောင်ပြောင်သော အကြည့်သည် တကယ့် လူတစ်ယောက်လိုပင်။
လုရွှမ်သည် သူတို့ သုံးယောက်ထဲတွင် အပျော့ဆုံး ဖြစ်တာကို နားလည်ထားသော်လည်း သူ၏ အနေအထားသည် အမှန်တကယ်ပင် အဆင်ပြေဆုံး ဖြစ်သည်။ သူသည် အာကာသ သားရဲ၏ ထိုးနှက်မှုကို ခံနိုင်ရည်ရှိသရွေ့ အာကာသသားရဲသည် မလွှဲမရှောင်သာ အဖမ်းခံရမှာပဲ ဖြစ်သည်။
စိမ်းပြာနဂါး၏ နှလုံးခုန်သံသည် လျင်မြန်စွာ ခုန်ပေါက်နေပြီး သန့်စင်သော နဂါးစွမ်းအားများ လျှံထွက်လာသည်။ သူ့ကျောပြင်ပေါ်ရှိ နဂါးကျောရိုးကြီးရဲ့ အရှိန်အဝါက မြင့်မားလာသလို ခန္ဓာကိုယ်က မာကျောလာသည်။
ယွမ်ယန်စွမ်းအင်ဟာ အရှိန်အပြည့်နဲ့ ပြေးလွှားနေပြီး တစ်ကိုယ်လုံး ပြင်းထန်တဲ့ အလင်းတန်းတွေ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင် မီး၏ အလင်းမှုန်များက သူ့မျက်လုံးထဲတွင် တောက်ပနေပြီး စိမ်းပြားနဂါးကြီး၏ အရိပ်တစ်ခုက သူ့နောက်တွင် ကျယ်လောင်စွာ အော်ဟစ်နေသည်။
သူ့လက်ထဲမှ မီးလုံးနှစ်လုံး ထွက်ပေါ်လာ၏။ တစ်လုံးမှာ မသေနိုင်သော ဖီးနစ်၏ ကောင်းကင်မီးဖြစ်သည့် ခရမ်းရောင်ဖြစ်ပြီး နောက်တစ်လုံးမှာ အနီရောင်ဖြစ်သည့် စိတ်ဝိညာဥ်မီးတောက် ဖြစ်ပေသည်။
ဆန်းပြားသော လှည့်ကွက်များ မပါဘဲ လုရွှမ်သည် သူ၏ စွမ်းအင်အားလုံးကို စုစည်းလိုက်ပြီး သူ့နှလုံးသားထဲက လှုံ့ဆော်မှုဖြင့် ပြင်းထန်သော လက်သီးဖြင့် ထိုးချလိုက်လေသည်။
နိယာမစွမ်းအင် လိုင်းများ တိတ်တိတ်ဆိတ်ဆိတ် ခုန်တက်လာကာ လုရွှမ်ရဲ့ လက်သီးထဲသို့ စုစည်း ဝင်ရောက်သွား၏။ ဒါက အာကာသသားရဲကို သော့ခတ်ထားနိုင်သော နိယာမစွမ်းအင် နည်းဥပဒေသပဲ ဖြစ်သည်။
လုရွှမ်ရဲ့ အသွင်အပြင်က လူတိုင်းကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။ ထိုလူဟာ ကျင့်ကြံသူ မဟုတ်ဘဲ လူသားဆန်သော စိမ်းပြာရောင် နဂါးတစ်ကောင်သာ ဖြစ်ကြောင်း ထင်ရှားနေပြီလေ။
နဂါးဟောက်သံနှင့်အတူ လုရွှမ်သည် အာကာသသားရဲ၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးချလိုက်တော့သည်။
လုရွှမ်လည်း အကာသသားရဲရဲ့ တိုးဝင်လာမှုကို မရှောင်နိုင်ဘဲ ၎င်း၏ဦးခေါင်းပေါ်က ချိုနှစ်ချောင်းသည် သူ့ရင်ဘတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်သွားလေသည်။
ကောင်းကင်မီး၊ နတ်လက်သီးများ၊ အလင်းမှုန်များနှင့် စိမ်းပြာနဂါးစွမ်းအင် အလင်းတန်းများသည် အာကာသသားရဲကို အဆက်မပြတ် တိုက်ခိုက်နေသည်။ သနားစရာ ကောင်းသော ညည်းတွားသံများကြားတွင် အာကာသသားရဲမှာ နောက်ပြန် ဆုတ်သွားခဲ့ရသည်။
ဖန်းမင်နဲ့ ကျောက်ယွဲ့တို့သည် ထိုအချိန်ကို အခွင့်ကောင်းယူ၍ အာကာသသားရဲကို ရှေ့သို့ မျှားခေါ်သွားနိုင်ရန် လူတိုင်းကို လျင်မြန်စွာ စုစည်းလိုက်ကြပြီး အာကာသသားရဲအား အခင်းအကျင်းထဲ ချိတ်ပိတ်လိုက်ကြသည်။
လုရွှမ် ရင်ဘတ်ပေါ်တွင် ဒဏ်ရာအကြီးကြီး နှစ်ခုဖြင့် လွင့်ကျသွားကာ သူ့ခန္ဓာကိုယ်က ကွဲထွက်လုနီးပါး ဖြစ်သွားသည်။ ကံကောင်း ထောက်မစွာ သူသည် ရွှမ်ခုန်းတောင်တွင် နည်းလမ်း အမျိုးမျိုးဖြင့် လေ့ကျင့် သင်ကြားခဲ့ရလို့ ဒီနာကျင်မှုကို ခံနိုင်ရည်ရှိနေပြီ။ တခြားသူများဖြစ်တဲ့ ဖန်းမင်တို့သာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပါက ကျိန်းသေ သေလိမ့်မည်။
ဆေးလုံး တစ်လုံးကို မျိုချလိုက်ပြီးနောက် သန့်စင်သော ဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး လုရွှမ် သူ၏ဒူးနှစ်ဖက်ပေါ် လက်တင်ကာ ပြန်လည် ကောင်းမွန်လာအောင် ကုသနေစဥ် အကျွမ်းတဝင် ရှိသော အရိပ်အယောင်ကို ခံစားမိကာ သူ့ရှေ့တွင် လူတစ်ယောက်က လာရပ်လေ၏။
၎င်းက ကျားတစ္ဆေသားရဲ ဟူဖူ ဖြစ်တာကို သိပေမယ့် လုရွှမ် ဝိညာဉ်အသိ တစ်ခုကို ချန်ထားခဲ့သေးသည်။ ရားရားက ၎င်းကို စောင့်ကြည့်ကာ အစွမ်းကုန် ပြန်လည် ကုသပေးလာခဲ့သည်။
တစ်ဖက်လူက မကောင်းတာလုပ်ဖို့ အခွင့်အရေးကို အခွင့်ကောင်းယူမည်ဟု သံသယ ဝင်နေခြင်း မဟုတ်သော်လည်း ကျိုးရန်၏ သစ္စာဖောက်ကြောင့် လုရွှမ် တခြားသူများကို လွယ်လွယ်နဲ့ မယုံကြည်နိုင်တော့ချေ။
စိမ်းပြာနဂါး နှလုံးရဲ့ စွမ်းအားက စိမ်းပြာနဂါး စွမ်းအားကို သူ့ရင်ဘတ်ဆီသို့ ပို့လွှတ်လာခဲ့သည်။ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားပြီး ဘာပြဿနာမှ မရှိဘဲ လမ်းလျှောက်နိုင်ပြီဟု ခံစားလာရသောကြောင့် လုရွှမ် မတ်တပ် ထရပ်လိုက်သည်။
ဟူဖူက ခေါင်းညိတ်ပြပြီး ပြန်ထွက်သွားသည်။
ဖန်းမင်နှင့် ကျောက်ယွဲ့တို့သည် အခင်းအကျင်းရှေ့တွင် ရပ်လျက် ဖမ်းချုပ်ထားသော အာကာသသားရဲကို အဆက်မပြတ် ထိန်းချုပ်နေကြသည်။
အာကာသသားရဲသည် အာကာသထဲတွင် မှော်အစွမ်းများ ရှိသော်လည်း အခင်းအကျင်းထဲ၌ လုံးဝ အသုံးမပြုနိုင်ချေ။ အာကာသသားရဲ၏ ခန္ဓာကိုယ်ကို ကုတ်ခြစ်ထားသည့် ဓားများက လေထဲတွင် အစီအရီ ရှိနေသည်။ ၎င်း၏ ကြမ်းတမ်းသော အမွေးများ အမှန်တကယ် ကျွတ်သွားကာ သွေးစက်များ စီးကျလာသည်။
လုရွှမ်သည် ဖန်းမင်မှ ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်ပြီး အာကာသသားရဲ၏ သွေးများ ကျောက်စိမ်းပုလင်းထဲသို့ သိမ်းဆည်းလိုက်သည်အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အာကာသသားရဲသည် ပိတ်မိနေသော သားရဲတစ်ကောင် ဖြစ်လာသည်။ လုရွှမ်သည် ၎င်းကိုမြင်သောအခါ တိတ်တဆိတ် ထိတ်လန့်သွားမိသည်။ ဒါက ဘယ်လို အခင်းအကျင်းမျိုးလဲ။
လူနှစ်ဆယ်၏ ထိန်းချုပ်မှုအောက်မှာ အာကာသသားရဲသည် မဟာသူတော်စင် ဖြစ်သော်လည်း ခုခံနိုင်စွမ်း ကင်းမဲ့သွားခဲ့သည်။ တခြားသော မဟာသူတော်စင်တွေသာ ဒီအခင်းအကျင်းကို ရင်ဆိုင်ရပါက ခံနိုင်ရည် ရှိပါ့မလား။
"ညီလေးလုရွှမ်.... မင်း အတွေးလွန်နေတာပဲ ဒါက အာကာသသားရဲတွေနဲ့ ဆက်ဆံတဲ့ နေရာမှာ အထူး အသုံးဝင်တယ်.... သူ့ရဲ့ အာကာသ မှော်စွမ်းအားကို ဖိနှိပ်လိုက်နိုင်တာနဲ့ သူ့မှော်စွမ်းအားရဲ့ ၈၀% ကို အနည်းဆုံး ပိတ်ထားနိုင်ရတယ်.... မဟုတ်ရင် သတ်ရတာ လွယ်မှာမဟုတ်ဘူး"
လုရွှမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိရန် စိတ်ကူးထားသောကြောင်း ဖန်းမင်က ပြောပြလာသည်။ ဒီအခင်းအကျင်းကြောင့် လုရွှမ် သူ့အား ကြောက်သွားမည်ကို စိုးရိမ်သဖြင့် အခင်းအကျင်း၏ အန္တရာယ်များ အကြောင်းကို သူ တိုက်ရိုက်ပဲ ပြောပြလာခဲ့သည်။
လုရွှမ်လည်း သက်ပြင်းတစ်ချက် ချကာ ပြုံးပြလာသည်။
"အစ်ကိုဖန်းမင် ကျွန်တော့်စိတ်ထဲ ရှုပ်ထွေးနေတာတွေကို ရှင်းပေးလို့ ကျေးဇူးတင်ပါတယ်... ဟားဟား တကယ် ကြောက်စရာ ကောင်းတယ်"
သူတော်စင်နယ်ပယ် အဆင့်၉မှ ပညာရှင် အယောက် (၂၀) က ဝိုင်း၍ နှိမ်နင်းခဲ့တာကြောင့် အာကာသသားရဲမှာ ခံနိုင်ရည် မရှိတော့ပေ။ နောက်ဆုံးတွင် ၎င်းသည် နာကျင်စွာ အော်ဟစ်ကာ သေဆုံးသွားခဲ့ပြီး ၎င်း၏သွေးများ အားလုံးကို ထိုလူတွေက စုဆောင်းသွားခဲ့သည်။
အခင်းအကျင်းကို ရုတ်သိမ်းလိုက်ပြီးနောက် ဖန်းမင်က အာကာသသားရဲကို လှမ်းကိုင်လိုက်ကာ။
"ဒီအာကာသသားရဲရဲ့ ခန္ဓာကိုယ်က အာကာသ နိယာမစွမ်းအင် တစ်မျိုးပဲ....သူ့အသားကို များများစားတာက အာကာသရဲ့ နိယာမတွေကို များများ နားလည်လာဖို့ ကူညီပေးလိမ့်မယ်"
တခြားလူများကလည်း လောဘတကြီး ဝမ်းသာသွားကြသည်။
"ဒီနေရာမှာ အာကာသ သလင်းကျောက်တွေ အများကြီး ရှိနိုင်တယ်.... အဲဒါတွေကို သေချာ ရှာကြရအောင်"
လုရွှမ်က ဆို၏။ သူသည် အာကာသ သလင်းကျောက် ဘုရင်ကို ရရှိထားပြီး ဖြစ်သောကြောင့် သဘာဝအတိုင်း တခြားသူများနှင့် မျှဝေသင့်လေပြီ။ အရင်က သလင်းကျောက်တွေ အများကြီး တွေ့ဖူးတာကြောင့် နည်းနည်း ခွဲလိုက်ရုံပါပဲ။
လုရွှမ် မျက်လုံးများထဲက ထွက်ပေါ်လာသော အလင်းရောင်များ အလင်းရောင်ဖြင့် တောက်ပလာပြီး သူ့မျက်နှာအောက်တွင် အာကာသ သလင်ူကျောက်တုံးများ ရုတ်တရက် ပေါ်ထွက်လာသည်။ လူတိုင်းက သူ့ကို ကျေးဇူးတင်စကားများ အသံကုန်ထုတ် ဆိုလာကာ ဖန်းမင်နဲ့ ကျောက်ယွဲ့တို့ကပါ မြေပြင်ပေါ်ရှိ သလင်းကျောက်တုံးများကို ရှာဖွေတဲ့ အဖွဲ့ထဲ ပါဝင်သွားခဲ့သည်။
သလင်းကျောက်တုံး နှစ်ရာလောက်ကို စုဆောင်းပြီးနောက် လုရွှမ် သူ့စွမ်းအင်များကို ပြန်ရုတ်သိမ်းလိုက်သည်။ တခြားလူများက အနည်းငယ် တွန့်ဆုတ် နေသေးသော်လည်း လောဘတက်လို့ မရနိုင်တော့မှန်းတော့ သိကြလေသည်။ ဒီအဆင့်ထိ ကျင့်ကြံပြီးပြီမို့ လောဘရဲ့ အကျိုးဆက်ကို အားလုံး သိကြပြီး မူလလမ်းရာ လမ်းအတိုင်း လျှောက်ပြန်ခဲ့၏။
အာကာသသားရဲ၏ သွေးများကို အာကာသ ဥမင်လိုဏ်ခေါင်းထဲသို့ သွန်းလောင်းခဲ့ပြီးနောက် အာကာသ ဥမင်လိုဏ်ခေါင်းသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လာသည်။ အလင်းများ မှိန်ဖျော့သွားတဲ့အခါ အာကာသ အတွင်းရှိ အပေါက်သည် မုခ်ပေါက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ပြင်းထန်သော လေပြင်းများ ထပ်မံ မတိုက်တော့ဘဲ အာကာသ သားရဲများလည်း ကောင်းကင်အက်ကြောင်းထဲက ထွက်ပေါ်လာခြင်း မရှိတော့ချေ။ ထိုအစား ငြိမ်သက်မှု အရိပ်အယောင်များသာ ထွက်ပေါ်လာခဲ့သည်။
"ဟာဟား... ဒီနေရာက ကျိုးရန်ဧကရာဇ် အင်ပါယာရဲ့ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ ဥမင်ပဲ... မိတ်ဆွေလေးလုရွှမ် အနာဂတ်မှာ ဒီအကြောင်းကို စိတ်ဝင်စားရင် ငါတို့နဲ့ လာဆွေးနွေးလို့ရတယ်"
ဖန်းမင်က အာကာသ ဥမင်လိုဏ်ခေါင်းထဲသို့ ဝင်သွားပြီး
"အာကာသ သလင်းကျောက်က အာကာသဥမင်လိုဏ်ခေါင်းကို ဖြတ်သွားနိုင်တဲ့ လက်မှတ်တစ်ခုပဲ... အဲဒါ ကိုယ်ပိုင် ကျင့်ကြံမှု အဆင့်ပေါ်မှာ မူတည်တယ်... ဒါပါပဲ နှုတ်ဆက်ပါတယ် ညီလေးလုရွှမ်...."
"ညီအစ်ကို... နှုတ်ဆက်ပါတယ်"
ဟူဖူက လှမ်းအော်လိုက်ပြီး လုရွှမ်ကို အားကြိုးမာန်တက် ပွေ့ဖက်ပြီးနောက် အာကာသ ဥမင်လိုဏ်ခေါင်းထဲသို့ ၀င်သွားခဲ့သည်။
လူတိုင်းကို နှုတ်ဆက်ပြီးနောက် လုရွှမ် လက်ရှိ သူတော်စင်တစ်ပိုင်း ကမ္ဘာကို ကြည့်လိုက်ရာ အကွဲကွဲအပြားပြား ဖြစ်မည့် အန္တရာယ် မရှိတော့ပေ။ သူမဝင်လာမီကနှင့် လုံးဝ ခြားနားသွားပြီ။ ယခုအခြေအနေသည် အလွန် တည်ငြိမ်နေပြီး အနာဂတ် ကမ္ဘာကြီးကိုလည်း အကျိုးပြုစေနိုင်လောက်ပြီ။