ထျန်းလုံဧကရာဇ် အင်ပါယာ၏အကြီးအကဲ
Vol. 52 Ch. 4.294
လုရွှမ်လည်း ဖန်းမင်ဆိုတဲ့ လူက အာကာသ အကြောင်းကို ကောင်းကောင်းသိကြောင်း ခံစားခဲ့ရသည်။ သူသည် အရာအားလုံးကို အပေါ်မှအောက်ခြေအထိ သိကျွမ်းပြီး ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။ ဤလူတွင် ပျမ်းမျှအင်အားနှင့် ချို့ယွင်းချက် ရှိသော စရိုက်လက္ခဏာရှိပြီး သူ့နောက်ကွယ်မှာ နောက်ခံမရှိသောကြောင့် ဆုံးဖြတ်ချက် တချို့ကို မချနိုင်တာ သနားစရာတော့ ကောင်းလှသည်။
အခု ဒီအာကာသ ဥမင်လိုဏ်ခေါင်း ပုံသဏ္ဌာန် ဖြစ်လာတာကို စိတ်ကူးကြည့်ရရင် မကြာခင်မှာ ကြီးကျယ်ခမ်းနားတဲ့ မဟာသူတော်စင်ကြီး တစ်ယောက် ရောက်လာလိမ့်မယ်လို့ ယုံကြည်ရလေ၏။
တိမ်ပင်လယ်နယ်မြေသည် အလွန်ကြီးမားပြီး အဆင့်မြင့် ဧကရာဇ် အင်ပါယာများသည် တစ်ခုနဲ့ တစ်ခုကြား ဝေးကွာသော အကွာအဝေးတွင် ရှိနေကြသည်။ အဆင့်မြင့် ဧကရာဇ် အင်ပါယာများသည် အာကာသ ဥမင်လိုဏ်ခေါင်းများမှ တဆင့် သွားရာတွင် အချိန်များစွာ သက်သာစေနိုင်သည်။
အထူးသဖြင့် ဤနေရာရှိ သူတော်စင်တစ်ပိုင်း ကမ္ဘာတစ်ခုလုံးတွင် အာကာသ သလင်းကျောက် အရင်းအမြစ်များ ပေါများသောကြောင့် ကျင့်ကြံသူ အမြောက်အမြားသည် အနာဂတ်တွင် အဓိကအင်ပါယာများမှ ထျန်းလုံဧကရာဇ် အင်ပါယာအထိ ဆက်လက် စုရုံးနေဦးမှာ သေချာပေသည်။
ထိုနည်းတူစွာ အဆင့်မြင့် ဧကရာဇ် အင်ပါယာများကို ရောက်နိုင်ဖို့ တောင့်တနေသော ကျောင်းသားများနှင့် ပါရမီရှင်များကိုလည်း အဆင့်မြင့်မားသော အင်ပါယာများက ရွေးချယ်သွားလိမ့်မည်။
ထျန်းလုံဧကရာဇ် အင်ပါယာကဲ့သို့ အလယ်အလတ် တန်းစား ဧကရာဇ် အင်ပါယာများသည် အဆင့်မြင့် အင်ပါယာများအတွက် အရည်အချင်း ပြည့်ဝသော နေရာဖြစ်လာမည် ဖြစ်သည်။
လုရွှမ်သည် အနာဂတ်တွင် ဤနေရာ၌ ထိုအရာများစွာ ဖြစ်ပျက်လာမယ် ဆိုတာကို အသာလေးပင် စိတ်ကူးကြည့်နိုင်သည်။
ယခုမူ လုရွှမ်သည် သူ၏ခွန်အားကို လျင်မြန်စွာ မြှင့်တင်ရမည်ဟု ဆုံးဖြတ်လိုက်၏။ ခွန်အားမရှိလျှင် ဟောပြောခွင့် မရှိချေ။ သူတော်စင်တစ်ပိုင်း အဆင့်၇ ပါရမီရှင်၊ အနှစ်တစ်ထောင်လျှင် တစ်ကြိမ်သာ ပေါ်လာနိုင်သော ပါရမီရှင်ပင်လျှင် အောင်မြင်ခင်အထိ ပုရွက်ဆိတ်တစ်ကောင် ဖြစ်မေဆဲပင်။
အခု ဒီပုရွက်ဆိတ်မှာတော့ အရင်းအမြစ်တွေ အများကြီး ရှိနေပြီ။ ထူးဆန်းတဲ့ မီးတောက်နှစ်မျိုး၊ ဂိုဏ်းကြီးခြောက်ခုရဲ့ တစ်ချိန်က ပျောက်ဆုံးသွားခဲ့တဲ့ လျှို့ဝှက်ချက်တွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အမြင်အာရုံတွေ၊ သလင်းကျောက်ဘုရင်။
ဤအရာများသည် မကြာမီတွင် ဧကရာဇ် အင်ပါယာကြီးများ ကြားတွင် ပျံ့နှံ့လာမှာကို လုရွှမ် ကောင်းကောင်း သိပါ၏။ တစ်ချိန်တည်းမှာပဲ လူစုကို ကွဲသွားစေရတဲ့ အရာကတော့ လုရွှမ်ဟာ သူတော်စင်တွေကို သတ်ဖြတ်ခဲ့ခြင်းရဲ့ နောက်ကွယ်က တရားခံ ဖြစ်နေလို့ပင်။
သာလွန်ထူးကဲသော စွမ်းအားသည် အဆင့်မြင့် ဧကရာဇ် အင်ပါယာများက သခင်များကို သဘာဝကျကျ သတိပေးပြီးသား ဖြစ်သွားလိမ့်မည်။ သို့သော် ဖြစ်ပျက်ခဲ့သမျှသည် အလွန် အံ့သြစရာ ကောင်းတာကြောင့် လူများစွာက ၎င်းကို တွေးတောရုံဖြင့် ယုံကြည်လက်ခံခြင်း မရှိနိုင်လောက်ပေ။
ဆန့်ကျင်ဘက် အနေနှင့် လုရွှမ်ကိုသတ်ပြီး သူ့အခွင့်အရေးများကို လုယူရန် အကြောင်းပြချက်များ ပေးလာနိုင်သည်။
လူ့သဘောသဘာဝ၏ ကရုဏာသည် လူ့နှလုံးသားကို နွေးထွေးစေပြီး ကျေးဇူးတရားကို ဘယ်တော့မှ မမေ့နိုင်စေချေ။ လူ့သဘော သဘာဝ၏ မကောင်းမှုသည် စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့ အခြေအနေမျိုး ဖြစ်လာသည်နှင့် တပြိုင်နက် လူ့နှလုံးသားက တစ်သက်လုံး အေးခဲသွားနိုင်သည်။
ဤအရာ အားလုံးသည် ခိုင်ခံ့သန်မာသော ခွန်အားအပေါ်မှာလည်း အခြေခံလေသည်။
သူ့ခွန်အားများကို ပြန်လည် ကုသပြီးနောက် လုရွှမ် သူတော်စင်တစ်ပိုင်း ကမ္ဘာမှ ထွက်ခွာသွားခဲ့သည်။
အလွန်ဆိတ်ငြိမ်သော ကမ္ဘာတစ်ခုကို သူရုတ်တရက် ဝင်ရောက်မိသွားသလိုပင်။ သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ အပြင်ဘက်တွင်ရှိ လူအားလုံးသည် လုရွှမ်ဆီသို့ မျှော်ကြည့်နေကာ လူပင်လယ်ကြီး တစ်ခုလို ဖြစ်နေတော့သည်။
"အဲဒါ ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်ပဲ!
"ဘာ ချင်းလုံအရှင်လဲ? သူက သခင်လေးယွမ်ယန်... ပြီးတော့ နိုင်ငံငယ်လေးက လာခဲ့တဲ့ အံ့ဖွယ်ပါရမီရှင် လုရွှမ်ပဲ!"
"သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ.... သူ့ရဲ့ အရှိန်အဟုန်နဲ့ အမူအယာကို ကြည့်လိုက်.... ဝိုး သူ အရမ်းချောတာပဲ ငါ သူ့ကို လက်ထပ်ချင်လိုက်တာ.... "
…
မြောက်မြားစွာသော ဆွေးနွေးမှုများသည် ကိုးကွယ်မှု၊ ကြည်ညိုမှု၊ ကြောက်ရွံ့မှု၊ ငြူစူမှု၊ မနာလိုမှု စသည်ဖြင့် များပြားလှသည်။
ရုတ်တရက် လေပြင်းတွေ တဟုန်ထိုး တိုးဝင်တိုက်ခတ်လာ၏။ ရက်စက်ကြမ်းကြုတ်တဲ့ အရှိန်အဝါ လှိုင်းတွေက ထိုဘက်ခြမ်းကို ပြေးလာပြီး ထိုကျင့်ကြံသူများသည် ထူးကဲသော အစွမ်းသတ္တိရှိသူများ ဖြစ်ကာ အများစုမှာ သူတော်စင်နယ်ပယ် အဆင့်ထက် သာလွန်သူများ ဖြစ်သည်။
ကြည့်ရှုနေသူများ၏ ထိတ်လန့် တုန်လှုပ်နေသည့် မျက်လုံးများကြားမှ လုရွှမ်ရှေ့သို့ အပြေးအလွှား ရောက်သွားကြကာ ထိုသခင်များ အားလုံး ဦးညွှတ်လိုက်ကြသည်။
"ထျန်းလုံကျောင်းအုပ်ကို နှုတ်ခွန်းဆက်သပါတယ်!"
အသံများသည် တစ်ပြေးညီတည်း ထွက်ပေါ်လာစဥ် အရှိန်အဟုန်သည် တုန်လှုပ် ချောက်ချားစရာ ကောင်းလှသည်။
လုရွှမ် ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သူ့အား နှုတ်ဆက်လာသူများသည် အမှန်တကယ် လာရောက် ဂုဏ်ပြုနေကြောင်း သိလိုက်တာကြောင့် လုရွှမ်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူက ပြုံးပြီး လူတိုင်းဘက်သို့ လက်ဝှေ့ယမ်းလိုက်သည်။
"မိတ်ဆွေတို့.... မတွေ့ရတာ ကြာပြီနော် အဆင်ပြေကြတယ်မလား"
ကြည့်ရှုသူများသည် သူတော်စင်တစ်ပိုင်း ကမ္ဘာထဲက လုရွှမ်နှင့် ပတ်သက်သည့် ကောလာဟလများကို သံသယ မရှိကြတော့ပေ။ ဒီလိုအရှိန်အဟုန်ကို ဖန်တီးနိုင်ခြင်းကြောင့် ထျန်းလုံကျောင်းအုပ်သည် သူ၏ ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။
လုရွှမ်တွက် စိတ်ဝိဥာဉ် အသိစိတ် ရှိနေပြီမို့ ဤလူများ တွေးတောနေပုံတို့ကို ချက်ချင်းပဲ ရှာဖွေတွေ့သွားခဲ့သည်။ သူ့ကို ကြိုဆိုရန် ရည်ရွယ်ချက် ရှိသော်လည်း သူ့ထံမှ အဆင့်မြင့် ဧကရာဇ် အင်ပါယာရဲ့ သတင်းကို သိရှိနိုင်ရန် မျှော်လင့်လျက် သူ့အား စမ်းသပ်ရန် ကြံရွယ်ထားခြင်း ဖြစ်ပေသည်။
ဒီလူတွေ အားလုံးဟာ တချို့သဘောတရားတွေကို နားလည်ပြီး ဘယ်လို ရွေးချယ်ရမလဲ ဆိုတာသိတဲ့ ထက်မြက်သူတွေ ဖြစ်ကြလေသည်။ နောင်တစ်ချိန်မှာ ဒီနေရာက အလွှာပေါင်းစုံမှ ဆရာကြီးများနှင့် မဟာသူတော်စင် ဆရာကြီးများပင် စုဝေးလာကြမည့် သာယာဝပြောရာ နေရာ ဖြစ်လာပေလိမ့်မည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤနေရာသည် အခွင့်အလမ်းများနှင့် ပြည့်နေတော့မည် ဖြစ်ပြီး ထို့နည်းတူ အန္တရာယ်များနှင့်လည်း ပြည့်နေမည်ဖြစ်သည်။
အခြေအနေ တချို့ကို ပြောပြပြီးနောက် လုရွှမ် သူ့ဘာသာသူ ထျန်းလုံကျောင်းတော်သို့ ပြန်သွားခဲ့သည်။
လုရွှမ် သူတော်စင်တစ်ပိုင်း ကမ္ဘာမှ ထွက်လာပြီဖြစ်တဲ့ သတင်းသည် တခဏချင်းတွင် ထျန်းလုံမြို့ တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။ ထျန်းလုံကျောင်းတော် အပြင်ဘက်တွင် လူပင်လယ်ကြီးတစ်ခု ရှိနေပြီး လူတိုင်းက ထျန်းလုံကျောင်းတော် ရှေ့မှာ ရပ်စောင့်နေကြခြင်း ဖြစ်ကြ၏။
မင်းသမီးပိုင်လုံ၏ ပံ့ပိုးမှုဖြင့် အဖိုးအိုတစ်ဦးသည် ထျန်းလုံကျောင်းတော်၏ ပထမဆုံး ကျောင်းအုပ်ကြီး ရုပ်တုရှေ့တွင် ရပ်နေခဲ့သည်။ သူ့နောက်မှာတော့ ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ တော်ဝင်အဖွဲ့တစ်ဖွဲ့ ပါ၀င်ကာ လုရွှမ် ရောက်လာတာကို မြင်တော့ အဖိုးအိုက ပြုံးပြီး ရှေ့ကို ထွက်လာခဲ့သည်။
"မဟာသူတော်စင်ပဲ.... သူ့အစွမ်းက ဖန်းမင်ထက်တောင် မြင့်နေသေးတယ်"
လုရွှမ် နှလုံးတစ်ချက် ခုန်သွားကာ ထျန်းလုံဧကရာဇ် အင်ပါယာသည် အမှန်တကယ်ပင် အုတ်မြစ်ရှိကြောင်း သိလိုက်သည်။ ဒီလူရဲ့ ပင်ကိုယ်စွမ်းရည်က တကယ်ကို ထူးခြားလေ၏။ တကယ်လို့ သူသာ ဒီနေရာကို မရောက်လာခဲ့ရင် သူ့ရဲ့ကျင့်ကြံမှုက ဒီထက်ပိုပြီး တိုးတက်လာနိုင်သည်။
"အကြီးအကဲ"
လုရွှမ် ရိုသေစွာ ဦးညွှတ် နှုတ်ဆက်လိုက်သည်။
ကျူးချွဲ့နှင့် ပိုင်ဟူကျောင်းအုပ်ကို ရင်ဆိုင်ရစဥ်က လုရွှမ်ရဲ့ ဝိညာဉ်အသိအာရုံက စွမ်းအင်တစ်ခုကို ခံစားခဲ့ရပြီး နှစ်သက်စရာ ကောင်းတယ်လို့ ယူဆရသည့် အငွေ့အသက်တွေလည်း ပါဝင်ခဲ့သည်။
နောက်ပြီးတော့ အကြီးအကဲက မင်းသမီးပိုင်လုံရဲ့ ဘိုးဘေး အကြီးအကဲ တစ်ယောက်ဖြစ်လို့ လုရွှမ် အနေနဲ့လည်း သူ့ကိုယ်သူ အငယ်တန်းလို့ ခေါ်ဝေါ်လိုက်တာက ပိုအဆင်ပြေပေ၏။
အဘိုးအိုက ရယ်မောပြီး လုရွှမ်ရဲ့ တံတောင်ဆစ်ကို ထိလျက်။
"မိတ်ဆွေလေးလုရွှမ် မြန်မြန်ထပါ.... ဒီမှာနာမည် အရမ်းကြီးနေတဲ့ အကြောင်း ငါလည်း ကြားဖူးတာ ကြာပြီ... မင်းနာမည်က နားထဲမှာ မိုးခြိမ်းသံလိုပဲ.... ဒီနေ့တော့ လူကိုယ်တိုင် မြင်လိုက်ရပြီ.. သေချာတာပေါ့ သူရဲကောင်း တစ်ယောက်ဆိုတာက လူငယ်တစ်ယောက်ဆီက စတင်လာခဲ့တာပဲ.. ကြားရတာထက် တစ်ကြိမ်မြင်ရတာက အဆတစ်ရာ ပိုသာပါတယ်"
မင်းသမီးပိုင်လုံက ပျော်ပျော်ရွှင်ရွှင်ဖြင့် အရှေ့ကို ထွက်လာကာ။
"အစ်ကိုလုရွှမ်.... ဒါက ကျွန်မအဘိုး... မဟာသူတော်စင် အဆင့်၄ပါ"
အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းပြီး
"ငါ အဲဒါအဆင့်ကို အလေးအနက် မထားရဲတော့ပါဘူး.... အခု အသက်ကြီးလာတော့ ငါ့နယ်ပယ်က ကျသွားပြီ ငါတို့ တကယ်တိုက်ရင် ငါက မိတ်ဆွေလေးလုရွှမ်ရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး"
အနီးနားရှိ လူတိုင်းက ငိုယိုကြလေသည်။ လုရွှမ် မသိသော်လည်း မင်းသမီးပိုင်လုံနှင့် အခြားသူများ ရှင်းရှင်းလင်းလင်း သိကြသည်။ ဒီအဘိုးကြီးဟာ ရှေးခေတ်က နာမည်ကြီးတဲ့ ရုပ်သွင်ရှိခဲ့သူပင်။ သူ့အဆင့်က အလွန်မြင့်မားပြီး ပါရမီရှင် များစွာ သူ့ခြေအောက်တွင် အရှုံးပေးခဲ့ရသည်။
သူ့ရဲ့ အကျော်ကြားဆုံးကတော့ သူက စကားကို ဘယ်တော့မှ မလိမ်ညာတတ်တာပါပဲ။ ယခုအချိန်တွင် လုရွှမ်၏ စွမ်းအားသည် သူ့ထက်သာလွန်ကြောင်း အဘိုးအိုက ပြတ်ပြတ်သားသား ပြောခဲ့တာကြောင့် လူတိုင်းက လုရွှမ်ကို ပိုမိုပြင်းထန်သော မျက်လုံးများဖြင့် အံ့သြထိတ်လန့်စွာ ကြည့်နေကြသည်။
"ဟာဟား.... အကြီးအကဲက ကျွန်တော့်ကို သိပ်အထင်ကြီးနေတာပဲ... ထျန်းလုံကျောင်းတော်က အကြီးအကဲရဲ့ နယ်မြေပါ... မြန်မြန် အထဲကို ကြွပါဦး"
နှစ်ဖက်စလုံးသည် ကျောင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး ဆွေးနွေးရန်အတွက် တိတ်ဆိတ်သော အခန်းကို ရှာဖွေခဲ့ကြသည်။ လုရွှမ်၏ လက်ရှိအဆင့်ကို အခြားသူများက မမြင်နိုင်သလို အဘိုးအိုလည်း မမြင်နိုင်ပေ။
"ဒီက မိတ်ဆွေလေး... မင်းမျက်နှာက ပုံမှန်အတိုင်းပါပဲလား? မင်း လုံးဝ ထိတ်လန့်မနေဘူး.... မင်းတကယ် မကြောက်တာလား?"
လုရွှမ်က ရယ်လျက်။
"အကြီးအကဲ ကျွန်တော် ကြောက်နေမယ်လို့ ထင်တာလား? အန္တရာယ်ဆိုတာ အနှေးနဲ့အမြန်တော့ ရောက်လာမှာပဲလေ...ဒါ့ထက် ကျွန်တော်က ဘာလို့ သူတို့ကို ကြောက်နေရမှာလဲ? တစ်ယောက်လာရင် တစ်ယောက်သတ်မယ် .... နှစ်ယောက် လာရင် နှစ်ယောက်လုံးကို သတ်ပစ်မယ် ."
"ကြည့်ရတာ မိတ်ဆွေလေးက ကမ္ဘာကြီးအပြင်ဘက်က ပြိုကျနေတဲ့ ကောင်းကင်ဘုံကို အတိအကျ အရောက်သွားချင်နေပုံရတယ်"
"တစ်နှစ်အတွင်းပေါ့!"
“ကောင်းတာပေါ့ ကောင်းတယ်”
အဘိုးအိုက သူ့မျက်ခုံးကြားမှ နက်မှောင်သော အရောင်ဖြင့် သက်ပြင်းချလိုက်သည်။
သူတို့နှစ်ယောက်လုံး တချို့ကိစ္စတွေကို ထုတ်ပြောရန် စိတ်ကူး မရှိကြသော်လည်း အဓိပ္ပာယ်ကိုတော့ နှစ်ယောက်လုံးက နားလည်ကြပါသည်။ အဘိုးအိုသည် လုရွှမ်အား ဤနေရာတွင် ဆက်မနေစေချင်ပေ။ အဆင့်မြင့် ဧကရာဇ် အင်ပါယာ၏ သခင်များထံ ထပ်ခါတလဲလဲ ကဲ့ရဲ့ပြစ်တင်ခြင်းကို ဆွဲဆောင်မိသွားစေမှာ ကြောက်ရ၏။
ထျန်းလုံဧကရာဇ် အင်ပါယာ အတွက်ကတော့ မဟာသူတော်စင်ကြီး ရှိနေလျှင် ရှားပါးသော အရင်းအမြစ်များကို ခွဲဝေသုံးစွဲခြင်းဖြင့် နှစ်ဖက်စလုံးကို ကျေနပ်စေမည့် အခြေအနေ တစ်ရပ်ကို အမြဲတမ်း ညှိနှိုင်းနိုင်ပါသည်။