← Chapters

ပြိုကျနေတဲ့ကောင်းကင်ဘုံကို သွားပြီ

Vol. 52 Ch. 4.295

ပြိုကျနေတဲ့ကောင်းကင်ဘုံကို သွားပြီ

Vol. 52 Ch. 4.295

"မင်းရဲ့တပည့် နှစ်ယောက်ဖြစ်တဲ့ ဝမ်လင်နဲ့ ဝမ်ကျောက်မှာ ထူးထူးခြားခြား အရည်အချင်းတွေ ရှိတယ်.... သူတို့ကို ငါကာကွယ်ပေးထားပါမယ်"

ထျန်းလုံဧကရာဇ် အင်ပါယာ တော်ဝင်မိသားစုရဲ့ အကြီးအကဲက သူ့ဖက်က နည်းနည်းလေး သနားစရာကောင်းတယ်လို့ ခံစားရစွာ ပြောလာခဲ့သည်။

"မင်း ထျန်းလုံဧကရာဇ်အင်ပါယာ ရတနာစံအိမ်ကို သွားပြီး ရတနာသုံးမျိုးကို ယူသွားလို့ရတယ်!"

အဘိုးအိုက ခဏတုံ့ဆိုင်းသွားပြီးမှ စကားတစ်ခွန်းကို ထပ်ဖြည့်လာခဲ့သည်။

လုရွှမ် ဘာတွေလုပ်နေလဲ ဆိုတာ သူကောင်းကောင်း သိသည်။ ယခုအချိန်တွင် ထျန်းလုံဧကရာဇ် အင်ပါယာသည် အနာဂတ်တွင် အထင်ကရ ဧကရာဇ်အင်ပါယာများမှ စေလွှတ်လိုက်သော သခင်များနှင့် စေ့စပ်ညှိနှိုင်းရန် ​ဖြစ်လာသော်လည်း ဒါတွေအားလုံးက လုရွှမ်ရဲ့ ဘုန်းအာနုဘော်ကြောင့် ဖြစ်လာခဲ့တာပင်။

ဒါပေမယ့် အခုအချိန်မှာတော့ လုရွှမ် တကယ် အသုံးတည့်ပေမယ့် မောင်းထုတ်ဖို့ လိုအပ်နေပါပြီ။ ဒါက သစ္စာဖောက်မှု တစ်မျိုးဖြစ်နေလည်း မတတ်နိုင်ချေ။

(ဘာသာပြန် - ထီးနန်းတက်သိမ်းမှာ ကြောက်နေပုံပဲ)

လုရွှမ်က တခစ်ခစ် ရယ်လိုက်သည်။ ဒီလို ရလဒ်မျိုး ဖြစ်လာမှာကို သူအစောကတည်းက ခန့်မှန်းမိတဲ့အတွက် ၎င်းအတွက် ကြိုတင် ပြင်ဆင်ထားသော်လည်း ရလဒ်ကို ကြားလိုက်ရတဲ့အခါ သူ့နှလုံးသားက အနည်းငယ် အေးစက်သွားခဲ့​သည်။

ဘာပဲဖြစ်ဖြစ် မေ့လိုက်ပါ။ ဒါ သူ့အမှား မဟုတ်ဘူးလေ။ ဒီနေရာက သူ့အတွက် ပိုလျှံနေတဲ့ နေရာတစ်ခုပဲ။ မင်းသမီးပိုင်လုံက သူ့ကို အစ်ကိုလို့ ခေါ်တဲ့အတွက် နှစ်သက်မှုတစ်ခုပဲလို့ မှတ်ယူလိုက်တော့မယ်။

"လိုက်မပို့တော့ဘူး!"

အဘိုးအိုက ခေါင်းယမ်းပြပြီး လှည့်ထွက်သွားခဲ့သည်။

လုရွှမ်သည် ထျန်းလုံဧကရာဇ် အင်ပါယာ၏ တော်ဝင်ရတနာ စံအိမ်သို့ မသွားခဲ့ပေ။ ထိုနေရာကို သူ မကြိုက်ပေ။ သူသည် မောင်နှမနှစ်ယောက်ဖြစ်သည့် ဝမ်လင်နှင့် ဝမ်ကျောက်အား ရက်အနည်းငယ် ကြာအောင် ၎င်းတို့၏ ကျင့်ကြံမှုလမ်းစဥ်ကို အသေးစိတ် ပြောပြကာ ရတနာအိတ် ၂ အိတ် ချန်ထား​ပေးခဲ့သည်။ အိတ်အတွင်း၌ လုံလောက်သော ဘဏ္ဍာနှင့် အရင်းအမြစ်များ ပါရှိသည်။

ဝမ်ကျောက်လည်း ထျန်းလုံကျောင်းတော်သို့သာ ဝင်ရောက်ခဲ့သည်။ ဝမ်လင်၏ လေ့ကျင့်မှု အဆင့်သည် သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိသွားခဲ့ပြီး သူမ ခွန်အားသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ဝမ်ကျောက်လည်း သူတော်စင်တစ်ပိုင်း နယ်ပယ်ကို ရောက်ဖို့ အချိန် အနည်းငယ်သာ လိုတော့သည်။

သူ့တပည့် နှစ်ယောက်လုံးကို နှုတ်ဆက်ပြီးနောက် လုရွှမ်သည် တစ်ယောက်တည်း သူတော်စင်တစ်ပိုင်း ကမ္ဘာထဲသို့ တစ်ဖန် ဝင်ရောက်လာခဲ့သည်။

ယခုအချိန်တွင် သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ စည်းမျဉ်းများသည် ပြင်ပလောက၏ စည်းမျဉ်းများထက် ပိုမိုပြည့်စုံပြီး ဝင်ရောက်သည့်အခါတွင် ကန့်သတ်ချက်များ မရှိတော့ပေ။ သူတော်စင်တစ်ပိုင်း ကမ္ဘာရှိ အာကာသ ဥမင်လိုဏ်ခေါင်းသည် ထျန်းလုံမြို့ တစ်ခုလုံးကို အာရုံခံစားမိစေခဲ့သည်။

သူတော်စင်တစ်ပိုင်း ကမ္ဘာတွင် အပိုအာကာသ ဥမင်လိုဏ်ခေါင်း တစ်ခုရှိတယကို လူတိုင်း သိသည်။ လုံလောက်သော အာကာသ သလင်းကျောက် များဖြင့်သာ အာကာသဥမင်လိုဏ်ခေါင်းကို ဖြတ်၍ အဆင့်မြင့် အင်ပါယာသို့ သွားနိုင်​လေသည်။

သူ့ရှေ့တွင် အခင်းအကျင်းတစ်ခု အသွင်သဏ္ဌာန် ပြောင်းလဲသွားတာကို ​ခံစားမိ၏။ လုရွှမ် အခင်းအကျင်းထဲသို့ ဝင်သွားသောအခါတွင် ဓားအလင်းတန်း တစ်ခုကို တွေ့လိုက်ရသည်။

ဓားအလင်းသည် လုရွှမ်ရဲ့ နှလုံးနေရာကို တိုက်ရိုက် ညွှန်ပြလျက် ရင်ဘတ်ထဲသို့ အပြင်းအထန် ထိုးသွင်းပစ်သည့်ချင် လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။

လုရွှမ်၏ လက်ဖဝါးသည် အလင်းရောင်များနှင့်အတူ တောက်ပနေပြီး သူက ဓားအလင်းကို တိုက်ရိုက် လှမ်းဖမ်ူလိုက်သည်။ သူ့လက်ထဲတွင် ဓားအလင်းတန်းကို ဖမ်းကိုင်လိုက်သည်နှင့် လက်ဖဝါးက တုန်ခါသွားပြီး မီးလုံးကြီးတစ်ခု ထိုး​တက်လာကာ ဓားအလင်းကို မီးလုံးတစ်ခုအဖြစ် တောက်လောင် သွားစေခဲ့သည်။

"ဘယ်သူတွေလဲ အကုန်ထွက်လာခဲ့!"

ကမ္ဘာပေါ်တွင် လေလုံသော တံတိုင်းမရှိပေ။ လုရွှမ် သူ့ခန္ဓာကိုယ်ပေါ်တွင် ရတနာများစွာ ရှိသည်။ သူတစ်ယောက်တည်း လမ်းမပေါ် လျှောက်သွားပါက ကျွမ်းကျင်သူများ၏ ဓားပြတိုက်ချင်သည့် ပစ်မှတ် ဖြစ်လာနိုင်သည်။

သူတော်စင်တစ်ပိုင်း ကမ္ဘာ၌ ဖြစ်ပျက်ခဲ့သော အရာများမှာ ပြီးပြည့်စုံသော အံ့ဖွယ်အမှု ဖြစ်သည်။ လူတွေက သူတို့ယုံကြည်တဲ့ အရာတွေကို တကယ့် အဖြစ်အပျက်တွေဆီ ယူဆောင်လာရတာကို နှစ်သက်ကြ၏။ တခြားလူက အကြိမ်တစ်ထောင်လောက် ပြောခဲ့ပေမဲ့ သူတို့စိတ်ထဲမှာ သံသယတွေ ရှိနေတုန်းပဲ ဆိုရင် သံသယတွေကို ဖြေရှင်းရန် ထွက်လာတတ်ကြလေသည်။

လုရွှမ် ပြောပြီးသည်နှင့် တစ်ပြိုင်နက် လူ၁၀ယောက်ကျော် ပေါ်လာခဲ့သည်။

"ထျန်းလုံကျောင်းအုပ်... ခင်ဗျားရဲ့ အရည်အချင်းက တကယ်ကို ထူးခြားပါတယ်... ဒါပေမဲ့ ပစ္စည်းတွေကို ထားခဲ့ရင် ပိုကောင်းလိမ့်မယ်"

လုရွှမ်မှာ ထိုပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအဆင့် သူတော်စင်များကို ကြည့်ကာ အဓိပ္ပာယ်မရှိသော စကားပင် မပြောလိုပေ။ သူက စိတ်ဝိညာဉ်မီးတောက်ကို တိုက်ရိုက် ထုတ်၍ ထိုလူအုပ်စုကို တစ်ခါတည်း ပြာချပစ်လိုက်တော့သည်။

သိပ်မကြာခင်မှာပဲ တခြားလူတစ်စု ပေါ်လာပြန်ရာ လုရွှန်လည်း မညှာတာစွာနဲ့ သူတို့ကို အဆုံးအထိ ပို့ဆောင်ပေးလိုက်သည်။ သူ လမ်းလျှောက်တာ မမြန်ပါဘူး။ လမ်းလျှောက်ရင်း သူ့ကို လာနှောင့်ယှက်တဲ့ လူတွေကို သတ်ပစ်ဖို့လည်း လုံးဝမကြောက်ဘူး။

သူ ဖြတ်သွားတဲ့ နေရာတိုင်းမှာ သွေးချောင်းများ စီးသွားပြီး လမ်းတစ်လျှောက် ပြာမှုန်များလည်း လွင့်စင်သွားခဲ့သည်။

"သူက သူ့အခွင့်အာဏာကို အခိုင်အမာ ရယူနေတာပဲ... နောက်ဆုတ်လိုက်!"

နောက်ဆုံးတော့ ပစ္စည်းလုချင်တဲ့ အိပ်မက်ကို စိတ်ကူးယဉ်နေကြသူတွေဟာ ဂုဏ်သိက္ခာကြီးတဲ့ ဂုဏ်သတင်းအောက်မှာ ကြောင်သူတော်တွေ ဖြစ်ကုန်ကြတော့သည်။

အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ လူတွေကလည်း ကြောက်လန့်တကြား ဆုတ်ခွာသွားကြပြီး လုရွှမ် ဝိညာဉ်စွမ်းအင် ခံယူချက်ရဲ့ အကွာအဝေး အတွင်းမှာ ဘယ်သူမှ မကျန်တော့ချေ။ လုရွှမ် သက်ပြင်းချလိုက်ပေသည်။ သူမျှော်လင့်နေတဲ့ လူက လုံးဝ ပေါ်မလာခဲ့ပါဘူး။

လုရွှမ်သည် အာကာသ ဥမင်လိုဏ်ခေါင်းမှ မထွက်ခွာ​သေးဘဲ သူတော်စင်တစ်ပိုင်း ကမ္ဘာမှ ဆုတ်ခွာသွားခဲ့သည်။ ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့သည် သူ့နောက်မှ လိုက်ကြပြီး သုံးယောက်သား သူတော်စင်တစ်ပိုင်း ကမ္ဘာထဲက အနက်ဆုံးအပိုင်းသို့ တစ်ဖန် ဝင်ရောက်ကာ အာကာသ ဥမင်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားကြသည်။

ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့၏ ခွန်အားသည် အခုအချိန်ထိ နောက်ကျ ကျန်နေပါသေးသည်။ သူတို့သည် သူတော်စင်နယ်ပယ်​များ မဖြစ်လာသေးဘဲ ပုရွက်ဆိတ်များ ဖြစ်နေဆဲပင်။ သို့သော် လုရွှမ်၏ အပြည့်အဝ ကာကွယ်မှုအောက်တွင် အာကာသ ဥမင်လိုဏ်ခေါင်းထဲ ဝင်လာခဲ့၏။ ထွက်လာပြီးနောက် ၎င်းတို့၏ ယွမ်ချီမှာ ပျက်စီးလာသည်။

လုရွှမ် ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာအကြောင်းကို ကြားဖူးသည်မှာ ကြာပါပြီ။ သူထိုနေရာသို့ ရောက်လာသောအခါတွင် ၎င်းကို ကိုယ်တိုင် တွေ့ကြုံ ခံစားရ​တော့သည်။ မျှော်လင့်ထားသည့်အတိုင်း ၎င်းသည် အန္တရာယ်များနှင့် ပြည့်နှက်နေသလို အခွင့်အလမ်းများလည်း မွေးထုတ်ပေး​လေသည်။

သူတော်စင်တစ်ပိုင်း ကမ္ဘာနှင့် နှိုင်းယှဉ်ပါက ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာရှိ ပတ်ဝန်းကျင်သည် ပိုမိုကြမ်းတမ်းသည်။ အထက်တန်းစား ဧကရာဇ် အင်ပါယာ၏ ​ရောင်ဝါသည် အလယ်အလတ်တန်းစား အင်ပါယာထက် များစွာ ပို​ပေါများပြီး သန့်စင်သည်။

ထိုနှစ်က တိုက်ပွဲများကြောင့် ပြင်ပကမ္ဘာကြီးသည် ကြီးမားသော ပျက်စီးယိုယွင်းမှုများ ဖြစ်လာခဲ့သည်။ အာကာသ နိယာမများသည် ပို၍ပင် ဖရိုဖရဲ ဖြစ်​နေ၏။ အတွင်း၌ အာကာသ ဥမင်လိုဏ်ခေါင်းတစ်ခု ဆောက်ထားသော်လည်း ကောင်းကင်မှ လေပြင်းများ တိုက်ခတ်နေဆဲ ဖြစ်သည်။

အာကာသ ဥမင်လိုဏ်ခေါင်းထဲမှ လမ်းလျှောက် ထွက်ပြီးနောက် လုရွှမ်သည် ပြိုကျနေတဲ့ကောင်းကင်ဘုံဟာ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများ ခြေမချနိုင်ကြောင်း သိလိုက်သည်။

ပြိုကျနေတဲ့ကောင်းကင်ဘုံ၌ သူတော်စင်နယ်ပယ် အဆင့်၅ အောက်၌ ရှိနေသူများပင် ဤနေရာသည် သေခြင်းတရားကို ရှောင်လွှဲ၍ မရသော နေရာတစ်ခု ဖြစ်​နေလေ၏။

ဝိညာဉ်စွမ်းအင်များက ပျော့ပျောင်းပြီး နိယာမဥပဒေများက ဖရိုဖရဲ ဖြစ်နေတာကို သူ ခံစားခဲ့ရသည်။ သာမန်လူများ အတွက်မူ ဤနေရာတွင် ပုံမှန်လေ့ကျင့်ရန် မဖြစ်နိုင်သလောက်ပင်။

ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်း တို့သည် ဝန်ထုပ်ဝန်ပိုး ဖြစ်လာ​ပြီ​ဖြစ်ကြောင်း သိကြပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချပ်ဝတ်တန်ဆာများဖြင့် ထုပ်ပိုးထားလိုက်သည်။ လုရွှမ် ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ သူတို့ ခြေလှမ်းတစ်ဝက်တောင် မခွာဝံ့ပေ။

"ဟေး ဘာဖြစ်နေတာလဲ? သူတော်စင်တစ်ပိုင်း နယ်ပယ်လေး သုံးယောက်က ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာကို ဖောက်ဝင်လာရဲတယ်ဟ... ကျစ် ကျစ် သူတို့မှာ ရတနာတစ်ခုခု ရှိတယ်လို့ ဆိုလိုချင်တာများလား?"

(ဘာသာပြန် - အခုကစပြီး ပြိုကျနေတဲ့ကောင်းကင်ဘုံကို ထျန်းဝိုက်စွေ့ကမ္ဘာဟု ဘာသာပြန်သွားပါမည်)

အနက်ရောင် လေများသည် ချက်ချင်း တိုက်ခတ်လာပြီး လုရွှမ်နှင့် အခြားသူများအပေါ်တွင် ရပ်နေလိုက်သည်။

ထိုလူသည် အနက်ရောင် အင်္ကျီကို ၀တ်ဆင်ထားပြီး မျက်လုံးတစ်စုံမှာ အနီရောင် တောက်တောက်ဖြင့် ဖုံးအုပ်ထားကာ သူသည် လူလား နတ်ဆိုးလားပင် မသိနိုင်ပေ။

ပြင်းပြင်းထန်ထန် ပြောရရင်တော့ သူ့အသံက နားထဲမှာ နတ်ဆိုးတွေ လာအော်ဟစ်နေသလိုပင်။

"ဟေး.... မင်းတို့ရဲ့ သိုလှောင်အိတ်တွေ အကုန်ထုတ်လာခဲ့"

အနက်ရောင် လေထုကို သယ်ဆောင်လာသူက အော်ရင်း ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့ရဲ့ ခါးကို လက်ဆန့်လိုက်သည်။

"သေချင်နေပြီပဲ"

ဒီနေရာ အန္တရာယ်များနေတာ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကြောင့် သာမကဘဲ အဲဒီနေရာက လူတွေကြောင့်လည်း ပါလေသည်။ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဓားပြတိုက်မှုတွေက ဖြစ်ရိုးဖြစ်စဉ်တွေမှန်း လုရွှမ် သိလိုက်ပြီ။

လုရွှမ်က ပိုလို့တောင် ရိုင်းစိုင်းစွာနဲ့ အနက်ရောင် နဲ့ လေလူရဲ့ လက်ဖဝါးနဲ့ ဖမ်းထားလိုက်သည်။ ထိုလူလည်း ထိတ်လန့်သွားသည်။ လုရွှမ်ရဲ့ အရှိန်သည် မြန်လွန်းပြီး စွမ်းအားသည် သူ့နယ်ပယ်ထက် ကျော်လွန်နေလေ၏။

အနက်ရောင်လေသည် လှည့်ထွက်ကာ ပြေးတော့သည်။ သူ တစ်ချက် လွတ်သွားကာ ချက်ချင်းပင် ပျောက်သွားသည်။

"ဘယ်သွားမလို့လဲ?"

လုရွှမ် သူ့လက်ဖဝါးထဲက စုပ်ယူနိုင်တဲ့ စွမ်းအားတစ်ခု ထွက်လာပြီး ထွက်ပြေးသွားတဲ့ လူကို ပြန်ဆွဲယူလိုက်သည်။

"မင်းလုပ်ခဲ့သမျှ ပြန်ပေးခဲ့ရမယ်"

လုရွှမ်က ဆိုရင်း အနက်ရောင်လေရဲ့ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး တစ်ချက် နှိပ်လိုက်ရုံနဲ့ ကိစ္စတုံးသွားလေ၏။

ယွင်ထျန်းရှန်က အနက်ရောင်လေ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ရှာဖွေခဲ့သည်။ သူ့ကိုယ်ပေါ်က ပစ္စည်းများသည် အလွန်ရိုးရှင်းပြီး သိုလှောင်အိတ်ထဲ၌ပင် အဆင့်မြင့်သော ပစ္စည်းများ မရှိချေ။ အာကာသ သလင်းကျောက် တချို့နှင့် ဝိညာဉ်ကျောက်တုံး တချို့ကိုသာ တွေ့ရ၏။

သို့သော် တံဆိပ်ပြား တစ်ခုက ယွင်ထျန်းရှန်ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ၎င်းပေါ်တွင် စာလုံးသုံးလုံးဖြင့် "ထျန်းရှားဂိုဏ်း"ဟူသော စာလုံးကို ရေးထိုးထားပြီး နောက်ကျောတွင် သံနံပါတ် ၄ဟု ရေးထားသည်။

"ဆရာတူအစ်ကို... ထျန်းရှားဂိုဏ်းက ထျန်းဝိုက်စွေ့ကမ္ဘာမှာ နေထိုင်တဲ့ လင်းတတွေထဲက အရက်စက်ဆုံးလို့ အဖေပြောတာကို ကြားဖူးသလိုပဲ.... ကြောက်စရာ ကောင်းတာက သူတို့က အုပ်စုလိုက် လာကြတာပဲ"

All Chapters