ထျန်းရှားဂိုဏ်း
Vol. 52 Ch. 4.296
ဟယ့်လွမ်ယင်းက ဒဏ္ဍာရီဆန်ဆန် 'လင်းတ' တွေ အုံကြွလာမှာကို စိုးရိမ်သွားတာကြောင့် သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း လုရွှမ်ဆီကို ကြည့်လိုက်သည်။
"အကြီးအကဲ!"
"မကြောက်နဲ့..."
လုရွှမ်လည်း ခဏကြာတော့ သတိပြုမိလိုက်သည်။ သူ ပေါ့ဆမိသွားမှန်း သဘောပေါက်သွားပြီး ဒီနေရာက သူထင်ထားတာထက် အခြေအနေ ပိုဆိုးနိုင်ကြောင်း သိသွားသည်။
သူ အခုဘယ်ရောက်နေလဲ ဆိုတာကို သိရဖို့အတွက် အနည်းဆုံး မြေပုံတစ်ခုတော့ ရှာသင့်နေပြီ။ ကမ္ဘာအပြင်ဘက်ရှိ ထျန်းဝိုက်စွေ့ကမ္ဘာမှ ဥပဒေများသည် အနည်းငယ် ပြောင်းလဲသွားပုံရပြီး အတွင်းတွင် နားမလည်နိုင်သော အငွေ့အသက်များဖြင့် ပြည့်နေသောကြောင့် ဤနေရာတွင် ပုံမှန်လေ့ကျင့်ရန် မဖြစ်နိုင်ပေ။
ယွင်ထျန်းရှန်နှင့် ဟယ့်လွမ်ယင်းတို့ကို ဒီနေရာမှာ ဆက်ထားပါက သူတို့ရဲ့ ဒဏ်ရာများကို မကုသနိုင်ရုံသာမက အခြေခံ အုတ်မြစ်ကလည်း ဆက်လက် ပျက်စီးနေမှာဖြစ်လို့ ထွက်ပေါက်ကို အမြန် ရှာဖွေရမည်။
ယခုအချိန်တွင် ရောက်ရှိလာသော ကျင့်ကြံသူများသည် အနည်းဆုံး သူတော်စင်နယ်ပယ် အဆင့်၇ သို့မဟုတ် အဆင့်၈ များ ဖြစ်ကြပြီး မဟာသူတော်စင်များကလည်း အကာအကွယ် ပေးထားကြသည်။
"ဒုက္ခပဲ.. သူတို့လာနေပြီ!"
ဟယ့်လွမ်ယင်းသည် သူ့လက်ထဲက တံဆိပ်ပြားဆီမှ တုန်ခါလာမှုကို ရုတ်တရက် ခံစားလိုက်ရတာကြောင့် ထိတ်လန့်စွာ အော်လိုက်သည်။
ပတ်ပတ်လည်ရှိ လေချွန်သံများသည် အရပ်ရပ်မှ ထွက်ပေါ်လာသကဲ့သို့ ဆူညံလာခဲ့ကာ လူဘယ်နှစ်ယောက်တောင် လာနေလဲပင် မသိတော့ချေ။
လေပြင်း တိုက်ခတ်သံနှင့်အတူ စွဲမက်ဖွယ်ကောင်းသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး လူသုံးယောက်နားကို ရောက်ရှိလာခဲ့သည်။
ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့ရဲ့ ကျင့်ကြံမှုက မလုံလောက်တာကြောင့် များမကြာမီတွင် သူတို့၏ မျက်လုံးများ မှိုင်းလာပြီး အသံကြားရာဘက်ကို ရုပ်သေးရုပ်များနှယ် လျှောက်သွားကြသည်။ လုရွှမ် မျက်လုံးများ တောက်ပလာပြီး သူတို့ကို နှိုးမည့်အစား သူကိုယ်တိုင် ရုပ်သေးရုပ်ကဲ့သို့ လိုက်သွားခဲ့သည်။
"ဟမ့် ငါသိသားပဲ... အဲဒါက အငယ်တန်းလေး သုံးယောက်ပဲကို... သူတို့ ဘယ်လို မှော်ပညာမျိုးကို သုံးလိုက်လို့ နံပါတ်၄က သူတို့လက်ထဲမှာ ကျသွားပါလိမ့်"
ဆံပင်နီနှင့် အမာရွတ်ရှိသော လူငယ်တစ်ဦး မတ်တပ် ထရပ်လိုက်သည်။ သူတော်စင်နယ်ပယ် အဆင့်၅ တွင် အလွန်အစွမ်း ထက်မြက်၏။ မျက်နှာထားက ပြတ်သားပြီး လေပြင်းတိုက်ခတ်လာလျှင်ပင် သူ့အပေါ် ခြိမ်းခြောက်မှု လုံးဝ မရှိသည့်အတိုင်းပင်။
လုရွှမ်၏ မျက်လုံးများတွင် အလင်းတန်း တစ်ခု လင်းလက်သွားပြီး တစ်ဖက်လူကို ပြတ်သားစွာ မြင်နိုင်လေသည်။ ထိုလူငယ်၏ မျက်နှာပေါ်တွင် အဝါရောင် သလင်းကျောက် အလွှာတစ်ခုရှိပြီး လေပြင်းများကို ပိတ်ဆို့ထားသည်။
တခြား အရိပ်နှစ်ခုမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကာ နှစ်ဦးစလုံးသည် သွေးရောင် ဝတ်စုံများကို ၀တ်ဆင်ထားပြီး ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော လူသတ် အငွေ့အသက်များဖြင့် လွှမ်းခြုံလျက် လေပြင်းများကို ပါးပါးလေး ခံနိုင်ရည်ရှိကြသည်။
“သတိမမူဘဲ မနေနဲ့”
အမျိုးသမီးက အော်ဟစ်လိုက်သည်။ သူမက အသက် မပြည့်သေးသော်လည်း အစွမ်းထက်ဆုံး ဖြစ်ကာ သူမ မျက်ခုံးမွှေးများက သွေးကဲ့သို့ နီရဲနေသည်။
လုရွှမ် တိတ်တဆိဆ် ထိတ်လန့်သွားသည်။ ဤလူနှစ်ယောက်သည် ပြင်းထန်သော လေထဲတွင် ပုန်းကွယ်နေသော်လည်း သူ့ဝိညာဉ်စွမ်းအားဖြင့် သူတို့ကို သတိမထားမိလိုက်ပေ။ အဆင့်မြင့် ဧကရာဇ် အင်ပါယာများသည် အမှန်တကယ်ပင် ထူးခြားပြီး ၎င်းတို့နှင့် နှိုင်းယှဥ်ယှဉ်ပါက ထျန်းလုံဧကရာဇ် အင်ပါယာသည် လုံးဝ ယှဥ်နိုင်စရာ မရှိပေ။
ဒီလူတွေဟာ မာနကြီးပြီး မောက်မာတဲ့ အရည်အချင်းတွေ ရှိနေတာ မဆန်းပါဘူး။
အမျိုးသမီးသည် ဟယ့်လွမ်ယင်းရဲ့ မျက်နှာကို ဖမ်းကိုင်လိုက်ပြီး ဟယ့်လွမ်ယင်းရဲ့ မျက်နှာကို ဖုံးအုပ်ထားသော ပိတ်ပါးစသည် ချက်ချင်း ပြုတ်ကျသွားကာ သူမ၏ လှပပြီး ဖြူစင်သော ပါးပြင်များကို ပေါ်လွင်လာစေသည်။
"အိုး... ဒီကောင်မလေးရဲ့ မျက်နှာ အသားအရေက ကောင်းတယ်နော်!"
သူ့ကြည့်ရတာ ဟယ့်လွမ်ယင်းအား ရုပ်ပျက်ဆင်းပျက် ဖြစ်စေချင်ပုံရသည်။ ယခု မလှုပ်ရှားပါက နောက်ကျသွားလိမ့်မည်။
လုရွှမ်၏ လက်တစ်ချက် ဝေ့ယမ်းမှုနှင့်အတူ တုတ်ရှည်တစ်ချောင်း ပေါ်လာပြီး အမျိုးသမီး၏ ဦးခေါင်းကို လွှဲရိုက်လိုက်ပေ၏။
"တကယ်ကြီး လိမ်လည်ထားတာ ရှိနေတာပဲ... ကောင်လေး မင်း လှုပ်ရှားလာမှာကို ငါစောင့်နေတာ"
အမျိုးသမီးက လှောင်ပြောင်ကာ လက်ဖဝါးကိုဆန့်လျက် လက်ချောင်းများကို ဖြန့်ကာ လုရွှမ်၏ တုတ်ရှည်ကို ဖမ်းကိုင်ထားလိုက်သည်။
လုရွှမ်လည်း ဒီအမျိုးသမီးသည် မာနကြီးလွန်းပြီး သူ့ကို လုံးဝအလေးအနက် မထားမယ်လို့ မထင်ထားခဲ့ချေ။ ဒါ့အပြင် သူမက သူမရဲ့ကိုယ်ပိုင် နည်းလမ်းများကိုပင် အလွန်အမင်း ယုံကြည်မှု ရှိလွန်းနေသေးသည်။
ကိုယ့်အဆင့်ကို မသိဘူး!
ထိုအမျိုးသမီးက သူ့ဘာသာ သေခြင်းကို ရှာဖွေနေပြီဆိုတော့ လုရွှမ်လည်း ကရုဏာပြမည် မဟုတ်ပေ။
တုတ်ရှည်သည် အမျိုးသမီး၏ လက်ဖဝါးကို ထိမှန်သွားစဥ် သူမက အော်ဟစ်လိုက်သည်။ ရုတ်တရက် အော်သံများ ရပ်တန့်သွားတဲ့အခါ တုတ်ရှည်က အသား အပိုင်းအစတွေကို ဖြိုခွဲပစ်လိုက်တော့သည်။
လုရွှမ် သူ့လက်များကို ဆန့်တန်းစုပ်ယူလိုက်ရာ ဟယ့်လွမ်ယင်းနှင့် ယွင်ထျန်းရှန်တို့က သူ့လက်ထဲ ပြန်ပါလာကြသည်။ ထူးဆန်းသော မီးလုံးနှစ်လုံးက လွင့်ထွက်သွားပြီး ကျန်ရှိနေတဲ့ လူနှစ်ဦး မီးတောက်ထဲတွင် ပိတ်ထားလိုက်သည်။
"ဒီမီးက ဘယ်လို မီးတောက်ကြီးလဲ? ထူးဆန်းမီးတောက်လား!"
လူနှစ်ယောက်က အော်ဟစ်ရင်း မီးတောက်တွေက သူတို့ခန္ဓာကိုယ်ကို တောက်လောင်နေသဖြင့် အလွန်အမင်း ထိတ်လန့်ကာ ပျာယာခတ်သွားကြသည်။
လုရွှမ် သူတို့ကို တိတ်တဆိတ် သဘောကျစွာပဲ ကြည့်နေလိုက်သည်။ ဒီလူသုံးယောက်ဟာ ထျန်းဝိုက်စွေ့ကမ္ဘာမှာ နေထိုင်ပြီး လေပြင်းတွေကို အချိန်အတော်ကြာ ထိတွေ့ခဲ့ရတယ် ဆိုတာ သူ မသိခဲ့ပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သာမန် ကျင့်ကြံသူတွေထက် အများကြီး ပိုသန်မာတာတော့ အမှန်ပဲ။
သူ့ရဲ့ မီးတောက် တိုက်ခိုက်မှုအောက်တွင် သာမန် သူတော်စင် အဆင့်၉ များပင် ကြာကြာ ခံနိုင်ရည် မရှိကြရာ ထိုလူနှစ်ယောက်သည် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
"တကယ် သတ္တိရှိသားပဲ"
လုရွှမ်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး နှစ်ယောက်စလုံးရဲ့ သိုလှောင်အိတ်တွေကို ဆုပ်ယူလိုက်သည်။
ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့ နိုးနေပြီဖြစ်သည်။ သူတို့က ထိုလူနှစ်ယောက် အပေါ် ကြောက်ရွံ့ နာကြည်းမှုအပြည့်ဖြင့် ပစ္စည်းများကို တစ်ခုပြီးတစ်ခု အမြန် ဆွဲထုတ်ကာ လုရွှမ်အား ပေးလိုက်သည်။
တံဆိပ်ပြား နှစ်ခုသည် ယခင်က လူသေနှင့် အတူတူပင် ဖြစ်သည့် ကြေးနံပါတ် ၈၇ နှင့် ၆၅ တို့ ဖြစ်သည်။
"ထျန်းဝိုက်စွေ့ကမ္ဘာထဲက ငါတို့ ဘယ်လို ထွက်သွားရမလဲ"
ဟယ့်လွမ်ယင်းက ပြောပြီး သူမလက်ထဲက ကြာပွတ်တစ်ချောင်းကို ဝေ့ယမ်းလိုက်ရာ လေထဲမှာ တဟုန်းဟုန်း တောက်နေတဲ့ အသံများ ထွက်ပေါ်လာတော့သည်။ သူမက သူမရဲ့ ဆရာတူအစ်ကိုအတွက် အရမ်း စိုးရိမ်နေမိပြီ။
ဆရာတူအကိုကြီးရဲ့ တောက်ကျင့်စဥ် အခြေခံအုတ်မြစ်က မကြာသေးခင်ကမှ ပြန်လည် တည်ဆောက်ထားတာ။ အရင်က အာကာသ စွမ်းအင်တွေထဲကို အတင်းအကျပ် ဖိအားပေးခံရတုန်းက ဒဏ်ရာရခဲ့ပြီးပြီ။ သူဒီမှာ ဆက်နေမယ်ဆိုရင် တောက်ကျင့်စဥ် အခြေခံအုတ်မြစ် ထပ်ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ?
"မင်းတို့ အသစ်ဆောက်ထားတဲ့ အာကာသ ဥမင်လိုဏ်ခေါင်းထဲကနေ လာတာလား?"
နံပါတ်အမှတ် ၆၅ က အော်လိုက်သည်။ မီးတောက် လောင်နေတဲ့လူက သွားတွေကို ကိုက်ထားပြီး ကြောက်စိတ်ကလွဲလို့ နာကျင်တာတောင် မငိုချေ။
ခက်ထန်တဲ့ကောင်ပဲ!
လုရွှမ်ပင်လျှင် စိတ်ထဲကနေ သူ့ကို ချီးကျူးလိုက်ရသည်။
"အိပ်မက်မက်နေလိုက်! ဟမ့် ဒီလမ်းရဲ့ အင်အားကို မသိဘဲ လာလျှောက်နေရင်တော့ မင်းတို့သေလိမ့်မယ်.... ဟားဟား ငါတို့ကိုသတ်ရင်တောင် မင်းတို့က သေရလိမ့်မှာပဲ... ငါတို့အဖွဲ့က ငါတို့အတွက် လက်စားချေမှာ!"
လုရွှမ် သူ့ဓားကို ဝေ့ယမ်းလိုက်သောအခါ နံပါတ် ၆၅ ၏ ဦးခေါင်းကို နှစ်ပိုင်း ခွဲဖြတ်ပစ်လိုက်သည်။ တခြားသူ တစ်ဦးဖြစ်သည့် သံနံပါတ် ၈၇ ကို ကြည့်လိုက်သည်။ နံပါတ် ၆၅ နဲ့ ယှဉ်ရင် ဒီလူရဲ့သွားတွေက အများကြီး လျော့ရဲလာပြီ။ သနားစရာ အူသံနဲ့အတူ သူ့မျက်လုံးတွေက ကြောက်ရွံ့မှုတွေ ပြည့်နေ၏။
လုရွှမ် ဟယ့်လွမ်ယင်းကို လက်ဟန်ပြလိုက်သည်။ ဤမိန်းကလေးသည် အပြစ်ကင်းစင်ပြီး ခိုင်မာသော စိတ်ဆန္ဒ ရှိသော်လည်း သူမက သာမန်လူထက် သာလွန်သည်။ ပန်းတိုင်တစ်ခုကို ချမှတ်ပြီးတာနဲ့ သူမဟာ အရာရာကို ပေးဆပ်ပြီး ကြိုးစားအားထုတ်နိုင်တဲ့ သတ္တိတွေ ရှိလာတတ်သည်။
အနာဂတ်မှာ သူမမှာသာ အခွင့်အလမ်းတွေ လုံလုံလောက်လောက် ရှိမယ်ဆိုရင် တစ်ခုခုကို လုံးဝ အောင်မြင်သွားမှာ သေချာလေသည်။
ဟယ့်လွမ်ယင်းက နံပါတ် ၈၇ ကို ကြာပွတ်တစ်ချက်ဖြင့် ရိုက်ချလိုက်ပြီး
"ပြော.... ဘယ်လို ထွက်ရမှာလဲ? ကောင်းကောင်းပြောရင် အသက်တစ်ချောင်းကို ချမ်းသာပေးလို့ရတယ်"
တောက်လောင်နေသော ဝိညာဉ်မီးတောက်သည် လက်နက် သန့်စင်ခြင်း၏ အမြင့်ဆုံးသော မီးတောက် ဖြစ်နေဆဲပင်။ ၎င်းသည် ရုပ်ခန္ဓာကိုသာမက စိတ်ဝိညာဉ်ကိုပါ လောင်ကျွမ်းစေနိုင်သည်။
နံပါတ်၈၇ သည် ရူးသွပ်နေသလို သူ့စိတ်ဝိညာဉ်၏ နာကျင်မှုသည် သူ့ဝိညာဉ်ကိုပင် ပြိုလဲလာစေခဲ့သည်။ ဟယ့်လွမ်ယင်းရဲ့ စကားကို ကြားသောအခါ သူက အမြန်ပြောပြပြီး မြန်မြန် သတ်ပစ်ပါလို့ အော်ဟစ်နေသလို ဆူညံနေတော့သည်။
လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် သံနံပါတ်၈၇၏ စိတ်ခံစားမှုဆိုင်ရာ အတက်အကျများကို အာရုံခံနိုင်ပြီး နောက်တစ်ခုက အမှန်အတိုင်း ပြောနေခြင်း ဖြစ်တာကို သူယုံကြည်သောကြောင့် သူ့ကို ဓားဖြင့်သွားကာ နာကျင်ခြင်းမှ လွတ်မြောက်စေခဲ့သည်။
"အကြီးအကံ ဒီတံဆိပ်ပြား သုံးခုက အရမ်းပူလာပြီ"
ဟယ့်လွမ်ယင်းက သူ့ဆရာတူအစ်ကိုကို ထောက်ထူပြီး လုရွှမ်ကို ထိတ်လန့်တကြား လှမ်းကြည့်သည်။
"လာတာ တော်တော် မြန်ကြတာပဲ... မင်းတို့ အရင်ရှောင်ကြ..."
လုရွှမ်က ဆိုလိုက်သည်။ ယွင်ထျန်းရှန်ရဲ့ ဒဏ်ရာအသစ်သည် ဒဏ်ရာဟောင်းပေါ် ထပ်နေခဲ့ပြီး ထိခိုက်ခဲ့ဖူးသည်။ ထိုအရာက မကြာသေးမီက ပြန်လည် တည်ဆောက်ထားသည့် တောက်ကျင့်စဥ် အခြေခံအုတ်မြစ်က ထပ်မံ တုန်ခါသွားစေခဲ့သည်။
ဤအချိန်တွင် သူသည် သူ့ကျင့်စဥ်စွမ်းအင်ကို စိတ်အား ထက်သန်စွာ အသုံးမပြုနိုင်သေးချေ။ သို့မဟုတ်ပါက နောင်တွင် ကျင့်ကြံရာတွင် ဆိုးရွားသော အကျိုးဆက်များကို ချန်ထားခဲ့မိနိုင်သည်။
"မင်းတို့အရင် ပုန်းနေလိုက်"
လုရွှမ်သည် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု သူ့ဆီကို ရောက်လာနေပြီဆိုတာ ခံစားမိ၏။ ဤတစ်ကြိမ်တွင် လူတွေအများကြီး ရောက်လာတာ သိသာပေသည်။ လုရွှမ် သူတို့နှစ်ယောက်ကို တိတ်တဆိတ် သတိလစ်သွားအောင် လုပ်၍ ကျောက်စိမ်းပြားထဲ ထည့်ထားလိုက်သည်။