ကြေးနံပါတ် ၁
Vol. 52 Ch. 4.297
ပြင်းထန်သော လေ၏ အသံသည် သံမဏိဓားများ ပွတ်တိုက်နေသလိုမျိုး ထွက်ပေါ်လာကာ ရုတ်တရက် လူတစ်ဒါဇင်ကျော်သည် လုရွှမ်ကို ပတ်ပတ်လည်တွင် ဝန်းရံထားလျက်သား ပေါ်လာခဲ့သည်။
လုရွှမ်သည် ခေတ္တ ငြိမ်သက်နေပြီး နောက်ဆုံးတွင် အာကာသ နိယာမ၏ အတက်အကျများကို ခံစားလိုက်ရသည်။ မဟုတ်သေးဘူး။ လုရွှမ် သူ့ခေါင်းကို ခါလိုက်သည်။ ဒါကို အာကာသရဲ့ နိယာမလို့ ပြောမယ့်အစား လေပြင်းရဲ့ လည်ပတ်မှုတစ်ခု အဖြစ် ပြောလိုက်လျှင် ပိုသင့်လျော်လိမ့်မည်။
လူ ၁၃ဦးတို့သည် လေပြင်းများ တိုက်ခတ်လာရင်းမှ ထွက်ပေါ်လာကြ၏။
အနှစ်သုံးရာ ကြာပြီးနောက် ကမ္ဘာကြီးသည် သူ့စိတ်ကူးထဲကထက် ကျော်လွန်၍ ပြောင်းလဲမှုများကို ကြီးကြီးမားမားကို အမှန်တကယ် ကြုံတွေ့ခဲ့ရသည်။
လူဆယ့်သုံးယောက်စလုံးသည် တူညီသော ဝတ်စုံများကို ၀တ်ဆင်ထားကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို မီးခိုးပြာ အ၀တ်အစားဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားကာ မျက်လုံးတစ်စုံကသာ ထင်ရှားနေခဲ့၏။ အဝတ်များပေါ်တွင် အလင်းရောင် အနည်းငယ် မှိန်ဖျော့ဖျော့ ရှိနေသဖြင့် မတ်တပ် ရပ်နေသော်လည်း လေပြင်းကြောင့် အဝတ်စုတ်ပြဲနေသော လုရွှမ်နှင့် မတူချေ။
"ကောင်လေး မင်းတော်တော် တန်ခိုးကြီးနေတယ်ပေါ့လေ.... မင်းငါတို့ရဲ့ သံနံပါတ်နဲ့ လူသုံးယောက်တောင် သတ်ပစ်လိုက်တယ်.... ဒီခွန်အားက သူတော်စင်တွေကြားမှာ နံပါတ်တစ်လို့ ယူဆထားပေမယ့်..."
"ဘာလို့ ဒီလောက် အပို စကားတွေ ပြောနေတာလဲ? ငါတို့ ထျန်းရှားဂိုဏ်းကို ထိရဲတဲ့သူတိုင်း သေရမယ်"
အမျိုးသမီးတစ်ဦးသည် သူမမျက်နှာကို ဖုံးအုပ်ထားသည့် အနက်ရောင် အ၀တ်စကို ချွတ်ကာ လှပသောမျက်နှာ၊ တင်းမာသော အမူအရာ၊ အေးစက်သော မျက်လုံးများကို ထုတ်ဖော်ပြသလိုက်သည်။ သူမသည် ရုပ်သေးရုပ်ကဲ့သို့ပင် မျက်လုံးများကို မလှုပ်ရှားနိုင်ပေ။
"နံပါတ် ၂...မင်းပြောတာ သိပ်တော့မဟုတ်သေးဘူး.... ဒီကောင်လေးရဲ့ ချောမောတဲ့ အသွင်အပြင်၊ အဆင့်နိမ့် ကျင့်ကြံမှု၊ ထူးကဲတဲ့ စွမ်းအားတွေကို ကြည့်ရင် သူက မိသားစုကြီးတွေ နောက်ခံရှိတဲ့သူ သူဖြစ်ရမယ်... ငါတို့ သူ့ဆီက ကောင်းကျိုးတချို့ကို ရကောင်းရနိုင်တာပဲ!"
ပထမလူက သူ့မျက်နှာပေါ်က အနက်ရောင် အ၀တ်စကို ချွတ်လိုက်ပြန်သည်။ လေပြင်း ရာသီဥတုဒဏ် ခံရပေမယ့် နူးညံ့သိမ်မွေ့ပြီး ကြော့ရှင်းတဲ့ မျက်နှာကို ပေါ်လွင်စေတယ်လို့ ပြောရမည်။
ထိုအမျိုးသားက ညာလက်ကို ရင်ဘတ်ပေါ်တင်၍ ဦးညွှတ်ကာ နှိမ့်ချသော အမျိုးကောင်းသား တစ်ယောက်လို လုပ်ပြီး။
"ဒီက သခင်လေးကို ထိတ်လန့်စေမိပါပြီ.... ကျုပ်တို့ ထျန်းရှားဂိုဏ်း အကြောင်းကို ခင်ဗျား သိပါတယ်...ကျုပ်က ကြေးနံပါတ်တစ်ပါ သခင်လေးကို ကြည့်ရတာ ထက်မြက်တဲ့ လူနဲ့တူတယ်.... ကျေးဇူးပြုပြီး နာခံမှုရှိရှိနဲ့ ခင်ဗျားရဲ့ နောက်ခံ အထောက်အထားကို ပြပြီး ကျုပ်တို့နဲ့အတူ လိုက်ခဲ့ပါ"
"ဟာဟား.... မင်းဒီမှာ စီးပွားရေးတွေ အများကြီး လုပ်ထားပုံရတယ် ကြေးနံပါတ်လား? ဒါဆို ငွေနဲ့ ရွှေနံပါတ်တွေ ရှိသေးတာလား? မင်းရဲ့ ကြေးနံပါတ် ၁က သူတော်စင်နယ်ပယ် အဆင့်၇ ဆိုတော့ ငွေနံပါတ်က အနည်းဆုံး သူတော်စင်အဆင့်၇ကနေ အဲ့အထက်မှာ ရှိမယ်ထင်တယ်... ဒါဆို ရွှေနံပါတ်က မဟာဟူတော်စင်အဆင့် သခင်များ ဖြစ်နိုင်မလား?"
ကြေးနံပါတ် ၁ က ရယ်လျက်။
"ဒီသခင်လေးက အရမ်း ထက်မြက်တာမမို့ အလကား အားကုန်ခံစရာ မလိုတော့ပါဘူး... ကျုပ်တို့ ထျန်းရှားဂိုဏ်းက မလိမ်ဝံ့ပေမယ့် ဒီမျိုးဆက်မှာ ကျုပ်တို့မှာ မျက်နှာက အနည်းနဲ့အများ ရှိပါတယ်.... အခု ခင်ဗျားက လူလေးယောက်ကို သတ်လိုက်ပြီ....ကျုပ်တို့ကို လျော်ကြေးပေးရမယ်လို့ မထင်ဘူးလား"
နံပါတ်တစ် ဘေးတွင် နံပါတ်နှစ် ကြေးတံဆိပ်ပါသော အမျိုးသမီးက ဟစ်အော်လာ၏။ သူမအသံက မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ လှောင်ပြောင်သရော်မှု အပြည့် ပါဝင်လေသည်။
"အကျဉ်းသား တစ်ယောက်သာသာက တံတွေးထွေးပေါက် ရှာနေလို့ ဘာထူးမှာလဲ?"
အခြားလူကလည်း သူမစကားနောက်မှ ရယ်မောကြပြီး ရယ်သံများကတင် ဆူညံ့သွားသည်။
ကြေးနံပါတ်တစ်က မျက်မှောင် ကြုတ်လိုက်ပေမယ့် လူတိုင်းကို လျစ်လျူရှုပြီး လုရွှမ်ကို အပြုံးနဲ့ ကြည့်လိုက်သည်။
"ဒီကသခင်လေးကို ဘယ်လိုခေါ်ရမလဲ"
"လုရွှမ်!"
"ဟုန်ရစ် ဧကရာဇ်အင်ပါယာ၊ မင်ယွဲ့ဧကရာဇ် အင်ပါယာ ဒါမှမဟုတ် ချန်ရှင်းဧကရာဇ် အင်ပါယာ? ကောင်းပြီ ဒီပတ်ဝန်းကျင်မှာရှိတဲ့ အထင်ကရ ဧကရာဇ်အင်ပါယာတွေထဲမှာ 'လု'လို့ ခေါ်တဲ့ မိသားစုကြီး တစ်ခုကို ကျုပ် တစ်ခါမှ မကြားဖူးဘူး!"
ထျန်းရှားဂိုဏ်း ကြေးနံပါတ် တစ် သည် မောက်မာသောပုံ မပေါက်ဘဲ လုရွှမ်ကိုလည်း အကျဉ်းသား တစ်ဦးလို မြင်ပုံမပေါ်ချေ။ သူတို့နှစ်ယောက်က သူစိမ်းနှစ်ယောက် အချင်းချင်း ဆက်သွယ်နေကြသလိုပဲ တုံ့ပြန်နေကြသည်။
လုရွှမ်က ရယ်လိုက်ပြီး
"ကျိုးရန်ဧကရာဇ် အင်ပါယာက အရမ်းကြီးပါတယ်.... ဒီကမိတ်ဆွေ ကောင်းမိသားစုကိုများ သိမလား?"
ကြေးနံပါတ်တစ်ရဲ့ မျက်လုံးများက တောက်ပသွားသည်။
"သခင်လေးလုက ကျိုးရန်ဧကရာဇ် အင်ပါယာက လာခဲ့တာကိုး.... အဆင့်မြင့် သခင်ကြီးပဲ တောင်းပန်ပါတယ် တောင်းပန်ပါတယ်... လောလောဆယ် သခင်လေးလုရွှမ် ကျုပ်တို့နေရာမှာ ခဏလောက် ဒုက္ခလိုက်ခံရတော့မယ် ထင်တယ်"
တစ်ချိန်တည်းမှာပင် လျှို့ဝှက်သတင်း စကားတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။
'သခင်လေးလုရွှမ် သဘောတူဖို့ မျှော်လင့်ပါတယ် ဒီမှာက လူရိုင်းတွေချည်းပဲ... သတ်ဖြတ်တာက သူတို့အတွက် သာမာန် ထမင်းစား ရေသောက်ပဲ'
လုရွှမ်လည်း သူကိုယ်တိုင် တွေးကြည့်မိပါ၏။
ဒီလူတွေဟာ ကြေးနံပါတ် (၁)ကို မကျေမနပ်ဖြစ်ပြီး သူတို့ရဲ့ အင်အားစုတွေကို အုပ်စုနှစ်စု ခွဲထားသလိုပင်။ သူတို့မျက်နှာပေါ်မှာ ငြင်းဆိုမှုတွေ ပြည့်နှက်နေပေမယ့် သူတို့ဟာ ကြေးနံပါတ် ၂ နဲ့ အထူးနီးစပ်ကြပုံရသည်။
"ကောင်းပြီ ဒါဆို ငါမင်းတို့နဲ့လိုက်ခဲ့မယ်"
လုရွှမ်က ဆိုလိုက်သည်။ ဒီကြေးနံပါတ်တစ် တစ်ခုခုကို လိုချင်နေတာ သိသာပါ၏။ ထျန်းရှားဂိုဏ်းလို့ ခေါ်တဲ့ဂိုဏ်းကို သူလည်း တော်တော် သိချင်နေမိသည်။ ဒီလူတွေဟာ အဆင့်အတန်း မမြင့်ပေမယ့် လေပြင်းတွေအပေါ် နားလည်မှုက လေးနက်ပုံ သူတို့ကို ချီးကျူးရလောက်သည်။
ကြေးနံပါတ်တစ်က တိတ်တဆိတ် သက်ပြင်း ချမိသော်လည်း ကြေးနံပါတ် ၂ ဦးဆောင်သော တခြားသူများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရတော့သည်။
"ဟမ့်... အဲဒါ ကျိုးရန်ဧကရာဇ် အင်ပါယာလေးပဲ မဟုတ်ဘူးလား? မင်း ဘယ်လောက်တောင် ကြောက်နေလဲ ကြည့်ဦး.. တကယ့် အရှုံးသမား အတိုင်းပဲ"
နံပါတ်တစ်မှာ မျက်နှာများ နီရဲလာပြီး ရှက်ရွံ့နေပုံရသော်လည်း တခြားသူများက ဆက်၍ လှောင်ရယ်ကြတုန်းပင်။
"ကောင်လေး မင်းရဲ့ သိုလှောင်အိတ်ကို လွှဲပေးလိုက်"
ကြေးနံပါတ် ၂က ဆိုရင်း ကြေးနံပါတ်တစ်ကို တိုက်ရိုက် တွန်းထုတ်လိုက်ရာ ထိုလူလည်း လုရွှမ် ရဲ့ ခါးကနေ ဆွဲယူဖို့ လက်လှမ်းလိုက်ရလေသည်။
ကြေးနံပါတ်တစ်က ခပ်မြန်မြန် မျက်စိမှိတ်ပြလိုက်ပြီး
"သခင်လေးလုရွှမ် ပိုက်ဆံက ပြင်ပ ပိုင်ဆိုင်မှုတစ်ခုပဲ ခင်ဗျားဘဝက အရေးကြီးနေသေးတယ်"
ဘာပဲဖြစ်ဖြစ် လုရွှမ် ကျောက်စိမ်းပြား နေရာထဲမှာ အရေးကြီးပြီး ရှားပါးပစ္စည်းတွေ အားလုံးကို သိမ်းဆည်းထားခဲ့ပြီးပြီ။ ဟန်ပြ အတွက်ပဲ သူ့ခါးမှာ ချိတ်ဆွဲထားတဲ့ သိုလှောင်အိတ် တစ်ခုရှိပြီး ထိုအထဲမှာ ပေါ့ပေါ့တန်တန် အရာတွေနဲ့ ပြည့်နှက်နေ၏။
လုရွှမ်လည်း ကူကယ်ရာမဲ့ ဖြစ်သွားတဲ့ပုံ ဟန်ဆောင်ကာ သူ့ကို မတားခဲ့ပေ။
ကြေးနံပါတ် ၂ က သိုလှောင်အိတ်ကို လုယူလိုက်ပြီး “အဲဒါတွေအားလုံးက အမှိုက်တွေပဲ” လို့ အော်ဟစ်လိုက်ပြီး သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်တော့ သူမမျက်လုံးတွေက ရုတ်တရက် လင်းထိန်သွားသည်။ အိတ်ထဲမှာ မထင်မှတ်ထားတဲ့ အရာတွေ ပါနေတာပဲ။ လုရွှမ်၏ မျက်လုံးထဲတွင် အမှိုက်ပေမယ့် တခြားသူတွေ အတွက်က ရှားပါးရတနာတွေ ဖြစ်နေတုန်းပဲ။
"အာကာသ သလင်းကျောက်၊ အဖိုးတန်ဆေးဖက်ဝင်အပင်၊ ထိပ်တန်းဝိညာဉ်ကျောက်များ၊ ထိပ်တန်း သူတော်စင် ပစ္စည်းတွေ ဟားဟား... အိတ်ထဲက ပစ္စည်းတွေက ရတနာတွေပဲ!"
အားလုံးကို ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ကြေးနံပါတ်တစ် ရှေ့ကို တစ်ချက် ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် ပါးစပ်ကို ဖွင့်ဟမိသွားကာ လုရွှမ်ကို မျှော်လင့်ချက် အပြည့်ဖြင့် တစ်ဖန် ပြန်ကြည့်လိုက်သည်။
"သခင်လေးလုရွှမ် စိတ်မပူပါနဲ့ ရှင်က ကျွန်မတို့ကို အရမ်းကောင်းတဲ့ အရာတွေ ပေးခဲ့တယ်... ကျွန်မတို့ကလည်း ရှင့်ကို အရှက်ရစေမှာ မဟုတ်ပါဘူး အနာဂတ်မှာ ကျွန်မတို့နဲ့ လက်တွဲလို့ ရနိုင်တယ် ကျွန်မ ရှင့်ကို သဘောကျသွားပြီ"
ကြေးနံပါတ် ၂ ယခုအချိန်တွင် ပန်းတစ်ပွင့်ကဲ့သို့ ပြုံးကာ သူ့မျက်နှာပေါ်တွင် ချစ်ခြင်းမေတ္တာ အပြည့်ဖြင့် သိုလှောင်အိတ်ကို နမ်းရှိုက်ရင်း ခါးတွင် တင်းတင်းကြပ်ကြပ် ချည်နှောင်ကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။
နံပါတ်တစ်ကလည်း
"သခင်လုရွှမ်... နံပါတ်နှစ်ကတော့.... အိပ်ရာပေါ်က သူမရဲ့ အရည်အချင်းကို သခင်လေး သေချာပေါက် သဘောကျလာလိမ့်မယ်..."
လုရွှမ် သူ့ကို မျက်လုံးပြူးပြလိုက်တော့ ကြေးနံပါတ်တစ်ရဲ့ အပြုံးကလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး အော်လိုက်သည်။
"မြန်မြန်သွားတော့... ပြန်ကြရအောင်"
လူ၁၁ယောက်ထဲက ခုနစ်ယောက်ဟာ ကြေးနံပါတ်(၁)ကို အထင်အမြင် သေးစွာ စောင်းအော်၍ တစ်ချက်ကြည့်ကာ ထွက်သွားတော့သည်။ လူတစ်ယောက်က ထွက်လာ၍ သူ့အမည်ကို ထုတ်ဖော်လာ၏။ သူက ကြေးနံပါတ်သုံး ဖြစ်လေသည်။
"မင်း ငါတို့နဲ့ လိုက်ခဲ့"
"သခင်လေးလုရွှမ် ကြွပါ"
လုရွှမ် အမီလိုက်ရန် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။
နံပါတ်နှစ်သည် လေထုအလယ်က လှေပျံပေါ်သို့ ပျံတက်သွားသည်။ လှေသည် ထိုလူတွေရဲ့ အဝတ်အစားအတိုင်း အနက်ရောင်နှင့် အပြာရောင်တို့ရှိကာ စီးဆင်းနေသော နိယာမစွမ်းအင်များသည် ၎င်းတို့၏ အဝတ်အစားများထက် များစွာ နက်နဲလေသည်။
"သင်္ဘောပေါ် တက်ရအောင်!"
သူ လှေပျံပေါ် ရောက်သည်နှင့် အနီးပတ်ဝန်းကျင်ရှိ လေများ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသဖြင့် လုရွှမ် ထိတ်လန့်သွားသည်။ သူသည် နေမျက်လုံးကို လျင်မြန်စွာ ထုတ်လိုက်ရာ မှိန်ဖျော့နေသော အလင်းရောင်များက ပျံသန်းနေသော လှေတစ်စင်းကို ပတ်ပတ်လည်တွင် ရစ်ပတ်ထားတာ မြင်လိုက်ရသည်။
ပျံသန်းနေသော လှေသည် လေပြင်းကြောင့် လုံးဝ မထိခိုက်နိုင်ဘဲ ရွေ့လျားနိုင်မှုကလည်း အလွန် မြန်လွန်းလှသည်။
.