← Chapters

ကျောက်ပြား

Vol. 52 Ch. 4.298

ကျောက်ပြား

Vol. 52 Ch. 4.298

"မင်းတို့ရဲ့ ဒီလှေပျံက မှော်ဆန်သားပဲ"

ကြေးနံပါတ်တစ်က ပြုံးပြီး ပြောလာ၏။

"ဟုတ်လား? ကျုပ်လည်း ဒါကို ပထမဆုံးမြင်တော့ အရမ်းသဘောကျသွားတာ... ဒီ နိယာမစွမ်းအင် အမျိုးအစားရဲ့ လေးနက်မှုက အကြီးစား အခင်းအကျင်း ဖွဲ့စည်းမှုထက် အများကြီး ပိုမြင့်နေသေးတယ်"

ဒီစကားကတော့ အနည်းငယ် ချဲ့ကားလွန်းရာ ကျသည်။ အကြီးစား အခင်းအကျင်း ဖွဲ့စည်းမှုများတွင် ပါရှိသော နိယာမစွမ်းအင် လိုင်းများနှင့် အသုံးပြုထားသော နည်းဥပဒေသ အရေအတွက်များသည် တုန်လှုပ်စရာကောင်းသော နံပါတ်တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း လေပြင်း၏ ခုခံမှု အတိုင်းအတာနှင့် အသုံးချမှုအရ ၎င်းသည် အကြီးစား အခင်းအကျင်းနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် သေးငယ်သော အရာဖြစ်သည်။

"အိုး.... ဒါဆို ဒီလိုမျိုး စွမ်းအင်လိုင်းတွေကို သင်ပေးလို့ရမလား?"

လုရွှမ် မေးလိုက်သည်။

လှေပျံပေါ်ရှိ လူတိုင်းအားလုံး တိတ်ဆိတ်သွားပြီးနောက် ရယ်မောသံများ ထွက်ပေါ် လာကာ ကြေးနံပါတ်တစ်၏ မျက်နှာက နီရဲလာကာ ရှက်ကိုးရှက်ကန်းဖြင့် ဘေးတွင် ထိုင်နေလေသည်။ လုရွှမ်၏ အမူအရာမှာ မပြောင်းလဲသွားဘဲ တည်တည်ငြိမ်ငြိမ်နှင့် ငြိမ်သက်နေကာ လူတိုင်းကို အပြုံးဖြင့် ကြည့်လိုက်တော့ တဖြည်းဖြည်း အားလုံး တိတ်ဆိတ်သွားကြသည်။

ကြေးနံပါတ်၂က ပြုံးပြီး ပြောလာ၏။

"ဒါက ကျွန်မတို့ ထျန်းရှားဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ.... ရှင် ဒါကို လေ့လာချင်ရင် ကျွန်မတို့ဂိုဏ်းထဲ ဝင်ရမှာ... သခင်လေးလုရွှမ်က ဆန္ဒရှိရဲ့လား?"

"သြော်... ငါကမင်းတို့ဂိုဏ်းထဲ ဝင်ထားသရွေ့ ဒီစွမ်းအင်လိုင်းတွေရဲ့ လျှို့ဝှက်ချက်တွေကို မင်းလေ့လာနိုင်တယ်ပေါ့... ဟားဟား ဒီလိုဆိုရင်တော့ ဒီလိုင်းတွေရဲ့ လျှို့ဝှက်ချက်ကို မင်းတို့လည်း သင်ထားပြီးပြီ... မင်းတို့ရဲ့ ခန္ဓာကိုယ်ကို လေထဲမှာ ဖုံးကွယ်ပြီး မင်းတို့ရဲ့ အသက်ရှုသံတွေကိုလည်း လူတွေ သတိမထားမိအောင် ထိန်းထားနိုင်တယ်ပေါ့?"

ကြေးနံပါတ်နှစ်သည် ပန်းတစ်ပွင့်လို အပြုံးတစ်ပွင့်ဖြင့် သူမမျက်လုံးများက လှုပ်ရှားနေကာ သူမသည် ယခင်ကလို လျစ်လျူရှုမှုများ မရှိတော့ပေ။ လုရွှမ်၏ တစ်ကိုယ်လုံးကို အပေါ်အောက် ငုံ့ကြည့်နေကာ အပူရှိန် ပြင်းပြနေသော အမျိုးသမီး တစ်ဦးကဲ့သို့ သူမ၏ နှုတ်ခမ်းနီများကို လျှာဖြင့်သပ်ကာ ပြုံးပြနေတော့သည်။

"ဒါပေါ့... မဟုတ်ရင်..."

ရုတ်တရက် ချောင်းဆိုးလိုက်သံက ကြေးနံပါတ် ၂ ရဲ့ စကားတွေကို အနှောင့်အယှက် ဖြစ်သွားစေ၏။ သူမက မျက်ခုံးတွေကို တွန့်ချိုးလျက် မတ်တပ်ရပ်ပြီး ကြေးနံပါတ်တစ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

"ဝမ်ကျန့််.... နင့်မှာ ကန့်ကွက်စရာ ရှိလို့လား"

သူမသည် ကြေးနံပါတ်တစ်ရဲ့ အမည်ကို တိုက်ရိုက် ခေါ်ဆိုခဲ့ပြီး တစ်ဖက်သားကို အလွန် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှား​လေသည်။

"သခင်မလေး... ငါဆိုလိုတာ အဲ့လို မဟုတ်ဘူး... တောင်းပန်ပါတယ် ငါက စွမ်းအင်လိုင်းတွေရဲ့ လျှို့ဝှက်ချက်ကို သခင်လေးလုရွှမ်ကို သတိပေးချင်တာပါ.... ဘယ်သူမဆို သင်ယူနိုင်ပေမယ့် အရည်အချင်းပေါ်မှာ မူတည်​တယ်လေ... အရည်အချင်း မလုံလောက်ရင် ဒီမှာ ဒုက္ခရောက်သွားလိမ့်မယ်.... ဆယ်နှစ်ကြာအောင် သင်ယူရင်တောင် အများကြီး သင်ယူနိုင်မှာ မဟုတ်ဘူး"

လတ်စသတ်တော့ ဒီအမျိုးသမီးက သခင်မလေး ဖြစ်နေတာပဲ။ သူမ တခြားသူတွေရဲ့ အမြင်မှာ ဒီလောက် မာနကြီးပြီး အစွမ်းထက်နေတာ အံ့သြစရာတော့ မဟုတ်​တော့ပေ။ ဝမ်ကျန့်ရဲ့ စကားများကို နားထောင်​ကြည့်ရင်း သူသည် အပြင်လူသာ ဖြစ်နိုင်သည်။

သူက ကြေးနံပါတ်၂ရဲ့ ဧည့်သည် ဖြစ်ကောင်းဖြစ်လာနိုင်သော်လည်း ရွံရှာဖွယ် ကောင်းသော ဧည့်သည်သာ ဖြစ်လာနိုင်သည်။

လုရွှမ်အမြင်မှာ ဒီကောင်က ထွက်ပြေးချင်နေ ပုံရပေမယ့် သူ့မှာ ခွန်အားမရှိဘူး။ ဒါကြောင့် သူက မိသားစုကြီးရဲ့ သားဖြစ်တဲ့ မိမိရဲ့ ပေါင်ကို ပွေ့ဖက်ချင်နေတာ ဖြစ်နိုင်သည်။

"နင်က ကိုယ့်အကြောင်းကို ပြောနေတာလား"

ကြေးနံပါတ်၂က လှောင်ပြောင်လိုက်သည်။

တခြားလူများကလည်း ရယ်မောကြသော်လည်း ဝမ်ကျန့် ၏ မျက်နှာမှာ ရှက်ရွံ့မှုဖြင့် နီရဲလာကာ သူ့လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရာ အပြာရောင် သွေးကြောများ ပေါက်ထွက်မတတ် ဖြစ်နေပေမယ့် စကားတစ်ခွန်းမှ မပြောလာပေ။

"အမှိုက်ကများ!"

ကြိမ်းမောင်းပြီးနောက် ကြေးနံပါတ်၂က လုရွှမ်ဆီကို အကြည့်လွှဲလိုက်သည်။

"သခင်လေးလုရွှမ်... ရှင်က သူတော်စင်တစ်ပိုင်း အဆင့်၇ရဲ့ ခွန်အားနဲ့ ဒီနေရာကို ဝင်လာနိုင်ပြီး ကျွန်မတို့ လူသုံးယောက်ကိုလည်း တစ်ယောက်ပြီး တစ်ယောက် သတ်နိုင်ခဲ့လို့ အရမ်း အစွမ်းထက်တယ်လို့ ပြောလို့ရတယ်... ရှင့်ရဲ့ အရည်အချင်းတွေက ထူးချွန်ပါတယ် ရှင် ကျွန်မ တို့နဲ့ ပူးပေါင်းချင်ရင် ရတယ်နော်... ဒါဆို အခု ဆုံးဖြတ်ချက်က ဘယ်လိုလဲ?"

ကြေးနံပါတ်တစ် ဝမ်ကျန့်သည် ထပ်ခါတလဲလဲ မျက်စိ မှိတ်ပြ​နေသော်လည်း ချောင်းဆိုးရန် မဝံ့ရဲတော့ချေ။ လုရွှမ်က ပြုံးပြီး ပြန်ပြောလိုက်သည်။

"ဒီတစ်ခါတော့ ငါလည်း အပျော်ရှာ ထွက်လာရုံပါပဲ.... ဒီမှာ အရမ်း စိတ်ဝင်စားဖို့ကောင်းလို့ ခံစားရတယ် ဆိုတော့ ခဏလောက် နေမလို့ စဥ်းစားထားတယ်... ဒါပေမဲ့ ဒီကိစ္စက အရေးကြီးတာမို့ ငါစဉ်းစားဖို့ အချိန်လိုသေးတယ်.... မနက်ဖြန် အဖြေပေးမယ် အဆင်ပြေမလား?"

ကြေးနံပါတ်နှစ်က ပြုံးပြီး

"ကောင်းပြီ... အဲ့အချိန်ရောက်ရင် ကျွန်မရှင့်ကို လာတွေ့မယ်"

ပြောပြီး သူမလက်ချောင်းတွေကို လုရွှမ်ရဲ့ ရင်ဘတ်ကို ပွတ်တိုက်သွားပြီး တစ်ဆက်တည်း ဝမ်ကျန့်ကို လက်ပြန် ပါးရိုက်ချလိုက်သည်။

ဝမ်ကျန့်သည် သူတော်စင်နယ်ပယ် အဆင့်၇ ဖြစ်ကာ အမျိုးသမီး စွမ်းရည်သည် အဆင့်၆ သူတော်စင်များသာ ဖြစ်သော်လည်း မျက်နှာကို အရိုက်ခံရပြီးနောက် ဝမ်ကျန့်၏ မျက်နှာသည် နီရဲလာပေမယ့် စကား ပြန်မပြောရဲပေ။

ပျံသန်းနေသော လှေသည် အလွန်လျင်မြန်စွာ ခရီးနှင်နေသည်။ လုရွှမ်သည် ဦးတည်ရာကို တိတ်တဆိတ် မှတ်ထားမိသော်လည်း အပြင်ဘက်ရှိ ပြေးနူန်းများသည် စွမ်းအင်ကို ပိတ်ဆို့ထားသောကြောင့် လမ်းကြောင်းရှာမယ့် စိတ်ကို စိတ်ပျက်လက်ပျက်ဖြင့် စွန့်လွှတ်လိုက်ရသည်။

နာရီအနည်းငယ် ကြာပြီးနောက် လှေပျံသည် နောက်ဆုံးတွင် ရပ်သွားခဲ့သည်။ သူ လှေပျံပေါ်မှ ဆင်းလိုက်သောအခါ အရပ်ရပ်မှ လေပြင်းများ ရပ်တန့်သွားကာ ကြွယ်ဝသော မြေကြီး ဝိညာဉ်စွမ်းအင်များသည် အာကာသထဲ ပြည့်လျှံလာခဲ့သည်။ လုရွှမ် သူတို့ မြေအောက်ထဲသို့ ၀င်လာခဲ့ကြောင်း သဘောပေါက်သွားသည်။

"သခင်လေးလုရွှမ်ကို အခန်းထဲ ပို့​ပေးလိုက်!"

ကြေးနံပါတ်နှစ်က ပြောလိုက်သည်။ သူမခန္ဓာကိုယ်မှာ ရစ်ပတ်ထားတဲ့ အပြာရောင်နဲ့ အနက်ရောင် ၀တ်စုံကို ချွတ်လိုက်ပြီး သူ့ရဲ့ ဖောင်းကားနေတဲ့ ရုပ်ပုံလွှာကို ထုတ်ဖော်ပြသလိုက်သည်။ သူမဟာ အလွန်ပေါ်လွင်အောင် ၀တ်ဆင်ထားပြီး လုရွှမ်ကို အပျော်သဘောနဲ့ ကြည့်နေသည်။

သူမရဲ့ နှစ်ဖက်စလုံးကို ပွေ့ဖက်၍ သန်မာသော အမျိုးသားတစ်ဦးစီက သူ့လက်များကို မြှောက်ကာ ချီမြှောင်ထားပြီး သူမက ကျယ်လောင်စွာ ရယ်မောရင်း ထွက်သွားသည်။

"ခွေးမလေး!"

လူတိုင်း ထွက်သွားပြီးနောက် ဝမ်ကျန့်က အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ သူ့မျက်နှာပေါ်ရှိ လက်ဖဝါးရာကို လက်ညိုးဖြင့် ထိုးလိုက်သည်။ အဲဒီအချိန်မှာ အနီရောင် လက်ငါးချောင်းရာ အမှတ်အသားဟာ တိတ်တိတ်ဆိတ်ဆိတ် ပျောက်ကွယ်သွားခဲ့၏။

လုရွှမ်လည်း သူ့စိတ်ထဲမှာ လှောင်ရယ်လိုက်မိသည်။ ဒီလူက အရမ်းကို အသုံးမကျတာပဲ။ သူ့ကို မိန်းမတစ်ယောက်က စိုက်ကြည့်လိုက်တာနဲ့ သူ့မျက်နှာပေါ်က လက်ငါးချောင်းရာ အမှတ်အသားကိုတောင် မဖယ်ဝံ့ဘူး။ သနားစရာ ကောင်းပေမယ့် ပိုတောင် စိတ်ပျက်စရာ ကောင်းနေသေးသည်။

ဝမ်ကျန့် အနည်းငယ် ဦးညွှတ်ပြီး ချက်ချင်းပင် လုရွှမ်မျက်နှာကို မော့ကြည့်ကာ ပြုံးပြလာသည်။

"သခင်လေးလုရွှမ် ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ..."

"ဖမ်းမိတဲ့ ကျင့်ကြံသူတွေ အားလုံးကို ဒီလိုပဲ ဆက်ဆံတာလား? ငါ့အမြင်တော့ နေ့တိုင်း ဖမ်းလာတဲ့ ကျင့်ကြံသူတွေ မနည်းဘူး ထင်တယ်"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူတို့က သခင်လေးလုရွှမ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... မိသားစု နောက်ခံ၊ အရည်အချင်း၊ ခွန်အားနဲ့ ပြောရရင် သူတို့က တိုက်ရိုက် ဓားပြတိုက်ခံလိုက်ရတာ... ပြီးတော့ သူတို့ရဲ့ အလောင်းတွေကို ထျန်းဝိုက်စွေ့ ကမ္ဘာကြီးထဲကို ပစ်ချပစ်တာလေ... အာကာသသားရဲတွေ စားတာပဲ ဖြစ်ဖြစ် လေပြင်းတိုက်လို့ မံမီရုပ်လို လွင့်သွားတဲ့လူပဲ ဖြစ်ဖြစ် ခင်ဗျားနဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ"

စင်္ကြံတစ်လျှောက်တွင် ဝမ်ကျန့်က စကားတွေ ပြောလာရင်း အခန်းတစ်ခုသို့ လျှောက်သွားကာ

"ဒီမှာ.... ဒါက အကောင်းဆုံး ဧည့်ခန်းပါ... နည်းနည်းရိုးရှင်းပါတယ် သခင်လေးလုရွှမ် အထဲကို ကြွပါ"

သူက တံခါးကိုဖွင့်ပြီး အရင်ဝင်လိုက်သည်။ လုရွှမ် ဝင်လာပြီးနောက် သူက သေသေချာချာ အပြင်ကို ကြည့်လိုက်ပြီးမှ တံခါးကို အမြန်ပိတ်လိုက်၏။

ဝမ်ကျန့်မှာ တစ်ခုခု ပြောစရာရှိမှန်း သိသဖြင့် လုရွှမ်လည်း သိပ်ဆန္ဒစောမနေဘဲ ဝမ်ကျန့် ပြောလာဖို့ပဲ စောင့်ဆိုင်းနေခဲ့သည်။

"သခင်လေးလုရွှမ်... ကျွန်တော့်ကို ကယ်ပါ!"

မထင်မှတ်ပဲ ဝမ်ကျန့်က ဒူးထောက်လိုက်ပြီး မျက်ရည်တွေပါ ကျလာခဲ့၏။

ဒီလူမှာ အရှက်မရှိဘူး ဆိုတာ သိပေမယ့် သူ့မှာ သိက္ခာပါ မရှိဘူးလို့တော့ မမျှော်လင့်ထားဘူး။

"မြန်မြန်ထပြီး ဘာဖြစ်နေတာလဲ ငါ့​ကိုပြောပါ"

ဝမ်ကျန့်က နာခံပြီး အမြန်ထရပ်ကာ မျက်ရည်များကို သုတ်လိုက်သည်။

"သခင်လေးလုရွှမ်.... ဒီနေရာက လူတွေနေလို့ရတဲ့ နေရာ မဟုတ်ဘူး... ဒီနေရာရဲ့ လေပြင်းစွမ်းအင်က ကောင်းပေမယ့် သူ့ရဲ့ အကြောင်းအရာက လေးနက်ပြီး အရည်အချင်း မပြည့်မီတဲ့ လူတွေဆို လုံးဝ နားမလည်နိုင်ပါဘူး.... ကျွန်တော်အရင်က အခြေခံအုတ်မြစ်တချို့ ပျောက်ဆုံးနေတယ်လို့ ကြားသိခဲ့ပေမယ့် အဲဒါမှန်လား အမှားလား ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး"

"မင်းတို့ နိယာမစွမ်းအင် လိုင်းတွေကို လေ့လာပြီးပြီပဲမလား.... ပြင်းထန်တဲ့ လေထဲမှာ လွတ်လွတ်လပ်လပ် ဆုတ်ခွာနိုင်တယ် မင်းရဲ့အသက်ရှုသံကို ငါထိန်းချုပ်လို့ မရဘူး... ငါတောင်မှ နားမလည်နိုင်လောက်အောင်ကို လေးနက်နေတာ ဖြစ်သင့်တယ် မဟုတ်လား?"

ဝမ်ကျန့်က သက်ပြင်းချလိုက်ပြီး

"ဟူး.... သခင်လေးလုရွှမ် ခင်ဗျား နားမလည်ပါဘူး... အဲဒါ နိယာမစွမ်းအင် လိုင်းတွေက ကျောက်ပြားပေါ်မှာ မှတ်တမ်းတင်ထားတဲ့ ပြေးမှတ်တွေပဲ.. အဲဒီကျောက်ပြားက ကောင်းကင်ကနေ ပြုတ်ကျတယ်လို့ ပြောကြတယ်.... စုစုပေါင်း အဆင့်ခုနစ်ဆင့် ရှိတယ်...ကျွန်တော်တို့အခု ပထမဆုံး အလွှာကိုပဲ လေ့ကျင့်ရသေးတာ... အများစုကလည်း အပေါ်ယံလောက်ပဲ နားလည်ခဲ့ကြတာပါ"

"သခင်လေးလုရွှမ်... ခင်ဗျား ကျွန်တော်တို့ရဲ့ အသက်ရှုသွင်းနည်း ပညာရပ်က မှော်ဆန်တယ်လို့ ထင်နေတယ်မလား? ဒါပေမဲ့ ဒါက မျက်မမြင် လှည့်ကွက်တစ်ခုပဲ... ကျင့်ကြံမှုအဆင့်ကို မြှင့်တင်တဲ့ နေရာမှာ အကျိုးမရှိဘူး.... ဆန့်ကျင်ဘက် အနေနဲ့ အချိန်ဖြုန်းမိတာပဲ အဖက်တင်တယ်... ကျွန်တော် ဒီမှာနေတာ ဆယ်နှစ်ရှိပြီ.... နှစ်တွေကြာလာတော့ ကျွန်တော့်ရဲ့ အရည်အချင်းက ထူးကဲလာတယ်လို့ ခံစားမိပေမယ့် ဒုတိယအလွှာက ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးဘူး"

"ဟုတ်ပါတယ် သခင်လေးက ထူးကဲတဲ့ အရည်အချင်းတွေ ရှိပြီး လူတစ်သောင်းကိုလည်း မကြောက်ဘူး... ခင်ဗျားသူတို့နဲ့ ပေါင်းလိုက်ရင် ခင်ဗျားရဲ့ အတွင်းစိတ်ဝိညာဥ်ကနေ သစ္စာမဖောက်ဘူးလို့ နတ်ဆိုးတွေဆီ ကျိန်ဆိုရလိမ့်မယ်.... ခင်ဗျား လွတ်မြောက်ချင်ရင်တောင် လုပ်လို့ မရ​​တော့ဘူး... ဒါတင်မကသေးပါဘူး သူတို့မှာ တကယ့် မဟာသူတော်စင် ပါ၀င်တဲ့ အုပ်ထိန်းသူတွေ ရှိတယ်... ထွက်ပြေးဖို့တောင် မစဉ်းစားသင့်ဘူး မဟုတ်ရင် သားရဲတွေရဲ့ ညစာ ဖြစ်သွားလိမ့်မယ်"

All Chapters