← Chapters

ကျောက်ပြားကို သိမ်းယူခြင်း

Vol. 52 Ch. 4.300

ကျောက်ပြားကို သိမ်းယူခြင်း

Vol. 52 Ch. 4.300

ဒုတိယနေ့တွင် လုရွှမ် အပါအဝင် လူဆယ်ဦးကို ဖိတ်ခေါ်ခဲ့သည်။ ကြေးနံပါတ်နှစ်ဟာ ထျန်းရှားဂိုဏ်းရဲ့ အမည်ခံအကြီးဆုံး အမျိုးသမီး ဖြစ်တာကြောင့် သူမက နောက်ကျမှ ရောက်လာသည်။

"ကျုပ် ထျန်းရှားဂိုဏ်းထဲ ဝင်ဖို့ ရွေးလိုက်ပြီ"

အမျိုးသမီး စကားပြောလာမယ့် အချိန်ကိုတောင် မစောင့်ဘဲ လုရွှမ်က ထရပ်ကာ ပြောလိုက်သည်။ အမျိုးသမီးရဲ့ မျက်လုံးများက တစ်ခဏချင်း တောက်ပလာပြီး သူမသည် ပြုံးကာ ပြောသည်။

"အရမ်းကောင်းတယ်... သခင်လေးလုရွှမ်က တကယ်ကို ရိုးသားတဲ့လူပဲ.... တချို့လူတွေလို အချိန်အတော်ကြာ အလုပ်ကြိုးစားပြီး ကံကောင်းခြင်း မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားနေတဲ့ လူနဲ့ မတူဘူး... ကျွန်မနဲ့အတူလိုက်ခဲ့ပါ"

တခြားလူတွေကို ဂရုမစိုက်တော့ဘဲ ထိုအမျိုးသမီးက ထွက်သွားခဲ့သည်။ ဘေးက ဝမ်ကျန့်​ဟာ အံသြသွားပြီး လုရွှမ်ကို ဘာကြောင့်မှန်းမသိ မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည့။

လမ်းတစ်လျှောက်တွင် လုရွှမ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ဤနေရာသည် ဒီလောက် ကြီးမားပြီး လူအများကြီး နေထိုင်နိုင်တာကို သူတကယ် မထင်ထားခဲ့ပေ။ ကြီးမားသော ရင်ပြင်သည် ဈေးတစ်ခုနှင့်ပင် တူပြီး လာလည်သူများဖြင့် စည်ကားနေသည်။

သခင်မလေး ဟူသည့် အမျိုးသမီးကို တွေ့သောအခါ လူအများက အမြန် အလေးပြုကြသည်။ သူမသည် လုရွှမ်ကို စူးစူးစိုက်စိုက် ကြည့်ကာ သူမနှုတ်ခမ်းပေါ်မှ အဓိပ္ပာယ် တစ်မျိုးရှိသော အပြုံးအား ပြသနေ၏။

"သခင်မလေး ကျုပ်တို့ ဘယ်သွားနေတာလဲ မေးလို့ရမလား"

လုရွှမ်က မေးလိုက်သည်။ လေထုကို ပိတ်ဆို့နေတဲ့ စွမ်းအင်တွေက နေရာအနှံ့မှာ အပြေးအလွှား ရှိနေလို့ ထွက်လမ်းကို မသိရင် လမ်းကို အတင်းဖွင့်ရင်တောင်မှ အချိန်တိုအတွင်း ထွက်သွားလို့ မရမှာ ​ကြောက်ရသည်။

"ကျောက်တိုင်ကို သွားကြည့်ဖို့ ခေါ်သွားမလို့လေ"

လူတစ်စုသည် လူစည်ကားလှသော နေရာထဲ ဝင်လာစဥ် လူစုလူဝေးများက အပြေးအလွှား ထွက်သွားရာ လမ်းတစ်လျှောက် ပတ်ဝန်းကျင်သည် တဖြည်းဖြည်း တိတ်ဆိတ်လာသည်။ လမ်းဆုံလမ်းခွများကို ဖြတ်လျှောက်ပြီးနောက် လုရွှမ် သူ့ရှေ့က မြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားသည်။

လူတစ်ရာထက်မနည်း တင်ပျဉ်ခွေထိုင်၍ မည်သူမျှ စကားမပြောကြပေ။ အသက်ရှုသံကပင် အလွန်ပေါ့ပါးနေ၏။ မျက်လုံးကို ဖွင့်လျက် အလယ်ဗဟိုရှိ ကျောက်ပြားကို စိုက်ကြည့်ရင်း စိတ်နှလုံးနှင့် ဝိညာဉ်များက ပျောက်ဆုံးသွားသည့်အတိုင်းပင်။

"ဒီမှာ ပါရမီရှင်တွေ အများကြီးရှိတယ်... နိယာမစွမ်းအင် လိုင်းရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူမှ မဖော်ထုတ်နိုင်ခဲ့တာတော့ နှမြောစရာ ကောင်းတယ်"

လုရွှမ် ဟိုဟိုဒီဒီကြည့်ရင်း ကျင့်​ကြံမှု အဆင့်တွင် ထူးကဲသော သူတော်စင်များ အဆင့်ထက် သာလွန်နေသူများလည်း ရှိနေတာကို တွေ့လိုက်ရသည်။ အမြင့်ဆုံးအဆင့် ရှိသူများသည် သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံမှုကာလအထိ ရှိကြသည်။

ထိုသူသည် အဘိုးကြီး တစ်ဦးဖြစ်ပြီး မုတ်ဆိတ်မွေးနှင့် ဆံပင်များ အဖြူရောင် ဖြစ်နေကာ မျက်နှာမှာ ရှုံ့တွနေတာကြောင့် သူ၏အဆုံးသတ်မှာ မဝေးလှကြောင်း သိသာထင်ရှားလှသည်။

သို့သော် ဤအခိုက်အတန့်တွင် သူ၏ အစွဲအလမ်းကြီးသော အကြည့်ကို ကြည့်လိုက်လျှင် ကျောက်ပြားပေါ်ရှိ ထာဝရအသက်ဆီသို့ သွားရာလမ်းဟာ သူ့အသက်ကို ကယ်တင်နိုင်ပုံရသည်။

သခင်မလေးက တိရိစ္ဆာန်အရေပြားကို ထုတ်ယူလိုက်ပြီး

“ကျောက်ပြားကို နားလည်ချင်ရင် ရှင့်ရဲ့အတွင်းစိတ်ထဲက နတ်ဆိုးကို တိုင်တည်ပြီး ဒီတိရစ္ဆာန်အရေ​ပြားပေါ်မှာ ဝိညာဉ်အမှတ်အသား ထားခဲ့ရမယ်”

ဒီတိရိစ္ဆာန်အရေပြားက မရိုးရှင်းပါဘူး။ လုရွှမ် သူ့နှလုံးသားကို ရင်တုန်သွားစေတဲ့ ကျိန်စာရဲ့ အစွမ်းကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။ ကျိန်စာသစ္စာကို ဖောက်ဖျက်ပြီး ခိုက်ရန်ဖြစ်ပွားသည်နှင့်အမျှ ဘဝသည် သေရတာထက် ပိုဆိုးမည်မှာ သေချာ​လေသည်။

နှလုံးသားမီးသစ်သီးကို တိတ်တဆိတ် ထုတ်ယူရင်း လုရွှမ်သည် ကျိန်စာတစ်ခု ကျိန်ဆိုခဲ့ပြီး သူ၏ လှုပ်ရှားမှုများသည် မဆိုင်းမတွ ပြတ်ပြတ်သားသားပဲ။ သို့သော် ဆန့်ကျင်ဘက်အ​နေဖြင့် ၎င်းသည် သခင်မလေးအား သံသယ ဝင်သွားစေသည်။

သို့သော် တိရစ္ဆာန်အရေ​ပြားပေါ်၌ ဝိညာဉ်ကျိန်စာ ပေါ်လာတာကို မြင်လိုက်ရသောအခါ သခင်မလေးလည်း သူမရဲ့ သံသယကို ဖျောက်ပစ်လိုက်ရသည်။ လောလောဆယ် သူ့ကို မမြည်းစမ်း​ကြည့်နိုင်တာ နှမြောစရာ ကောင်းလှသည်။

သူက ကိုယ်ခံပညာကို ဝါသနာပါသူ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအချက်ကို တွေးမိတဲ့အခါ သခင်မလေးလည်း လုရွှမ်အား ချန်ထားခဲ့ကာ လှည့်ထွက်သွား​တော့သည်။

လုရွှမ် နေရာလွတ်တစ်ခုကို ရှာတွေ့ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ပတ်ဝန်းကျင်ကို ကာကွယ်ရန် သူ၏စိတ်ဝိညာဉ် စွမ်းအား ခြေရာလက်ရာများကို ထုတ်လွှတ်လိုက်ပြီး သူ့စိတ်နှလုံးက​တော့ ကျောက်ပြားထဲတွင် နှစ်မြှုပ်ထားလိုက်လေသည်။

ဝိညာဉ်က အာရုံခံပြီးတာနဲ့ ဒီကျောက်ပြားဟာ တိမ်ပင်လယ်နယ်မြေက ပိုင်နိုင်တဲ့ အရာမဟုတ်မှန်း ချက်ချင်း သိလိုက်ရ၏။

ထျန်းရှားဂိုဏ်းက ဒီလို ရတနာတစ်ခုကို ရထားတဲ့အထိ အခွင့်အရေး ရခဲ့ခြင်းက တကယ်ပင် ကံကောင်းလှသည်။

လုရွှမ်သည် ကျောက်ပြားပေါ်ရှိ ပြေးမှတ်များကို သူ့စိတ်ဝိညာဉ်ထဲသို့ ခက်ခက်ခဲခဲ ရိုက်နှိပ်ရန် ကြိုးစားခဲ့သော်လည်း လုံး၀ မလုပ်ဆောင်နိုင်ခဲ့သဖြင့် စိတ်ပျက်သွားခဲ့သည်။ သူ့စိတ်ကို ကျောက်ပြားနဲ့ ချိတ်ဆက်ပြီး ခဏလောက်ကြာတော့ ဝိညာဉ်စွမ်းအားက ကောင်းကင်ကို ဖြတ်ပြီး ကြယ်ရောင်စုံရှိတဲ့ ကောင်းကင်ကမ္ဘာကို ရောက်သွားသလို ခံစားလိုက်ရသည်။

ကောင်းကင်ရှိ ကြယ်များသည် အဆုံးမရှိ စိတ်ကူး မယဉ်နိုင်သော စည်းမျဉ်းအတိုင်း ရွေ့လျားနေကြသည်။ ဒါတွေအားလုံးကို စိတ်ထဲမှာ စွဲထင်ထင်ထင် ပုံဖော်ချင်ရင် အနည်းငယ် ခက်ခဲလိမ့်မည်။

သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး လုရွှမ် စိတ်တွေ ဆုတ်ခွာသွားသည်။ သူ့ဘေးမှာ အဘိုးကြီး တစ်ယောက် ရှိနေတာကို တွေ့လိုက်ရ၏။ သူက တကယ့်ကို သေလုမျောပါး ဖြစ်သွားချိန် အဘိုးကြီးကပဲ သူ့ကို ညင်သာစွာ ပုတ်နှိုးလာခဲ့သည်။

"လူငယ်လေး... မင်း ဝါးနိုင်တာထက် ပို​ပြီး မကိုက်မိ​စေနဲ့.... ဖြည်းဖြည်းချင်း စမ်းကြည့် မင်း လုံးဝ စွဲလမ်းသွားတယ်ဆိုရင် အပြင်ကို မထွက်နိုင်တော့မှာ မဟုတ်ဘူး"

"ကျွန်​တော် ဘယ်လောက် ကြာသွားပြီလဲ?"

လုရွှမ် လန့်သွားပြီး အမြန်မေးလိုက်သည်။ အဘိုးအိုက လက်သုံးချောင်း မြှောက်ပြ၍

“မင်း ထိုင်​နေတာ သုံးလရှိပြီ”

လုရွှမ် ထိတ်လန့် တုန်လှုပ်သွားတာတောင် မထိန်းနိုင်ခဲ့ပေ။ အမှန်တကယ်ကို သူကျောက်ပြားကို အာရုံခံနေခဲ့တာ သုံးလကျော် ကြာသွားခဲ့ပြီ။ ဤကျောက်ပြားက ဆိုးယုတ်တဲ့ သဘောရှိနေတာပဲ။

လှည့်ကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်က လူတွေ အများကြီး ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။ သနားစရာကောင်းတဲ့ ယဲ့ချင်းမိန်လည်း သူတို့အထဲမှာ ပါ၏။ ယခုမူ သူမ၏မျက်နှာက ဆွဲဆောင်မှု အထပ်ထပ်ရှိတဲ့ အသွင်အပြင်ဟာ ကျိုးပဲ့သွားပြီ ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ပြေပြစ်သော မျက်နှာပေါ်တွင် လူသတ်ချင်နေသည့် ရည်ရွယ်ချက်က အလွှာတစ်ခု အဖြစ် ရှိနေပြီး သန့်ရှင်းစင်ကြယ်မှု မရှိတော့ဘဲ ပြောင်းလဲသွားကြောင်း လုရွှမ်ကို ခံစားရစေသည်။

အဘိုးအိုသည် ရယ်မောကာ လုရွှမ်၏ဘေးတွင် ထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ လုရွှမ်လည်း သူ့ကို ကျေးဇူးတင်ပြီး ကျောက်​ပြားကို ဆက်လေ့လာလိုက်သည်။

သူ့စိတ်ထဲတွင် ပန်းပွင့်များသည် ရုတ်ချည်း တရွေ့ရွေ့ လွင့်ပျံလာကာ ၎င်းတို့သည် ဖန်းမင်ကို အလွန်အမင်း အံ့အားသင့်စေခဲ့သော နယ်ပယ်နှစ်ခုပန်း ဟုခေါ်သော ပန်းပွင့်၏ ပွင့်ချပ်များဖြစ်ကြောင်း လုရွှမ် သိလိုက်သည်။

'ဟုတ်တယ်.... ဒီပွင့်ချပ်ပေါ်က နိယာမစွမ်းအင် လိုင်းနဲ့ ဒီကျောက်ပြားပေါ်က လိုင်းတွေက တူညီတဲ့ အရင်းအမြစ် တစ်ခုကနေ လာတာပဲ.. ငါ ရင်းနှီးတဲ့ ခံစားချက်မျိုး ရနေတာ အံ့သြစရာတော့ မရှိပါဘူး။ နိယာမစွမ်းအင် လိုင်းတွေရဲ့ ခံစားချက်က အဲဒီ ပွင့်ချပ်တွေပေါ် တကယ် သက်ရောက်တာပဲ'

ထိုအချိန်တွင် လုရွှမ် သူ့စိတ်ကို ကျောက်စိမ်းပြားထဲ အမြန်ရွှေ့၍ နယ်ပယ်နှစ်ခုပန်းပေါ်က သစ်သီးတစ်လုံးကို ခူးဆွတ်လိုက်သည်။ ပါးစပ်ထဲတွင် ဆေးလုံးနှင့်တူသော သစ်သီးက ချက်ချင်း ပေါ်လာသည်။ သူ့လျှာကို ထိလိုက်သည်နှင့် အရည်အိုင်များ အဖြစ်သို့ သူ့ခန္ဓာကိုယ်အတွင်း စီးဝင်သွားသည်။

နိယာမစွမ်းအင် လိုင်းများသည် မီးရောင်များကဲ့သို့ လွင့်​မျောနေပြီး လုရွှမ် ထိုအလင်းတန်းများသည် သူ့စိတ်ဝိညာဉ်ထဲသို့ ပေါင်းစည်း ကြည့်ရှုနေသော အပြင်လူ တစ်ယောက်လို ခံစား​နေရသည်။

အေးမြသော ခံစားမှုတစ်ခု သူ့စိတ်ထဲသို့ စီးဆင်းလာ၏။ လုရွှမ် သူ့ခန္ဓာကိုယ်ထဲတွင် သူ့ဦးခေါင်းထက် အလွန် ကြီးမားစေသော စွမ်းအင်များ၏ ပြေးလွှားမှုများကို လုံးလုံးလျားလျား ခံစားမိသည်။

ဝိညာဉ်စွမ်းအားက သူ့ကို ဆွဲခေါ်သွားပြီး နိယာမစွမ်းအင် လိုင်းအားလုံးက သူ့စိတ်ထဲမှာ နက်နက်နဲနဲ စွဲလန်းသွားသည်။ သူ့စိတ်တွေ လှုပ်ရှားလာပြီး ရုတ်တရက် အလွန် ရှင်းလင်းသွားတဲ့ ခံစားချက်တစ်မျိုးကို ရလိုက်သည်။ ထိုအခိုက် သူ့စိတ်ထဲက ကျောက်စိမ်းပြား နှင့် ကပ်လျက်တွင် လျှို့ဝှက်ဆန်းကြယ်သော ကျောက်ပြားကြီးက ပေါ်ထွက်လာ​​တော့သည်။

လုရွှမ် မျက်လုံးများကို အမြန် ဖွင့်လိုက်သည်။ အရင်က ကျောက်ပြားကြီးက သူ့နေရာမှာသူ ရှိနေတုန်းပဲမို့ လုရွှမ် သက်ပြင်းချလိုက်ရ၏။ သို့သော် သူနီးနီးကပ်ကပ် ကြည့်လိုက်သောအခါ ကျောက်​ပြားသည် ကျောက်ပြားအဖြစ်ရှိနေဆဲ ဖြစ်သော်လည်း ရိုးရှင်းသော ကျောက်ပြားတစ်ခုကဲ့သို့ ဆွဲဆောင်မှု လုံးဝ မရှိတော့ကြောင်း ခံစားရစေသည်။

လုရွှမ်သည် သူ အခွင့်ကောင်း ယူထားမိတာကို သိသောကြောင့် ဘာမှ မပြောဝံ့သလို ကြီးကြီးမားမား လှုပ်လှုပ်ရှားရှားပင် မလုပ်ဝံ့ပေ။

"ဟေး! ဒီကျောက်ပြားက တစ်ခုခု မှားနေတယ်"

သူ့ဘေးက အဖိုးအိုက ရုတ်တရက် မောက်မာတဲ့ မျက်နှာ ထအော်လိုက်သည်။ သူက သူ့ချစ်ရတဲ့ ရတနာတွေ ပျက်စီးသွားသလို ဝမ်းနည်းပူဆွေးစွာနဲ့ အော်လိုက်ခြင်းပင်။

အဘိုးအိုက အော်ဟစ်ပြီး အရှေ့ကို ပြေးထွက်သွားကာ လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ ဝုန်းကနဲ အသံနဲ့အတူ ကျောက်ပြားက အမှုန့်ဖြစ်သွား​တော့သည်။

"ကျောက်ပြားက ပြောင်းသွားပြီ!"

ယခုအချိန်တွင် ကျောက်ပြားက လုံးဝ မတူတော့ကြောင်း ငတုံးပင် သိနိုင်နေပြီ။

လူတိုင်းသည် ဒေါသအပြည့်ဖြင့် အော်ငေါက်ကာ သံသယ မျက်လုံးများဖြင့် ပတ်ဝန်းကျင်ရှိ လူများကို စိုက်ကြည့်နေကြသည်။ လူသတ်ချင်လာသည့် ရည်ရွယ်ချက်များမှာ ပေါက်ကွဲပြီး မီးပွားများ ထွက်ပေါ်လာခြင်းကို စောင့်ဆိုင်းနေသည့် ခြောက်သွေ့နေသော ယမ်းမှုန့်ကဲ့သို့ တစ်ဟုန်ထိုး တောက်လောင်လာခဲ့သည်။

All Chapters