နိယာမစွမ်းအင်လိုင်းရဲ့ ခွန်အား
Vol. 53 Ch. 4.302
လုရွှမ် ခြေလှမ်းကျဲကြီးဖြင့် လှမ်းထွက်လာခဲ့ကာ တံခါးဝတွင် ပျော်ပျော်ကြီး လက်ပိုက်ကြည့်နေသော ယဲ့ချင်းမိန်ကို ကြည့်လိုက်ကာ သူ့ခေါင်းကို တိတ်တိတ်လေး ခါယမ်းလိုက်သည်။ ဒီမိန်းကလေးက အမုန်းတရားတွေကြောင့် စိတ်လွတ်သွားပုံပဲ။
"ကျုပ်က ဒုက္ခရောက်နေတဲ့ လူပါပဲ... မင်းအလည်လာရတဲ့ ကိစ္စက ဘာလဲ? အစောက စကားကို ဆွေးနွေးရရင်တော့ သခင်မလေးက ယဉ်ကျေးလွန်းနေပါပြီ"
လုရွှမ်က ပြုံးပြီး ပြောလိုက်သည်။
ယခုတော့ သူသည် ကျောက်ပြားပေါ်ရှိ နိယာမစွမ်းအင် လိုင်း၏ ပထမအလွှာ နှစ်လွှာကို နားလည်ခဲ့ပြီးမို့ ထျန်းရှားဂိုဏ်း တပည့်များ၏ လျှို့ဝှက်ဆန်းကြယ်သော လျှို့ဝှက်ချက်များသည် ယခုအချိန်တွင် လုရွှမ်အတွက် လျှို့ဝှက်ချက် မဟုတ်တော့ပေ။
ထို့အပြင် ၎င်းတို့ ဆုပ်ကိုင်ထားသည့် အရာမှာ အမှန်ပင် ဝမ်ကျန့်ပြောသည့်အတိုင်း အပေါ်ယံအရာ ဖြစ်သည်။ ထျန်းဝိုက်စွေ့ကမ္ဘာထဲမှာ လေပြင်းတွေ တိုက်ခတ်လာတာက တိုက်ဆိုင်မှုတစ်ခုပါပဲ။ အခုတော့ လုရွှမ်ဟာ အခြေခံလေပြင်း ခံနိုင်ရည်နှုန်း အနည်းငယ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတာကြောင့် သူ့လက်လှိုင်းလေးနဲ့ သူတို့ကို ဖျက်ဆီးပစ်နိုင်ပါပြီ။
သခင်မလေးရဲ့ ပါးပြင်များ နီရဲလာကာ သူမသည် အမှန်တကယ်ပင် ရှက်ရွံ့မှု အနည်းငယ် ပြသနေ၏။ ထိုအချက်က အင်မတန် ရှားပါးလှပုံရသည်။
"ရှင် ကျွန်မကို သခင်မလေးလို့ ခေါ်စရာ မလိုဘူး... ကျွန်မရဲ့ မျိုးရိုးနာမည်က စူး.... နာမည်က မင်ယွဲ့... ရှင်ကျွန်မကို စူးမင်ယွဲ့လို့ ခေါ်ရင် ရပြီ"
လုရွှမ် မျက်မှောင်ကြုတ်သွားသည်။ ဒါက ဘာကိုဆိုလိုတာလဲ။ ရုတ်တရက် စိတ်နှလုံး တုန်လှုပ်သွားပြီး ယဲ့ချင်းမိန်ကို ပြန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမ၏ အပြုံးကို မျိုသိပ်ကာ ရူးသွပ်နေသော မျက်လုံးများဖြင့် သူ့အား ကြည့်နေတာ တွေ့လိုက်ရသည်။
အို လတ်စသတ်တော့ အဲ့လိုကိုး!
မိန်းကလေး ယဲ့ချင်းမိန်က သူ့ရဲ့ အထောက်အထားကို ဖော်ထုတ်ခဲ့သည်။ ထျန်းလုံကျောင်းအုပ် ဆိုတဲ့ ဝိသေသလက္ခဏာသည် ယနေ့ခေတ် ဧကရာဇ် အင်ပါယာကြီးများ ကြားတွင် အကျော်ကြားဆုံး နာမည်ဖြစ်သည်။ ထျန်းရှားဂိုဏ်းရဲ့ ခေါင်းဆောင်သည်လည်း ထိုအကြောင်းကို ကြားဖူးနိုင်သည်။
အမှန်မှာ သူတော်စင်တစ်ပိုင်း အဆင့်၇က သူတော်စင်နယ်ပယ်ကို သတ်နိုင်ခြင်းသည် အတိတ်နှင့် ပစ္စုပ္ပန်ကို ထိတ်လန့်စေသော ပါရမီတစ်ခုသာ ဖြစ်သည်။ သူတို့အနေနဲ့လည်း တစ်ခါမှ မတွေ့ဖူးဘူးလို့ ပြောရမည်။
သခင်မလေးက သူမ နာမည်ကို ပြောပြပြီး ရှက်နေပုံအရ သူမကို လက်ထပ်ဖို့ ယဲ့ချင်းမိန်က အားပေးခဲ့တာ ဖြစ်လိမ့်မည်။ ဒီလို မိန်းမတစ်ယောက်နဲ့ လက်ထပ်လိုက်တာက ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ။
လုရွှမ် ကူကယ်ရာမဲ့ ခေါင်းကို ခါလိုက်ပြီး
"မင်ယွဲ့! မင်းအဖေကိုတွေ့ဖို့ ငါ့ကိုခေါ်သွားပေး"
လုရွှမ်က တည်ငြိမ်စွာပဲ ဆိုလိုက်သည်။ စူးမင်ယွဲ့ရဲ့ မျက်လုံးများသည် မက်မွန်ပွင့်များ ပွင့်လုနီးပါးဖြစ်ပြီး သူမ မျက်နှာပေါ်တွင် နီရဲနေသော မျက်နှာအဖြစ် ပြောင်းသွားကာ "ဟုတ်ကဲ့!" ဟူသော အသံကပင် နူးညံ့ ပျော့ပျောင်းမှုများနှင့် ပြည့်နှက်နေသည်။ ချစ်ခင်စရာ ကောင်းသော မိန်းမငယ်လေးရဲ့ အသံအတိုင်းပင်။
ယဲ့ချင်းမိန် ဘေးကို လွတ်လွတ်လပ်လပ် ဖယ်ရပ်လိုက်ပြီး အဝေးကို လျှောက်သွားနေတဲ့ လူနှစ်ယောက်ကို ကြည့်ရင်း ခေါင်းတွေ မူးသွားသည်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ? သူ ဘယ်လိုမှ ဒေါသမထွက်ဘူးလား။
ဝမ်ကျန့်၏ စိတ်ဓာတ်ကျနေသော မျက်နှာသည် ယခုအခိုက်အတန့်တွင် အံ့သြမှုအပြည့်ဖြင့်။ သူခမျာ စိတ်ပျက်နေပြီ ဖြစ်သော်လည်း ယခုအခါ ကောင်းကင်က သူ့ကို ပြန်၍ အခွင့်အရေး ပေးသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူက ယဲ့ချင်းမိန်ထက် လူ့သဘောသဘာဝကို ပိုသိသည်။
ထျန်းလုံကျောင်းအုပ် ကဲ့သို့သော ပါရမီရှင် တစ်ယောက်သည် ထျန်းရှားဂိုဏ်း ကဲ့သို့ ညစ်ပတ်ပြီး ကြည့်မကောင်းသော နေရာတွင် သူ့ကိုယ်သူ ဘယ်လိုလုပ် ထောင်ဖမ်းခံပါ့မလဲ။ သာမာန်လူတို့ အမြင်တွင် မဟာသူတော်စင်ကြီးသည် မြင့်မားသော အသွင်အပြင် ရှိကာ လက်လှမ်းမမီနိုင်ပေမယ့် လုရွှမ်လို လူအတွက်ကတော့ ကိစ္စမရှိပါဘူး။
မဟာသူတော်ကြီးကို ထောင်ချောက်ဆင်ဖို့ သက်သက် လှည့်စားခြင်းသာ ဖြစ်ပေ၏။
ပထမဆုံတွေ့တုန်းက သူတို့ဟာ လုံးဝ မကြောက်တာ အံ့သြစရာ မဟုတ်တော့ပေ။ အရင်ကတော့ သူဟာ ခင်မင်ရင်းနှီးကြပြီး ထူးခြားတဲ့ မိသားစုနောက်ခံ ရှိလို့ပဲလို့ ထင်ခဲ့သည်။ ဒါပေမဲ့ တစ်ဖက်က နိယာမစွမ်းအင် လိုင်းကိုပဲ စိတ်ဝင်စားနေခဲ့၏။
အပြောင်းအလဲတွေကြောင့် အံ့သြမိပေမယ့် အခုတော့ တစ်ဖက်လူက သူတို့ကို လုံးဝ မျက်စိထဲ မထည့်ဘူးဆိုတာ သိလိုက်ရလေပြီ။
လွန်ခဲ့သည့် လအနည်းငယ်က ပေါ့ဆမှု တချို့ကြောင့် သူ့ကိုယ်သူ တိတ်တဆိတ် အပြစ်တင်ကာ ဤနေရာတွင် မနေဝံ့တော့ဘဲ ကမန်းကတန်း ကြင်နာမှုပြကာ နဂါးကြီး ကောင်းကင်ဘုံသို့ တက်သွားသောအခါ စီးနင်းလိုက်ပါရန် စောင့်နေခဲ့မိသည်။
စူးမင်ယွဲ့ သတိထားရင်း လုရွှမ်ကို ဘေးကနေ ကြည့်လိုက်၏။ ရုတ်တရက် လုရွှမ်သည် အလွန်ချောမောပြီး ပုံမှန်မဟုတ်သော စိတ်နေစိတ်ထား တစ်ခုရှိကြောင်း သူမ ခံစားလိုက်ရကာ သူမနှလုံးကို ပြင်းပြင်းထန်ထန် ခုန်ပေါက်လာစေရာ အမြတ်အစွန်းအတွက် စိတ်ပူနေမိသည်။
ဤနေရာရှိ နိယာမစွမ်းအင် လိုင်းများကို ထျန်းရှားဂိုဏ်းဆရာကြီးမှ စီစဉ်ပေးခဲ့ကြောင်း သံသယဖြစ်စရာ မလိုပေ။ တပည့်များ ကျင့်သုံးသော လိုင်းများကိုလည်း သူကိုယ်တိုင် သင်ကြား ပြသပေးခဲ့သည်။ ဤလူများသည် နိယာမစွမ်းအင် လိုင်းများ၏ နက်နဲသော အရာများကို ၎င်းတို့ကိုယ်တိုင် နားလည်နိုင်ဖို့အထိ အဲဒီ အရည်အချင်း မရှိကြချေ။
နိယာမစွမ်းအင် လိုင်းများဖြင့် ဖုံးအုပ်ထားသော အခန်းရှေ့သို့ ရောက်ရှိလာသော် စူးမင်ယွဲ့သည် တံခါးကို ဖွင့်ကာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
"အဖေ....ထျန်းလုံကျောင်းအုပ် လုရွှမ် လာပါပြီ"
လုရွှမ်လည်း ဝင်လာခဲ့သည်။ ဤနိယာမစွမ်းအင် လိုင်းများက ကျောက်ပြားပေါ်တွင် မှတ်တမ်းတင်ထားသည့် တတိယအဆင့်ဖြင့် စီစဉ်ခဲ့သော်လည်း ၎င်းတို့သည် အနည်းငယ်မျှသာ ပါဝင်ခဲ့သည်။
သို့သော် ဒီလူဟာ အခင်းအကျင်းဆိုင်ရာ ဉာဏ်ကြီးရှင် တစ်ဦးလို့ သတ်မှတ်ရမည်။ သူ့အခင်းအကျင်းဟာ လေပြင်း စွမ်းအင်ဖြစ်သော်လည်း အမှန်တကယ်တော့ မြေကြီးနဲ့ မီးကို ပေါင်းစပ်ထား၏။ နည်းနည်း ကြမ်းပေမယ့် အကျိုး သက်ရောက်မှုကတော့ တော်တော်လေး ကောင်းလှသည်။
အခန်းထဲမှာ လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်က ထျန်းရှားဂိုဏ်းရဲ့ သခင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူအရင်က တွေ့ဖူးတဲ့ သေလုမြောပါး ဖြစ်နေတဲ့ အဘိုးကြီးပင်။
"မင်ယွဲ့... သမီး အရင်ထွက်သွားလိုက်"
ထျန်းရှားဂိုဏ်း ခေါင်းဆောင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ စူးမင်ယွဲ့က ခြေထောက်ကို နင်းပြီး အသံကို ဆန့်တန်းကာ "အဖေ--" ဟု တိုးတိုးလေး အော်လိုက်သည်။
ထျန်းရှား ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်ပြီး
"နောက်မှပြောမယ်....သမီး ဆိုလိုချင်တာ အဖေ သိတယ်။ အခုတော့ အရင်ထွက်သွားလိုက်ဦး"
"ကောင်းပါပြီ" စူးမင်ယွဲ့က လှမ်းအော်ပြီး
"အစ်ကိုလုရွှမ် ကျွန်မရှင့်ကို ဒီည ထပ်လာတွေ့မယ်နော်"
ဆိုပြီး ဝမ်းသာအားရနဲ့ ထွက်သွားတော့သည်။ ထျန်းရှားဂိုဏ်းခေါင်းဆောင်က ရယ်မောရင်း
“ငါ့သမီးလေးကတော့...တော်တော် ဆိုးနေပြီ ခွင့်လွှတ်ပါ မိတ်ဆွေလေးလုရွှမ်.... မင်းကို ငါမိတ်ဆက်ပေးပါရစေ ဒါက ငါ့ညီ လျောင်ခွမ်း... ငါကစူးချန်ပါ... ညီလေးလုရွှမ်ကို ကျောင်းအုပ်ကြီး ချင်းလုံ... သခင်လေးယွမ်ယန် ဒါမှမဟုတ် ညီလေးလုရွှမ်လို့ ခေါ်သင့်လား?"
လုရွှမ်က ရယ်မောလိုက်ပြီး
"နာမည်က နာမ်ပုဒ်တစ်ခုပါပဲ.... သဘာဝအတိုင်း ရိုးရိုးရှင်းရှင်း လုရွှမ်လို့ ခေါ်ရင်ပဲ အဆင်ပြေပါတယ်... အခုလို ဖိတ်ခေါ်တာကတင် ကျုပ်အတွက် ဂုဏ်ယူစရာဘဖြစ်နေပါပြီ"
စူးချန်နှင့် လျောင်ခွမ်းတို့သည် အပြုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"ညီလေးလုရွှမ်က ဒီနေရာကို သိပ်စိတ်မဝင်စားဘူး ထင်တယ်.... ကျုပ်တို့ဆီကို ရောက်လာခဲ့တာတောင် အမည်ကို ထုတ်ဖော်မပြခဲ့ဘူး... အောက်ကလူတွေ အစီရင်ခံလို့သာ မဟုတ်ရင် ဒီမှာ ပုန်းနေတဲ့ နဂါးတစ်ကောင် ရှိတယ်ဆိုတာ ကျုပ်တကယ် သိခဲ့မှာ မဟုတ်ဘူး... ဒီနေရာက ရေငုပ်ဖို့ မလုံလောက်လို့များလား?"
လုရွှမ်က ရယ်ရင်း "အစ်ကိုစူးက အားနာနေပါပြီ... ဒီနေရာက ဘယ်လိုလုပ် ရေငုပ်ဖို့ အဆင်မပြေရမှာလဲ? ဒီမှာ ရေက အရမ်းနက်ပြီးသားပါ"
လုရွှမ်က အစ်ကိုဆိုတဲ့ စကားလုံးကို မသိမသာ ခေါ်လိုက်သံကို ကြားတော့ စူးချန်နဲ့ လျောင်ခွမ်းတို့က အတွေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"ညီလေးလုရွှမ်က တစ်ချိန်တုန်းက သူတော်စင်တစ်ပိုင်း ကမ္ဘာမှာ သူတော်စင်နယ်ပယ် အဆင့်၉ အယောက်နှစ်ဆယ်ကျော်ကို သတ်ခဲ့တယ်လို့ ကြားသိခဲ့ရပြီး အာကာသသားရဲကို သတ်တဲ့ နေရာမှာလည်း အလွန့်အလွန် အစွမ်းထက်မြက်တယ်လို့ ကြားသိရတဲ့အတွက် အရမ်းသဘောကျမိခဲ့ပါတယ်.... ညီလေးလုရွှမ်မှာ အရင်က ဂိုဏ်းခြောက်ခုရဲ့ လျှို့ဝှက်လက်စွဲ စာအုပ်တွေ ရှိတယ်ထင်တယ်... ညီလေးလုရွှမ် ကျုပ်တို့ မျက်လုံးအလင်း ဖွင့်နိုင်အောင် ပြပေးနိုင်မလား မသိဘူး...."
"အို အစ်ကိုစူးက ကျုပ်နဲ့ တစ်ပွဲလောက် တိုက်ချင်လို့လား?"
စူးချန်က ရယ်မောရင်း သူ့မျက်လုံးတွေထဲ ခံစားချက် အရိပ်အမြွက်ကို ပြသွားပေမယ့် သူခေါင်းခါပြီး လျောင်ခွမ်းကို ငုံ့ကြည့်လိုက်သည်။ လျောင်ခွမ်းက ရှေ့တိုးလာပြီး
"ဒီသူငယ်ချင်းရဲ့ လိမ္မာပါးနပ်တဲ့ လှည့်ကွက်တွေကို ကျုပ် သင်ယူပါရစေ"
လုရွှမ်သည် လျောင်ခွမ်းကို အထင်ကြီးခဲ့သေးသည်။ အရင်က သူ ကြယ်ရောင်စုံ ကောင်းကင်မှာ နှစ်မြုပ်နေတဲ့အချိန် ဒီအဘိုးကြီးသာ သူ့ကို မနှိုးခဲ့ဘူးဆိုရင် အခုချိန်ထိ တိတ်ဆိတ်နေနိုင်ပါ့မလားပင် မသိချေ။
"အစ်ကိုလျောင်ခွမ်း သတိထားပါ"
လုရွှမ်က ဆိုပြီးသည်နှင့် သူ့လက်ဖဝါးကို ဝှေ့ယမ်းပြီး "နဂါးဆင်ရွှေလက်ဝါး!" ကို ဖြည်းညှင်းစွာ ထုတ်လိုက်ပြီးရာ လက်ဝါးရာကြီးက လျောင်ခွမ်းဆီကို ပြေးထွက်သွားတော့သည်။
လက်ဖဝါးတစ်ချက် တွန်းလိုက်ခြင်းဖြင့် သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် အားလုံးကို ဆွဲထုတ်လိုက်သလို ဖြစ်သွားသည်။ စွမ်းအားပြည့်နေသော လုရွှမ်၏ လက်ဖဝါးပေါ်တွင် ပြေးလွှားနေသော နိယာမစွမ်းအင် လိုင်းများကို စုစည်းထားသည်။
နတ်နဂါးတစ်ကောင်၏ အသွင်အပြင်နှင့် ဆင်ကြီးတစ်ကောင်၏ အရိပ်အယောင်သည် လက်ဖဝါး နှစ်ဖက်စလုံးတွင် အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။ လက်ဝါးစွမ်းအင်၏ ဆွဲအားကြောင့် လျောင်ခွမ်း နှင့် စူးချန်တို့သည် ဤလက်ဖဝါး၏ စွမ်းအားကို ဘယ်လိုလုပ် မမြင်နိုင်ဘဲ နေပါ့မလဲ။