← Chapters

စိတ်ဝိညာဉ်ကျိန်စာ

Vol. 53 Ch. 4.304

စိတ်ဝိညာဉ်ကျိန်စာ

Vol. 53 Ch. 4.304

စူးချန် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတာက လုရွှမ်၏ လက်ဖဝါးမှ ထူးဆန်းသော စွမ်းအားတစ်ခု လွင့်ပျံလာခြင်းပင်။ ၎င်းသည် သူ အလွန်ရင်းနှီးသည့် ကျောက်​ပြားကြီး ဖြစ်တာ ထင်ရှား​လေ၏။ ဤနေရာ၌ သူ နှစ်ရာနှင့်ချီ၍ စောင့်ကြပ်နေခဲ့သော်လည်း ကျောက်ပြားမှာ လုံးဝ မလှုပ်မရှား ဖြစ်နေခဲ့သည်။

သူရောက်လာတာနဲ့ တပြိုင်နက် သူ့ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ တိုက်ရိုက် ဝင်ရောက်လာသလို ဖြစ်စေခဲ့တဲ့ ရှားပါးတဲ့ ရတနာတစ်ခုက အနည်းဆုံး ထိပ်တန်း ရှားပါးရတနာ တစ်ခုလိုပဲ။

မတရားဘူး!

"မင်းဘယ်ပြေးမလဲ? ဒီနေ့ မင်းကို ပြာဖြစ်အောင် မနှိပ်စက်ရရင် ငါ့မျိုးရိုးနာမည်က 'စူး' မဟုတ်​တော့ဘူး"

စူးချန် ကျိန်ဆဲပြီး သူ့အရိပ်က ဖျတ်ကနဲ ပြေးထွက်သွားသည်။

လုရွှမ်ကတော့ သက်ပြင်းတစ်ချက် ချလိုက်ပေ၏။ သူမျှော်လင့်ထားတဲ့ အတိုင်း ဖြစ်သွားခဲ့ပြီပဲ။

ဤအဘိုး​ကြီးသည် ကျောက်​ပြားကြီး​​ပေါ်တွင် သူ၏ ကျင့်ကြံမှု အားလုံးကို အကြွေးတင်နေပုံရသည်။ ယခု သူ့ထက် အဆင့်တစ်ဆင့် ​မြင့်သော နိယာမစွမ်းအင် လိုင်းကို နှိမ်နင်းနိုင်စွမ်း ရှိသလို ထင်ရသော်လည်း တကယ်တမ်းကျတော့ ကျင့်ကြံမှုနယ်ပယ် ကွာဟချက်က အရမ်းကြီးနေသေးလို့သာ မဟုတ်ရင် ဘယ်သူက ဘယ်သူ့ကို သတ်နိုင်မယ်ဆိုတာ လုံးဝ ပြောင်းပြန် ဖြစ်သွားလိမ့်မည်။

လုရွှမ် နှင့် စူးချန်တို့ အကြားက တိုက်ပွဲသည် လူတိုင်း၏အာရုံကို စွဲဆောင်နေပြီ ဖြစ်သည်။ သို့သော် နတ်ဘုရားများ တိုက်ခိုက်သောအခါတွင် သရဲတစ္ဆေငယ်များသည် ဝေဒနာကို ခံစားရတာကြောင့် ၎င်းတို့အားလုံးသည် စောစောစီးစီး ပုန်းကွယ်ကာ အပြင်ဘက်က ပြောင်းလဲမှုများကို ဂရုတစိုက်ပဲ စောင့်ကြည့်​နေခဲ့ကြသည်။

ထိတ်လန့်နေတဲ့ တစ်ချိန်တည်းမှာပဲ သူတို့ရင်ထဲမှာ မျှော်လင့်ချက် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြန်သည်။

စူးချန်က အနောက်က လိုက်လာပြီး လုရွှမ်ကတော့ ကွင်းပြင်ထဲမှာ ရပ်လျက် နှစ်ဖက်မှာ မျက်နှာချင်းဆိုင် ဖြစ်နေ၏။

"ကောင်လေး... မင်းငါ့ကိုဘာလို့များ လက်ပါလာအောင် လုပ်ရတာလဲ? ဟမ့် အခု မင်းရဲ့အဆင့်မြင့် ဧကရာဇ် အင်ပါယာကြီးမှာရှိတဲ့ အဆင့်အတန်းကို မသိဘူးလား? ငါနဲ့ ပူးပေါင်းတာကမှ မင်းခြေကုပ်ယူနိုင်မယ့် အခွင့်အရေးပဲ... ဒီအမှန်တရားကို မင်းနားမလည်ဘူးလား?"

စူးချန်က ကျယ်လောင်စွာ အော်လိုက်သည်။

လုရွှမ်က ခေါင်းခါလိုက်ပြီး

"မင်းပြောတာ ငါ နားမလည်ဘူး??. မင်းကသာ နားမလည်တဲ့လူပဲ... တကယ့် သန်မာတဲ့လူက တခြားသူတွေကို အားကိုးဖို့ ရွေးချယ်မှာ မဟုတ်ဘူး..... မင်းမှာ အခွင့်အရေး နည်းနည်းပဲ ရှိတယ် သန်မာတဲ့လူလည်း မဟုတ်ဘူး... အရည်အချင်း မပြည့်မီရင် လုံ့လဝီရိယနဲ့ ကျင့်ကြံရတာ အရင်းအမြစ် မလုံလောက်တာက ကုသိုလ်ကံနဲ့ ဖန်တီးနိုင်ပေမယ့် သန်မာတဲ့ စိတ်ဓာတ် မရှိရင်တော့ မြေအောက်မှာ ပုန်းအောင်းနေရတဲ့ သူရဲဘောကြောင်တဲ့ လူပဲ ဖြစ်နေမှာပဲ... ကြွက်ဆိုတဲ့ စကားလုံးက မင်းရဲ့ ​အခြေခံအုတ်မြစ်လို့ ထင်ရတဲ့ ငါ့ရဲ့ ထင်မြင်ချက်ပဲ"

"ငါ့မှာ အနာဂတ်မှာ အာကာသ ဥမင်လိုဏ်ခေါင်းတွေကို ဖြတ်ပြီး ဒီကိုလာနိုင်တဲ့ သူငယ်ချင်းတွေအများကြီး ရှိတယ်... ဒါပေမဲ့ မင်းက အတားအဆီးတစ်ခု ဖြစ်လာခဲ့ပြီ.... ရိုးရိုးသားသား ပြောရရင် မင်းငါ့ကို ကြိုတွေ့ခဲ့တာက ဧကရာဇ်အင်ပါယာကြီးထဲက လူတွေ မင်းကို မကြာခင် သတ်ပစ်လိမ့်မယ်လို့ ဆိုလိုတာပဲ....ဘာလို့လဲဆိုတော့ မင်းက သူတို့လမ်းကို ပိတ်ဆို့ထားလို့လေ"

စူးချန်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး လုရွှမ်ရဲ့ စကားလုံးများသည် သူ့နှလုံးသားထဲအထိ လုံးလုံးလျားလျား ပျံ့နှံ့သွားခဲ့သည်။ သူတကယ် ငြင်းချင်ပေမယ့် တခြားသူတွေကို လှည့်စားနိုင်ရင်တောင် ကိုယ့်ကိုကိုယ်တော့ ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ။

ဒီအ​တောအတွင်း အာကာသ ဥမင်လိုဏ်ခေါင်း အကြောင်း သတင်းတွေ အများကြီး ပြန့်နှံ့သွားခဲ့ပြီးပြီ။ သူ့ရဲ့ အခြေအနေကို တွေးခဲ့ပြီး အောက်က လူတွေတောင် သူ့ကို စည်းရုံးဖို့ ကြိုးစားပေမယ့် သူက​တော့ သည်းမခံနိုင်ဘဲ ဒီအမွေကို လုံးဝ လက်လွှတ်မခံနိုင်ခဲ့ဘူး။

"မင်းက အရမ်းထက်မြက်ပြီး အစွမ်းထက်တဲ့သူ ဆိုရင်တောင် ဘာဖြစ်လဲ? ဘာပဖြစ်ဖြစ် မင်း စိတ်ဝိညာဉ် နတ်ဆိုးအမှတ်အသားမှာ လက်မှတ် ရေးထိုးပြီးပြီ.... အခု မင်း ငါ့ကို လက်နက်ချခိုင်းချင်ရင်တောင် မ​ဖြစ်နိုင်​သေးဘူး!"

စူးချန်က အော်ဟစ်ပြီး တိရစ္ဆာန်အရေခွံကို ထုတ်ယူလိုက်သည်။

ထို​တိရိစ္ဆာန်အရေခွံသည် အလင်းရောင် ဖျော့ဖျော့ တောက်ပနေပြီး အရေပြားပေါ်မှ အော်ဟစ်သံကို တိုးတိုးတိတ်တိတ် ကြားနေရသည်။ ကြားရရင်ဖြင့် အလွန်ကြောက်စရာ ကောင်းလှ၏။

"မင်းကို အခု ဒူးထောက်ဖို့ ပြောနေရင် မင်း ​​ဒူးထောက်ရမယ်! ငါ မင်းကို ကောင်းမွန်တဲ့ ကံဇာတာ ပေးချင်တာတောင် မင်းက ဘယ်လို ယူရမှန်းမသိဘူး... မင်းက ငါချစ်ရတဲ့ မင်ယွဲ့ကိုပါ မီးရှို့သတ်ပစ်လိုက်တာ... ဟမ့် မင်းအခု သူနဲ့ ပေါင်းသင်းဖို့ လိုက်သွားတော့"

သူသည် တိရိစ္ဆာန်အရေခွံကို အလင်းရောင် တစ်ခုဖြင့် ဖုံးအုပ်လိုက်တဲ့အခါ လုရွှမ်နှင့် အတိအကျတူသည့် ခေါင်းအတုတစ်ခု ပေါ်လာသည်။

ဤအရာအားလုံးကို အနီးနားတွင် ပုန်းအောင်းပြီး စောင့်ကြည့်နေသူများက အတိုင်းသား မြင်နေရတာကြောင့် တိရိစ္ဆာန်အရေ​ပြားကို ထိတ်လန့်စွာ ကြည့်ကာ ဝိညာဉ်ကျိန်စာဖြင့် သေသည်အထိ နှိပ်စက်ခံရ​တော့မည့် လုရွှမ်ကို စောင့်​ကြည််နေ​ကြသည်။

ဒီလိုမြင်ကွင်းကို သူတို့ အကြိမ်ပေါင်းများစွာ မြင်ဖူးကြပေသည်။ စိတ်ဝိညာဉ် ကျိန်စာအောက်မှာ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ မြင့်နေပါစေ လုံးဝ ခံနိုင်မှာမဟုတ်ဘူး။

လုရွှမ်ကတော့ သူ့နေရာတွင် ရပ်နေကာ သူ့ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး သူ့မျက်လုံးများက တိရိစ္ဆာန်အရေ​ပြားကို စိုက်ကြည့်နေ၏။ ထုတ်လွှတ်နေသော သူ့ရောင်ဝါသည် ငြိမ်သက်နေပြီး သူလုံးဝ အံ့သြသွားပုံ မပြပေ။

တိရိစ္ဆာန်အရေ​ပြားပေါ်ရှိ အလင်းရောင်သည် စူးချန်၏ ကြိုးပမ်းမှုကြောင့် တဆက်ဆက် တုန်ရီလာကာ လုရွှမ်ရဲ့ ဦးခေါင်းကလည်း လှုပ်ယမ်းသွားခဲ့သည်။ သူ့မျက်နှာသည် ပုံပျက်ပန်းပျက်ဖြစ်ကယ နာကျင်စွာ နှိပ်စက်ခံနေရသလို အော်ဟစ်နေ၏။

သို့သော် ဘေးတွင် ရပ်​ကြည့်နေသော လုရွှမ်မှာ နှိပ်စက်ညှဉ်းပန်းခံရသူ လုံးဝ မဟုတ်သကဲ့သို့ တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။

“ဒါက... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

စူးချန် မယုံနိုင်ဘဲ တိရိစ္ဆာန်အရေပြားပေါ်တွင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး လူကြီးတစ်ယောက်ရဲ့ ဦးခေါင်းက လွင့်ပျံလာ၏။

"မဟုတ်ဘူး သခင်...မလုပ်ပါနဲ့"

လူအုပ်ကြီးက လူတစ်ယောက်ဟာ သူ့ကို သက်ညှာပေးဖို့ တောင်းပန်ရင်း ပြေးထွက်လာခဲ့သည်။

စူးချန် ဂရုမစိုက်ဘဲ ရုတ်တရက် လှုပ်ရှားလိုက်တဲ့အခါ တိရစ္ဆာန်အရေ​ပြားပေါ်ရှိ လူကြီး၏ မျက်နှာသည် ကောက်ကွေးလာ၏။ အပြင်က လူလည်း ဒူးထောက်လဲကျသွားသလို မြေပြင်ပေါ်တွင် လူးလိမ့်ကာ အော်ဟစ်နေလေသည်။ သူ့ပါးကို လက်နှစ်ဘက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ပြင်းပြင်းထန်ထန် နာကျင်နေပုံမှာ အသွေးအသား အမြှေးပါးများ ကျိုးကြေသွားတဲ့ လူတစ်ယောက်လို ဖြစ်သွားသလိုပင်။

စူးချန်က အော်ဟစ်လိုက်ပြီး နောက်ထပ် အလင်းတန်းတစ်ခု ထွက်လာကာ နောက်ထပ် လူရုပ်တစ်ခု ထွက်ပေါ်လာပြန်ပြီး နှိပ်စက်ခံရပြန်သည်။ သိပ်မကြာခင်မှာပဲ နောက်ထပ် အလောင်းတစ်လောင်း မြေပြင်ပေါ် လဲကျသွားခဲ့၏။

ထိုစဥ် လုရွှမ်က

"စူးချန်.... မင်းလည်း အကြိမ်အနည်းငယ်လောက် ကြိုးစားကြည့်ပြီးပြီပဲ... မဟုတ်မှ တစ်ခုခု မှားနေတာလား?"

"မင်း ဘယ်လို လုပ်လိုက်တာလဲ!"

စူးချန်က တိရစ္ဆာန်အရေခွံကို ဖယ်ထုတ်လိုက်ခါမှ ကြည့်ရှုသူတိုင်းလည်း သက်ပြင်းချနိုင်ခဲ့သည်။ ဘေးအန္တရာယ်က ဘယ်အချိန် လာမယ်မှန်း မသိတဲ့ ခံစားချက်ကြီးက ကြောက်စရာ အတော်ကောင်းတယ် မဟုတ်လား။

မျက်လုံးတစ်စုံသည် လုရွှမ်အား အနီးကပ်ကြည့်ကာ လုရွှမ် ဂိုဏ်းခေါင်းဆောင်ကို သတ်နိုင်ခဲ့ပြီး သူတို့ နေ့အလင်းရောင်ကို ပြန်မြင်နိုင်မည်ဟု မျှော်လင့်ထား​လေသည်။

"ဒါက အရမ်းရိုးရှင်းပါတယ်... ဝိညာဉ်ကျိန်စာက အတွင်း နတ်ဆိုးတွေကို နှိုးဆော်​ပေးတယ်.. ဒါပေမဲ့ ငါက အတွင်းနတ်ဆိုးတွေကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်တယ် ဆိုရင်ရော မင်း ဘယ်လိုလုပ်မလဲ?"

လူတစ်ယောက်ရဲ့ အတွင်းစိတ်ထဲက နတ်ဆိုးတွေကို ဖော်ထုတ်နေတာက လူမိုက်သာ ဖြစ်ပြီး နောက်ဆုံး ပြဿနာက ကိုယ့်ဆီကိုပဲ ပြန်လာနိုင်တယ်။

ကွင်းပြင်ထဲမှာ မထင်မှတ်ဘဲ ပုန်းကွယ်နေတဲ့ သိုင်းပညာရှင်တွေရဲ့ အတွင်းနတ်ဆိုးတွေက ကြောက်စရာ အကောင်းဆုံးပါပဲ။ ကျင့်​ကြံမှု အဆင့်မြင့်လေ အတွင်းနတ်ဆိုးက ပိုအန္တရာယ်များလေပဲ​လေ။

လုကွှမ်သည် သူ၏အတွင်း စိတ်ဝိညာဉ်များကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ခဲ့တယ် ဆိုတဲ့ စကားထဲက ထိတ်လန့်တုန်လှုပ်မှုမှာ ၎င်းတို့နားလည်နိုင်မှုထက် ကျော်လွန်သွားခဲ့သည်။

စူးချန်၏ မျက်နှာသည် တွန့်လိမ်သွားကာ နှစ်ကြိမ်တိုင်တိုင် ညည်းညူလိုက်သည်။

"အတွင်းစိတ်ထဲက နတ်ဆိုးတွေကို ထိန်းချုပ်တယ်.... အတွင်းနတ်ဆိုးတွေကို ထိန်းချုပ်တယ်... ကောင်းတယ် ကောင်းလိုက်တာ တကယ်ကို အံ့သြစရာ ကောင်းပါတယ်... ဒါပေမဲ့ အဲ့​တော့ ဘာဖြစ်လဲ? မင်းက မင်းကနေရောင်လမ်းကို လျှောက်... ငါလည်း ငါလမ်းငါလျှောက်နေတာ မင်းငါ့ကို လာမရှုပ်သင့်ဘူး!"

သူ့ တစ်ကိုယ်လုံး စွမ်းအင်တွေ တဖျပ်ဖျပ် တုန်သွားပြီး စူးချန်တစ်ယောက် မြင်ကွင်းထဲကနေ ရုတ်တရက် ပျောက်သွားသည်။

"ဟူး.... မင်းရဲ့ကိုယ်ခန္ဓာအရိပ်ကို လေပြင်းထဲမှာ ဖုံးကွယ်ဖို့ လေနိယာမစွမ်းအင်ကို သုံးမယ်ပေါ့လေ... ဒီလှည့်ကွက်ကို ငါမသုံးတာတောင် ကြာပြီ...ထွက်လာခဲ့စမ်း!!"

လုရွှမ် အော်ပြောပြီး ခရမ်းရောင် မီးတောက်တွေက သူ့ခန္ဓာကိုယ်ကနေ တဟုန်းဟုန်း ထွက်လာခဲ့သည်။ လုရွှမ်ရဲ့ သူရဲကောင်းပီသသော စွမ်းပကားကို မီးမောင်းထိုးပြနေတဲ့ မီးတောက်များက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ကျက်သွားသည်။

အမှောင်ထဲမှာ ပုန်းနေတဲ့ လူတွေရဲ့ မျက်လုံးထဲမှာ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ မနာလိုမှု၊ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတော့သည်။

ခဏအကြာအထိ လုရွှမ်သည် လှပသော ခရမ်းရောင် မီးတောက်များဖြင့် ထိုနေရာတွင် ရပ်နေသေးသော်လည်း သူ့ပတ်ဝန်းကျင်တွင် လှုပ်ရှားမှု မရှိသလို စူးချန်လည်း လုံးဝ ပေါ်မလာခဲ့ပေ။

"သူ မနိုင်မှန်းသိလို့ ထွက်ပြေး သွားတာများလား"

"ပါးစပ်ပိတ်စမ်း! ဘေးဥပဒ်ဆိုတာ ပါးစပ်က လာတာကွ နားမလည်ဘူးလား!"

သူ့ဘေးက လူတစ်ယောက်က ပထမလူရဲ့ ပါးစပ်ကို အမြန် ဆွဲပိတ်လိုက်သည်။

ရုတ်တရက် အသွေးအသား အပိုင်းအစများ လေထဲသို့ ပျံတက်သွားပြီး ရှေ့က စကားပြောခဲ့သော လူနှစ်ယောက်၏ ခန္ဓာကိုယ်များသည် အပိုင်းပိုင်း ကွဲသွားခဲ့သည်။

"လုရွှမ် ဒါက မင်းရဲ့နည်းလမ်းလား.... မင်းရဲ့ထူးဆန်းတဲ့ မီးက တကယ့်ကို အံ့ဩစရာ ကောင်းပါတယ် ဒါပေမဲ့ မဟာသူတော်စင် တစ်ယောက်ကိုတော့ ကောင်းကောင်း မဆက်ဆံနိုင်​သေးဘူး"

စူးချန် ပေါ်လာပြီး သူ့မျက်လုံးတွေက သွေးတွေလို နီနေလျက် လုရွှမ်အား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူ့လက်မှာတော့ သွေးစွန်းလျက်ရှိ၏။

လုရွှမ်၏ အပြုံးသည် ယခင်အတိုင်းပင် ဖြစ်ပြီး လူကလည်း အလွန် တည်ငြိမ်နေရာ တစ်ဖက်လူကို ဒေါသအမျက် ထွက်လာစေခဲ့သည်။

"မင်းဘာ​ရယ်​​နေတာလဲ?"

"ငါ မင်းကို ရယ်နေတာ... မင်းငါ့ကို လှည့်စားခဲ့နိုင်တယ်လို့ ထင်နေပုံပဲ... ဒါပေမဲ့ မင်း ဘာမှ မသိသေးပါဘူး... မင်းပုံစံက စိတ်ပျက်စရာ ကောင်းသလို သနားစရာတောင် ကောင်း​နေ​သေးတယ်"

All Chapters